အခ်စ္နွင့္ဘဝ

အခ်စ္ေၾကာင့္နာက်င္ခဲ့ရဖူးတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္မ်ား……

အခ်စ္ေၾကာင့္နာက်င္ခဲ့ရဖူးတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္မ်ား

မိန္္းကေလးေတြက သူတို႔ခ်စ္မိတဲ့သူကို သစၥာ႐ွိ႐ွိနဲ႔ အခ်စ္ေတြ ပံုေအာ ေပးတတ္ၾကပါတယ္။ ဒီလုိခ်စ္တတ္ျခင္းက လမ္းခြဲျခင္းနဲ႔ ႀကံဳေတြ႔လာရတဲ့ အခါမွာ ပိုနာက်င္ခံစားရတတ္သလုိ လြယ္လြယ္နဲ႔လည္း အနာမက်က္ႏုိင္ၾကပါဘူး။ ဒီေတာ့ တစ္ခါခ်စ္ဖူးတဲ့ သူက ေနာက္ထပ္တစ္ခါခ်စ္ဖို႔ကို ေတာ္ေတာ္္ေလး စဥ္းစားယူရတတ္ပါတယ္။ ဒီလုိ အခ်စ္ေၾကာင့္ နာက်င္ခံစားဖူးတဲ့ မိန္းကေလးတစ္ေယာက္ကို ခ်စ္ေတာ့မယ္ ဆုိရင္ ဒီအခ်က္ေလးေတြေတာ့ သိကိုသိထားဖုိ႔ လုိအပ္ပါတယ္ေနာ္ …။

ခ်က္ခ်င္း မယံုၾကည္ႏုိင္ဘူး”

အခ်စ္အတြက္ နာက်င္ခံစားရဖူးတဲ့ မိန္းကေလးတစ္ေယာက္ဟာ သူ႔ကို ထပ္ခ်စ္လာတဲ့ သူေတြကို လြယ္လြယ္မယံုၾကည္တတ္တာကေတာ့ မဆန္းပါဘူး။ တစ္ခါကြဲဖူးတဲ့ အသည္းက ျပန္စဥ္းစားတုိင္း နာက်င္ေနရတာမုိ႔ သူမဆီက ယံုၾကည္မႈလုိခ်င္ရင္ေတာ့ သူမယံုၾကည္ေလာက္တဲ့ အရာေတြနဲ႔ သူမယံုၾကည္ေလာက္တဲ့ အခ်ိန္တစ္ခုအထိေတာ့ ေစာင့္ဆုိင္းေပးဖို႔ လုိပါမယ္ …။

လြယ္လြယ္ကူကူနဲ႔ ခံစားခ်က္ေတြမတံု႔ျပန္လာႏုိင္ဘူး”

ခ်စ္မိေပမယ့္ နာက်င္ခဲ့ရတဲ့အတြက္ သူတို႔ေတြက အခ်စ္ဆုိတာကို လြယ္လြယ္ ထုတ္မျပတတ္ ၾကေတာ့ပါဘူး။ သူမရဲ႕ အခ်စ္ေတြအတြက္ အခ်ိန္တစ္ခုအထိေတာ့ ေသခ်ာစဥ္းစား ဆံုးျဖတ္ပါလိမ့္မယ္။ ဒီလုိေကာင္မေလးေတြက သူတို႔ရဲ႕ အခ်စ္ေတြကို သိုသိုဝွက္ဝွက္နဲ႔ သိမ္းထားတတ္ၿပီး ေသခ်ာၿပီဆုိမွ သူမဆီက တံု႔ျပန္္မႈကို ရမွာ ျဖစ္ပါတယ္ …။

အရမ္းကို အေသးစိတ္ ေလ့လာေနတတ္တယ္”

အတိတ္က တစ္စံုတစ္ေယာက္က သူမအတြက္ မေကာင္းခဲ့တဲ့ အတြက္ ေနာက္ထပ္တစ္ေယာက္ကိုေတာ့ သူမက အေသးစိတ္က်က် ေလ့လာၾကည့္တတ္ၾကပါတယ္။ သူမအေပၚ တကယ္ခ်စ္မခ်စ္ဆုိတာေတြ၊ ဂ႐ုစိုက္မႈေတြ၊ အေလးထားမႈေတြ၊ အျပန္အလွန္ေလးစားမႈေတြ၊ နားလည္ေပးမႈေတြ စသျဖင့္ေပါ့။ သူမ စိတ္ႀကိဳက္ေလ့လာၿပီးမွ ဒီအခ်စ္ကို လက္ခံသင့္ မသင့္ဆံုးျဖတ္မွာ ျဖစ္ပါတယ္ …။

ျမန္ျမန္လႈပ္႐ွားရင္ ေနာက္ဆုတ္သြားတတ္တယ္”

