ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန်အစားအစာလေးများ
ရှေးမြန်မာကြီးများက ဆောင်းတွင်းတတွင်းလုံးကျန်းမာစေဖို ့အတွက်လက်စွဲတော်ဆေးနည်းတိုလေးကို မှီဝဲလေ့ရှိကြပါတယ်။
၄င်းဆေးနည်းမှာငြုပ်ကောင်းစိမ်း၊ ပိတ်ချင်းသီး၊ ဂျင်းစိမ်းခြောက် ၃-မျိုးအား ၉-မူးသားစီဆတူရော၍၊ ထိုအရောအနှောထဲကို ထန်းလျက်ရည်နှင့် ပျားရည်၁၀-ကျပ်သားစီရောစပ်ပြီးဆေးရည်တည်ပါတယ်။
ထိုဆေးနှစ်ရည် လ္ဘက်ရည်ဇွန်း တဝက်စာ ပမာဏခန် ့ကိုဆောင်းဝင်သည့်နေ ့ကစပြီး တနေ ့တကြိမ်မျှှသာစားပေးရုံဖြင့် ဆောင်းဥတုမှာမည်သည့်ရောဂါမျှှ မရှိနိုင် တော့ဘူးလို ့ဆိုပါတယ်။
ထိုနည်းတူစွာပင် နွေရာသီ မိုးရာသီများအတွက်ပါ ဆေးနည်းတိုလေးများကိုဖော်စပ်သောက်တဲ့ ဓလေ့ ကို လေ့လာကြည့်ခြင်းအားဖြင့် ရှေးမြန်မာကြီးများဟာ ကျန်းမာရေးအသိအမြင်နဲ ပတ်သက်၍ ခေတ်နောက်မကျဘူးလို ့ဆိုနိုင် ပါတယ်။
ယနေ ့ကမ္ဘာမှာ တနေ ့တခြားတိုးတက်ခေတ်မှီလာတဲ့အလျောက်၊ ရုပ်ဝတ္တုတွေနောက်အမှီလိုက်ရင်း နေထိုင်စားသောက်မှုပုံစံတွေလည်း ပြောင်းလဲလာကြရာ လွယ်ကူမြန်ဆန်တဲ့ အစားအသောက်တွေကို
အာသီသရှိလာကြပြီး ကျန်းမာရေး အတွက် ဘေးထွက်ဆိုးကျိုးများစွာခံစားနေကြရပါတယ်။
ဒီတစ်နှစ်ဆောင်းဥတုမှာတော့ဖြင့် ရာသီဥတုနှင့်လျော်ညီစွာ စား သောက်နေထိုင်တတ်ဖို ့အတွက် အောက်ဖော်ပြပါ ဆောင်ရန်ရှောင်ရန်အစားအစားလေးများဖြင့် မျှဝေလိုက်ရပါတယ်။
ဆောင်းရာသီအတွက် ဆောင်ရန်အစားအစာများ
(၁) အချဉ်သီးများ။
ဗီတာမင်စီမြင့်မားစွာပါရှိတဲ့ လိမ္မော်၊ သံပုရာ၊ ရှောက်၊ ဂရိတ်ဖရု စတဲ့အသီးများကို စားပေးသင့်ပါတယ်။
၄င်းအသီးတွေထဲမှာ ဖော လစ်အက်ဆစ် အပြင်၊ ချေဖျက်နိုင်တဲ့ အမျှှင်ဓာတ်တွေအလုံအလောက်ပါရှိနေတာမို ့ အစာကျေစေပါတယ်။
ဒါ့ပြင် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများလည်းကြွယ်ဝစွာပါရှိနေတာကြောင့် ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားလာစေပြီး၊ အအေးမိ
