မခ်စ္သင့္ေတာ့တဲ့ တစ္စုံတစ္ေယာက္ကို ႐ူးမတတ္လြမ္းမိတဲ့အခါ ဘာလုပ္သင့္လဲ
လူတိုင္းရဲ႕ဘဝမွာ မခ်စ္သင့္တဲ့လူတစ္ေယာက္ကို ခ်စ္မိခဲ့တဲ့ အခိုက္အတန္႔္ေတြ ႐ွိဖူးၾကပါတယ္။ ဒီလို မခ်စ္သင့္တဲ့လူကို ခ်စ္မိတဲ့အတြက္ ေနာင္တေတြလည္း ရဖူးၾကမွာပါ။
ဒါေပမယ့္ အခ်စ္က ကိုယ္လိုသလို ပုံသြင္းယူလို႔မရတတ္ပါဘူး။ ဒီေတာ့ မခ်စ္သင့္မွန္းသိရင္ေတာင္ တစ္စုံတစ္ေယာက္ကို ဆိုးဆိုးဝါးဝါးလြမ္းမိတဲ့ အခ်ိန္ဆိုတာ ႐ွိတတ္ပါတယ္။
ဒီလို တစ္စုံတစ္ေယာက္ကို ႐ူးမတတ္လြမ္းမိတဲ့အခါ ဘာလုပ္သင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
လြမ္းမိတာ အျပစ္မဟုတ္လို႔ ဖုံးကြယ္ထားစရာ မလိုပါဘူး
ခံစားတတ္တဲ့ လူတိုင္းဆီမွာ အခ်စ္၊ အမုန္း၊ အလြမ္းေတြဆိုတာ ႐ွိတတ္ပါတယ္။ ဒါဟာ ဘယ္သူမွ လြန္ဆန္လို႔မရတဲ့ အရာပဲျဖစ္ပါတယ္။
ဒါေၾကာင့္မို႔လို႔ မခ်စ္သင့္တဲ့ လူကို လြမ္းေနမိတဲ့ ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႔။ အလြမ္းကို အလြမ္းအတိုင္းလက္ခံလိုက္ပါ။ ဘယ္သူကိုမွ မထိခိုက္ပဲ တစ္စုံတစ္ေယာက္ကို လြမ္းပိုင္ခြင့္ သင့္မွာအျပည့္အဝ ႐ွိလို႔ေနပါတယ္။
ေမ့ႏိုင္ဖို႔ကို ျဖည္းျဖည္းခ်င္းႀကိဳးစားပါ
အခ်စ္ပဲ ျဖစ္ျဖစ္ အလြမ္းပဲ ျဖစ္ျဖစ္ အခ်ိန္ကအဓိကပါပဲ။ အခ်ိန္ဆိုတာ လူတစ္ေယာက္ကို ေျပာင္းလဲပစ္ႏိုင္စြမ္း႐ွိတဲ့ ေမွာ္ေဆးတစ္ခြက္ဆိုလည္း မမွားပါဘူး။
ဒါေၾကာင့္ အခ်ိန္ကို ေစာင့္လိုက္ပါ လူတစ္ေယာက္ကို ေမ့ႏိုင္ဖို႔ဆိုတာ အခ်ိန္တစ္ခုေတာ့ လိုပါတယ္။
အတင္းေမ့ႏိုင္ေအာင္ ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကို ဒုကၡမေပးပါနဲ႔ ဒါက သင့္ေဝဒနာကို ပိုဆိုးဝါးေစႏိုင္ပါတယ္။ ခ်င္ခ်င္းႀကီးေမ့ပစ္တာထက္ ျဖည္းျဖည္းခ်င္း ေမ့ႏိုင္ေအာင္ပဲ ႀကိဳးစားပါ။
အေတြးဆိုးေတြ မဝင္လာေစဖို႔ ကိုယ္ႏွစ္သက္ရာေလးေတြ လုပ္ၾကည့္ပါ”
လူေတြဟာ တစ္ေယာက္တည္း ႐ွိေနတဲ့အခ်ိန္မ်ိဳးမွာဆို အေတြးေတြပိုမ်ားၿပီး အေတြးဆိုးေတြလည္း ဝင္လာတတ္ပါတယ္။
တစ္ေယာက္ေယာက္ကို သတိရတဲ့အခါ ကိုယ့္စိတ္လိုလက္ရ သူ႕ဆီဆက္သြယ္မိလိုက္တာ၊ မက္ေဆခ်္႕ပို႔မိတာ စသျဖင့္ မလုပ္သင့္တာေတြလည္း ေလွ်ာက္လုပ္မိတတ္ၿပီး ေနာက္မွာ ျပန္ေနာင္တရတတ္ပါတယ္။
ဒီလိုမ်ိဳးေတြ မျဖစ္လာေစဖို႔ အေတြးဆိုးေတြ မဝင္ေအာင္ ကိုယ္ႏွစ္သက္ရာေလးေတြ လုပ္ၾကည့္ပါ။
