ဘယ္ေတာ့မွ ျပတ္စဲေတာ့မွာမဟုတ္တဲ့ အခ်စ္ေရးဆိုတာ
ခ်စ္သူေတြၾကား လက္တြဲျမဲ၊ မျမဲဆိုတာ သူတုိ႔ႏွစ္ေယာက္ ၾကားထဲမွာရွိေနတဲ့ ခ်စ္ျခင္းေမတၱာ သံေယာဇဥ္ေတြနဲ႔ သက္ဆုိင္သလိုပဲ အခ်င္းခ်င္းျပဳမူဆက္ဆံပံုေတြအရလည္း သက္ဆုိင္ေနပါေသးတယ္။ ဒီေတာ့ စံုတြဲတစ္တြဲ တစ္သက္တာလံုးလက္တြဲျမဲဖို႔ဆိုတာ ဒီအခ်က္ (၆) ခ်က္တည္းနဲ႔ စမ္းစစ္ၾကည့္လို႔ရနုိင္ပါတယ္။
(၁) ပြင့္ပြင့္လင္းလင္းရွိမႈ
တစ္ေယာက္နဲ႔တစ္ေယာက္ မိသားစုဝင္ေတြေတာင္မသိႏုိင္တဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ိဳးေတြကို မွ်ေဝၿပီးႏွင့္ေနၿပီ၊ ဘယ္လိုကိစၥမ်ိဳးမဆို ေအးေအးေဆးေဆးနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုတုိင္ပင္လို႔ရတဲ့ အျဖစ္မ်ိဳးဆိုရင္ေတာ့ သင္တုိ႔ႏွစ္ေယာက္ဟာ သာမန္သမီးရည္းစားစံုတြဲေတြထက္ တစ္ဆင့္ျမင့္ေနပါၿပီ။
(၂) ႏွစ္ေယာက္ၾကားက ဆက္သြယ္မႈ
လက္တြဲျမဲဖို႔ဆိုတာ ခ်စ္သူခ်င္း ခ်စ္ေနဖို႔တစ္ခုတည္းနဲ႔ မသက္ဆုိင္ေတာ့ပါဘူး။ ႏွစ္ေယာက္ၾကား communication လည္း ေကာင္းရပါတယ္။ ဒါကို လြယ္လြယ္ေျပာရရင္ေတာ့ ရင္ဘတ္ခ်င္း၊ စိတ္ခ်င္း ဆက္ႏြယ္ေနတာမ်ိဳးေပါ့။ ကုိယ္ေျပာတဲ့စကားေတာင္မဆံုးေသးဘူး သူက နားလည္ေနတာမ်ိဳး၊ ကုိယ့္အႀကိဳက္ သူ႕အႀကိဳက္ ထပ္တူမက်ရင္ေတာင္မွပဲ လိုက္ေလ်ာညီေထြလုိက္ေနေပးႏုိင္တာမ်ိဳး၊ စကားေျပာတဲ့အခါလည္း လမုိင္းကပ္ေနတာမ်ိဳးေပါ့။ ဒီလိုဆက္ဆံေရးမ်ိဳးဟာ ေတာ္ရံုအရမ္းခ်စ္ၾကတဲ့ ခ်စ္သူေတြမွာေတာင္ မရႏုိင္ေနပါဘူး။
(၃) ရန္ျဖစ္ျခင္းေတြကိုျေဖရွင္းႏုိင္တယ္
သမီးရည္းစားပါဆိုမွ ရန္ကေတာ့ျဖစ္မွာပါပဲ။ ဒါေပမဲ့ ရန္တစ္ခါျဖစ္ၿပီးတုိင္း ပိုတိုးလို႔ခ်စ္ၾကေစဖုိ႔အတြက္ ရန္ျဖစ္ၿပီးေနာက္ဆက္တြဲမွာ ေကာင္းကောင္းေျဖရွင္းႏုိင္ဖို႔ လိုအပ္ပါတယ္။ ရန္သာျဖစ္လုိက္ရတယ္၊ လိုခ်င္တဲ့အေျဖကို ရွာမေတြ႕ဘဲနဲ႔ မေက်မခ်မ္းၿပီးသြားတာမ်ိဳးမဟုတ္ဘဲ ျပႆနာကို ေသခ်ာေလး ေျဖရွင္းၿပီး စိတ္ရွင္းေအာင္ လုပ္ေပးမယ္ ျပန္ေခ်ာ့မယ္ အနမ္းေလးနဲ႔ ၿပီးဆံုးသြာမယ္။ ဒါမ်ိဳးကိုဆိုလိုတာပါ။
(၄) ကုိယ္ခ်င္းစာနာမႈ
