Life Style

လူတစ္ေယာက္ရဲ႕ သည္းခံမႈဆိုတာ ….

လူတစ္ေယာက္ရဲ႕ သည္းခံမႈဆိုတာ ခဏခဏ စမ္းသပ္လို႔ေကာင္းတဲ့အရာမဟုတ္ဘူး သည္းခံမႈမွာလဲ သူ႔အတိုင္းအတာနဲ႔သူ ရွိပါတယ္

ေခါင္းငုံ႔ခံတိုင္း အႏိုင္မက်င့္ခ်င္စမ္းပါနဲ႔ သည္းခံမႈဆိုတာ ပူေပါင္းေလး တစ္လုံးလိုပဲ မခံမရပ္ႏိုင္ေတာ့တဲ့အခါ ေပါက္ကြဲပစ္လိုက္ဖို႔ ၀န္မေလးေတာ့ဘူး

သည္းခံတတ္တဲ့လူတစ္ေယာက္ ေပါက္ကြဲတဲ့အခါ သာမန္လူတစ္ေယာက္ ေဒါသထြက္တာထက္ ပိုၿပီး ျပင္းထန္တတ္ပါတယ္

သူ႔မွာ အဆုံးစြန္ထိ သည္းခံခဲ့ၿပီးၿပီေလ သူ႔ဖက္တစ္ခ်က္ေတာင္ ဘယ္သူမွ ငဲ့မၾကည့္ခဲ့ၾကဘူး

ဒီလိုေၾကာင့္ပဲ သူ႔မွာ ဘာမွ ထပ္ၿပီး ဆုံးရႈံးစရာ ငဲ့ၾကည့္စရာ မလိုေတာ့ဘူးေလ ကိုယ့္အေပၚ အေလးမထားလူေတြ တန္ဖိုးမထားတဲ့လူေတြ ဆုံးရႈံးသြားလို႔ သူ႔အတြက္ ဘာမွ ျဖစ္မသြားဘူးေလ

ဒါေၾကာင့္ အဆုံးစြန္ထိ သည္းခံတတ္တဲ့လူက သည္းခံႏိုင္စြမ္းေတြ မရွိတဲ့အခါ အဆုံးစြန္ထိ ေပါက္ကြဲပစ္လိုက္ဖို႔ ၀န္မေလးၾကဘူး ။

ဒါေၾကာင့္ သည္းခံတတ္တဲ့သူအေပၚ အႏိုင္ယူဖို႔ခ်ည္းမေတြးပါနဲ႔

စိတ္ဒဏ္ရာေတြခ်ည္းမေပးပါနဲ႔ တစ္ခ်က္ေလာက္ျဖစ္ျဖစ္ ျပန္ၿပီး ငဲ့ၾကည့္ေပးပါ တစ္ခ်က္ေလာက္ျဖစ္ျဖစ္ သည္းခံေနတာေတြ နားလည္ေပးပါ

သည္းခံေနတယ္ဆိုတိုင္း ဖိနင္းခံခ်င္လို႔မွ မဟုတ္တာ ဆုံးရႈံးသြားမွာေၾကာက္တဲ့စိတ္နဲ႔ သည္းခံေနၾကတာေလ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Unicode,

လူတစ်ယောက်ရဲ့ သည်းခံမှုဆိုတာ ခဏခဏ စမ်းသပ်လို့ကောင်းတဲ့အရာမဟုတ်ဘူး သည်းခံမှုမှာလဲ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်

ခေါင်းငုံ့ခံတိုင်း အနိုင်မကျင့်ချင်စမ်းပါနဲ့ သည်းခံမှုဆိုတာ ပူပေါင်းလေး တစ်လုံးလိုပဲ မခံမရပ်နိုင်တော့တဲ့အခါ ပေါက်ကွဲပစ်လိုက်ဖို့ ဝန်မလေးတော့ဘူး

သည်းခံတတ်တဲ့လူတစ်ယောက် ပေါက်ကွဲတဲ့အခါ သာမန်လူတစ်ယောက် ဒေါသထွက်တာထက် ပိုပြီး ပြင်းထန်တတ်ပါတယ်

သူ့မှာ အဆုံးစွန်ထိ သည်းခံခဲ့ပြီးပြီလေ သူ့ဖက်တစ်ချက်တောင် ဘယ်သူမှ ငဲ့မကြည့်ခဲ့ကြဘူး

ဒီလိုကြောင့်ပဲ သူ့မှာ ဘာမှ ထပ်ပြီး ဆုံးရှုံးစရာ ငဲ့ကြည့်စရာ မလိုတော့ဘူးလေ ကိုယ့်အပေါ် အလေးမထားလူတွေ တန်ဖိုးမထားတဲ့လူတွေ ဆုံးရှုံးသွားလို့ သူ့အတွက် ဘာမှ ဖြစ်မသွားဘူးလေ

ဒါကြောင့် အဆုံးစွန်ထိ သည်းခံတတ်တဲ့လူက သည်းခံနိုင်စွမ်းတွေ မရှိတဲ့အခါ အဆုံးစွန်ထိ ပေါက်ကွဲပစ်လိုက်ဖို့ ဝန်မလေးကြဘူး ။

ဒါကြောင့် သည်းခံတတ်တဲ့သူအပေါ် အနိုင်ယူဖို့ချည်းမတွေးပါနဲ့

စိတ်ဒဏ်ရာတွေချည်းမပေးပါနဲ့ တစ်ချက်လောက်ဖြစ်ဖြစ် ပြန်ပြီး ငဲ့ကြည့်ပေးပါ တစ်ချက်လောက်ဖြစ်ဖြစ် သည်းခံနေတာတွေ နားလည်ပေးပါ

သည်းခံနေတယ်ဆိုတိုင်း ဖိနင်းခံချင်လို့မှ မဟုတ်တာ ဆုံးရှုံးသွားမှာကြောက်တဲ့စိတ်နဲ့ သည်းခံနေကြတာလေ။

မိန်းမသားတို့အတွက်

သျှင်ယွန်း