(၁) ဗနီလာ
(၂) ချောကလက်
(၃) ရိမ်းဘိုး
(၄) စတော်ဘယ်ရီ
(၅) ပူရှိန်း
Em Em
Unicode,
သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ်…….
လူတိုင်းမှာ ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးတွေ ကိုယ်စီရှိပါတယ်။ ဒါပေမယ့် ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကနေတစ်ဆင့် ကိုယ့်ရဲ့အကြောငး်ကို ပြောလို့ရတယ်ဆိုတာကိုတော့ သိကြမယ်မထင်ပါဘူး။ ကဲ သင်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကပြောနေတဲ့ သင့်အကြောင်းကိုဖတ်ကြည့်လိုက်ပါဦး။
(၁) ဗနီလာ
ဗနီလာ (သို့) နို့အရသာရေခဲမုန့်ကိုမှကြိုက်တဲ့သူတွေကတော့ စွန့်စားရတာကို နှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီး ဘက်စုံထူးချွန်သူတွေဖြစ်လို၊ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဆန်းသစ်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တဲ့ ပင်ကိုယ်ဗီဇရှိသူ တစ်ယောက်ဖြစ်ပါတယ်။
(၂) ချောကလက်
တကယ်လို့သင်အကြိုက်ဆုံးရေခဲမုန့်ဟာ ချောကလက်အရသာဖြစ်နေရင်တော့ သင်ဟာဆန့်ကျင်ဖက်လိင်တွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချောကလက်ကြိုက်တဲ့သူတွေဟာ စိတ်ပျိုကိုယ်နုကြပါတယ်။ ချောကလက်ရေခဲမုန့်ကိုကြိုက်တဲ့သူတွေမှာ အလွမး်အဆွေးဇာတ်လမ်းလေးတွေလညး် ရှိိနေတတ်ပါတယ်။
(၃) ရိမ်းဘိုး
ရောင်စုံရိမ်းဘိုးရေခဲမုန့်အရသာကိုမှ ကြိုက်တဲ့သူတွေဟာ အလွယ်လမ်းကြိုက်တဲ့သူတွေဖြစ်သလို၊ စိတ်ပိုင်းဖြတ်ဖို့လည်း ခက်ခဲတတ်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တီထွင်ဆန်းသစ်နိုင်စွမ်းရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်တဲ့အလျောက် ဘဝကြီးကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်ကြတဲ့သူတွေပါ။ အရမး်စိတ်ကူးယဉ်တတ်တာကတော့ သူတို့အားနည်းချက် ဖြစ်ပါတယ်။
(၄) စတော်ဘယ်ရီ
စတော်ဘယ်ရီအရသာကိုကြိုက်တဲ့သင်ဟာ အရှက်ကြီးတယ်၊ အေးအေးဆေးဆေးနေရတာကို နှစ်သက်တယ်၊ စဉ်းစားတွေးခေါ်တတ်ပါတယ်။ စတော်ဘယ်ရီကြိုက်တဲ့သူတွေဟာ ရှေးရိုးစွဲတတ်သူတွေဖြစ်သလို၊ အမြဲတမ်းလည်း စဉ်းစားတွေးခေါ်နေတတ်ပါတယ်။
(၅) ပူရှိန်း
တော်တော်များများကတော့ ပူရှိန်းကိုသိပ်ပြီးမကြိုက်ပါဘူး။ ဒါပေမယ့် ကြိုက်တဲ့သူတွေကလည်း အရမ်းကိုကြိုက်ကြပါတယ်။ သူတို့တွေဟာ မွေးရာပါ အငြင်းအခုန်သန်ပြီး၊ စကားများရတာကို နှစ်သက်သူတွေပါ။ သူတို့တွေဟာရည်မှန်းချက်ကြီးသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်လည်းအပြည့်ရှိတဲ့သူတွေပါ။ ပူရှိန်းအရသာက မကောငး်ဘူးလို့တော့သွားမငြင်းလိုက်နဲ့နော်။ သင်ရှုံးသွားမှာမို့လို့ပါ။
Em Em