ကလေးကို မူကြိုထားပြီဆိုရင်
ညအိပ်ချိန်မှန်ပါစေ…ဒါမှမနက်နိုးချိန်ပုံမှန်ဖြစ်မှာပါ…နေ့ခင်းအိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါလိမ့်မယ်…။
မနက်စာကိုအာဟာရဖြစ်အောင်ကျွေးပါ မနက်စာသေချာမစားလာတဲကလေးဟာ Activities တွေမှာ စိတ်မဝင်စားနိုင်ပါဘူး
ကျောင်းမှန်မှန်ပို့ပေးပါ…
နေ့စဉ်ကျောင်းပို့မှသာ ကျောင်းရဲ့လုပ်ဆောင်ချက်တွေမှာပုံမှန်ပါဝင်ခွင့်ရပြီး ကျောင်းပျော်လာမှာပါ တစ်လမှာ လတစ်ဝက်လောက်သာကျောင်းတက်တဲ့ကလေးတွေရှိပါတယ်
ကလေးကမသွားချင်ရင်မပို့ပါဘူးတဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မူကြိုထားပါသလဲ??? မဖြစ်သင့်ပါ မူကြိုမှာလည်းသူ့စည်းကမ်းနဲ့သူမို့ လေးစားသင့်ပါတယ်
ကလေးကိုဖုန်းပေးသုံးရင် အချိန်သတ်မှတ်ပေးပါ လုံးဝမသုံးတာအကောင်းဆုံးပါပဲ မူကြိုအရွယ်ကို ည ၁၂ ထိ game ပေးဆော့တဲ့အမေမျိုးတွေ့ဖူးပါတယ်
ကလေးဟာ လက်ကိုတစ်ချိန်လုံးဖုံးပွတ်သလိုလုပ်နေပြီး မကြာခဏမျက်ရည်ပူကျပါတယ် attention လုံးဝမရပါ စာအုပ်နဲ့အစားထိုးနိုင်ပါတယ်
ကလေးနဲ့အတူနေတဲ့လူကြီးဟာ တီဗီအတူကြည့်မယ်ဆိုရင် ဇာတ်လမ်းကိုရွေးချယ်သင့်ပါတယ် ကလေးဟာသင်ယူနေတာ
မို့သတိထားသင့်ပါတယ်
ပိုကောင်းတာက စာအုပ်အတူဖတ်တာ ပုံပြောပြတာ အတူကစားတာ လုပ်ပေးနိုင်ပါတယ် ကလေးကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့
ကလေးဟာ တခြားသူကိုလည်း ဒီအတိုင်းပြန်ဆက်ဆံပါတယ် ကျမမူကြိုမှာ ကလေးတစ်ယောက် “သတ်ပစ်လိုက်မယ် ခေါင်းရိုက်ခွဲပ
စ်မယ်” ဆိုပြီး ဒေါသတကြီးရေရွတ်နေတာ
တစ်နေ့သူ့အိမ်ရှေ့ကဖြတ်တော့ လူကြီးက ကလေးကိုလက်ညှိုးထိုးပြီး အဲဒီအတိုင်းအော်ဟစ်ကြိမ်းမောင်းနေတာ
တွေ့ခဲ့ရပါတယ် ပြုပြင်သင့်ပါတယ် မကောင်းတဲ့အပြုအမူတွေဟာ ကလေးတွေမှာပိုလို့ကူးစက်လွယ်ပါတယ်
ကလေးရှေ့မှာ ညစ်ညမ်းတွေဆဲလုံးတွေမပြောပါနဲ့ တခြားက ကူးစက်လာရင်လည်း လူကြီးကစိတ်မလှုပ်ရှားဘဲ
မသိချင်ယောင်ဆောင်ကြည့်ပါ သူ့ကိုအာရုံမစိုက်မှန်းသိတဲ့အခါ အလိုလိုပျောက်သွားပါလိမ့်မယ်
ကလေးက ကျောင်းရဲ့အတွေ့အကြုံတွေကိုပြန်ပြောပြတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ ချီးကျူးပေးပါ ဒါလည်းကျောင်းသွားချင်စိတ်ဖြစ်အောင်ပံ့ပိုးပေးပါတယ်
ပုံပြောချိန်တွေမှာ ကလေးက “မကြားချင်ဘူး တိတ်တိတ်နေ နားငြီးတယ်” ပြောလို့အံ့သြခဲ့ရဖူးပါတယ်
ချော့မေးကြည့်တော့မှ အိမ်မှာသူ့စကားနားထောင်ပေးမယ့်သူမရှိပါဘူးတဲ့ တစ်ခုခုပြောလိုက်တိုင်း လူကြီးတွေက အဲလိုပဲပြောပါတယ်တဲ့ ဝမ်းနည်းစရာပါ
ကလေးပြောတိုင်း အမှန်မထင်ပါနဲ့ ကလေးတွေဟာ ၃ နှစ်ကျော်လာရင် စကားကိုလိုရာဆွဲပြီး လှည့်ပတ်ပြောတတ်လာပါပြီ ဘာသာစကားဖွိံ့ဖြိုးလာခြင်းဖြစ်ပါတယ်
ချင့်ချိန်ပါ စဉ်းစားပါ ဆရာမနဲ့ဆွေနွေးပါ ကလေးအတွက် sensitive ဖြစ်တတ်ရင်လျှော့ပါ အများနဲ့လိုက်လျောညီထွေနေထိုင်တတ်အောင် ပုံပြင်စာအုပ်တွေနဲ့ဆွဲဆောင်နိုင်ပါတယ်
ကလေးက သိပ်စိတ်လှုပ်ရှားတတ်ရင် ထိခိုက်ခံစားလွယ်ရင် ကလေးရှေ့မှာကလေးချင်းနှိုင်းယှဉ်ပြောတာမျိုး ရုပ်ဝတ္တုတွေပြိုင်ဆိုင်တာမျိုးမလုပ်ပါနဲ့ ဆိုးကျိုးသာဖြစ်စေမှာပါ
မလုပ်ပေးနိုင်တဲ့အရာတွေအတွက် အလွယ်တကူကတိမပေးမိပါစေနဲ့ ကလေးအတွက် အတူနေမိသားစုဟာ အရေးကြီးဆုံးပတ်ဝန်းကျင်ပါ
သင့်ဆီကအရာအားလုံးကို ကလေးက တသွေမတိမ်းသင်ယူနေတာမို့ အမှတ်တမဲ့မနေပါနဲ့ အရေးတယူဆက်ဆံပေးပါ
သင့်ကလေးကျောင်းမပျော်ဘူးဆိုရင် ဒါလေးသေချာဖတ်ပြီးပြန်သုံးသပ်ကြည့်ပါ ကလေးတို့ကျန်းမာပျော်ရွှင်ပါစေ…။
Crd