နှာစေး ချောင်းဆိုးစတဲ့ ပြင်ပကူးစက်ရောဂါတွေ အလွယ်တကူမဝင်ရောက်နိုင်တော့ပါဘူး။ဆောင်းဥတုမှာ အစာမကျေ ရင်ပြည့်ရင် ကယ်ဖြစ်လေ့ရှိသူများဟာ နံက်စာစားပြီးတိုင်းသံပုရာရည် ၁-ခွက်သောက်ပေးသင့်ပါတယ်။
(၂) မြေအောက်မြစ်လျှှောက် အပင်များ
မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ရွက်စားမုန်လာ၊ စိမ်းစားဥ၊အာတာလွတ်ဥ၊ ကြက်သွန်နီ စတဲ့ ဟင်းသီးဟင်း ရွက်များဟာ မြေအောက်မြစ်လျှှောက်
အမျိုးအစားများဖြစ်တာကြောင့် မြေဆီလွှာထဲမှ သတ္တုဓာတ် နှင့် အာဟာရ တို့ကိုအပြည့် အဝစုပ်ယူထားကြပါတယ်။
ဒါ့ပြင် မြေပြင်ပေါ်မှာထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ရွှေဖရုံရွက်ညွန် ့၊ မုန်လာရွက် တွေကလည်း နေရောင်ခြည်ဖြင့်အစာချက်လုပ်ထားကြပါတယ်။
ဒါကြောင့် ကစီဓာတ်ကြွယ်ဝကာ လူကိုအာဟာရဖြစ်စေတဲ့ ၄င်းမြေပေါ်မြေအောက်ဟင်းသီးဟင်းရွက်များကို ဆောင်းရာသီဓာတ်စာအဖြစ် စားပေးသင့်ပါတယ်။
(အာလူးကလည်းဆောင်းရာသီ ဓာတ်စာဖြစ်ပါတယ်။ သို ့သော် အာလူးကို အခွံနွှာ၍ တညသိပ်ရေစိမ်ပြီးမှ စာပေးသင့်သလို၊ အခွံအစိမ်းရောင်ရှိတဲ့ အာလူးမျိုး ကိုတော့ လုံးဝ မစားသင့်ပါဘူး)
(၃) ဆန်လုံးညို။
နေ ့စဉ်စားသောက်နေတဲ့ ဆန်ထက်စာရင် ဆန်လုံးညိုက လူကို အာဟာရပိုစေပါတယ်။ဘာကြောင့်လဲဆိုရင် ဆန်လုံးညိုမှာ လူသား တို ့အတွက်
သက်စောင့်ဆေးအာနိသင်များဖြစ်ကြတဲ့ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ ဇင့်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နှင့် အမျှှင် ဓာတ်တွေ ကြွယ်ဝစွာပါရှိနေလို ့ပါဘဲ။
(၄င်းမျိုးနွယ်ဝင်ကွေကာအုပ်အကြမ်းများဟာလည်း ဆန်လုံးညိုလောက်နီးပါး လူကို အာဟာရ ဖြစ်စေပါတယ်။
ဒါကြောင့် ဆောင်းရာသီမှာ တနေ ့တာလုံး အာဟာရပြည့်နေစေဖို ့အတွက်ဆန်လုံးညိုဆန်ပြုတ် (သို ့မဟုတ်) ကွေကာအုတ်အကြမ်း တို ့ကိုပြုတ်၍နံက်စာအာဟာရအဖြစ် သောက်ပေးသင့်ပါတယ်)
