တစ်သောင်းတန် အတု ပါ။ တော်တော်ပျံ့နေပြီမှန်းသိပေမယ့် ဒီနေ့မှ လက်ထဲထိ ရောက်လာတာပါ။
ဘဏ်ကိုငွေသွားအပ်ရင်း ဘဏ်က စက်နဲ့စစ်ချလိုက်တဲ့အချိန်မှ ပေါ်လာတာပါ။ ဒါပေမယ့် သိသာပါတယ်။ ရောင်ပြေးအချောင်းလေးမပါပါဘူး(ရောင်ပြေးမဖြစ်ဘူး)။ အတုရဲ့ အဖြူကွက်ထဲမှာ ထောင်ကြည့်ရင် ကြာဖူးမပါဘူး။

ရိုးရိုးကြည့်ရင် ကြာဖူးပါသယောင်ယောင်ထင်ရပေမယ့် အလင်းထဲထောင်ကြည့်ရင် ကြာဖူးမဖြစ်ပါဘူး။ အစစ်နဲ့ကွာပါတယ်။
ဒီ version ကတော့ လက်ဆေးရေနဲ့ဖြန်းတာလည်း အရောင်မကျွတ်ပါဘူး ။ အသိသာဆုံးကတော့ CBMဆိုတဲ့ စာသားမပါပါဘူး။ အစစ်က CBMဘက်ကို လက်နဲ့ပွတ်ကြည့်ရင် ရှရှလေး ဖြစ်ပါတယ်။
အတုက ၁၀၀၀၀ဆိုတဲ့စာသားမှာ ရောင်ပြေးမပါပါဘူး။ စာရွက်သားလည်းရုတ်တရတ်ဆိုအရမ်းမကွာပါဘူး။ သေချာခွဲကြပါနော်။

ဘဏ်မှာ ဒီနေ့တင် အတု ဆယ်ရွက်ပါတာလည်းရှိပါတယ်။ တစ်ရွက်တည်းဆိုရင် သိသာပါတယ် (ခွဲလို့ရနိုင်ပါတယ်) အုပ်ထဲဆိုရင်တော့သေချာစစ်ကြပါ။
Htet Htet Shwe Sin
unicode
Htet Htet Shwe Sin