ကိစၥေသးေသးေလးကစလို႔ အႀကီးႀကီးအဆံုး တစ္ေယာက္ရဲ႕ေနရာကိုတစ္ေယာက္က အစားထိုးဝင္စဥ္းစားေပးၿပီး ငါသာဆိုရင္ဆိုတဲ့ ကိုယ္ခ်င္းစာတရားနဲ႔ ေရွ႕ဆက္ေနတဲ့စံုတြဲေတြဟာ လက္တြဲပိုျမဲေစမွာပါ။
(၅) ခ်စ္သူနဲ႔ေတြ႕ရင္ ေပါၾကတယ္
ကုိယ့္ဟာကိုယ္ အလုပ္မွာ၊ မိသားစုမွာ၊ အေပါင္းသင္းမိတ္ေဆြေတြၾကားထဲ ဘယ္ေလာက္အေရးပါတဲ့ လူႀကီးပဲျဖစ္ေနျဖစ္ေန ခ်စ္သူနဲ႔ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္မွာ ဟာသေတြေျပာမယ္၊ ေပါေတာေတာေနၿပီးေတာ့ ရယ္ရႊင္စရာကိစၥေတြဖန္တီးေပးေနၾကတယ္ဆိုရင္ အခ်စ္ေရးမွာ သင္တုိ႔ထက္ ပိုေပ်ာ္ရႊင္ေနရတဲ့လူ မရွိေတာ့ပါဘူး။
(၆) လႊမ္းမိုးခ်ဳပ္ခ်ယ္လိုစိတ္မရွိဘူး
ကိုယ့္ခ်စ္သူရဲ႕ ကိုယ္ပိုင္ ကိုယ္ေရးကိုယ္တာကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္ျခင္းမရွိဘဲ သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ေတြနဲ႔ ျဖစ္တည္မႈကို ေလးစားစြာ လိုက္နာယံုၾကည္ထားမယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ဟာ စိတ္ေပါ့ပါးစြာနဲ႔ အခ်စ္ေရးကို ခုိင္ခုိင္ျမဲျမဲျဖစ္ေအာင္ တည္ေဆာက္ႏုိင္မွာျဖစ္ပါတယ္။
penny
Unicode
ဘယ်တော့မှ ပြတ်စဲတော့မှာမဟုတ်တဲ့ အချစ်ရေးဆိုတာ
ချစ်သူတွေကြား လက်တွဲမြဲ၊ မမြဲဆိုတာ သူတို့နှစ်ယောက် ကြားထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေနဲ့ သက်ဆိုင်သလိုပဲ အချင်းချင်းပြုမူဆက်ဆံပုံတွေအရလည်း သက်ဆိုင်နေပါသေးတယ်။ ဒီတော့ စုံတွဲတစ်တွဲ တစ်သက်တာလုံးလက်တွဲမြဲဖို့ဆိုတာ ဒီအချက် (၆) ချက်တည်းနဲ့ စမ်းစစ်ကြည့်လို့ရနိုင်ပါတယ်။
(၁) ပွင့်ပွင့်လင်းလင်းရှိမှု
တစ်ယောက်နဲ့တစ်ယောက် မိသားစုဝင်တွေတောင်မသိနိုင်တဲ့ လျှို့ဝှက်ချက်မျိုးတွေကို မျှဝေပြီးနှင့်နေပြီ၊ ဘယ်လိုကိစ္စမျိုးမဆို အေးအေးဆေးဆေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်လို့ရတဲ့ အဖြစ်မျိုးဆိုရင်တော့ သင်တို့နှစ်ယောက်ဟာ သာမန်သမီးရည်းစားစုံတွဲတွေထက် တစ်ဆင့်မြင့်နေပါပြီ။
(၂) နှစ်ယောက်ကြားက ဆက်သွယ်မှု
