ဒူးနဲ႔ တံေတာင္ဆစ္ေပၚက အမည္းကြက္ေတြကို ဖယ္ရွားနည္း…
တံေတာင္ဆစ္ေနာက္က အမည္းကြက္၊ အညိဳကြက္ေတြေၾကာင့္ အက်ၤ ီလက္တို ဝတ္ရာမွာ ေၾကာက္ေနသူေတြ၊ ဒူးမည္းေနလို႔ စကပ္တို၊ေဘာင္းဘီတို ဝတ္ရမွာ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔ အတြက္ နည္းလမ္းေကာင္း ကို ေဖာ္ျပေပးလိုက္ပါတယ္။ အခ်ိန္ကုန္၊ ေငြကုန္ သက္သာၿပီး ဒူးမည္း၊တံေတာင္မည္းေနတာေတြကို ဖယ္ ရွားေပးႏိုင္တဲ့ သဘာဝနည္းလမ္းေတြ ရွိပါတယ္။ အဲ့ဒါေတြကေတာ့….
(၁) အုန္းဆီ”

အုန္းဆီဟာ ဒီလိုအမည္းကြက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ သဘာဝနည္းလမ္းပါ ။သူ႔မွာဆိုရင္ ဗီတာမင္အီးပါတဲ့ အတြက္ အေရျပားကို ပိုေတာက္ပေစသလို ၊ေျခာက္ေသြ႕တာနဲ႔ေရဓါတ္ခမ္းေျခာက္တာေတြကို သက္သာေစပါတယ္။ ပ်က္ စီးေနတဲ့ အသားအေရကိုလည္း ျပန္ကုစားေပးႏိုင္ပါတယ္။ ေရခ်ိဳးၿပီးတိုင္းမွာ မည္းေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေနရာကို အုန္းဆီလိမ္းၿပီး တစ္မိနစ္၊ႏွစ္မိ နစ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ပိုျပီးထိေရာက္တဲ့ နည္းကေတာ့ အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ သံပ႐ိုရည္ ဇြန္းဝက္ကို ေရာၿပီး မည္းေနတဲ့ ေနရာေပၚကို လိမ္းေပးပါ။ (၁၅)မိနစ္ေလာက္ ၾကာေအာင္ ထားၿပီးရင္ တစ္ရႉးနဲ႔သုတ္ ပစ္လိုက္ပါ။ ေန႔စဥ္လုပ္ေပးျခင္းအားျဖင့္ မည္းေနတာေတြ သိသိသာသာ သက္သာေပ်ာက္ ကင္းသြားပါလိမ္႔မယ္ …။
(၂) သံပ႐ို”

သံပ႐ိုရည္ကို မည္းေနတဲ့ ေနရာအေပၚ လိမ္းေပးၿပီး မိနစ္(၂၀)ၾကာေအာင္ ထား ပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေရေဆးခ်ပါ။ ေရစင္ေအာင္ သုတ္ေပးၿပီးရင္ေတာ့ Lotion လိမ္းေပးပါ …။
(၃) ဒိန္ခ်ဥ္”

ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ အျဖဴေရာင္ ရွာလကာရည္ကို ေရာၿပီး လိမ္းေပးပါ။ၿပီးရင္ေတာ့ ေရေႏြးနဲ႔ေဆးခ်ပါ။ေရေျခာက္ေအာင္သုတ္ေ ပးၿပီးရင္ေတာ့ Lotion ဒါမွမဟုတ္ moisturizer လိမ္းေပးပါ။ ေန႔စဥ္ လုပ္ေပးရင္ေတာ့ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပဲ ျဖစ္ပါတယ္ …။
(၄) သၾကား”

သၾကားနဲ႔သံလြင္ဆီ လိုပါတယ္။ၿပီးရင္ေတာ့ ေရာၿပီး ပ်စ္ေနေအာင္ေမႊပါ။ ၿပီးရင္ေတာ့ လိမ္းေပးပါ။ လိမ္းတဲ့ေနရာမွာလည္း လက္ေခ်ာင္းကိုသုံးၿပီး စက္ဝိုင္းပုံစံမ်ိဳး လွည့္ၿပီး လိမ္းေပးရမွာပါ။ (၅)မိနစ္ေလာက္ ၾကာရင္ေတာ့ ေရေႏြးေႏြးနဲ႔ ေဆးခ်လိုက္ပါ …။
(၅) မုန႔္ဖုတ္ေဆာ္ဒါ”

မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ႏို႔တစ္ဇြန္းကိုေရာပါ။ပ်စ္ေနေအာင္ ေမႊၿပီးရင္ေတာ့ လိမ္းေပးပါ။ႏွစ္မိနစ္သုံးမိနစ္ေလာက္ ၾကာရင္ေတာ့ ေရေဆးခ်ပါ။ ဒီနည္းကိုလည္း ေန႔စဥ္လုပ္ေပးရင္ေတာ့ တစ္လအတြင္းမွာပဲ အမည္း ကြက္ေတြ သိသိသာသာ သက္သာေစတာကို ျမင္ေတြ႔ႏိုင္မွာပါ …။
(၆) ရွားေစာင္းလက္ပတ္”

