Knowledge

၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း

ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် တစ်ယောက်ယောက်၏ အကျပ်ကိုင်ဒုက္ခပေးခြင်းကို ခံရတတ်သည်။ အောက်လမ်းပယောဂဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင်ခံစားရတတ်သည်။

ဆရာဝန်ထံသွားပြသော်လည်း ရောဂါလက္ခဏာရယ်လို့မရှိဘဲ ကျန်းမာရေးညံ့သကဲ့သို့ ဖြစ်နေရတတ်သည်။ မိမိမလုပ်ချင်သောအလုပ်များကို စိတ်မပါစွာဖြင့် လုပ်ကိုင်နေရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ရတတ်သည်။ ခွေး၊ ကြောင်စသော တိရစ္ဆာန်များကြောင့် စိတ်ညစ်ရတတ်သည်။

သူတစ်ပါးကိစ္စများ၌ အာမခံမိ၍ စိတ်သောကရောက်ရတတ်သည်။ အစာမှားခြင်း၊ အစာအဆိပ်သင့်ခြင်းများ ဖြစ်ပွားရတတ်သည်။ သူတစ်ပါး၏ မဟုတ်မမှန်စွပ်စွဲခြင်းကို ခံရတတ်သည်။ မိမိလုပ်ငန်း၌ ရန်အတိုက်အခံများ ပေါ်ပေါက်ရတတ်သည်။ သည်းခံလိုက်ပါ။ အမွေကိစ္စတို့အတွက် စကားအတိုက်အခံပြောဆိုရတတ်သည်။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်ရတတ်သည်။ သတိထားပါ။ လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေရတတ်သည်။

၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ရပါလိမ့်မည်။ စပ်တူလုပ်ငန်းများလုပ်ကိုင်ဖို့ ကမ်းလှမ်းခံရတတ်သည်။ မိမိထက် အသက်ဂုဏ်သိက္ခာကြီးသူများ၏ အကူအညီပေးမှုကို ရရှိလိမ့်မည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့ကြုံလိမ့်မည်။ လာဘ်လာဘလည်း ရွှင်လန်းလိမ့်မည်။ အိုးသစ်အိမ်သစ် ရရှိရတတ်သည်။ အရင်က ဆုံးရှုံးသွားသောအခွင့်အရေးဟောင်းများ ပြန်လည်ရရှိလိမ့်မည်။ ကွဲကွာနေသူများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ လုပ်ငန်းဟောင်းနေရာဟောင်းများကို ပြန်လည်လုပ်ကိုင်ရတတ်သည်။ ကျန်းမာရေးညံ့နေသူများ ဆရာကောင်းဆေးကောင်းများနှင့် တွေ့ကြုံကုသခွင့် ရရှိလိမ့်မည်။ လက်တွဲဖော်လက်တွဲဖက် မိတ်ကောင်းဆွေကောင်းများနှင့် လက်တွဲလုပ်ကိုင်ရတတ်သည်။ ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားလာရတတ်ပါသည်။

လူမှုရေးတွင် မိမိအပေါ် အတိုက်အခံလုပ်သူများ ရှိနေရတတ်သည်။

အချစ်ရေးတွင် ဘာမဟုတ်တာလေးနှင့် ရန်ဖြစ်စကားများနေရတတ်သည်။

အိပ်မက်
သားရဲတိရစ္ဆာန်များနှင့် ရင်းနှီးစွာနေထိုင်ရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၈-၇-၀

ယတြာ
ခွေးစာကျွေးပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *