အောင်လဟာ ဒတ်ခ်ျပြိုင်ဖက်နဲ့ မကြာမီ ထိုးမှာပါ၊ ဒတ်ခ်ျ လူမျိုး မာယာက အောင်လ အတွက် ဘယ်လို အကြံမျိုးတွေ ပေးမှာပါလဲ။
Unicode
အောင်လအန်ဆန်နဲ့ မာယာ တွေ့ကြလေသောအခါ
အောင်လဟာ ဒတ်ချ်ပြိုင်ဖက်နဲ့ မကြာမီ ထိုးမှာပါ၊ ဒတ်ချ် လူမျိုး မာယာက အောင်လ အတွက် ဘယ်လို အကြံမျိုးတွေ ပေးမှာပါလဲ။
တခါ ပျားမွေးမြူရေးခြံ လုပ်သား ကနေ သိုင်းပေါင်းစုံ ချန်ပီယံ ဖြစ်လာခဲ့တဲ့ အောင်လအန်ဆန် ပြန်ပြောပြတဲ့ အလုပ်နဲ့ ဘဝ ခံယူချက်တွေ အကြောင်း။
အောက်က ရုပ်သံမှာ ကြည့်နိုင်ပါပြီ။
အောက်တိုဘာ ၃၀ ည မြန်မာ အချိန် ၇ နာရီ နောက်ပိုင်းကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီ ည မှာ ONE ရဲ့ ဝိတ်တန်း ၄ ခု ကမ္ဘာ့ချန်ပီယံ လုပွဲ ရှိပါတယ်။ အောင်လအန်ဆန်နဲ့ ရိုင်နာဒီရစ်ဒါ တို့ ရဲ့ မစ်ဒယ်ဝိတ်တန်းပွဲက အဲဒီည ပွဲရဲ့ ခေါင်ပွဲ အဖြစ် နောက်ဆုံးမှာ ကစားမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ မှာလည်း ဘီဘီစီမြန်မာပိုင်းရဲ့ အွန်လိုင်း နဲ့လူမှုကွန်ရက် စာမျက်နှာတွေမှာ နောက်ဆုံး အခြေအနေ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
တည်းဖြတ် – မေသဇင်လဲ့ / ဘီဘီစီမြန်မာပိုင်း
Unicode