ဥပမာ- ကိုယ္က gym ေဆာ့မယ္လို႔ စဥ္းစားထားရင္ သြားေဆာ့လိုက္ပါ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တာ၊ ေလွ်ာက္လည္တာ၊ ဝါသနာပါရာ တစ္ခုခုလုပ္တာ စသျဖင့္္ေပါ့ လုပ္စရာေတြမွ အမ်ားႀကီးပဲေလ။
အားလပ္ခ်ိန္မ႐ွိေအာင္ အလုပ္ေတြႀကိဳးစားလုပ္ပါ”
လူတစ္ေယာက္ အသည္းကြဲတဲ့အခ်ိန္ဆို စိတ္ညစ္ညစ္နဲ႔ ဘာမွမလုပ္တာထက္ အလုပ္ေတြပိုႀကိဳးစားေစခ်င္ပါတယ္။
ဘာေၾကာင့္္လဲဆိုေတာ့ တစ္ေန႔လုံး အလုပ္ေတြနဲ႔ ႐ႈပ္ေနတဲ့အခ်ိန္မွာ သူ႕ကိုသတိရခ်ိန္ေတာင္ ရမွာမဟုတ္ပါဘူး။ ေနာက္ၿပီး ကိုယ့္အတြက္လည္း ပိုတိုးတက္မႈကို ရ႐ွိေစပါတယ္။
ဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို ဆိုးဆိုးဝါးဝါးလြမ္းမိတဲ့အခ်ိန္မွာ အလုပ္ေတြဖိလုပ္ပါ။
႐ုံးမွာ ႐ွိသမွ်အလုပ္ေႂကြးေတြကို အျပတ္ျဖတ္တာ၊ တစ္အိမ္လုံးကို သန္႔႐ွင္းေရး လုပ္တာ စသျဖင့္္ လုပ္တာက သင့္ကို ခံစားရ သက္သာေစမွာ ျဖစ္ပါတယ္။
ဒီနည္းလမ္းေလးေတြက သင့္ရဲ႕ မခ်စ္သင့္ေတာ့တဲ့ လူတစ္ေယာက္ကို ဆိုးဆိုးဝါးဝါးလြမ္းမိတဲ့အခါ အကူအညီျဖစ္ေစမယ့္ နည္းလမ္းေလးေတြပဲ ျဖစ္ပါတယ္ေနာ္။
Khin
Unicode,
မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ
လူတိုင်းရဲ့ဘဝမှာ မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိခဲ့တဲ့ အခိုက်အတန့််တွေ ရှိဖူးကြပါတယ်။ ဒီလို မချစ်သင့်တဲ့လူကို ချစ်မိတဲ့အတွက် နောင်တတွေလည်း ရဖူးကြမှာပါ။
ဒါပေမယ့် အချစ်က ကိုယ်လိုသလို ပုံသွင်းယူလို့မရတတ်ပါဘူး။ ဒီတော့ မချစ်သင့်မှန်းသိရင်တောင် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။
ဒီလို တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
လွမ်းမိတာ အပြစ်မဟုတ်လို့ ဖုံးကွယ်ထားစရာ မလိုပါဘူး
ခံစားတတ်တဲ့ လူတိုင်းဆီမှာ အချစ်၊ အမုန်း၊ အလွမ်းတွေဆိုတာ ရှိတတ်ပါတယ်။ ဒါဟာ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ အရာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မချစ်သင့်တဲ့ လူကို လွမ်းနေမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အလွမ်းကို အလွမ်းအတိုင်းလက်ခံလိုက်ပါ။ ဘယ်သူကိုမှ မထိခိုက်ပဲ တစ်စုံတစ်ယောက်ကို လွမ်းပိုင်ခွင့် သင့်မှာအပြည့်အဝ ရှိလို့နေပါတယ်။
မေ့နိုင်ဖို့ကို ဖြည်းဖြည်းချင်းကြိုးစားပါ
