အခ်စ္နွင့္ဘဝ

ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့….

ကိုယ့္တန္ဘိုးကို သူမ်ားဆီမွာ မသြန္ခ်ပါနဲ႔

ဒီလူက ကိုယ့္ကို ဒီလိုေျပာလို႔ကိုယ္ကလိုက္ၿပီး ဒီလိုေျပာရလားလို႔၊တုံ႔ျပန္လိုက္တယ္၊

ဟိုလူက ဟိုလိုေျပာလို႔ ဘာလို႔ဟိုလိုေျပာရလဲဆိုၿပီးလိုက္တုံ႔ျပန္လိုက္တယ္၊

ဒီလိုလုပ္ျခင္းဟာမၿပီးႏိုင္တဲ့ သံသရာကို ခ်ဲ႕ထြင္ဖို႔ႀကိဳးစားေနတာနဲ႔တူပါတယ္။

ကိုယ္တုံ႔ျပန္ဖို႔စဥ္းစားတဲ့အခါမွာပဲျဖစ္ျဖစ္၊တုံ႔ျပန္လိုက္တဲ့အခါမွာပဲျဖစ္ျဖစ္၊ကိုယ့္စိတ္ဆင္းရဲေနရမွာအမွန္ပါပဲ။

ပတ္သက္စရာမေကာင္းတဲ့သူကို သြားတုံျပန္လိုက္ျခင္းဟာလည္းစိတ္ဆင္းရဲဖို႔ ပတ္သက္လိုက္တာတစ္မ်ိဳးပါပဲ။

ေအာ္ဒီလူက ဒီလိုေျပာတတ္ပါလား၊ဟိုလူကဟိုလိုေျပာတတ္ပါလား၊ ကိုယ့္စိတ္ထဲမွာ မွတ္သားလိုက္တယ္။

မွတ္သားတယ္ဆိုတာ ခံစားေပါက္ကြဲေနဖို႔ မဟုတ္ပါဘူး။ သူက ဒီအတိုင္းေျပာတတ္တဲ့သူတစ္ေယာက္ပါလား။သူ႔ကိုေဝးေဝးကေရွာင္မွအကုသိုလ္ကင္းမယ္။

သူပါးစပ္ကို သူတန္ဖိုးမထားတတ္ေတာ့ သူေျပာမွာပဲေလ။ လူဆိုတာ ကိုယ့္တန္ဖိုးနဲ႔ကိုယ္ရွိၾကတာပဲေလ

ကိုယ္က ျပန္လည္တုံ႔ျပန္လိုက္ေတာ့ ကိုယ့္တန္ဖိုးကိုသူ႔ဆီမွာ သြားသြန္ခ်တာနဲ႔တူေနမွာေပါ့။

ကိုယ္လည္းကိုယ့္တန္ဖိုးနဲ႔ကိုယ္ ေအးေအးခ်မ္းခ်မ္းေနတာပဲေကာင္းပါတယ္ေလ ဆိုၿပီး၊ သူတို႔အဆင္ေျပၾကပါေစ။

ကိုယ့္တန္ဖိုးကလည္း သူမ်ားပါးစပ္ဖ်ားမွာ ရွိေနတာမဟုတ္ေလေတာ့ လိုတစ္မ်ိဳး၊မလိုတစ္မ်ိဳးေျပာတဲ့သူေတြရဲ႕

စကားကို သံေယာင္လိုက္ တုံျပန္ေနရင္အမုန္းသံသရာရွည္တာကလြဲၿပီး ဘာအက်ိဳးထူးမွာလဲဆိုတဲ့ စိတ္ထားေလးေတြ ေမြးႏိုင္ရင္။ ကိုယ့္ဘဝနဲ႔ကိုယ္ေအးခ်မ္းမွာ အမွန္ပါပဲ။

ဒါေၾကာင့္ ဘယ္သူက ကိုယ့္ကို ဘာေျပာေျပာသိပ္ၿပီး ဘဝအတြက္အေရးမပါရင္။

သူ႔ကိုျပန္တုံ႔ျပန္ၿပီး ကိုယ့္တန္ဖိုးကို သူ႔ဆီမွာ သြန္ခ်ဖို႔မႀကိဳးစားလိုက္ပါနဲ႔၊ ကိုယ့္တန္ဖိုးက်သြားတာပဲ ရွိပါလိမ့္မယ္။

