အေထြအေထြဗဟုသုတ

မိသားစုထဲမွာအႀကီးဆုံးသားသမီးမ်ားသာ သိတဲ့အခ်က္ ( ၇ ) ခ်က္ …..

မိသားစုထဲမွာအႀကီးဆုံးသားသမီးမ်ားသာ သိတဲ့အခ်က္(၇)ခ်က္

မိသားစု ဦးေရမ်ားတဲ့သူေတြၾကားမွာ အသက္ႀကီးဆုံး သားသမီးျဖစ္ရတာကုိ ဂုဏ္ယူတဲ့သူရွိသလုိ၊ တစ္ခါတေလ မေျပလည္တဲ့မိသားစုၾကားမွာ ဖိအားေတြအမ်ားႀကီးနဲ႕ ထြက္ေျပးခ်င္စိတ္ေပါက္တဲ့အထိလည္း ျဖစ္တတ္ပါတယ္။ ျမန္မာစကားပုံလည္း ရွိေနတာပဲ။ အစ္ကုိႀကီး အဖအရာ၊အစ္မႀကီးေတာ့ အမိအရာ-ဆုိသလုိ မိသားစုတာ၀န္ေတြကုိ ပခုံးေျပာင္းထမ္းေဆာင္ဖုိ႕ အလားအလာအရွိဆုံးကလည္း သားႀကီးသမီးႀကီး အေခၚခံထုိက္သူေတြပဲ ျဖစ္ပါတယ္။ ေအာက္မွာေတာ့အၾကီးဆံုးသားသမီးေတြသာ ခံစားရေလ့ရွိတဲ့ အခ်က္ (၇)ခ်က္ကို ေဖာ္ျပေပးလိုုက္ပါတယ္။

1. အျမဲတမ္း စံျပပုဂၢိဳလ္ျဖစ္ဖိုု႕ၾကိဳးစားရတယ္။

ငယ္ရြယ္တဲ့ ညီ/ညီမေတြၾကားမွာ သင္ဟာ သူတုိ႕ အနီးစပ္ဆုံး အတုယူရမယ့္ စံျပပုဂၢဳိလ္ျဖစ္ဖို႕ၾကိဳးစားရပါတယ္။ သင့္မိဘေတြကလည္း အငယ္ေတြကုိ ဆုံးမတဲ့အခါတုိင္း “အႀကီးေကာင္တုန္းက ဘယ္လုိ ျဖစ္တယ္ … အႀကီးမတုန္းက ဘယ္လုိ လုပ္ခဲ့တာ ” စသည္ျဖင့္ ဥပမာေပးၿပီး ဆုံးမၾကပါလိ့မ္မယ္။

2. ဘာအတြက္ပဲျဖစ္ျဖစ္ သင္ပဲ အျပစ္ဆုိခံရမယ္။

ဒါကေတာ့ သင္ကုိယ္တုိင္က အႀကီးျဖစ္ေနေတာ့ သင္ မမွားေတာင္ က်န္ ညီညီမေတြရဲ႕ အမွားေတြဟာ သင့္ေခါင္းေပၚမွာပဲ ရွိေနပါလိမ့္မယ္။ ဒါဘာေၾကာင့္လဲဆုိေတာ့ သင္က အႀကီးျဖစ္ေနလုိ႕ပါဘဲ။သင္က အႀကီးျဖစ္ၿပီး ေျပာဖုိ႕ပ်က္ကြက္တယ္၊ သင္က သင္စရာရွိတာ သင္မေပးလုိ႕ သူတုိ႕တစ္ေတြဒီလုိျဖစ္ရတယ္ဆုိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႕ေပါ့။

3. အ႐ႈံးေပးရမယ္။

ဒါကေတာ့ မိဘေတြက အငယ္ေလးေတြရဲ႕ စိတ္ဓာတ္ကုိ ျမႇင့္တင္တဲ့သေဘာနဲ႕ သင္နဲ႕သင့္ ညီငယ္ညီမငယ္ေတြ ကစားတဲ့အခါမ်ိဳးမွာ သင့္ကုိ တမင္အ႐ႈံးေပးခုိင္းတာပဲျဖစ္ျဖစ္၊ သင္ကုိယ္တုိင္ကညႇာတာတဲ့သေဘာနဲ႕ တမင္အ႐ႈံးေပးတာပဲျဖစ္ျဖစ္ သင္ လုပ္ရမွာျဖစ္ပါတယ္။ တစ္ခါတေလလက္ေဆာင္ေ၀တဲ့အခါမ်ိဳးမွာ သင္ဟာ ေနာက္ဆုံးမွ ယူရတဲ့သူျဖစ္ခ်င္ ျဖစ္ပါ့လိမ့္မယ္။