အချစ်ပဲ ဖြစ်ဖြစ် အလွမ်းပဲ ဖြစ်ဖြစ် အချိန်ကအဓိကပါပဲ။ အချိန်ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ မှော်ဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး။
ဒါကြောင့် အချိန်ကို စောင့်လိုက်ပါ လူတစ်ယောက်ကို မေ့နိုင်ဖို့ဆိုတာ အချိန်တစ်ခုတော့ လိုပါတယ်။
အတင်းမေ့နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့ ဒါက သင့်ဝေဒနာကို ပိုဆိုးဝါးစေနိုင်ပါတယ်။ ချင်ချင်းကြီးမေ့ပစ်တာထက် ဖြည်းဖြည်းချင်း မေ့နိုင်အောင်ပဲ ကြိုးစားပါ။
အတွေးဆိုးတွေ မဝင်လာစေဖို့ ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ”
လူတွေဟာ တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးမှာဆို အတွေးတွေပိုများပြီး အတွေးဆိုးတွေလည်း ဝင်လာတတ်ပါတယ်။
တစ်ယောက်ယောက်ကို သတိရတဲ့အခါ ကိုယ့်စိတ်လိုလက်ရ သူ့ဆီဆက်သွယ်မိလိုက်တာ၊ မက်ဆေချ့်ပို့မိတာ စသဖြင့် မလုပ်သင့်တာတွေလည်း လျှောက်လုပ်မိတတ်ပြီး နောက်မှာ ပြန်နောင်တရတတ်ပါတယ်။
ဒီလိုမျိုးတွေ မဖြစ်လာစေဖို့ အတွေးဆိုးတွေ မဝင်အောင် ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ။
ဥပမာ- ကိုယ်က gym ဆော့မယ်လို့ စဉ်းစားထားရင် သွားဆော့လိုက်ပါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့တာ၊ လျှောက်လည်တာ၊ ဝါသနာပါရာ တစ်ခုခုလုပ်တာ စသဖြင့််ပေါ့ လုပ်စရာတွေမှ အများကြီးပဲလေ။
အားလပ်ချိန်မရှိအောင် အလုပ်တွေကြိုးစားလုပ်ပါ”
လူတစ်ယောက် အသည်းကွဲတဲ့အချိန်ဆို စိတ်ညစ်ညစ်နဲ့ ဘာမှမလုပ်တာထက် အလုပ်တွေပိုကြိုးစားစေချင်ပါတယ်။
ဘာကြောင့််လဲဆိုတော့ တစ်နေ့လုံး အလုပ်တွေနဲ့ ရှုပ်နေတဲ့အချိန်မှာ သူ့ကိုသတိရချိန်တောင် ရမှာမဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်အတွက်လည်း ပိုတိုးတက်မှုကို ရရှိစေပါတယ်။
ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့အချိန်မှာ အလုပ်တွေဖိလုပ်ပါ။
ရုံးမှာ ရှိသမျှအလုပ်ကြွေးတွေကို အပြတ်ဖြတ်တာ၊ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်တာ စသဖြင့်် လုပ်တာက သင့်ကို ခံစားရ သက်သာစေမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေက သင့်ရဲ့ မချစ်သင့်တော့တဲ့ လူတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့အခါ အကူအညီဖြစ်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်နော်။
Khin