သတိရနေပါတယ်ဆိုတဲ့ အနောက်မှာ ဆက်သွယ်ချင်မိတဲ့ စိတ်တွေရှိတယ် သို့သော် ကိုယ့်ကို မျှော်နေမယ်ဆိုတာ မသေချာဘူးလေ သူက ကိုယ်မရှိလဲ ပျော်အောင်နေတတ်တယ် ကိုယ့်ကို မလွမ်းပဲလဲ နေပျော်တတ်တယ် ။
သတိရတဲ့စိတ်လေးပဲ ရှိတာပါ ။ သူ့ကို ဆက်သွယ်လိုက်ဖို့ထိ သတ္တိတွေ မရှိခဲ့ဘူး ။ ကိုယ်ခေါ်လိုက်တဲ့ ဖုန်းလေးဟာ သူ့အတွက် အနှောင့်အယှက် မဖြစ်စေချင်တော့ဘူး ။ စကားတွေ ပြောချင်ပါတယ် ဖုန်းတွေ မဆက်ဖြစ်ခဲ့တာပါ ။ ရိုက်လက်စနံပါတ်လေးကို ဖျက်ပြီး တခြားအရာတစ်ခုကို တွေးတယ် ။
၀တ်ကျေတမ်းကျေဆိုတဲ့ အရာတွေဟာ တကယ်တမ်း တောင့်တနေတတ်တဲ့ လူတွေကျတော့ သိသိသာသာကို ကွဲပြားတယ် ။ ဆားမပါတဲ့ ဟင်းတောင် ပေါ့ပေမယ့် စားလို့ရပါသေးတယ် ။ ကိုယ့်ကို စိတ်မပါတဲ့ ပြောတဲ့စကားတွေဟာ အရာရာဟာ ပေါ့ပျက်ပျက် နိုင်လွန်းတယ် ။
သတိရနေတဲ့ စိတ်ပဲ ရှိတော့တာပါ ။ အရင်လို စကားတွေ အများကြီးပြောဖို့ မျှော်လင့်ချက်တွေတော့ မရှိတော့ဘူး ။ တာ၀န်အရ ၀တ္တရားအရ ပြောလာမယ့် စကားတွေကို နားထောင်နေနိုင်မယ် အင်အားတွေ မရှိတော့ဘူး ။ သတိရပါတယ် သို့သော် ဆက်သွယ်ဖို့ မကြိုးစားဖြစ်တော့ဘူး ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Zawgyi,
သတိရေနပါတယ္ … သို႔ေသာ္
သတိရေနပါတယ္ဆိုတဲ့ အေနာက္မွာ ဆက္သြယ္ခ်င္မိတဲ့ စိတ္ေတြရွိတယ္ သို႔ေသာ္ ကိုယ့္ကို ေမွ်ာ္ေနမယ္ဆိုတာ မေသခ်ာဘူးေလ သူက ကိုယ္မရွိလဲ ေပ်ာ္ေအာင္ေနတတ္တယ္ ကိုယ့္ကို မလြမ္းပဲလဲ ေနေပ်ာ္တတ္တယ္ ။
သတိရတဲ့စိတ္ေလးပဲ ရွိတာပါ ။ သူ႔ကို ဆက္သြယ္လိုက္ဖို႔ထိ သတၱိေတြ မရွိခဲ့ဘူး ။ ကိုယ္ေခၚလိုက္တဲ့ ဖုန္းေလးဟာ သူ႔အတြက္ အေႏွာင့္အယွက္ မျဖစ္ေစခ်င္ေတာ့ဘူး ။ စကားေတြ ေျပာခ်င္ပါတယ္ ဖုန္းေတြ မဆက္ျဖစ္ခဲ့တာပါ ။ ႐ိုက္လက္စနံပါတ္ေလးကို ဖ်က္ၿပီး တျခားအရာတစ္ခုကို ေတြးတယ္ ။
၀တ္ေက်တမ္းေက်ဆိုတဲ့ အရာေတြဟာ တကယ္တမ္း ေတာင့္တေနတတ္တဲ့ လူေတြက်ေတာ့ သိသိသာသာကို ကြဲျပားတယ္ ။ ဆားမပါတဲ့ ဟင္းေတာင္ ေပါ့ေပမယ့္ စားလို႔ရပါေသးတယ္ ။ ကိုယ့္ကို စိတ္မပါတဲ့ ေျပာတဲ့စကားေတြဟာ အရာရာဟာ ေပါ့ပ်က္ပ်က္ ႏိုင္လြန္းတယ္ ။
သတိရေနတဲ့ စိတ္ပဲ ရွိေတာ့တာပါ ။ အရင္လို စကားေတြ အမ်ားႀကီးေျပာဖို႔ ေမွ်ာ္လင့္ခ်က္ေတြေတာ့ မရွိေတာ့ဘူး ။ တာ၀န္အရ ၀တၱရားအရ ေျပာလာမယ့္ စကားေတြကို နားေထာင္ေနႏိုင္မယ္ အင္အားေတြ မရွိေတာ့ဘူး ။ သတိရပါတယ္ သို႔ေသာ္ ဆက္သြယ္ဖို႔ မႀကိဳးစားျဖစ္ေတာ့ဘူး ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း