(၄) လ္ဘက်ခြောက်ရေနွေးကြမ်း နှင့် သောက်ရေသန် ့။
ဆောင်းရာသီရောက်တဲ့အခါ သဘာဝအလျောက် ခန္ဓာကိုယ်တွင်းထဲမှာအပူခဲပြီး၊ခန္ဓာကိုယ်ပြင်ပ၏ အသားအရေကတော့ အေးစက်နေတတ်ကြပါတယ်။
အပူအအေးမျှတစွာနေထိုင်ဖို့အတွက် လ္ဘက်ခြောက်ရေနွေးကြမ်း သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းက ကိုယ်ခံအားကောင်းမွန်စေပြီး၊ နှလုံးကျန်းမာရေးသာမက အစာမကျေခြင်းနှင့်အစာအိမ်ကို ကောင်းကျိုးပြုပါ တယ်။
ဆောင်းဥတုမှာ အသားအရေခြောက်သွေ့တတ်တာကြောင့်လည်းခန္ဓာကိုယ်တွင်းရေဓာတ်မခမ်းခြောက်စေဖို ့ တစ်နေ ့ ကို သောက်ရေ ၈-ဖန်ခွက်ထက်မနည်းသောက်ပေးသင့်ပါတယ်။ (ရေခဲရေ လုံးဝ မသောက်ပါနှင့်)
(၅) ဟင်းလျာများ။
(က) ကြက်သားထဲမှာပါရှိတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရက်၊ စီလီကွန်၊ဆာလ်ဖာ စတဲ့ သက်စောင့်ဓာတ်များက လူကို ခွန်အားဖြစ်စေတဲ့အပြင်၊ ဆောင်းရာသီ
ရောဂါများဖြစ်ကြတဲ့ အစာမကျေ၊ အအေးမိတုပ်ကွေး၊ အပူကန်လည်ချောင်းနာ ရောဂါတွေကို ကြက်သားကလွန်စွာကောင်းကျိုးပြုပါတယ်။
(ခ) ငါး နဲ ့အမဲသားတို ့ကလည်း ဆောင်းရာသီအတွက်ဓာတ်စာလေး များဖြစ်ပါတယ်။
(၆) ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ။
ပင်ကိုယ်ခန္ဓာကိုယ်တွင်း အပူများတဲ့သူတွေဟာ ဆောင်းဦးပေါက်ရာသီဥတုအပြောင်းအလဲမှာ အပူကန်ထွက်လာတာကြောင့် ကျီး ကန်းပါးစပ်၊ နှုတ်ခမ်းကွဲ၊လည်ချောင်းနာ၊ မျက်စိနာ၊ အပူချောင်း၊ လျှာကွဲ၊ အပူဖျားတွေ ဖြစ်လာပါတယ်။
ထိုသူများအတွက် အပူငြိမ်း ဝမ်းမှန်စေဖို ့မန်ကျည်းမှည့်ဖျော်ရည်ထဲကိုဆားထဲ့၍သောက်ပါ။
တလည်းသီးကလည်း ကိုယ်တွင်း အပူအပုပ်များကိုလျော့ချပေးနိုင်ပါတယ်။ မျှှစ်၊ ချဉ်ပေါင်ရွက်၊ အစိမ်းရောင် ပန်းငရုပ်ချိုပွ၊ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီး၊ ချဉ်စော်ခါးသီးတို ့ဟာလည်း ဆောင်းတွင်းဓာတ်စာ များဖြစ်ကြပါတယ်။