4. လစာမရတဲ့ကေလးထိန္း

သင္ဟာ လစာမရတဲ့ ကေလးထိန္းသမားပါ။ သင့္ရဲ႕ေအာက္က ညီေတြ ညီမေတြဟာ အေမ ႏုိ႕ခ်ိဳတိုုက္ေကၽြး႐ုံ၊ အေဖ ႐ုံးကအျပန္ ေပြ႕ဖက္႐ုံကလြဲရင္ သင္အုပ္ထိန္းမႈေအာက္မွာ ႀကီးျပင္းရမွာေသခ်ာပါတယ္။ ဒါေၾကာင့္လည္း မိသားစုထဲမွာ အႀကီးဆုံးသားသမီးေတြဟာ သူ႕ေအာက္ကညီငယ္ညီမငယ္ေတြအေပၚမွာ အေဖအေမ-ၾသဇာသက္ေရာက္သလုိ သက္ေရာက္ႏုိင္တာမဟုတ္လား။

5. ကုိယ့္ကုိယ္ကုိယ္ပဲအားကုိးရမယ္။

မိဘေတြက တစ္ျခားသားသမီးေတြအတြက္ ျပင္ဆင္ေပးခ်ိန္မွာ သင္ဟာ သင့္ကိုသင္ အားကုိးေနရပါၿပီ။ ဘာေၾကာင့္ဆုိ မိဘေတြက သင့္ကုိ အခ်ိန္ေပးဖုိ႕ မအားလပ္လုိ႕ပါ။ ဒီလုိ ကိုယ့္ကိုယ္ကုိ အားကုိးစိတ္ေၾကာင့္သင္ပင္လွ်င္ သင္ဟာ မိသားစုကုိ ဦးေဆာင္ေစႏုိင္တဲ့ သတၱိေတြေပးတာပါ။

6. စြန္႕လႊတ္စရာရွိရင္ အမ်ားႀကီးစြန္႕လႊတ္ရမယ္။

ဒါကေတာ့ ရွင္းပါတယ္။ အငယ္ေတြကုိ ဦးစားေပးေနရတာနဲ႕ သင့္ကို ဘယ္သူကမွ အတင္းအၾကပ္မစြန္႕လႊတ္ခုိင္းလည္း သင္ကုိယ္တုိင္က လုိလုိခ်င္ခ်င္ပဲ စြန္႕လႊတ္စရာရွိတာကို စြန္႕လႊတ္မွာပါ။

7. မိဘအားအကိုးဆံုုး

ဘဝမွာဘာပဲ ျဖစ္ခ်င္ျဖစ္ခ်င္ မိဘရဲ့မ်က္ႏွာကို ေထာက္ရပါတယ္။ မိဘက သင့္ကိုအားကိုးမွာျဖစ္ျပီးညီငယ္၊ညီမငယ္ေတြရဲ့ အနာဂတ္ကလည္း သင့္ေခါင္းေပၚေရာက္ေနတတ္ပါတယ္။

Source: lifehack.org

Unicode,

မိသားစုထဲမှာအကြီးဆုံးသားသမီးများသာ သိတဲ့အချက်(၇)ချက်

မိသားစု ဦးရေများတဲ့သူတွေကြားမှာ အသက်ကြီးဆုံး သားသမီးဖြစ်ရတာကို ဂုဏ်ယူတဲ့သူရှိသလို၊ တစ်ခါတလေ မပြေလည်တဲ့မိသားစုကြားမှာ ဖိအားတွေအများကြီးနဲ့ ထွက်ပြေးချင်စိတ်ပေါက်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။ မြန်မာစကားပုံလည်း ရှိနေတာပဲ။ အစ်ကိုကြီး အဖအရာ၊အစ်မကြီးတော့ အမိအရာ-ဆိုသလို မိသားစုတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ဖို့ အလားအလာအရှိဆုံးကလည်း သားကြီးသမီးကြီး အခေါ်ခံထိုက်သူတွေပဲ ဖြစ်ပါတယ်။ အောက်မှာတော့အကြီးဆုံးသားသမီးတွေသာ ခံစားရလေ့ရှိတဲ့ အချက် (၇)ချက်ကို ဖော်ပြပေးလိုုက်ပါတယ်။

1. အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်ဖိုု့ကြိုးစားရတယ်။

ငယ်ရွယ်တဲ့ ညီ/ညီမတွေကြားမှာ သင်ဟာ သူတို့ အနီးစပ်ဆုံး အတုယူရမယ့် စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရပါတယ်။ သင့်မိဘတွေကလည်း အငယ်တွေကို ဆုံးမတဲ့အခါတိုင်း “အကြီးကောင်တုန်းက ဘယ်လို ဖြစ်တယ် … အကြီးမတုန်းက ဘယ်လို လုပ်ခဲ့တာ ” စသည်ဖြင့် ဥပမာပေးပြီး ဆုံးမကြပါလိ့မ်မယ်။