ေမတၱာျဖင့္

အရွင္ဇနက(မႏၲေလးစာသင္သား)

Unicode

ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့

ဒီလူက ကိုယ့်ကို ဒီလိုပြောလို့ကိုယ်ကလိုက်ပြီး ဒီလိုပြောရလားလို့၊တုံ့ပြန်လိုက်တယ်၊

ဟိုလူက ဟိုလိုပြောလို့ ဘာလို့ဟိုလိုပြောရလဲဆိုပြီးလိုက်တုံ့ပြန်လိုက်တယ်၊

ဒီလိုလုပ်ခြင်းဟာမပြီးနိုင်တဲ့ သံသရာကို ချဲ့ထွင်ဖို့ကြိုးစားနေတာနဲ့တူပါတယ်။

ကိုယ်တုံ့ပြန်ဖို့စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊တုံ့ပြန်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ကိုယ့်စိတ်ဆင်းရဲနေရမှာအမှန်ပါပဲ။

ပတ်သက်စရာမကောင်းတဲ့သူကို သွားတုံပြန်လိုက်ခြင်းဟာလည်းစိတ်ဆင်းရဲဖို့ ပတ်သက်လိုက်တာတစ်မျိုးပါပဲ။

အော်ဒီလူက ဒီလိုပြောတတ်ပါလား၊ဟိုလူကဟိုလိုပြောတတ်ပါလား၊ ကိုယ့်စိတ်ထဲမှာ မှတ်သားလိုက်တယ်။

မှတ်သားတယ်ဆိုတာ ခံစားပေါက်ကွဲနေဖို့ မဟုတ်ပါဘူး။ သူက ဒီအတိုင်းပြောတတ်တဲ့သူတစ်ယောက်ပါလား။သူ့ကိုဝေးဝေးကရှောင်မှအကုသိုလ်ကင်းမယ်။

သူပါးစပ်ကို သူတန်ဖိုးမထားတတ်တော့ သူပြောမှာပဲလေ။ လူဆိုတာ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြတာပဲလေ

ကိုယ်က ပြန်လည်တုံ့ပြန်လိုက်တော့ ကိုယ့်တန်ဖိုးကိုသူ့ဆီမှာ သွားသွန်ချတာနဲ့တူနေမှာပေါ့။

ကိုယ်လည်းကိုယ့်တန်ဖိုးနဲ့ကိုယ် အေးအေးချမ်းချမ်းနေတာပဲကောင်းပါတယ်လေ ဆိုပြီး၊ သူတို့အဆင်ပြေကြပါစေ။

ကိုယ့်တန်ဖိုးကလည်း သူများပါးစပ်ဖျားမှာ ရှိနေတာမဟုတ်လေတော့ လိုတစ်မျိုး၊မလိုတစ်မျိုးပြောတဲ့သူတွေရဲ့

စကားကို သံယောင်လိုက် တုံပြန်နေရင်အမုန်းသံသရာရှည်တာကလွဲပြီး ဘာအကျိုးထူးမှာလဲဆိုတဲ့ စိတ်ထားလေးတွေ မွေးနိုင်ရင်။ ကိုယ့်ဘဝနဲ့ကိုယ်အေးချမ်းမှာ အမှန်ပါပဲ။

ဒါကြောင့် ဘယ်သူက ကိုယ့်ကို ဘာပြောပြောသိပ်ပြီး ဘဝအတွက်အရေးမပါရင်။

သူ့ကိုပြန်တုံ့ပြန်ပြီး ကိုယ့်တန်ဖိုးကို သူ့ဆီမှာ သွန်ချဖို့မကြိုးစားလိုက်ပါနဲ့၊ ကိုယ့်တန်ဖိုးကျသွားတာပဲ ရှိပါလိမ့်မယ်။

မေတ္တာဖြင့်

အရှင်ဇနက(မန္တလေးစာသင်သား)