ဗီတာမင်စီကြွယ်ဝပြီး၊အမျှှင်ဓာတ် များတဲ့ ဂေါ်ဖီထုပ်ကို ဆောင်းရာသီဓာတ်စာ ဟင်းခါးပူပူလေးအဖြစ်မကြာခဏသောက်ပေး ပါနော်။
ဆောင်းရာသီအတွက် ရှောင်ရန်အစားအစာများ
(၁) အေးမြတဲ့ ဆောင်းရာသီမှာ အစာကျေညက်ခဲတာကြောင့် ဆီ နှင့် အဆီအစိမ့်တွေလျော့စားပေးသင့်ပါတယ်။
(၂) အာလူး ကြော်၊ ကြက်ကြော်၊ ဒိုးနတ် စတဲ့ ဆီကြော်မုန့်များ၊ မြေပဲ ဗာဒံစေ့ သီဟိုစေ့ စတဲ့အဆံများ၊ ကြက်/ဝက်အူချောင်း များကိုရှောင်နိုင်ရင် ကောင်းပါတယ်။
(၃) အဆီအနှစ် နှင့် ငရုပ်သီးများတဲ့ဟင်းလျာအစပ်တွေက ရင်ပူစေပါတယ်။
(၄) ဆောင်း ရာသီမှာ ခရမ်းသီးက လူကိုကောင်းကျိုးမပြုပါဘူး။
(၅) ကော်ဖီ နှင့် ချောကလက်ဖျော်ရည်များကလည်းရင်ပူစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုမဖြစ်ရအောင်ကဖိန်းဓာတ်ပမာဏကို နည်းနိုင်သမျှှလျော့သောက်ပါ။
(၆) ဆောင်းရာသီ မှာအကြော်အလှော်ဟင်းလျာများက ရင်ပူစေနိုင်တာကြောင့် အသားငါးတွေကိုဆီဖြင့်ကြော်စားခြင်းထက် ချက်ပြုတ်၍သာ စားခြင်းက ပိုသင့်လျော်ပါတယ်။
(၇)အဆီများသော နို ့နှင့် နို ့ထွက် ပစ္စည်းများဖြစ်ကြတဲ့ ချိစ်၊ မလိုင်၊ကရင်မ်များ ၊ ၄င်းကရင်မ် ဓာတ်ကဲထားသော ကွတ်ကီးစ်မုန ့်များက နှာချောင်း၊လည်ချောင်း၊ ရင်ခေါင်းတို ့ကို ပိတ်ဆို ့စေတဲ့အပြင် အစာမကျေခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
(၈) ဂျုံဖြင့်လုပ်ထားတဲ့ အစားအစာတွေကလည်း ဆောင်းရာသီမှာ အစာမကျေခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၉) ဓာတုဆေးဝါးသုံး၍ဖြူဆွတ်အောင်ပြုပြင်ထားတဲ့ သကြားများက သွေးဆဲလ်များကို ထိခိုက်စေနိုင်ပြီးကိုယ်ခံစွမ်းအားယုတ် လျော့စေတာကြောင့် အအေးမိ ဖျားနာချောင်းဆိုးကူးစက်ပိုးတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။
