”ပညာ”ကို အဓိပ္ပာယ် (၂)မျိုး ဖွင့်ဆိုလိုက်သောအခါ ကောင်းလွန်းလို့ ပြန်လည်မျှ ဝေလိုက်ပါတယ်။
သိပ်ကောင်းတယ်ဗျာ။ ဖတ်ကြည့်ပါ။ မူရင်းစာရေးသူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။
” ပညာအား အဓိပ္ပါယ် ဖွင့်ဆိုပုံ နှစ်မျိုး ”
မနက်က လိုင်းဖွင့်လိုက်တာနဲ့ ဘွဲယူဓာတ်ပုံတစ်ပုံအရင်တွေ့တယ်။ ဓာတ်ပုံ ရိုက်ထားတာက ဘွဲ့ဝတ်စုံ ဝတ်ပြီး နွားလှည်း တံပိုးကို ထမ်းထားတဲ့ပုံပါ။
ဘွဲရလည်း ဘာမှ သုံးမရ ဘူး လို့ ရေးထားပါသေးတယ်။မိတ်ဆွေ တို့လဲ အဲ့ဒီ ပုံ တွေ့ပြီးပြီ ဖြစ်ကောင်းဖြစ်မှာပါ….
မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်းသုံးသော်လည်း အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdomဟူ၍ နှစ်မျိုးကွဲလေသည်။
Education ဆိုတာက ကျောင်းကနေသော်လည်းကောင်း မိဘဆီကနေသော် လည်ကောင်း သင်ယူတက်မြောက် ဘွဲ့ရလာတာကို ဆိုလိုတာပါ….
အဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ် ။
နောက်ပညာတစ်ခုက….အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ ။
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်…။
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်…။
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ် စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့..
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ် ။
Wise ဆိုတဲ့စာလုံးက လာတာပါ ။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာမှာ ဘာသာပြန်လုပ်တာ လခ (၁) သိန်းရပါတယ်။
ကျွန်တော့်အတွက် ဖူလုံ ပါတယ်….ဒါပေမယ့် ကျွန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က ၈ ပတ် ကို ၃ သိန်းသွင်းရမယ်….
IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့..ကွျှန်တော့လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်….မလုံလောက်ပါဘူး….
အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီးကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်….
နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါတယ်…ကျွန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်…
ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်ဖယ်ရီ ယူ ထားပါတယ်။
တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရားရှေ့ထိပါ …ကျွန်တော် ကိုယ်တိုင်မောင်းပါတယ် ။
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်….မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်…တစ်နေ့ ၄ သောင်း ရပါတယ်….
” Wisdom ရဲ့ အရေးကြီးပုံ”
ကျွန်တော်တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်…
ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ ” အငယ်လေး ” ဆိုတဲ့လူငယ် တစ်ယောက်ရှိတယ်…အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်….
ညနေမှာ ပြန်ခါနီးသူက ပိုနေတဲ့ ရေခဲရေကို လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်….
ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်….
စကားပြော အလွန်ညက်ပြီး လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့ လူချစ်ခံရတယ်။
ကျွန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့ သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်….
သူနေ့တိုင် လာလာပြင်ပေးတယ်…..ကျွန်တော်လည်း ကားပြင်ရင်းသင်ပေးတယ် ။
ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်….ကျွန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့…..
စီယာတိုင် ယူဆ ပုံ ကို သူကွျှမ်းကျင်လာတော့ ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့ပေးတယ်…..
ကျွန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာပေါ့….လိုရင်းပြောရရင် သူ ကားကြီး မောင်းနိုင်သွားတယ်….
နောက်တော့ ကျွန်တော်ကို စပယ်ယာ လိုင်စင်လုပ်ပေးဖို့ ပူဆာတယ်…..
ကျွန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့ ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့….
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ လာပြောရင် ကျွန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ….
နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ်…. တခြားကားမှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့ Owner casher ဖြစ်လာတယ်…. ငွေသိမ်းပေါ့…
အဲ့ဒီ အချိန်မှာ ကျွန်တော် IELTS စာမေးပွဲမှာ6.7 ရသွားတော့ ကားလောက ကနေကျွန်တော် ထွက်သွားတယ်….
၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လိုက်ပါတယ်…..
ဒီနေ့ အချိန် ထိ အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ ကားသမားဘဝ နဲ့ အင်္ဂလိပ်စာဆရာ ဘဝ …ဘယ်ဟာ သဘောကျလဲမေးရင်….
ကားသမားဘဝ ကို ကွျှန်တော်ပျော်တယ်…..ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို ကျွန်တော်နှစ်သက်ပါတယ်….
၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ ကျွန်တော် မြို့တော်ခန်းမရှေ့မှာ ဗီယက်နာမ် တစ်ယောက်ကို မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း…..
