လတ္တေလာ ျမန္မာနိုင္ငံရဲ့ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးကာလကို အဆင္ေျပေျပျဖတ္သန္းနိုင္ေအာင္ အစိုးရကသာမက ျပည္သူေတြကပါ အားစိုက္ထုတ္ေနသလို ျပည္သူခ်စ္အႏုပညာရွင္ေတြစုေပါင္းၿပီးေတာ့လည္း ကိုဗစ္အလႉအတြက္ ပန္းခ်ီကားေတြေရာင္းခ်ၿပီး ရန္ပုံေငြရွာဖို႔ ျပဳလုပ္ေနၾကပါတယ္။ မၾကာခင္အခ်ိန္အတြင္းမွာ ပါဝင္လႉဒါန္းေပးၾကတဲ့အႏုပညာရွင္ေတြရဲ့ ပန္းခ်ီကားေတြကို 3Color ပန္းခ်ီျပခန္း Facebook Page မွာ ၾကမ္းခင္းေဈးသတ္မွတ္ကာ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။
ဒီပန္းခ်ီကားေရာင္းခ်ၿပီး ရန္ပုံေငြရွာဖို႔အတြက္ စိတ္အားထက္သန္စြာ ကိုယ္တိုင္ေရးပန္းခ်ီကားေတြ လႉဒါန္းေပးခဲ့သူေတြကေတာ့ ပန္းခ်ီဆရာႀကီးဒါရိုက္တာ ဦးဝင္းေဖ၊ ဒါရိုက္တာကိုေပါက္၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္၊ ဒါရိုက္တာ ပန္းခ်ီစိုးမိုး၊ ေတးေရးဆရာ ျမင့္မိုးေအာင္၊ ဟန္ထူးလြင္၊ G Latt ၊ ေဇာ္ဝင္းထြဋ္၊ ေတးေရး ေတးဆို ပန္းခ်ီဆရာ ေနမ်ိဳးေဆး၊ ေတးေရးေတးဆို ေနဒီလင္း( ဝဏၰကိုေလး) ၊ ဆန္းထြဋ္ ၊ ဒါရိုက္တာ ေမာင္မ်ိဳးမင္း၊ ဒါရိုက္တာ ကိုေအာင္မင္းသိမ္း၊ ေတးေရးေတးဆို အရိုး တို႔အျပင္ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ရဲ့သမီးေလး ေျပသုျဒာပါ ပါဝင္လာခဲ့ပါတယ္။
ေျပသုျဒာကေတာ့ အလႉရွင္ေတြထဲမွာ အငယ္ဆုံးအလႉရွင္ေလးျဖစ္သလို အသက္အရြယ္နဲ႔မလိုက္ေအာင္ လႉခ်င္တန္းခ်င္တဲ့စိတ္ေလးေၾကာင့္ ဒီအစီအစဥ္ေလးမွာ အထူးအလႉရွင္အေနနဲ႔ ထည့္ေပးထားတာျဖစ္ပါတယ္။ မယ္သုရဲ့ ပန္းခ်ီလက္ရာေလးက ဘယ္လိုျဖစ္မလဲဆိုတာကိုေတာ့ 3Color ပန္းခ်ီျပခန္း Facebook Page မွာ ျမင္ေတြ႕ရေတာ့မွာပါ ပရိသတ္ႀကီးေရ.. မၾကာခင္မွာပဲ အႏုပညာရွင္ေတြရဲ့ပန္းခ်ီလက္ရာေတြကို ၾကမ္းခင္းေဈးသတ္မွတ္ၿပီး ေရာင္းခ်ေပးေတာ့မွာျဖစ္လို႔ တတ္နိုင္သူေတြအေနနဲ႔ ပန္းခ်ီကားေတြဝယ္ရင္း ကိုဗစ္အလႉေလးကို ပါဝင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။
Source – 3Color ပန္းခ်ီျပခန္း
Rainbow- Cele Gabar
Unicode,
လတ်တလော မြန်မာနိုင်ငံရဲ့ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကာလကို အဆင်ပြေပြေဖြတ်သန်းနိုင်အောင် အစိုးရကသာမက ပြည်သူတွေကပါ အားစိုက်ထုတ်နေသလို ပြည်သူချစ်အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း ကိုဗစ်အလှူအတွက် ပန်းချီကားတွေရောင်းချပြီး ရန်ပုံငွေရှာဖို့ ပြုလုပ်နေကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဒီပန်းချီကားရောင်းချပြီး ရန်ပုံငွေရှာဖို့အတွက် စိတ်အားထက်သန်စွာ ကိုယ်တိုင်ရေးပန်းချီကားတွေ လှူဒါန်းပေးခဲ့သူတွေကတော့ ပန်းချီဆရာကြီးဒါရိုက်တာ ဦးဝင်းဖေ၊ ဒါရိုက်တာကိုပေါက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ပန်းချီစိုးမိုး၊ တေးရေးဆရာ မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ G Latt ၊ ဇော်ဝင်းထွဋ်၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး၊ တေးရေးတေးဆို နေဒီလင်း( ဝဏ္ဏကိုလေး) ၊ ဆန်းထွဋ် ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ ကိုအောင်မင်းသိမ်း၊ တေးရေးတေးဆို အရိုး တို့အပြင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ရဲ့သမီးလေး ပြေသုဒြာပါ ပါဝင်လာခဲ့ပါတယ်။
ပြေသုဒြာကတော့ အလှူရှင်တွေထဲမှာ အငယ်ဆုံးအလှူရှင်လေးဖြစ်သလို အသက်အရွယ်နဲ့မလိုက်အောင် လှူချင်တန်းချင်တဲ့စိတ်လေးကြောင့် ဒီအစီအစဉ်လေးမှာ အထူးအလှူရှင်အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ မယ်သုရဲ့ ပန်းချီလက်ရာလေးက ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ 3Color ပန်းချီပြခန်း Facebook Page မှာ မြင်တွေ့ရတော့မှာပါ ပရိသတ်ကြီးရေ.. မကြာခင်မှာပဲ အနုပညာရှင်တွေရဲ့ပန်းချီလက်ရာတွေကို ကြမ်းခင်းဈေးသတ်မှတ်ပြီး ရောင်းချပေးတော့မှာဖြစ်လို့ တတ်နိုင်သူတွေအနေနဲ့ ပန်းချီကားတွေဝယ်ရင်း ကိုဗစ်အလှူလေးကို ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source – 3Color ပန်းချီပြခန်း
Rainbow- Cele Gabar