ဒါကြောင့် အဖြူရောင်သကြားများ နှင့် ၄င်းဖြင့်ပြုလုပ်ထားသော အချိုရည်တွေကို ဝေးဝေးကရှောင်နိုင်လေ ကောင်းလေပါဘဲ။
ဆောင်းပါးရှင်…ပေါက်ပေါက်ရေးသားမျှဝေသည်
Zawgyi,
ေဆာင္းရာသီအတြက္ ေဆာင္ရန္ေရွာင္ရန္အစားအစာေလးမ်ား
ေရွးျမန္မာၾကီးမ်ားက ေဆာင္းတြင္းတတြင္းလံုးက်န္းမာေစဖို ့အတြက္လက္စြဲေတာ္ေဆးနည္းတိုေလးကို မွီ၀ဲေလ့ရွိၾကပါတယ္။
၄င္းေဆးနည္းမွာျငဳပ္ေကာင္းစိမ္း၊ ပိတ္ခ်င္းသီး၊ ဂ်င္းစိမ္းေျခာက္ ၃-မ်ိဳးအား ၉-မူးသားစီဆတူေရာ၍၊ ထိုအေရာအေႏွာထဲကို ထန္းလ်က္ရည္ႏွင့္ ပ်ားရည္၁၀-က်ပ္သားစီေရာစပ္ျပီးေဆးရည္တည္ပါတယ္။
ထိုေဆးႏွစ္ရည္ လၻက္ရည္ဇြန္း တ၀က္စာ ပမာဏခန္ ့ကိုေဆာင္း၀င္သည့္ေန ့ကစျပီး တေန ့တၾကိမ္မွွ်သာစားေပးရံုျဖင့္ ေဆာင္းဥတုမွာမည္သည့္ေရာဂါမွွ် မရွိနိုင္ ေတာ့ဘူးလို ့ဆိုပါတယ္။
ထိုနည္းတူစြာပင္ ေႏြရာသီ မိုးရာသီမ်ားအတြက္ပါ ေဆးနည္းတိုေလးမ်ားကိုေဖာ္စပ္ေသာက္တဲ့ ဓေလ့ ကို ေလ့လာၾကည့္ျခင္းအားျဖင့္ ေရွးျမန္မာၾကီးမ်ားဟာ က်န္းမာေရးအသိအျမင္နဲ ပတ္သက္၍ ေခတ္ေနာက္မက်ဘူးလို ့ဆိုႏိုင္ ပါတယ္။
ယေန ့ကမၻာမွာ တေန ့တျခားတိုးတက္ေခတ္မွီလာတဲ့အေလ်ာက္၊ ရုပ္၀တၱဳေတြေနာက္အမွီလိုက္ရင္း ေနထိုင္စားေသာက္မႈပံုစံေတြလည္း ေျပာင္းလဲလာၾကရာ လြယ္ကူျမန္ဆန္တဲ့ အစားအေသာက္ေတြကို
အာသီသရွိလာၾကျပီး က်န္းမာေရး အတြက္ ေဘးထြက္ဆိုးက်ိဳးမ်ားစြာခံစားေနၾကရပါတယ္။
ဒီတစ္ႏွစ္ေဆာင္းဥတုမွာေတာ့ျဖင့္ ရာသီဥတုႏွင့္ေလ်ာ္ညီစြာ စား ေသာက္ေနထိုင္တတ္ဖို ့အတြက္ ေအာက္ေဖာ္ျပပါ ေဆာင္ရန္ေရွာင္ရန္အစားအစားေလးမ်ားျဖင့္ မွ်ေ၀လိုက္ရပါတယ္။
ေဆာင္းရာသီအတြက္ ေဆာင္ရန္အစားအစာမ်ား
(၁) အခ်ဥ္သီးမ်ား။
ဗီတာမင္စီျမင့္မားစြာပါရွိတဲ့ လိေမၼာ္၊ သံပုရာ၊ ေရွာက္၊ ဂရိတ္ဖရု စတဲ့အသီးမ်ားကို စားေပးသင့္ပါတယ္။
၄င္းအသီးေတြထဲမွာ ေဖာ လစ္အက္ဆစ္ အျပင္၊ ေခ်ဖ်က္နိုင္တဲ့ အမွွ်င္ဓာတ္ေတြအလံုအေလာက္ပါရွိေနတာမို ့ အစာေက်ေစပါတယ္။
