သတင်းကောင်းတစ်ခု လို့ပြောရပါမယ်။ ဥရောပ နိုင်ငံ များအဖွဲ့ EU က ရုရှား ဘဏ်တွေကနေ SWIFT ကို ဖယ်ရှားလိုက်ပါပြီ။
SWIFT ဆိုတာက “Society for Worldwide Inter-bank Financial Telecommunication” ဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေကနေ ပြည်ပက ဘဏ်တွေကို ငွေပြောင်းငွေလွဲ၊ ငွေခြေ တွေမှာ သုံးတဲ့ စနစ် ဖြစ်ပါတယ်။ US, UK, Europe and Canada နိုင်ငံတွေအားလုံးက ဒါကို ဖြတ်တောက်ဖို့သဘောတူလိုက်ပါပြီ။
ရုရှားဘဏ်တွေကနေ တကမ္ဘာလုံးကို ငွေလွဲလို့လဲ မရတော့သလို ငွေထုတ်ယူလို့လဲမရတော့ပါဘူး။ ပစ္စည်းရောင်းလို့လဲမရတော့ ပစ္စည်းဝယ် လို့လဲမရတော့၊ ဝယ်ထားတဲ့ပစ္စည်းကိုလဲငွေချေလို့မရတော့။ ဆိုလိုတာက ပြည်ပနဲ့ငွေစီးဆင်းမှုအားလုံး freeze ဖြစ်သွားပါပြီ။
ဒီတော့ ပြောချင်တဲ့ အဓိက အကြောင်းရင်းက မြန်မာ စစ်တပ်အတွက် ဘာဖြစ်မလဲ ဆိုတာပါ။ လေယာဥ်တွေ စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့အတွက် အဲဒီကဘဏ် တွေမှာ ဒေါ်လာနဲ့ညီမျှတဲ့ ငွေကို ထားရှိ သို့မဟုတ် လွဲပြောင်းပေးရပါတယ်။
ဒီတော့ စစ်တပ်က ဝယ်ယူမယ့် ပစ္စည်းတွေအတွက် ငွေချေလို့မရတော့ဘူး။ စစ်တပ်ရဲ့ အကောင့်က ငွေလဲ ထုတ်လို့မရတော့ဘူး။
ဗိုလ်ချုပ်တွေ သီးသန့်အပ်ထားတဲ့ ငွေတွေလဲ ဘာမှ ထုတ်လို့မရတော့ဘူး။ ဒီငွေတွေအတွက် မြန်မာပြည်စစ်တပ်က လွှတ် ထား ပြီး သွားနေတဲ့ သူတွေ၊ သင်တန်းတက်နေတဲ့လူတွေ ၊ မြေနေရာဝယ် ကျောင်းဆောက် သာသနာ ခုတုံး လုပ် အကြောင်းပြ ပြီး သွားနေတဲ့ သူတွေ အားလုံး ဘာမှ မတတ်နိုင်တော့ပါဘူး။
Video credit-AFP
Shine Nway Oo
သတင္းေကာင္းတစ္ခု လို႔ေျပာရပါမယ္။ ဥေရာပ နိုင္ငံ မ်ားအဖြဲ႕ EU က ႐ုရွား ဘဏ္ေတြကေန SWIFT ကို ဖယ္ရွားလိုက္ပါၿပီ။
SWIFT ဆိုတာက “Society for Worldwide Inter-bank Financial Telecommunication” ျဖစ္ပါတယ္။ ျပည္တြင္းဘဏ္ေတြကေန ျပည္ပက ဘဏ္ေတြကို ေငြေျပာင္းေငြလြဲ၊ ေငြေၿခ ေတြမွာ သုံးတဲ့ စနစ္ ျဖစ္ပါတယ္။ US, UK, Europe and Canada နိုင္ငံေတြအားလုံးက ဒါကို ျဖတ္ေတာက္ဖို႔သေဘာတူလိုက္ပါၿပီ။
႐ုရွားဘဏ္ေတြကေန တကမၻာလုံးကို ေငြလြဲလို႔လဲ မရေတာ့သလို ေငြထုတ္ယူလို႔လဲမရေတာ့ပါဘူး။ ပစၥည္းေရာင္းလို႔လဲမရေတာ့ ပစၥည္းဝယ္ လို႔လဲမရေတာ့၊ ဝယ္ထားတဲ့ပစၥည္းကိုလဲေငြေခ်လို႔မရေတာ့။ ဆိုလိုတာက ျပည္ပနဲ႔ေငြစီးဆင္းမႈအားလုံး freeze ျဖစ္သြားပါၿပီ။
ဒီေတာ့ ေျပာခ်င္တဲ့ အဓိက အေၾကာင္းရင္းက ျမန္မာ စစ္တပ္အတြက္ ဘာျဖစ္မလဲ ဆိုတာပါ။ ေလယာဥ္ေတြ စစ္လက္နက္ ပစၥည္းေတြဝယ္ဖို႔အတြက္ အဲဒီကဘဏ္ ေတြမွာ ေဒၚလာနဲ႔ညီမၽွတဲ့ ေငြကို ထားရွိ သို႔မဟုတ္ လြဲေျပာင္းေပးရပါတယ္။
ဒီေတာ့ စစ္တပ္က ဝယ္ယူမယ့္ ပစၥည္းေတြအတြက္ ေငြေခ်လို႔မရေတာ့ဘူး။ စစ္တပ္ရဲ့ အေကာင့္က ေငြလဲ ထုတ္လို႔မရေတာ့ဘူး။
ဗိုလ္ခ်ဳပ္ေတြ သီးသန႔္အပ္ထားတဲ့ ေငြေတြလဲ ဘာမွ ထုတ္လို႔မရေတာ့ဘူး။ ဒီေငြေတြအတြက္ ျမန္မာျပည္စစ္တပ္က လႊတ္ ထား ၿပီး သြားေနတဲ့ သူေတြ၊ သင္တန္းတက္ေနတဲ့လူေတြ ၊ ေျမေနရာဝယ္ ေက်ာင္းေဆာက္ သာသနာ ခုတုံး လုပ္ အေၾကာင္းၿပ ၿပီး သြားေနတဲ့ သူေတြ အားလုံး ဘာမွ မတတ္နိုင္ေတာ့ပါဘူး။
Video credit-AFP
Shine Nway Oo



