မ်က္ႏွာေပၚကဝက္ၿခံနဲ႔ အေရးေၾကာင္းေတြေပ်ာက္ကင္းဖို႔ အုန္းဆီ၊ မုန႔္ဖုတ္ဆိုဒါတို႔နဲ႔ ေန႔တိုင္းမ်က္ႏွာသစ္မယ္
ေန႔စဥ္အသုံးျပဳေနတဲ့ အသားအေရထိန္းသိမ္းေရး ပစၥည္းေတြထဲမွာ မ်က္ႏွာသစ္ဆပ္ျပာလည္း ပါဝင္ေနပါတယ္။
မ်က္ႏွာသစ္ဆပ္ျပာဟာ အသားအေရ စိုေျပလွပဖို႔အတြက္ အေရးႀကီးဆုံး အဆင့္ျဖစ္ပါတယ္။
ေဈးႀကီးေပးဝယ္ရတဲ့ မ်က္ႏွာသစ္ဆပ္ျပာထက္ အသားအေရထိန္းသိမ္းဖို႔ သဘာဝမ်က္ႏွာသစ္ဆပ္ျပာကိုျပဳလုပ္လိုက္ရေအာင္ပါ။
အုန္းဆီနဲ႔ မႈန႔္ဖုတ္ဆိုဒါဟာ အသားအေရအတြက္ အက်ိဳးေက်းဇူးမ်ားၿပီး သဘာဝပစၥည္းေတြမို႔ အေရျပားပ်က္စီးမွာ စိုးရိမ္စရာမလိုေတာ့ပါဘူး။
အုန္းဆီနဲ႔ မႈန႔္ဖုတ္ဆိုဒါကို ဝက္ၿခံ၊ မ်က္ႏွာမွာ အနီစက္ျဖစ္တာ ၊ အမာ႐ြတ္ေတြနဲ႔ အေရးေၾကာင္းေတြအပါအဝင္ ဆဲလ္အေသေတြကို ဖယ္ရွားလို႔ရႏိုင္ပါတယ္။
ပါဝင္ပစၥည္း
မႈန႔္ဖုတ္ဆိုဒါ
အုန္းဆီ
ပါဝင္ပစၥည္းေတြကို ဘယ္ေလာက္သုံးမယ္ဆိုတာကေတာ့ သင့္အသားအေရအမ်ိဳးအစားေပၚမွာမူတည္ပါတယ္။
အသားအေရက ထိလြယ္ရွလြယ္တဲ့ အသားအေရ (Sensitive Skin) ဆိုရင္ အုန္းဆီနဲ႔ မႈန႔္ဖုတ္ဆိုဒါကို ၂ ခ်ိဳး ၁ ခ်ိဳးေရာစပ္ေပးရပါမယ္။
တျခားအသားအေရအတြက္ဆိုရင္ေတာ့ အညီအမွ်ပဲ ေရာစပ္ေပးရပါမယ္။
ျပင္ဆင္ျခင္း
မႈန႔္ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္းကို ခြက္တစ္လုံးထဲ ေလာင္းထည့္ပါ။ အဲဒီေနာက္ အုန္းဆီထည့္ပါ။ အဲဒီႏွစ္ခုကို ေရာၿပီး ပ်စ္ပ်စ္ေလးျဖစ္တဲ့အထိ ေမႊေပးပါ။
အဲဒီေနာက္ မိုက္ခ႐ိုေဝ့ (သို႔) ခပ္ေႏြးေႏြးရွိတဲ့အခန္းထဲမွာ ထည့္ၿပီး စကၠန႔္၂၀ ေလာက္ထားပါ။
အဲဒီေနာက္ ေသခ်ာေရာသြားေအာင္ ထပ္ေမႊေပးၿပီး ေရခဲေသတၱာထဲမွာ ၅ မိနစ္ကေန ၁၀ မိနစ္ထိထားပါ။
မ်က္ႏွာေပၚမွာလိမ္းေပးၿပီး မိနစ္အနည္းငယ္ထားကာ ေရေအးနဲ႔ မ်က္ႏွာသစ္ခ်ပါ။
တပတ္ေလာက္လုပ္လိုက္တယ္ဆိုရင္ပဲ ရလဒ္ေကာင္းေတြရရွိလာမွာပါ။
Unicode
မျက်နှာပေါ်ကဝက်ခြံနဲ့ အရေးကြောင်းတွေပျောက်ကင်းဖို့ အုန်းဆီ၊ မုန့်ဖုတ်ဆိုဒါတို့နဲ့ နေ့တိုင်းမျက်နှာသစ်မယ်
နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေထဲမှာ မျက်နှာသစ်ဆပ်ပြာလည်း ပါဝင်နေပါတယ်။
မျက်နှာသစ်ဆပ်ပြာဟာ အသားအရေ စိုပြေလှပဖို့အတွက် အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။
ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာသစ်ဆပ်ပြာထက် အသားအရေထိန်းသိမ်းဖို့ သဘာဝမျက်နှာသစ်ဆပ်ပြာကိုပြုလုပ်လိုက်ရအောင်ပါ။
အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါဟာ အသားအရေအတွက် အကျိုးကျေးဇူးများပြီး သဘာဝပစ္စည်းတွေမို့ အရေပြားပျက်စီးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။
အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ဝက်ခြံ၊ မျက်နှာမှာ အနီစက်ဖြစ်တာ ၊ အမာရွတ်တွေနဲ့ အရေးကြောင်းတွေအပါအဝင် ဆဲလ်အသေတွေကို ဖယ်ရှားလို့ရနိုင်ပါတယ်။
ပါဝင်ပစ္စည်း
မှုန့်ဖုတ်ဆိုဒါ
အုန်းဆီ
ပါဝင်ပစ္စည်းတွေကို ဘယ်လောက်သုံးမယ်ဆိုတာကတော့ သင့်အသားအရေအမျိုးအစားပေါ်မှာမူတည်ပါတယ်။
အသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေ (Sensitive Skin) ဆိုရင် အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ၂ ချိုး ၁ ချိုးရောစပ်ပေးရပါမယ်။
တခြားအသားအရေအတွက်ဆိုရင်တော့ အညီအမျှပဲ ရောစပ်ပေးရပါမယ်။
ပြင်ဆင်ခြင်း
မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲ လောင်းထည့်ပါ။ အဲဒီနောက် အုန်းဆီထည့်ပါ။ အဲဒီနှစ်ခုကို ရောပြီး ပျစ်ပျစ်လေးဖြစ်တဲ့အထိ မွှေပေးပါ။
အဲဒီနောက် မိုက်ခရိုဝေ့ (သို့) ခပ်နွေးနွေးရှိတဲ့အခန်းထဲမှာ ထည့်ပြီး စက္ကန့်၂၀ လောက်ထားပါ။
အဲဒီနောက် သေချာရောသွားအောင် ထပ်မွှေပေးပြီး ရေခဲသေတ္တာထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပါ။
မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ထားကာ ရေအေးနဲ့ မျက်နှာသစ်ချပါ။
တပတ်လောက်လုပ်လိုက်တယ်ဆိုရင်ပဲ ရလဒ်ကောင်းတွေရရှိလာမှာပါ