ဒါ့ျပင္ ခႏၶာကိုယ္ အက်ိဳးျပဳ ဓာတ္တိုးဆန္ ့က်င္ပစၥည္းမ်ားလည္းၾကြယ္၀စြာပါရွိေနတာေၾကာင့္ ကိုယ္ခံစြမ္းအားကိုတိုးတက္ျမင့္မားလာေစျပီး၊ အေအးမိ
ႏွာေစး ေခ်ာင္းဆိုးစတဲ့ ျပင္ပကူးစက္ေရာဂါေတြ အလြယ္တကူမ၀င္ေရာက္နိုင္ေတာ့ပါဘူး။ေဆာင္းဥတုမွာ အစာမေက် ရင္ျပည့္ရင္ ကယ္ျဖစ္ေလ့ရွိသူမ်ားဟာ နံက္စာစားျပီးတိုင္းသံပုရာရည္ ၁-ခြက္ေသာက္ေပးသင့္ပါတယ္။
(၂) ေျမေအာက္ျမစ္ေလွွ်ာက္ အပင္မ်ား
မုန္လာဥနီ၊ မုန္လာဥျဖဴ၊ ေရႊဖရံုသီး၊ ကန္စြန္းဥ၊ ရြက္စားမုန္လာ၊ စိမ္းစားဥ၊အာတာလြတ္ဥ၊ ၾကက္သြန္နီ စတဲ့ ဟင္းသီးဟင္း ရြက္မ်ားဟာ ေျမေအာက္ျမစ္ေလွွ်ာက္
အမ်ိဳးအစားမ်ားျဖစ္တာေၾကာင့္ ေျမဆီလႊာထဲမွ သတၱဳဓာတ္ ႏွင့္ အာဟာရ တို႔ကိုအျပည့္ အ၀စုပ္ယူထားၾကပါတယ္။
ဒါ့ျပင္ ေျမျပင္ေပၚမွာထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ေရႊဖရံုရြက္ညြန္ ့၊ မုန္လာရြက္ ေတြကလည္း ေနေရာင္ျခည္ျဖင့္အစာခ်က္လုပ္ထားၾကပါတယ္။
ဒါေၾကာင့္ ကစီဓာတ္ၾကြယ္၀ကာ လူကိုအာဟာရျဖစ္ေစတဲ့ ၄င္းေျမေပၚေျမေအာက္ဟင္းသီးဟင္းရြက္မ်ားကို ေဆာင္းရာသီဓာတ္စာအျဖစ္ စားေပးသင့္ပါတယ္။
(အာလူးကလည္းေဆာင္းရာသီ ဓာတ္စာျဖစ္ပါတယ္။ သို ့ေသာ္ အာလူးကို အခြံႏႊာ၍ တညသိပ္ေရစိမ္ျပီးမွ စာေပးသင့္သလို၊ အခြံအစိမ္းေရာင္ရွိတဲ့ အာလူးမ်ိဳး ကိုေတာ့ လံုး၀ မစားသင့္ပါဘူး)
(၃) ဆန္လံုးညို။
ေန ့စဥ္စားေသာက္ေနတဲ့ ဆန္ထက္စာရင္ ဆန္လံုးညိုက လူကို အာဟာရပိုေစပါတယ္။ဘာေၾကာင့္လဲဆိုရင္ ဆန္လံုးညိုမွာ လူသား တို ့အတြက္
သက္ေစာင့္ေဆးအာနိသင္မ်ားျဖစ္ၾကတဲ့ မဂၢနီစီယမ္၊ မဂၢနီးစ္၊ ဇင့္၊ ဓာတ္တိုးဆန္႔က်င္ပစၥည္း ႏွင့္ အမွွ်င္ ဓာတ္ေတြ ၾကြယ္၀စြာပါရွိေနလို ့ပါဘဲ။
(၄င္းမ်ိဳးႏြယ္၀င္ေကြကာအုပ္အၾကမ္းမ်ားဟာလည္း ဆန္လံုးညိုေလာက္နီးပါး လူကို အာဟာရ ျဖစ္ေစပါတယ္။
ဒါေၾကာင့္ ေဆာင္းရာသီမွာ တေန ့တာလံုး အာဟာရျပည့္ေနေစဖို ့အတြက္ဆန္လံုးညိုဆန္ျပဳတ္ (သို ့မဟုတ္) ေကြကာအုတ္အၾကမ္း တို ့ကိုျပဳတ္၍နံက္စာအာဟာရအျဖစ္ ေသာက္ေပးသင့္ပါတယ္)