ရွားေစာင္းလက္ပတ္ကို လိမ္းေပးရမွာပါ။မိနစ္(၂၀)ေလာက္ေျခာက္ေအာင္ ထားၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးပါ။ဒီနည္းကိုေတာ့လည္း တစ္ေန႔မွာ တစ္ႀကိမ္(သို႔)ႏွစ္ႀကိမ္လုပ္ေပး႐ုံနဲ႔ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Cele City
=======
Unicode ,
ဒူးနဲ့ တံတောင်ဆစ်ပေါ်က အမည်းကွက်တွေကို ဖယ်ရှားနည်း…
တံတောင်ဆစ်နောက်က အမည်းကွက်၊ အညိုကွက်တွေကြောင့် အင်္ကျီလက်တို ဝတ်ရာမှာ ကြောက်နေသူတွေ၊ ဒူးမည်းနေလို့ စကပ်တို၊ဘောင်းဘီတို ဝတ်ရမှာ စိတ်ညစ်နေတဲ့ ပျိုမေတို့ အတွက် နည်းလမ်းကောင်း ကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်ကုန်၊ ငွေကုန် သက်သာပြီး ဒူးမည်း၊တံတောင်မည်းနေတာတွေကို ဖယ် ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့….
(၁) အုန်းဆီ”
အုန်းဆီဟာ ဒီလိုအမည်းကွက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းပါ ။သူ့မှာဆိုရင် ဗီတာမင်အီးပါတဲ့ အတွက် အရေပြားကို ပိုတောက်ပစေသလို ၊ခြောက်သွေ့တာနဲ့ရေဓါတ်ခမ်းခြောက်တာတွေကို သက်သာစေပါတယ်။ ပျက် စီးနေတဲ့ အသားအရေကိုလည်း ပြန်ကုစားပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်းမှာ မည်းနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာကို အုန်းဆီလိမ်းပြီး တစ်မိနစ်၊နှစ်မိ နစ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ပိုပြီးထိရောက်တဲ့ နည်းကတော့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သံပရိုရည် ဇွန်းဝက်ကို ရောပြီး မည်းနေတဲ့ နေရာပေါ်ကို လိမ်းပေးပါ။ (၁၅)မိနစ်လောက် ကြာအောင် ထားပြီးရင် တစ်ရှူးနဲ့သုတ် ပစ်လိုက်ပါ။ နေ့စဉ်လုပ်ပေးခြင်းအားဖြင့် မည်းနေတာတွေ သိသိသာသာ သက်သာပျောက် ကင်းသွားပါလိမ့်မယ် …။
(၂) သံပရို”
သံပရိုရည်ကို မည်းနေတဲ့ နေရာအပေါ် လိမ်းပေးပြီး မိနစ်(၂၀)ကြာအောင် ထား ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ရေဆေးချပါ။ ရေစင်အောင် သုတ်ပေးပြီးရင်တော့ Lotion လိမ်းပေးပါ …။
(၃) ဒိန်ချဉ်”
ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အဖြူရောင် ရှာလကာရည်ကို ရောပြီး လိမ်းပေးပါ။ပြီးရင်တော့ ရေနွေးနဲ့ဆေးချပါ။ရေခြောက်အောင်သုတ်ပေးပြီးရင်တော့ Lotion ဒါမှမဟုတ် moisturizer လိမ်းပေးပါ။ နေ့စဉ် လုပ်ပေးရင်တော့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပဲ ဖြစ်ပါတယ် …။
(၄) သကြား”
သကြားနဲ့သံလွင်ဆီ လိုပါတယ်။ပြီးရင်တော့ ရောပြီး ပျစ်နေအောင်မွှေပါ။ ပြီးရင်တော့ လိမ်းပေးပါ။ လိမ်းတဲ့နေရာမှာလည်း လက်ချောင်းကိုသုံးပြီး စက်ဝိုင်းပုံစံမျိုး လှည့်ပြီး လိမ်းပေးရမှာပါ။ (၅)မိနစ်လောက် ကြာရင်တော့ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ …။
(၅) မုန့်ဖုတ်ဆော်ဒါ”
မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့တစ်ဇွန်းကိုရောပါ။ပျစ်နေအောင် မွှေပြီးရင်တော့ လိမ်းပေးပါ။နှစ်မိနစ်သုံးမိနစ်လောက် ကြာရင်တော့ ရေဆေးချပါ။ ဒီနည်းကိုလည်း နေ့စဉ်လုပ်ပေးရင်တော့ တစ်လအတွင်းမှာပဲ အမည်း ကွက်တွေ သိသိသာသာ သက်သာစေတာကို မြင်တွေ့နိုင်မှာပါ …။
(၆) ရှားစောင်းလက်ပတ်”
ရှားစောင်းလက်ပတ်ကို လိမ်းပေးရမှာပါ။မိနစ်(၂၀)လောက်ခြောက်အောင် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ဒီနည်းကိုတော့လည်း တစ်နေ့မှာ တစ်ကြိမ်(သို့)နှစ်ကြိမ်လုပ်ပေးရုံနဲ့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပဲ ဖြစ်ပါတယ်နော် …။ ။
Cele City



