ေရွာင္ဖယ္စျပဳလာတဲ့ ခ်စ္သူကို အခ်ိန္မီ ဘယ္လိုျပန္ယူမလဲ…
ခ်စ္ရသူက သင့္ကို ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္ေနလုိ႔ စိတ္ညစ္ေနပါသလား …၊ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြကုိ လိုက္လုပ္ၾကည့္ဖုိ႔ ပရိသတ္ႀကီးကို တုိက္တြန္းခ်င္ပါတယ္။ တကယ္လည္း မခက္ပါဘူး။ ေနာက္ဆုံးေတာ့ သင့္ခ်စ္သူဟာ သင့္ဆီမွာ တ၀ဲလည္လည္ ျဖစ္လာမယ့္ အက်ိဳးေက်းဇူးကို ခံစားရပါလိမ္႔မယ္ေနာ္ …။
(၁) အဆက္အသြယ္ မျပတ္ေအာင္ ႀကိဳးစားပါ…
လူခ်င္း ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္ေနၿပီဆုိရင္ ဖုန္းခ်င္း၊ လူမႈကြန္ယက္ခ်င္းေတာ့ အဆက္အသြယ္အနည္းဆုံး ရွိေနပါေစ။ လူဆုိတာ အေနနီးတဲ့ဘက္ကုိ စိတ္က ယိမ္းယို္င္ခ်င္တယ္ဆုိဦးေတာ့ သင္နဲ႔ သင့္ခ်စ္သူရဲ႕ နီးစပ္မႈကို ယွဥ္လုိ႔မမီပါ။ အခ်ိန္မီ ဆက္သြယ္ၿပီး သူ႕သံေယာဇဥ္ ဒီဂရီကို လိမၼာတဲ့ နည္းကုိ သုံးၿပီး ျမႇင့္တင္လိုက္ပါ …။
(၂) ႏွစ္ႏွစ္ကာကာ ခ်စ္ဖုိ႔ႀကိဳးစားပါ…
လူေတြကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အေနနီးကပ္လာတဲ့အခါ တစ္ဖက္သားရဲ႕ အျပဳအမူဟာ ဘာကိုဦးတည္ေနသလဲဆုိတာ ရိပ္မိ သိရွိၾကပါတယ္။ ဒီေတာ့ သူ သင့္ကုိ ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္လာျခင္းကလည္း သင့္ဘက္က ျပသသင့္တဲ့ အခ်စ္ကို မျပလုိ႔ဆုိတာ အေၾကာင္းျပခ်က္တစ္ခု ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္မုိ႔ သင့္ဘက္ကလည္း မလစ္ဟင္းေစဖုိ႔ အစစအရာရာ ႏွစ္ႏွစ္ကာကာ ခ်စ္ဖုိ႔ ႀကိဳးစားေပးပါ …။
(၃) 100% ရင္းနီးျမႇဳပ္ႏွံပါ…
အလုပ္တစ္ခုမွာ ရာထူးတုိးခ်င္ရင္ လစာေကာင္းခ်င္ရင္ သင့္ရဲ႕ လုပ္အား 50% ရင္းနီးျမႇဳပ္ႏွံထား႐ုံဆုိ လုံေလာက္ပါတယ္။ ဒါေပမယ့္ အခ်စ္မွာေတာ့ အဲဒီလုိ မရပါဘူး။ 100% ရင္းနီးျမႇဳပ္ႏွံတာေတာင္မွ သင္ ျပန္ရတာက 50% ထက္ နည္းခ်င္ နည္းႏုိင္ပါတယ္။ ဒါဟာ အခ်စ္ရဲ႕ သေဘာတရားပါပဲ …။
(၄) ေန႔စဥ္နဲ႔အမွ် အခ်စ္ကုိ ဆႏၵျပင္းျပမႈရွိပါေစ…
တစ္ေန႔ထက္တစ္ေန႔ အခ်စ္ကို စိတ္ကုန္လာတယ္ဆုိရင္ေတာ့ သင္ကို္ယ္တုိင္က သူ႕အေပၚမွာ တကယ္ ေလးနက္မႈမရွိေတာ့ဘူးဆုိတာ အေျဖက ရွင္းပါတယ္။ ဒါေပမယ့္ သင့္ဘက္က တကယ္ ႏွစ္ႏွစ္ကာကာ ခ်စ္ေနပါတယ္ဆုိရင္ေတာ့ ဒီအခ်စ္ကုိ ေန႔စဥ္နဲ႔အမွ် ပ်ိဳးေထာင္ေပးဖုိ႔ တာ၀န္ရွိပါတယ္။ ေနာက္ေတာ့ သူလည္း ဒီလုိပဲ ပ်ိဳးေထာင္ေပါင္းသင္ခ်င္စိတ္ ေပါက္လာေအာင္ သင္ဘက္က စည္း႐ုံးႏုိင္ရပါမယ္ …။
(၅) လက္ေတြ႕ဆန္ပါေစ…
အေပးအယူပဲျဖစ္ျဖစ္၊ အလြမ္းအေသာပဲျဖစ္ျဖစ္ အခ်စ္ကိစၥမွာ ခၽြင္းခ်န္ထားလုိ႔ မေတာ္ပါဘူး။ တကယ္လက္ေတြ႕က်မွလည္း သဘာ၀ က်တာပါ။ သူက အနမ္းေလးေပးပါဦး ဆုိရင္ ကိုယ္ကမနက္ျဖန္မွ ေပါင္းယူလုိက္ေနာ္… ဆုိတဲ့ ပုိက္ဆံ အေၾကြးဆပ္သလုိမ်ိဳး လုပ္လုိ႔ မရပါဘူး။ အခ်စ္ေရး ကိစၥမွာ ျဖစ္ႏုိင္သမွ် ႐ုိး႐ုိးစင္းစင္းနဲ႔ လက္ေတြ႕က်ရင္ ႏွစ္ေယာက္သား ေ၀းဖုိ႔ဆုိတာ ဖန္မလာေစရပါဘူးေနာ္ …။ ။
source : yourtango.com