(၄) လၻက္ေျခာက္ေရေႏြးၾကမ္း ႏွင့္ ေသာက္ေရသန္ ့။
ေဆာင္းရာသီေရာက္တဲ့အခါ သဘာ၀အေလ်ာက္ ခႏၶာကိုယ္တြင္းထဲမွာအပူခဲျပီး၊ခႏၶာကိုယ္ျပင္ပ၏ အသားအေရကေတာ့ ေအးစက္ေနတတ္ၾကပါတယ္။
အပူအေအးမွ်တစြာေနထိုင္ဖို့အတြက္ လၻက္ေျခာက္ေရေႏြးၾကမ္း ေသာက္ေပးသင့္ပါတယ္။ ေရေႏြးၾကမ္းက ကိုယ္ခံအားေကာင္းမြန္ေစျပီး၊ ႏွလံုးက်န္းမာေရးသာမက အစာမေက်ျခင္းႏွင့္အစာအိမ္ကို ေကာင္းက်ိဳးျပဳပါ တယ္။
ေဆာင္းဥတုမွာ အသားအေရေျခာက္ေသြ႔တတ္တာေၾကာင့္လည္းခႏၶာကိုယ္တြင္းေရဓာတ္မခမ္းေျခာက္ေစဖို ့ တစ္ေန ့ ကို ေသာက္ေရ ၈-ဖန္ခြက္ထက္မနည္းေသာက္ေပးသင့္ပါတယ္။ (ေရခဲေရ လံုး၀ မေသာက္ပါႏွင့္)
(၅) ဟင္းလ်ာမ်ား။
(က) ၾကက္သားထဲမွာပါရွိတဲ့ ကယ္လ္စီယမ္၊ မဂၢနီစီယမ္၊ ေဖာ့စဖရက္၊ စီလီကြန္၊ဆာလ္ဖာ စတဲ့ သက္ေစာင့္ဓာတ္မ်ားက လူကို ခြန္အားျဖစ္ေစတဲ့အျပင္၊ ေဆာင္းရာသီ
ေရာဂါမ်ားျဖစ္ၾကတဲ့ အစာမေက်၊ အေအးမိတုပ္ေကြး၊ အပူကန္လည္ေခ်ာင္းနာ ေရာဂါေတြကို ၾကက္သားကလြန္စြာေကာင္းက်ိဳးျပဳပါတယ္။
(ခ) ငါး နဲ ့အမဲသားတို ့ကလည္း ေဆာင္းရာသီအတြက္ဓာတ္စာေလး မ်ားျဖစ္ပါတယ္။
(၆) ဟင္းသီးဟင္းရြက္ ႏွင့္ သစ္သီး၀လံမ်ား။
ပင္ကိုယ္ခႏၶာကိုယ္တြင္း အပူမ်ားတဲ့သူေတြဟာ ေဆာင္းဦးေပါက္ရာသီဥတုအေျပာင္းအလဲမွာ အပူကန္ထြက္လာတာေၾကာင့္ က်ီး ကန္းပါးစပ္၊ ႏႈတ္ခမ္းကြဲ၊လည္ေခ်ာင္းနာ၊ မ်က္စိနာ၊ အပူေခ်ာင္း၊ လွ်ာကြဲ၊ အပူဖ်ားေတြ ျဖစ္လာပါတယ္။
ထိုသူမ်ားအတြက္ အပူျငိမ္း ၀မ္းမွန္ေစဖို ့မန္က်ည္းမွည့္ေဖ်ာ္ရည္ထဲကိုဆားထဲ့၍ေသာက္ပါ။
တလည္းသီးကလည္း ကိုယ္တြင္း အပူအပုပ္မ်ားကိုေလ်ာ့ခ်ေပးနိုင္ပါတယ္။ မွွ်စ္၊ ခ်ဥ္ေပါင္ရြက္၊ အစိမ္းေရာင္ ပန္းငရုပ္ခ်ိဳပြ၊ေက်ာက္ဖရံုသီး၊ ၾကက္ဟင္းခါးသီး၊ ခရမ္းခ်ဥ္သီး၊ ေစာင္းလ်ားသီး၊ ခ်ဥ္ေစာ္ခါးသီးတို ့ဟာလည္း ေဆာင္းတြင္းဓာတ္စာ မ်ားျဖစ္ၾကပါတယ္။