ဒီလုိမိန္းကေလးေတြကို ခ်စ္မိၿပီဆုိရင္ေတာ့ သူတုိ႔ရဲ႕ စိတ္ကို အရင္ရေအာင္ ႀကိဳးစားသင့္ပါတယ္။ ဒီလုိမွ မဟုတ္ပဲ ေတြ႔တာမွ ဘယ္ေလာက္မွမၾကာေသးပဲ ခ်စ္တယ္၊ ႀကိဳက္တယ္ သြားေျပာရင္ေတာ့ သူမရဲ႕ သံသယေတြနဲ႔ အခ်စ္ကို လြယ္လြယ္သံုးတတ္တယ္လုိ႔ ျမင္ၿပီး ေနာက္ဆုတ္ျငင္းပယ္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ ဒီလုိ မိန္းကေလးမ်ိဳးကို ခ်စ္မိရင္ေတာ့ သူတုိ႔ရဲ႕ အခ်စ္ကိုရဖုိ႔ အခ်ိန္တစ္ခုအထိ ဇြဲ႐ွိ႐ွိေစာင့္ႏိုင္ ရပါမယ္ေနာ္ ….။ ။

Khin

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်

အချစ်ကြောင့်နာကျင်ခဲ့ရဖူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်များ

မိန်းကလေးတွေက သူတို့ချစ်မိတဲ့သူကို သစ္စာရှိရှိနဲ့ အချစ်တွေ ပုံအော ပေးတတ်ကြပါတယ်။ ဒီလိုချစ်တတ်ခြင်းက လမ်းခွဲခြင်းနဲ့ ကြုံတွေ့လာရတဲ့ အခါမှာ ပိုနာကျင်ခံစားရတတ်သလို လွယ်လွယ်နဲ့လည်း အနာမကျက်နိုင်ကြပါဘူး။ ဒီတော့ တစ်ခါချစ်ဖူးတဲ့ သူက နောက်ထပ်တစ်ခါချစ်ဖို့ကို တော်တော်လေး စဉ်းစားယူရတတ်ပါတယ်။ ဒီလို အချစ်ကြောင့် နာကျင်ခံစားဖူးတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်တော့မယ် ဆိုရင် ဒီအချက်လေးတွေတော့ သိကိုသိထားဖို့ လိုအပ်ပါတယ်နော် …။

ချက်ချင်း မယုံကြည်နိုင်ဘူး”

အချစ်အတွက် နာကျင်ခံစားရဖူးတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကို ထပ်ချစ်လာတဲ့ သူတွေကို လွယ်လွယ်မယုံကြည်တတ်တာကတော့ မဆန်းပါဘူး။ တစ်ခါကွဲဖူးတဲ့ အသည်းက ပြန်စဉ်းစားတိုင်း နာကျင်နေရတာမို့ သူမဆီက ယုံကြည်မှုလိုချင်ရင်တော့ သူမယုံကြည်လောက်တဲ့ အရာတွေနဲ့ သူမယုံကြည်လောက်တဲ့ အချိန်တစ်ခုအထိတော့ စောင့်ဆိုင်းပေးဖို့ လိုပါမယ် …။

လွယ်လွယ်ကူကူနဲ့ ခံစားချက်တွေမတုံ့ပြန်လာနိုင်ဘူး”

ချစ်မိပေမယ့် နာကျင်ခဲ့ရတဲ့အတွက် သူတို့တွေက အချစ်ဆိုတာကို လွယ်လွယ် ထုတ်မပြတတ် ကြတော့ပါဘူး။ သူမရဲ့ အချစ်တွေအတွက် အချိန်တစ်ခုအထိတော့ သေချာစဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်။ ဒီလိုကောင်မလေးတွေက သူတို့ရဲ့ အချစ်တွေကို သိုသိုဝှက်ဝှက်နဲ့ သိမ်းထားတတ်ပြီး သေချာပြီဆိုမှ သူမဆီက တုံ့ပြန်မှုကို ရမှာ ဖြစ်ပါတယ် …။

အရမ်းကို အသေးစိတ် လေ့လာနေတတ်တယ်”

အတိတ်က တစ်စုံတစ်ယောက်က သူမအတွက် မကောင်းခဲ့တဲ့ အတွက် နောက်ထပ်တစ်ယောက်ကိုတော့ သူမက အသေးစိတ်ကျကျ လေ့လာကြည့်တတ်ကြပါတယ်။ သူမအပေါ် တကယ်ချစ်မချစ်ဆိုတာတွေ၊ ဂရုစိုက်မှုတွေ၊ အလေးထားမှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ နားလည်ပေးမှုတွေ စသဖြင့်ပေါ့။ သူမ စိတ်ကြိုက်လေ့လာပြီးမှ ဒီအချစ်ကို လက်ခံသင့် မသင့်ဆုံးဖြတ်မှာ ဖြစ်ပါတယ် …။

မြန်မြန်လှုပ်ရှားရင် နောက်ဆုတ်သွားတတ်တယ်”

ဒီလိုမိန်းကလေးတွေကို ချစ်မိပြီဆိုရင်တော့ သူတို့ရဲ့ စိတ်ကို အရင်ရအောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တွေ့တာမှ ဘယ်လောက်မှမကြာသေးပဲ ချစ်တယ်၊ ကြိုက်တယ် သွားပြောရင်တော့ သူမရဲ့ သံသယတွေနဲ့ အချစ်ကို လွယ်လွယ်သုံးတတ်တယ်လို့ မြင်ပြီး နောက်ဆုတ်ငြင်းပယ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလို မိန်းကလေးမျိုးကို ချစ်မိရင်တော့ သူတို့ရဲ့ အချစ်ကိုရဖို့ အချိန်တစ်ခုအထိ ဇွဲရှိရှိစောင့်နိုင် ရပါမယ်နော် ….။ ။

Khin

Credit – Aunty May