လက်တွဲမြဲဖို့ဆိုတာ ချစ်သူချင်း ချစ်နေဖို့တစ်ခုတည်းနဲ့ မသက်ဆိုင်တော့ပါဘူး။ နှစ်ယောက်ကြား communication လည်း ကောင်းရပါတယ်။ ဒါကို လွယ်လွယ်ပြောရရင်တော့ ရင်ဘတ်ချင်း၊ စိတ်ချင်း ဆက်နွယ်နေတာမျိုးပေါ့။ ကိုယ်ပြောတဲ့စကားတောင်မဆုံးသေးဘူး သူက နားလည်နေတာမျိုး၊ ကိုယ့်အကြိုက် သူ့အကြိုက် ထပ်တူမကျရင်တောင်မှပဲ လိုက်လျောညီထွေလိုက်နေပေးနိုင်တာမျိုး၊ စကားပြောတဲ့အခါလည်း လမိုင်းကပ်နေတာမျိုးပေါ့။ ဒီလိုဆက်ဆံရေးမျိုးဟာ တော်ရုံအရမ်းချစ်ကြတဲ့ ချစ်သူတွေမှာတောင် မရနိုင်နေပါဘူး။
(၃) ရန်ဖြစ်ခြင်းတွေကိုြဖေရှင်းနိုင်တယ်
သမီးရည်းစားပါဆိုမှ ရန်ကတော့ဖြစ်မှာပါပဲ။ ဒါပေမဲ့ ရန်တစ်ခါဖြစ်ပြီးတိုင်း ပိုတိုးလို့ချစ်ကြစေဖို့အတွက် ရန်ဖြစ်ပြီးနောက်ဆက်တွဲမှာ ကောင်းကောင်းဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ရန်သာဖြစ်လိုက်ရတယ်၊ လိုချင်တဲ့အဖြေကို ရှာမတွေ့ဘဲနဲ့ မကျေမချမ်းပြီးသွားတာမျိုးမဟုတ်ဘဲ ပြဿနာကို သေချာလေး ဖြေရှင်းပြီး စိတ်ရှင်းအောင် လုပ်ပေးမယ် ပြန်ချော့မယ် အနမ်းလေးနဲ့ ပြီးဆုံးသွာမယ်။ ဒါမျိုးကိုဆိုလိုတာပါ။
(၄) ကိုယ်ချင်းစာနာမှု
ကိစ္စသေးသေးလေးကစလို့ အကြီးကြီးအဆုံး တစ်ယောက်ရဲ့နေရာကိုတစ်ယောက်က အစားထိုးဝင်စဉ်းစားပေးပြီး ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ ရှေ့ဆက်နေတဲ့စုံတွဲတွေဟာ လက်တွဲပိုမြဲစေမှာပါ။
(၅) ချစ်သူနဲ့တွေ့ရင် ပေါကြတယ်
ကိုယ့်ဟာကိုယ် အလုပ်မှာ၊ မိသားစုမှာ၊ အပေါင်းသင်းမိတ်ဆွေတွေကြားထဲ ဘယ်လောက်အရေးပါတဲ့ လူကြီးပဲဖြစ်နေဖြစ်နေ ချစ်သူနဲ့နှစ်ယောက်တည်းရှိတဲ့အချိန်မှာ ဟာသတွေပြောမယ်၊ ပေါတောတောနေပြီးတော့ ရယ်ရွှင်စရာကိစ္စတွေဖန်တီးပေးနေကြတယ်ဆိုရင် အချစ်ရေးမှာ သင်တို့ထက် ပိုပျော်ရွှင်နေရတဲ့လူ မရှိတော့ပါဘူး။
(၆) လွှမ်းမိုးချုပ်ချယ်လိုစိတ်မရှိဘူး
ကိုယ့်ချစ်သူရဲ့ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖြစ်တည်မှုကို လေးစားစွာ လိုက်နာယုံကြည်ထားမယ်ဆိုရင် သင်တို့နှစ်ယောက်ဟာ စိတ်ပေါ့ပါးစွာနဲ့ အချစ်ရေးကို ခိုင်ခိုင်မြဲမြဲဖြစ်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
penny