ဗီတာမင္စီၾကြယ္၀ျပီး၊အမွွ်င္ဓာတ္ မ်ားတဲ့ ေဂၚဖီထုပ္ကို ေဆာင္းရာသီဓာတ္စာ ဟင္းခါးပူပူေလးအျဖစ္မၾကာခဏေသာက္ေပး ပါေနာ္။
ေဆာင္းရာသီအတြက္ ေရွာင္ရန္အစားအစာမ်ား
(၁) ေအးျမတဲ့ ေဆာင္းရာသီမွာ အစာေက်ညက္ခဲတာေၾကာင့္ ဆီ ႏွင့္ အဆီအစိမ့္ေတြေလ်ာ့စားေပးသင့္ပါတယ္။
(၂) အာလူး ေၾကာ္၊ ၾကက္ေၾကာ္၊ ဒိုးနတ္ စတဲ့ ဆီေၾကာ္မုန္႔မ်ား၊ ေျမပဲ ဗာဒံေစ့ သီဟုိေစ့ စတဲ့အဆံမ်ား၊ ၾကက္/၀က္အူေခ်ာင္း မ်ားကိုေရွာင္နိုင္ရင္ ေကာင္းပါတယ္။
(၃) အဆီအႏွစ္ ႏွင့္ ငရုပ္သီးမ်ားတဲ့ဟင္းလ်ာအစပ္ေတြက ရင္ပူေစပါတယ္။
(၄) ေဆာင္း ရာသီမွာ ခရမ္းသီးက လူကိုေကာင္းက်ိဳးမျပဳပါဘူး။
(၅) ေကာ္ဖီ ႏွင့္ ေခ်ာကလက္ေဖ်ာ္ရည္မ်ားကလည္းရင္ပူေစနိုင္ပါတယ္။ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္မႈမျဖစ္ရေအာင္ကဖိန္းဓာတ္ပမာဏကို နည္းနိုင္သမွွ်ေလ်ာ့ေသာက္ပါ။
(၆) ေဆာင္းရာသီ မွာအေၾကာ္အေလွာ္ဟင္းလ်ာမ်ားက ရင္ပူေစနိုင္တာေၾကာင့္ အသားငါးေတြကိုဆီျဖင့္ေၾကာ္စားျခင္းထက္ ခ်က္ျပဳတ္၍သာ စားျခင္းက ပိုသင့္ေလ်ာ္ပါတယ္။
(၇)အဆီမ်ားေသာ နို ့ႏွင့္ နို ့ထြက္ ပစၥည္းမ်ားျဖစ္ၾကတဲ့ ခ်ိစ္၊ မလိုင္၊ကရင္မ္မ်ား ၊ ၄င္းကရင္မ္ ဓာတ္ကဲထားေသာ ကြတ္ကီးစ္မုန ့္မ်ားက ႏွာေခ်ာင္း၊လည္ေခ်ာင္း၊ ရင္ေခါင္းတို ့ကို ပိတ္ဆို ့ေစတဲ့အျပင္ အစာမေက်ျခင္းကိုပါ ျဖစ္ေစနိုင္ပါတယ္။
(၈) ဂ်ံဳျဖင့္လုပ္ထားတဲ့ အစားအစာေတြကလည္း ေဆာင္းရာသီမွာ အစာမေက်ျခင္းကို ျဖစ္ေစနိုင္ပါတယ္။
(၉) ဓာတုေဆး၀ါးသံုး၍ျဖဴဆြတ္ေအာင္ျပဳျပင္ထားတဲ့ သၾကားမ်ားက ေသြးဆဲလ္မ်ားကို ထိခိုက္ေစနိုင္ျပီးကိုယ္ခံစြမ္းအားယုတ္ ေလ်ာ့ေစတာေၾကာင့္ အေအးမိ ဖ်ားနာေခ်ာင္းဆိုးကူးစက္ပိုးေတြကို ခံႏိုင္ရည္မရွိေတာ့ပါဘူး။
ဒါေၾကာင့္ အျဖဴေရာင္သၾကားမ်ား ႏွင့္ ၄င္းျဖင့္ျပဳလုပ္ထားေသာ အခ်ိဳရည္ေတြကို ေ၀းေ၀းကေရွာင္နိုင္ေလ ေကာင္းေလပါဘဲ။
ေဆာင္းပါးရွင္…ေပါက္ေပါက္ေရးသားမွ်ေ၀သည္