လိုင်းကားတစ်စီး ကွျှန်တော့ ဘေးမှာ လာရပ် ပြီး” ကိုကျော် ကွျှန်တော့ မှတ်မိလား ” ကွျှန်တော် အငယ်လေး ပါ”
ဂိတ်ဘက်ရောက်ရင် ဝင်လာခဲ့ပါဦးဗျာ ….ကျေးဇူးဆပ်ချင်လို့….ကျွန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ”
ကျွန်တော် ပြုံး မိ တယ်….တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး…အခု လိုင်းကားတစ်စီး ပိုင်သွားတယ်….
သူ့မှာ education မရှိခဲ့ဘူး….ဒါပေမယ့် Wisdom တော့ရှိတယ်….
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး…
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်….
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်…..
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်….
သူက ဘဝ ကို Education မရှိပေမယ့် Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်….။
” Education ” ရဲ့ အရေးပါပုံ…
Education ကလည်း အရမ်းအရေးပါ ပါတယ်….
တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေးကို ” သင်ညာ ” တွေ ဆို ပြီး wisdom လောက် အရေးမပါဘူးလို့ ဆိုတာလည်း မကြာခဏ ဖတ်ရပါတယ်…..
ကျွန်တော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်….Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်….
ဆရာတစ်ယောက်က ပညာဆိုတာ ” ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်းအောင်ဖို့ထက် လူလိုနားလည်ဖို့လိုတယ် လို့ ဆိုတယ် ”
သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြုသဘောဆို ချင်တာ။
ဒါပေမယ့် အဲ့ဒီ စကားကို ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က ” ယူ “သုံးရော…..
” ဆယ်တန်းအောင်ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ”
အမှန်က မိဘ ကျောင်းထားပါလျှက် ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေနိုင်တဲ့ကောင်က ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို ကာဘာလုပ်သွားတယ်…..
ကျွန်တော် ကားသမား ဘဝ မှာယုဇန ဥယဉ်မြို့တော်က ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်….
မျက်စိကို အဝတ်စည်းထားပြီး ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့ …..
သူလက်နဲ့ စမ်းကြည့်တာနဲ့တင် ဘယ်နေရာက မူလီဆိုတာ အလွှတ်ပြောနိုင်အောင် သူ့Subjectကို သူနိုင် နင်းတယ်….အပြောအဆိုလည်း ညက်တယ်….
ကျွန်တော်ရဲ့ မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်…..
အချိန်တန်ဘွဲ့ရ လာတယ် …..education certificate ရှိတယ် ….စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့် ကားရဲ့ ပင်စတင်တောင် အပြင်မှာ မတွေ့ဘူးဖူး….
အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ် သဘောင်္တက်တော့ စက်ကို အရမ်းကျွမ်းတဲ့ ညီညီ အောင်က ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ် …..လခ ၇ သိန်း…
စက်အကြောင်းတကယ်နားမလည်တဲ့ အင်ဂျင်နီယာကျောင်းဆင်းက တတိယ အရာရှိ ဖြစ်သွားတယ် …..လခ သိန်း၂၀….
ဘာကွာသွားလဲ Education ကွာသွားတာပဲ….
ဒါကြောင့် Education ကလည်း ဘဝ ရပ်တည်ရေးအတွက် သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်…
သင်ညာ ပဲ ပြောပြော ဘာပဲပြောပြော ပြောချင်တာပြော အသုံးဝင်တယ်…..
တစ်ချို့ အရာရှိတွေ သိပ်မောက်မာ ရိုင်းစိုင်းတယ်….လူကြီးကို လည်းဆဲ ချင်ဆဲတယ် …..
Wisdomမရှိဘူးပေါ့…..ဒါပေမယ့် Education က ရှိနေတော့ ဘဝရပ်တည်လို့ရနေတယ်…..
တစ်ချို့လည်း Education မရှိပေမယ့် နေတက် ထိုင်တက်တော့ တဖြည်းဖြည်း အထက်ရောက်လာတယ် ….
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့….
ဘဝ မှာ Education သို့မဟုတ် Wisdomတစ်ခု ကောင်းကောင်းရှိရင် ဘဝ ရပ်တည်လို့ရတယ်….
နှစ်ခု လုံးရှိရင် Perfect ဖြစ်သွားပါတယ်…..ဒါကြောင့် ကိုယ့်မှာ လိုနေတာ ကိုယ့် ကြိုးစားဖြည့်ပေါ့…..
အလားတူပဲ Education ကသာ ကောင်းတယ်….Wisdom ကသာ မှန်တယ်လို့ ဇောင်းပေးပြီ မပြောအပ်ပါဘူး….
ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့….
ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော ၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ
အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာယဉ်ကျေးခြင်း
ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာမည်ပေ၏ ။
#ကျော်မင်းထွန်း ( 24.3.2019) Ko Kyaw Min Tun
” ပညာအား အဓိပ်ပါယျ ဖှင့ျဆိုပုံ နှဈမြိုး ”
ဘာလို့လဲ ဆိုတော့ နှဈခု စလုံး လိုအပျ လို့ပေါ့….
ဗာဟု သစ်စဉ်စ သိပ်ပဉ်စ ဝိနယောစ သုသိက်ခိတော ၊ သုဘာသိတာစ ယာဝါစာ ဧတံမငျ်ဂလ မုတ်တမံ



