အလွပေရးရာ

ညအိပ်ရာမဝင်ခင် မိန်းကလေးတိုင်း မဖြစ်မနေလုပ်သင့်တဲ့ အချက် (၅)ချက်

ပျိုမေတို့အတွက် အသားအရည်လှပဖို့ဆိုတာ လက် တစ်ကမ်းအကွာမှာပါပဲ။

အသားအရည်လှပစိုပြည်ချင်လို့ ဈေးကြီးပေးဝယ်ထားရတဲ့အကောင်းစားမိတ်ကပ်ပစ္စည်းတွေကိုတော့ နေ့တိုင်းသုံးနေတာပဲ။

သိပ်ပြီးမထူးခြားလာဘူးဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။

တကယ်တော့ အသားအရည်ဆဲလ်တွေက ညအိပ်ရာဝင်ရင်ပြောင်းလဲပြီးအသစ်ပြန်လည်ဖြစ်ပေါ်တဲ့အတွက်

အဲ့ဒီအချိန်မှာသာ ကောင်းမွန်တဲ့အလှအပပစ္စည်းတွေသုံးပေးမယ်ဆိုရင်ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။

မနက်တိုင်းနေ့တိုင်းသုံးတာထက် ညဘက်မှာလုပ်တာကပိုပြီးထိရောက်စေတာပါ။

သဘာဝအတိုင်းအသားအရည်လှပချင်တယ်၊စိုပြည်ချင်တယ်ဆိုရင် ပျိုမေတို့အားလုံး ဒီအချက် ၅ချက်ကိုနေ့တိုင်းလုပ်ဆောင်သင့်ပါတယ်။

ဘာတွေလဲဆိုရင်…

၁။မိတ်ကပ်ဖျက်ပါ

နေ့တိုင်းအလုပ်သွားရုံးသွားနေရတဲ့အတွက် မိတ်ကပ်ကအမြဲတမ်းလိမ်းနေရပါတယ်။

မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားရတဲ့အတွက် ငယ်ရွယ်တုန်းမှာလှပပေမဲ့အသက်အရွယ်ရလာတဲ့အခါမိတ်ကပ်ကြောင့် အသားအရည်တွန့်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

အထူးသဖြင့် မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားပြီးညဘက်မိတ်ကပ်မဖျက်ပဲအိပ်မိရင်တော့ပိုပြီးဆိုးနိုင်ပါတယ်။

အဲ့ဒါကြောင့် အိမ်ပြန်ရောက်လို့ အိပ် ရာဝင်တော့မယ်ဆိုတာနဲ့ မိတ်ကပ်အရင်ဖျက်ပါ။

မျက်နှာသစ်ဆေးနဲ့သစ်ရုံနဲ့ မိတ်ကပ်တွေအကုန်သန့်စင်မပေးနိုင်ပါဘူး။

အကြွင်းအကျန်တွေပါမရှိအောင် မိတ်ကပ်ဖျက်တဲ့တစ်ရှူးဖြစ်စေ၊အရည်ဖြစ်စေ အရင် ဆုံးသုံးပေးသင့်ပါတယ်။

၂။မျက်နှာသန့်စင်ပါ

မိတ်ကပ်ဖျက်ပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့သန့်စင်ပေးရပါမယ်။

မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်းကိုယ့်အသားအရည်နဲ့သင့်တော်တဲ့မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

မျက်နှာကအဆီပြန်ရင် အဆီပြန်တာသက်သာစေတဲ့မျက်နှာသစ်ဆေး၊ဝက်ခြံထွက်တဲ့အသားအရည် ဆိုရင်

ဝက်ခြံကာကွယ်ပေးတဲ့မျက်နှာသစ်ဆေး၊ခြောက်သွေ့တဲ့အသားအရည်ဆိုရင်သုံးပေးသင့်တဲ့

မျက် နှာသစ်ဆေးစသဖြင့်အမျိုးမျိုးရှိပါတယ်။

မှန်ကန်နဲ့မျက်နှာသစ်ဆေးသုံးပေးဖို့အရေးကြီးပါတယ်။

မျက်နှာသစ်ဆေးကိုလည်း အနေတော်လောက်လက်ထဲထည့်ပြီးမျက်နှာကိုပွတ်တိုက်တဲ့အခါမှာ ကြမ်းတမ်းစွာပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။

မျက်နှာအသားအရည်က အရမ်းနူးညံ့လို့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တဲ့အခါမှာ အသားအရည်ကိုမြန်မြန်ပျက်စီးစေပါတယ်။

၃။တိုနာသုံးပါ

တစ်ခါတစ်လေ မျက်နှာသန့်စင်ပြီးရင် အစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုကောက်လိမ်းလိုက်လေ့ရှိပါတယ်။

ဒါပေမဲ့ အဲ့ဒီကရင်မ်မလိမ်းခင်မှာတိုနာအရင်သုံးပေးဖို့လိုပါတယ်။

မျက်နှာသစ်ဆေးက မျက်နှာအရေးပြားအညစ်အကြေးကိုသာသန့်စင်ပေးတာပါ။

တိုနာက အသားအရည်အတွင်းပိုင်းအထိ သန့်စင်ပြီးချွေးပေါက်လည်းကျဉ်းစေလို့ အဆီပြန်တာ၊ဝက်ခြံထွက်တာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

အဲ့ဒါကြောင့်မျက်နှာသန့်စင်ပြီးရင် တိုနာလိမ်းပေးဖို့မမေ့ပါနဲ့။

၄။Moisturizer သုံးပါ

တိုနာလိမ်းပြီးတဲ့အခါ Moisturizer သုံးပေးပါ။Moisturizer သုံးတဲ့အခါမှာလည်း အသားအရည်ကွဲပြားတတ်ပါတယ်။

အသားအရည်ခြောက် တဲ့သူတွေကကရင်မ်လိုသုံးပေးသင့်ပြီး အဆီပြန်တတ်တဲ့သူတွေကတော့ ဂျယ်လ်လိုမျိုးကိုသုံးပေးသင့်ပါတယ်။

အဆီပြန်တဲ့သူက ကရင်မ်လိမ်းတဲ့အခါ ပိုပြီးအဆီပြန်စေပါတယ်။သက်ဆိုင်ရာကျွမ်းကျင်သူတွေကိုမေးပြီးရွေးချယ်ဝယ်ယူပါ။

၅။Humidifier သုံးပါ

Humidifier ဆိုတာ အသားအရည်ခြောက်သွေ့တတ်သူတွေ အခန်းထဲမှာထည့်ထားသင့်တဲ့စက်ပစ္စည်းတစ်ခုပါ။

အဲ့ဒါဟာ လေထုကို စိုစွတ်စေပြီးခန္ဓာကိုယ် အစိတ်အပိုင်းခြောက်သွေ့တာကိုကာကွယ်ပေးတတ် ပါတယ်။

နှာခေါင်း၊လည်ချောင်း၊နှုတ်ခမ်းနဲ့ခြောက်သွေ့လွယ် တဲ့အစိတ်အပိုင်းတွေကိုအစိုဓာတ်ဖြည့်ပေးတဲ့ ကိရိ ယာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အသားအရည်ခြောက် သွေ့သူတွေတင်မကပဲ လူတိုင်းနီးပါးသုံးပေးသင့်ပါတယ်။

အထူးသဖြင့်ဆောင်းတွင်းဘက်မှာပိုပြီးသုံးပေးသင့်ပါတယ်။

ပတ်ဝန်းကျင်လေထုကိုကောင်းမွန်စေလို့ အိပ်တဲ့အခါမှာလည်းစိတ်လက်ချမ်းသာစွာအိပ်စက်နိုင်ပါတယ်။

ဒီအချက် ၅ချက်ကိုတစ်ပတ်လောက်နေ့တိုင်းလုပ်သွားကြည့်ပါ။

မနက်နိုးလင်းတဲ့အခါတိုင်းသင့်ရဲ့အသားအရည်က သိသိသာသာပြောင်းလဲလှပလာတာကိုမြင်တွေ့ရပါလိမ့်မယ်။

Credit

Zawgyi ဖြင့်ဖတ်ပါ

ပ်ိဳေမတို႔အတြက္ အသားအရည္လွပဖို႔ဆိုတာ လက္ တစ္ကမ္းအကြာမွာပါပဲ။

အသားအရည္လွပစိုျပည္ခ်င္လို႔ ေဈးႀကီးေပးဝယ္ထားရတဲ့အေကာင္းစားမိတ္ကပ္ပစၥည္းေတြကိုေတာ့ ေန႔တိုင္းသုံးေနတာပဲ။

သိပ္ၿပီးမထူးျခားလာဘူးဆိုတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြမၽွေဝေပးခ်င္ပါတယ္။

တကယ္ေတာ့ အသားအရည္ဆဲလ္ေတြက ညအိပ္ရာဝင္ရင္ေျပာင္းလဲၿပီးအသစ္ျပန္လည္ျဖစ္ေပၚတဲ့အတြက္

အဲ့ဒီအခ်ိန္မွာသာ ေကာင္းမြန္တဲ့အလွအပပစၥည္းေတြသုံးေပးမယ္ဆိုရင္ပိုၿပီးထိေရာက္မႈရွိနိုင္ပါတယ္။

မနက္တိုင္းေန႔တိုင္းသုံးတာထက္ ညဘက္မွာလုပ္တာကပိုၿပီးထိေရာက္ေစတာပါ။

သဘာဝအတိုင္းအသားအရည္လွပခ်င္တယ္၊စိုျပည္ခ်င္တယ္ဆိုရင္ ပ်ိဳေမတို႔အားလုံး ဒီအခ်က္ ၅ခ်က္ကိုေန႔တိုင္းလုပ္ေဆာင္သင့္ပါတယ္။

ဘာေတြလဲဆိုရင္…

၁။မိတ္ကပ္ဖ်က္ပါ

ေန႔တိုင္းအလုပ္သြား႐ုံးသြားေနရတဲ့အတြက္ မိတ္ကပ္ကအျမဲတမ္းလိမ္းေနရပါတယ္။

မိတ္ကပ္ကိုတစ္ေနကုန္လိမ္းထားရတဲ့အတြက္ ငယ္ရြယ္တုန္းမွာလွပေပမဲ့အသက္အရြယ္ရလာတဲ့အခါမိတ္ကပ္ေၾကာင့္ အသားအရည္တြန႔္တာေတြျဖစ္ေပၚလာနိုင္ပါတယ္။

အထူးသျဖင့္ မိတ္ကပ္ကိုတစ္ေနကုန္လိမ္းထားၿပီးညဘက္မိတ္ကပ္မဖ်က္ပဲအိပ္မိရင္ေတာ့ပိုၿပီးဆိုးနိုင္ပါတယ္။

အဲ့ဒါေၾကာင့္ အိမ္ျပန္ေရာက္လို႔ အိပ္ ရာဝင္ေတာ့မယ္ဆိုတာနဲ႔ မိတ္ကပ္အရင္ဖ်က္ပါ။

မ်က္ႏွာသစ္ေဆးနဲ႔သစ္႐ုံနဲ႔ မိတ္ကပ္ေတြအကုန္သန႔္စင္မေပးနိုင္ပါဘူး။

အႂကြင္းအက်န္ေတြပါမရွိေအာင္ မိတ္ကပ္ဖ်က္တဲ့တစ္ရႉးျဖစ္ေစ၊အရည္ျဖစ္ေစ အရင္ ဆုံးသုံးေပးသင့္ပါတယ္။

၂။မ်က္ႏွာသန္႔စင္ပါ

မိတ္ကပ္ဖ်က္ၿပီးရင္ေတာ့ မ်က္ႏွာသစ္ေဆးနဲ႔သန႔္စင္ေပးရပါမယ္။

မ်က္ႏွာသစ္ေဆးသုံးတဲ့အခါမွာလည္းကိုယ့္အသားအရည္နဲ႔သင့္ေတာ္တဲ့မ်က္ႏွာသစ္ေဆးမ်ိဳးကိုေရြးခ်ယ္ဝယ္ယူသင့္ပါတယ္။

မ်က္ႏွာကအဆီျပန္ရင္ အဆီျပန္တာသက္သာေစတဲ့မ်က္ႏွာသစ္ေဆး၊ဝက္ၿခံထြက္တဲ့အသားအရည္ ဆိုရင္

ဝက္ၿခံကာကြယ္ေပးတဲ့မ်က္ႏွာသစ္ေဆး၊ေျခာက္ေသြ႕တဲ့အသားအရည္ဆိုရင္သုံးေပးသင့္တဲ့

မ်က္ ႏွာသစ္ေဆးစသျဖင့္အမ်ိဳးမ်ိဳးရွိပါတယ္။

မွန္ကန္နဲ႔မ်က္ႏွာသစ္ေဆးသုံးေပးဖို႔အေရးႀကီးပါတယ္။

မ်က္ႏွာသစ္ေဆးကိုလည္း အေနေတာ္ေလာက္လက္ထဲထည့္ၿပီးမ်က္ႏွာကိုပြတ္တိုက္တဲ့အခါမွာ ၾကမ္းတမ္းစြာပြတ္တိုက္တာမ်ိဳးမလုပ္ပါနဲ႔။

မ်က္ႏွာအသားအရည္က အရမ္းႏူးညံ့လို႔ ၾကမ္းၾကမ္းတမ္းတမ္းပြတ္တိုက္တဲ့အခါမွာ အသားအရည္ကိုျမန္ျမန္ပ်က္စီးေစပါတယ္။

၃။တိုနာသုံးပါ

တစ္ခါတစ္ေလ မ်က္ႏွာသန႔္စင္ၿပီးရင္ အစိုဓာတ္ထိန္းေပးတဲ့ကရင္မ္တစ္ခုခုေကာက္လိမ္းလိုက္ေလ့ရွိပါတယ္။

ဒါေပမဲ့ အဲ့ဒီကရင္မ္မလိမ္းခင္မွာတိုနာအရင္သုံးေပးဖို႔လိုပါတယ္။

မ်က္ႏွာသစ္ေဆးက မ်က္ႏွာအေရးျပားအညစ္အေၾကးကိုသာသန႔္စင္ေပးတာပါ။

တိုနာက အသားအရည္အတြင္းပိုင္းအထိ သန႔္စင္ၿပီးေခၽြးေပါက္လည္းက်ဥ္းေစလို႔ အဆီျပန္တာ၊ဝက္ၿခံထြက္တာမ်ိဳးကို ကာကြယ္ေပးနိုင္ပါတယ္။

အဲ့ဒါေၾကာင့္မ်က္ႏွာသန႔္စင္ၿပီးရင္ တိုနာလိမ္းေပးဖို႔မေမ့ပါနဲ႔။

၄။Moisturizer သုံးပါ

တိုနာလိမ္းၿပီးတဲ့အခါ Moisturizer သုံးေပးပါ။Moisturizer သုံးတဲ့အခါမွာလည္း အသားအရည္ကြဲျပားတတ္ပါတယ္။

အသားအရည္ေျခာက္ တဲ့သူေတြကကရင္မ္လိုသုံးေပးသင့္ၿပီး အဆီျပန္တတ္တဲ့သူေတြကေတာ့ ဂ်ယ္လ္လိုမ်ိဳးကိုသုံးေပးသင့္ပါတယ္။

အဆီျပန္တဲ့သူက ကရင္မ္လိမ္းတဲ့အခါ ပိုၿပီးအဆီျပန္ေစပါတယ္။သက္ဆိုင္ရာကၽြမ္းက်င္သူေတြကိုေမးၿပီးေရြးခ်ယ္ဝယ္ယူပါ။

၅။Humidifier သုံးပါ

Humidifier ဆိုတာ အသားအရည္ေျခာက္ေသြ႕တတ္သူေတြ အခန္းထဲမွာထည့္ထားသင့္တဲ့စက္ပစၥည္းတစ္ခုပါ။

အဲ့ဒါဟာ ေလထုကို စိုစြတ္ေစၿပီးခႏၶာကိုယ္ အစိတ္အပိုင္းေျခာက္ေသြ႕တာကိုကာကြယ္ေပးတတ္ ပါတယ္။

ႏွာေခါင္း၊လည္ေခ်ာင္း၊ႏႈတ္ခမ္းနဲ႔ေျခာက္ေသြ႕လြယ္ တဲ့အစိတ္အပိုင္းေတြကိုအစိုဓာတ္ျဖည့္ေပးတဲ့ ကိရိ ယာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ အသားအရည္ေျခာက္ ေသြ႕သူေတြတင္မကပဲ လူတိုင္းနီးပါးသုံးေပးသင့္ပါတယ္။

အထူးသျဖင့္ေဆာင္းတြင္းဘက္မွာပိုၿပီးသုံးေပးသင့္ပါတယ္။

ပတ္ဝန္းက်င္ေလထုကိုေကာင္းမြန္ေစလို႔ အိပ္တဲ့အခါမွာလည္းစိတ္လက္ခ်မ္းသာစြာအိပ္စက္နိုင္ပါတယ္။

ဒီအခ်က္ ၅ခ်က္ကိုတစ္ပတ္ေလာက္ေန႔တိုင္းလုပ္သြားၾကည့္ပါ။

မနက္နိုးလင္းတဲ့အခါတိုင္းသင့္ရဲ့အသားအရည္က သိသိသာသာေျပာင္းလဲလွပလာတာကိုျမင္ေတြ႕ရပါလိမ့္မယ္။

Credit