2. ဘာအတွက်ပဲဖြစ်ဖြစ် သင်ပဲ အပြစ်ဆိုခံရမယ်။

ဒါကတော့ သင်ကိုယ်တိုင်က အကြီးဖြစ်နေတော့ သင် မမှားတောင် ကျန် ညီညီမတွေရဲ့ အမှားတွေဟာ သင့်ခေါင်းပေါ်မှာပဲ ရှိနေပါလိမ့်မယ်။ ဒါဘာကြောင့်လဲဆိုတော့ သင်က အကြီးဖြစ်နေလို့ပါဘဲ။သင်က အကြီးဖြစ်ပြီး ပြောဖို့ပျက်ကွက်တယ်၊ သင်က သင်စရာရှိတာ သင်မပေးလို့ သူတို့တစ်တွေဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။

3. အရှုံးပေးရမယ်။

ဒါကတော့ မိဘတွေက အငယ်လေးတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်တဲ့သဘောနဲ့ သင်နဲ့သင့် ညီငယ်ညီမငယ်တွေ ကစားတဲ့အခါမျိုးမှာ သင့်ကို တမင်အရှုံးပေးခိုင်းတာပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင်ကညှာတာတဲ့သဘောနဲ့ တမင်အရှုံးပေးတာပဲဖြစ်ဖြစ် သင် လုပ်ရမှာဖြစ်ပါတယ်။ တစ်ခါတလေလက်ဆောင်ဝေတဲ့အခါမျိုးမှာ သင်ဟာ နောက်ဆုံးမှ ယူရတဲ့သူဖြစ်ချင် ဖြစ်ပါ့လိမ့်မယ်။

4. လစာမရတဲ့ကလေးထိန်း

သင်ဟာ လစာမရတဲ့ ကလေးထိန်းသမားပါ။ သင့်ရဲ့အောက်က ညီတွေ ညီမတွေဟာ အမေ နို့ချိုတိုုက်ကျွေးရုံ၊ အဖေ ရုံးကအပြန် ပွေ့ဖက်ရုံကလွဲရင် သင်အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းရမှာသေချာပါတယ်။ ဒါကြောင့်လည်း မိသားစုထဲမှာ အကြီးဆုံးသားသမီးတွေဟာ သူ့အောက်ကညီငယ်ညီမငယ်တွေအပေါ်မှာ အဖေအမေ-သြဇာသက်ရောက်သလို သက်ရောက်နိုင်တာမဟုတ်လား။

5. ကိုယ့်ကိုယ်ကိုယ်ပဲအားကိုးရမယ်။

မိဘတွေက တစ်ခြားသားသမီးတွေအတွက် ပြင်ဆင်ပေးချိန်မှာ သင်ဟာ သင့်ကိုသင် အားကိုးနေရပါပြီ။ ဘာကြောင့်ဆို မိဘတွေက သင့်ကို အချိန်ပေးဖို့ မအားလပ်လို့ပါ။ ဒီလို ကိုယ့်ကိုယ်ကို အားကိုးစိတ်ကြောင့်သင်ပင်လျှင် သင်ဟာ မိသားစုကို ဦးဆောင်စေနိုင်တဲ့ သတ္တိတွေပေးတာပါ။

6. စွန့်လွှတ်စရာရှိရင် အများကြီးစွန့်လွှတ်ရမယ်။

ဒါကတော့ ရှင်းပါတယ်။ အငယ်တွေကို ဦးစားပေးနေရတာနဲ့ သင့်ကို ဘယ်သူကမှ အတင်းအကြပ်မစွန့်လွှတ်ခိုင်းလည်း သင်ကိုယ်တိုင်က လိုလိုချင်ချင်ပဲ စွန့်လွှတ်စရာရှိတာကို စွန့်လွှတ်မှာပါ။

7. မိဘအားအကိုးဆုုံး

ဘဝမှာဘာပဲ ဖြစ်ချင်ဖြစ်ချင် မိဘရဲ့မျက်နှာကို ထောက်ရပါတယ်။ မိဘက သင့်ကိုအားကိုးမှာဖြစ်ပြီးညီငယ်၊ညီမငယ်တွေရဲ့ အနာဂတ်ကလည်း သင့်ခေါင်းပေါ်ရောက်နေတတ်ပါတယ်။

Source: lifehack.org