Si Si (Aunty May)
Unicode
ရှောင်ဖယ်စပြုလာတဲ့ ချစ်သူကို အချိန်မီ ဘယ်လိုပြန်ယူမလဲ…
ချစ်ရသူက သင့်ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေလို့ စိတ်ညစ်နေပါသလား …၊ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်လုပ်ကြည့်ဖို့ ပရိသတ်ကြီးကို တိုက်တွန်းချင်ပါတယ်။ တကယ်လည်း မခက်ပါဘူး။ နောက်ဆုံးတော့ သင့်ချစ်သူဟာ သင့်ဆီမှာ တဝဲလည်လည် ဖြစ်လာမယ့် အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်နော် …။
(၁) အဆက်အသွယ် မပြတ်အောင် ကြိုးစားပါ…
လူချင်း ရှောင်ဖယ်ရှောင်ဖယ် လုပ်နေပြီဆိုရင် ဖုန်းချင်း၊ လူမှုကွန်ယက်ချင်းတော့ အဆက်အသွယ်အနည်းဆုံး ရှိနေပါစေ။ လူဆိုတာ အနေနီးတဲ့ဘက်ကို စိတ်က ယိမ်းယ်ိုင်ချင်တယ်ဆိုဦးတော့ သင်နဲ့ သင့်ချစ်သူရဲ့ နီးစပ်မှုကို ယှဉ်လို့မမီပါ။ အချိန်မီ ဆက်သွယ်ပြီး သူ့သံယောဇဉ် ဒီဂရီကို လိမ္မာတဲ့ နည်းကို သုံးပြီး မြှင့်တင်လိုက်ပါ …။
(၂) နှစ်နှစ်ကာကာ ချစ်ဖို့ကြိုးစားပါ…
လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အနေနီးကပ်လာတဲ့အခါ တစ်ဖက်သားရဲ့ အပြုအမူဟာ ဘာကိုဦးတည်နေသလဲဆိုတာ ရိပ်မိ သိရှိကြပါတယ်။ ဒီတော့ သူ သင့်ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်လာခြင်းကလည်း သင့်ဘက်က ပြသသင့်တဲ့ အချစ်ကို မပြလို့ဆိုတာ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ဘက်ကလည်း မလစ်ဟင်းစေဖို့ အစစအရာရာ နှစ်နှစ်ကာကာ ချစ်ဖို့ ကြိုးစားပေးပါ …။
(၃) 100% ရင်းနီးမြှုပ်နှံပါ…
အလုပ်တစ်ခုမှာ ရာထူးတိုးချင်ရင် လစာကောင်းချင်ရင် သင့်ရဲ့ လုပ်အား 50% ရင်းနီးမြှုပ်နှံထားရုံဆို လုံလောက်ပါတယ်။ ဒါပေမယ့် အချစ်မှာတော့ အဲဒီလို မရပါဘူး။ 100% ရင်းနီးမြှုပ်နှံတာတောင်မှ သင် ပြန်ရတာက 50% ထက် နည်းချင် နည်းနိုင်ပါတယ်။ ဒါဟာ အချစ်ရဲ့ သဘောတရားပါပဲ …။
(၄) နေ့စဉ်နဲ့အမျှ အချစ်ကို ဆန္ဒပြင်းပြမှုရှိပါစေ…
တစ်နေ့ထက်တစ်နေ့ အချစ်ကို စိတ်ကုန်လာတယ်ဆိုရင်တော့ သင်က်ိုယ်တိုင်က သူ့အပေါ်မှာ တကယ် လေးနက်မှုမရှိတော့ဘူးဆိုတာ အဖြေက ရှင်းပါတယ်။ ဒါပေမယ့် သင့်ဘက်က တကယ် နှစ်နှစ်ကာကာ ချစ်နေပါတယ်ဆိုရင်တော့ ဒီအချစ်ကို နေ့စဉ်နဲ့အမျှ ပျိုးထောင်ပေးဖို့ တာဝန်ရှိပါတယ်။ နောက်တော့ သူလည်း ဒီလိုပဲ ပျိုးထောင်ပေါင်းသင်ချင်စိတ် ပေါက်လာအောင် သင်ဘက်က စည်းရုံးနိုင်ရပါမယ် …။
(၅) လက်တွေ့ဆန်ပါစေ…
အပေးအယူပဲဖြစ်ဖြစ်၊ အလွမ်းအသောပဲဖြစ်ဖြစ် အချစ်ကိစ္စမှာ ချွင်းချန်ထားလို့ မတော်ပါဘူး။ တကယ်လက်တွေ့ကျမှလည်း သဘာ၀ ကျတာပါ။ သူက အနမ်းလေးပေးပါဦး ဆိုရင် ကိုယ်ကမနက်ဖြန်မှ ပေါင်းယူလိုက်နော်… ဆိုတဲ့ ပိုက်ဆံ အကြွေးဆပ်သလိုမျိုး လုပ်လို့ မရပါဘူး။ အချစ်ရေး ကိစ္စမှာ ဖြစ်နိုင်သမျှ ရိုးရိုးစင်းစင်းနဲ့ လက်တွေ့ကျရင် နှစ်ယောက်သား ဝေးဖို့ဆိုတာ ဖန်မလာစေရပါဘူးနော် …။ ။
source : yourtango.com
Si Si (Aunty May)