ဒီအချက်တွေနဲ့ကိုက်ညီနေရင်တော့ သူသင့်ကိုအပျော်တွဲနေတာပါ
မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေလည်း အရမ်းကို မာယာကြွယ်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ပဲ အပျင်းပြေသဘောမျိုး ကစားတတ်ကြပါတယ်။ ဒါကို မိန်းကလေးဖက်က မသိတဲ့အခါ ကိုယ့်ကိုတကယ်ပဲ ချစ်သလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ မသေချာမရေရာကြီး ဆန့်ငင်ဆန့်ငင် ခံစားရတတ်ကြပါတယ်။ တကယ်လို့ သင်နဲ့ပတ်သက်တဲ့ ယောကျ်ားလေးမှာ ဒီလိုအချက်တွေရှိနေရင်တော့ အချိန်ကုန်ခံ မနေပါနဲ့။ သင့်ကို ကစားနေတာပါ။
(၁) ပုံမှန်အဆက်အသွယ်မလုပ်ဘူး
သင့်ကို တကယ်ချစ်တဲ့ ယောကျ်ားလေးတစ်ယောက်က သင့်ကို ဖုန်းဆက်တာတွေ၊ စာပို့တာတွေ၊ chatting တွေ နေ့တိုင်း လုပ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ စိတ်ပါတဲ့အချိန်ကျရင် အသည်းအသန်လွမ်းပြပြီး စိတ်မပါရင် အဖက်တောင် မလုပ်ဘဲ (၃၊ ၄) ရက်လောက် အဆက်အသွယ် မလုပ်ဘူးဆိုရင်တော့ သေချာပါတယ်၊ သင့်ကို အပျင်းပြေရုံ ကစားနေတဲ့သူပါ။ ဒီလိုလူမျိုးရဲ့ တော်ကီတွေမှာ မမျောမိပါစေနဲ့။
(၂) မိန်းကလေးတွေနဲ့ တရုန်းရုန်း နေတယ်
သင့်ကို တကယ်ချစ်တဲ့သူဟာ အထူးသဖြင့် မိန်းကလေးကိစ္စတွေမှာ သင် အထင်လွဲမှာကို အရမ်းစိုးရိမ်ပါတယ်။ ဒါကြောင့် အထင်လွဲစေနိုင်တဲ့ အပြုအမူတွေကို သူရှောင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သင့်အရှေ့မှာရော၊ နောက်ကွယ်မှာရော သင့်အပြင် တခြားမိန်းကလေးတွေနဲ့ တရုန်းရုန်းနဲ့အမြဲနေတတ်တယ် ဆိုရင်တော့ အဲဒီ့မိန်းကလေးတွေဟာလည်း သင့်လိုပဲ သူကစားနေတဲ့သူတွေ ဖြစ်နိုင်ပါတယ်။
(၃) ထူးခြားတဲ့ ဆက်ဆံမှုမျိုးမရှိဘူး
သင့်ကို ဖုန်းထဲ၊ chatting ထဲမှာ အသည်းအသန်ကြွေပြနေပေမယ့် တကယ်အပြင်ရောက်လို့ လူတွေရှေ့မှာ သင့်ကို ထူးထူးခြားခြား ဆက်ဆံမှုမျိုးမလုပ်တာ၊ သူလိုငါလိုပဲ ပုံမှန်ဆက်ဆံတာ၊ သင့်အနားမှာလည်း ရှိမနေတာမျိုးဆိုရင်တော့ သင်သိလိုက်ပါတော့၊ သင့်ကိုသူကစားနေတာပါ။ သင့်ကိုတကယ်ချစ်တဲ့သူက သင်နဲ့အတူ ရှိမနေရင်တောင် သင့်အနားမှာပဲ တဝဲလည်လည်လုပ်နေမှာပါ။
(၄) သူ့သူငယ်ချင်းတွေနဲ့သင့်ကိုမိတ်မဆက်ပေးဖူးဘူး
သင့်ကိုတကယ်ချစ်တဲ့ ယောကျ်ားလေးဟာ သူ့သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်ဆက်ပေးမှာပါ။ အကြောင်းကတော့ သင့်ကို လက်တွဲဖို့ ရည်ရွယ်ထားပြီး သင့်ကို သူတကယ်အတည်ကြံကြောင်း ဖော်ပြချင်လို့ပါ။ ဒီလိုမှမဟုတ်ပဲ သင့်ကိုချစ်သလိုလိုလည်းပြောသေး သူ့သူငယ်ချင်းတွေနဲ့ သင့်ကိုတစ်ခါမှ မိတ်မဆက်ပေးဖူးရင်တော့ သင့်ကို သူကစားနေတာပါ။
(၅) သင်ပြောတာတွေကိုမမှတ်မိဘူး
သင့်ကို တကယ်ချစ်တဲ့သူဟာ သင်အမှတ်တမဲ့ပြောလိုက်တဲ့ စကားလေးတွေကအစ စွဲစွဲမြဲမြဲ မှတ်ထားတတ်ကြပါတယ်။ အကြောင်းကတော့ သင့်ကိုတန်ဖိုးထားလို့ပါ။ တကယ်လို့ သင့်ကိုချစ်တယ်လည်းပြောသေး၊ သင်ပြောထားတာတွေကိုလည်း မေ့နေတယ်၊ သင်လေးလေးနက်နက် ပြောခဲ့တဲ့ စကားတွေကိုတောင် မေ့နေတတ်တယ်ဆိုရင်တော့ သင့်ကို သူကစားရုံ ကစားနေတယ်ဆိုတာ သဘောပေါက်သင့်ပါပြီနော်။
Em Em(Auntymay)