ၾကားသိရသမွ်







Credit

ဆရာထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ရတနာလေးရယ် လှလိုက်တာကွယ် မျက်လုံးလေးကအသက်…💓🥰😘

“နံနက်ခင်းအလင်းရဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေး လေးပြင်မှာ၊ ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ …” ဆိုတဲ့သီချင်းလေးကြားတိုင်း ဦးငှက်ရဲ့ သမီးလေးကို မြင်ယောင်မိကြမှာပါ။

သူဖန်တီး သီဆိုခဲ့တဲ့ သီချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့ ” တုနှိုင်းမဲ့ ရတနာ ” ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေကို မီးမောင်းထိုးပြနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ် ။

လူ့လောကကြီးကနေ ထွက်ခွာသွားတာ နှစ်တွေ အကြာကြီး ကြာခဲ့ပြီ ဆိုပေမဲ့လည်း ဖခင်မေတ္တာကို ငတ်မွတ်သွားရတဲ့ သမီးလေး တစ်ယောက်ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတမှုတွေက တော့ ဝင်ခံစားကြည့်လို့ ရမှာပါ။

ဒီတစ်ခါမှာဆိုရင်တော့ တစ်နေ့တခြားအပျိုလေးတစ်ယောက်အဖြစ် လှလာတဲ့ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ရတနာလေး မိကွန်ထောရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit