ခ်ိဳင္းေခြ်းနံ႕သက္သာေအာင္ Roll on သံုးတာက ျပႆနာမဟုတ္ေပမယ့္ ကိုယ့္အသားအေရနဲ႕ ဓာတ္မတည့္လို႕ပဲျဖစ္ျဖစ္၊ ေခြ်းနံ႕ေပ်ာက္ေဆးနဲ႕ေရရွည္ထိေတြ႕မႈေၾကာင့္ပဲျဖစ္ျဖစ္ ခ်ိဳင္းေနရာမွာ မည္းလာျပီး နဂိုအသားအေရလိုျပန္ျဖစ္ဖို႕ ခက္ပါတယ္။ ဒီေတာ့ ခ်ိဳင္းမည္းတာကို အိမ္မွာတင္ျပန္ျပဳျပင္ဖို႕ ကုန္က်စရိတ္ သက္သာတဲ့ နည္းလမ္းေကာင္းေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
နည္းလမ္း (၁)
ပန္းသီးရွာလကာရည္နွစ္ဇြန္း၊ မုန္႕ဖုတ္ဆိုဒါႏွစ္ဇြန္း ဆတူေရာျပီး ခ်ိဳင္းမွာ လိမ္းေပးကာေျခာက္သည္အထိ ထားေပးကာ ေရျပပန္ေဆးခ်ေပးလိုက္ပါ။ တစ္ပတ္မွာ ၃ၾကိမ္ လုပ္ေပးသြားရံုနဲ႕ တစ္လေလာက္ၾကာရင္ နဂိုအသားအေရာင္အတိုင္းျပန္ျဖစ္လာပါလိမ့္မယ္။
နည္းလမ္း (၂)
ႏြားနို႕တစ္ဇြန္း၊ နႏြင္းတစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းတို႕ကိုေရာေမႊျပီး ခ်ိဳင္းမွာ ထူထူေလးလိမ္းေပးကာ ေျခာက္တဲ့အထိ ထားျပီး ေရျပန္ေဆးခ်ေပးပါ။ တစ္ပတ္ႏွစ္ၾကိမ္၊ တစ္လေလာက္ လုပ္ေပးရင္ ခ်ိဳင္းျပန္ျဖဴလာမွာပါ။
နည္းလမ္း (၃)
သၾကား ၃ ဇြန္း၊ သံလြင္ဆီ ၂ ဇြန္းတို႕ကိုေရာေမႊကာ အဲ့ဒီအႏွစ္နဲ႕ ခ်ိဳင္းကို ငါးမိနစ္ေလာက္ ပြတ္တိုက္ေပးျပီး ေရေႏြးေလးနဲ႕ေဆးခ်ေပးလိုက္ပါ။ တစ္ပတ္ ၂ ၾကိမ္ လုပ္ေပးလိုက္ရင္ နဂိုအသားအေရာင္အတိုင္း ျပန္ျဖစ္လာတာကိုေတြ႕ရပါလိမ့္မယ္။
နည္းလမ္း (၄)
အာလူးကို ၾကိတ္ေခ်ကာအေရညွစ္ျပီး အဲ့ဒီအရည္နဲ႕ ခ်ိဳင္းမွာလိမ္းေပးကာ ေျခာက္သြားရင္ ေရေအးနဲ႕ျပန္ေဆးခ်ေပးလိုက္ပါ။ ညအိပ္ရာဝင္ခါနီးတိုင္း လုပ္ေပးသြားရင္ ခ်ိဳင္းေလးေတြျပန္ျဖဴလာျပီး အနံ႕ဆိုးလည္း ကင္းေစပါတယ္။
MAY THAZINHTOO
unicode
ချိုင်းချွေးနံ့သက်သာအောင် Roll on သုံးတာက ပြဿနာမဟုတ်ပေမယ့် ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်လို့ပဲဖြစ်ဖြစ်၊ ချွေးနံ့ပျောက်ဆေးနဲ့ရေရှည်ထိတွေ့မှုကြောင့်ပဲဖြစ်ဖြစ် ချိုင်းနေရာမှာ မည်းလာပြီး နဂိုအသားအရေလိုပြန်ဖြစ်ဖို့ ခက်ပါတယ်။ ဒီတော့ ချိုင်းမည်းတာကို အိမ်မှာတင်ပြန်ပြုပြင်ဖို့ ကုန်ကျစရိတ် သက်သာတဲ့ နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်း (၁)
ပန်းသီးရှာလကာရည်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်း ဆတူရောပြီး ချိုင်းမှာ လိမ်းပေးကာခြောက်သည်အထိ ထားပေးကာ ရေပြပန်ဆေးချပေးလိုက်ပါ။ တစ်ပတ်မှာ ၃ကြိမ် လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် နဂိုအသားအရောင်အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။
နည်းလမ်း (၂)
နွားနို့တစ်ဇွန်း၊ နနွင်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ချိုင်းမှာ ထူထူလေးလိမ်းပေးကာ ခြောက်တဲ့အထိ ထားပြီး ရေပြန်ဆေးချပေးပါ။ တစ်ပတ်နှစ်ကြိမ်၊ တစ်လလောက် လုပ်ပေးရင် ချိုင်းပြန်ဖြူလာမှာပါ။
နည်းလမ်း (၃)
သကြား ၃ ဇွန်း၊ သံလွင်ဆီ ၂ ဇွန်းတို့ကိုရောမွှေကာ အဲ့ဒီအနှစ်နဲ့ ချိုင်းကို ငါးမိနစ်လောက် ပွတ်တိုက်ပေးပြီး ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါ။ တစ်ပတ် ၂ ကြိမ် လုပ်ပေးလိုက်ရင် နဂိုအသားအရောင်အတိုင်း ပြန်ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။
နည်းလမ်း (၄)
အာလူးကို ကြိတ်ချေကာအရေညှစ်ပြီး အဲ့ဒီအရည်နဲ့ ချိုင်းမှာလိမ်းပေးကာ ခြောက်သွားရင် ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးသွားရင် ချိုင်းလေးတွေပြန်ဖြူလာပြီး အနံ့ဆိုးလည်း ကင်းစေပါတယ်။
MAY THAZINHTOO