အေထြအေထြဗဟုသုတ

၂၀၂၁ မွာလုပ္ေဆာင္သင့္တဲ့ ႐ိုးရွင္းတဲ့ ႏွစ္သစ္ရည္မွန္းခ်က္ (၅) ခု …

ႏွစ္တစ္ႏွစ္ကုန္ခါနီးဆိုတာ တစ္ႏွစ္တာကာလလုံးကို ျပန္ေျပာင္းစဥ္းစားရမယ့္ အခ်ိန္ဆိုေပမယ့္ ပိုအေရးႀကီးတာက အနာဂတ္အတြက္ႀကိဳတင္စီစဥ္ဖို႔ျဖစ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက ႏွစ္သစ္ေရာက္ၿပီဆိုတာနဲ႔ ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး ႏွစ္သစ္ရည္မွန္းခ်က္ေတြ ခ်မွတ္ၾကပါတယ္။ ဒီေန႔ေျပာျပေပးမွာက သင့္အေနနဲ႔ႏွစ္သစ္မွာ ခ်မွတ္သင့္တဲ့ ရည္မွန္းခ်က္ေတြအေၾကာင္း ေျပာျပေပးမွာပါ။

ရည္မွန္းခ်က္ေတြဆို ေပမယ့္ ခက္ခဲတဲ့အရာေတြ မဟုတ္ဘဲ လြယ္လြယ္ကူကူနဲ႔အေရးႀကီးတဲ့ အခ်က္ေလးေတြျဖစ္ပါတယ္။ သင္လုပ္ႏိုင္တဲ့အရာေသးေသးေလး ေတြကစတင္မွ သင့္ဘဝကိုေျပာင္းလဲႏိုင္မွာပါ။ ကဲဒါဆို အခုပဲဖတ္ၾကည့္လိုက္ပါဦး။

(၁) က်န္းမာေစမယ့္ အစားအေသာက္ေတြကို ေ႐ြးခ်ယ္ပါ

ပထမဆုံးအခ်က္ကေတာ့ သင့္ကိုက်န္းမာေစတဲ့ အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားသုံးဖို႔ျဖစ္ပါတယ္။ Time မဂၢဇင္းရဲ႕အဆိုအရ ဒီရည္မွန္းခ်က္က အက်ိဳးအမ်ားဆုံးရည္မွန္းခ်က္ျဖစ္လာေစတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက လအနည္းငယ္ေလာက္ပဲ ထိန္းထားႏိုင္ၿပီး ေနာက္ပိုင္းက်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အျမန္စားစာေတြ၊ အခ်ိဳရည္ေတြကိုပဲ ျပန္စားၾကတယ္လို႔ဆိုပါတယ္။

ဒါ့ေၾကာင့္ သင့္အေနနဲ႔ သင့္ေလ်ာ္တဲ့ကိုယ္ အေလးခ်ိန္ကိုထိန္းထားႏိုင္ၿပီးက်န္းမာေစဖို႔တစ္ႏွစ္တာလုံး ေကာင္းမြန္မွန္ကန္တဲ့အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားဖို႔ႀကိဳးစားသင့္ပါတယ္။

(၂) ေလ့က်င့္ခန္း ပိုလုပ္ပါ

က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြေ႐ြးခ်ယ္စားတာလိုပဲ သင့္ခႏၶာကိုယ္ႀကံ့ခိုင္ေအာင္အားကစားလုပ္တာကလည္း အေရးႀကီးႏွစ္သစ္ရည္မွန္းခ်က္တစ္ခုပါပဲ။

အခုေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားအားကစားလုပ္ၾက တာ ၊ GYM သြားၾကတာကိုလည္း ျမင္ရမွာပါ။ ဒါေပမယ့္ ဒီရည္မွန္းခ်က္က အလုပ္တစ္ဖက္၊ မိသားစုတစ္ဖက္နဲ႔ တစ္ႏွစ္တာလုံးလုပ္ေဆာင္ဖို႔ လက္ေလွ်ာ့တတ္ၾကတဲ့ ရည္မွန္းခ်က္ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ သင့္မွာက်န္းမာႀကံ့ခိုင္ဖို႔ ရည္မွန္းခ်က္ခ်မွတ္ထားတယ္ဆိုရင္ အေသးစိတ္အစီအစဥ္ေတြ ခ်မွတ္ထားၿပီး ပုံမွန္လုပ္ေဆာင္ဖို႔လိုပါတယ္။

(၃) ေငြစုပါ (သို႔) အသုံးစရိတ္ေလွ်ာ့ပါ

ႏွစ္ေဟာင္းကုန္ၿပီးတဲ့ေနာက္ ႏွစ္သစ္မွာလူေတြဟာသူတို႔ရဲ႕ ကိုယ္ပိုင္ဘ႑ာေရးကို ထိပ္ဆုံးမွာရွိဖို႔ေမွ်ာ္လင့္တက္ ၾကပါတယ္။

တခ်ိဳ႕က ေငြစုစာအုပ္ထဲမွာေငြေတြပိုတိုးဖို႔ ႀကိဳးစားၾကသလို တခ်ိဳ႕ကလဲေပးစရာရွိတဲ့ အေႂကြးကိုျမန္ ျမန္ဆပ္ဖို႔လုပ္ၾကပါတယ္။

ဒါ့ေၾကာင့္ သင့္အေနနဲ႔လည္း ႏွစ္သစ္ကစၿပီး မလိုအပ္တဲ့ေငြေၾကးသုံးစြဲမႈေတြကို ဖယ္ထုတ္ျပစ္ကာ စီစစ္သုံးစြဲဖို႔ အႀကံျပဳခ်င္ပါတယ္။

(၄) ေဆးလိပ္ျဖတ္ပါ

တကယ္လို႔ သင္ကေဆးလိပ္ေသာက္တတ္သူတစ္ဦးဆိုရင္ သင့္ရဲ႕ႏွစ္သစ္ရည္မွန္းခ်က္ေတြထဲမွာထည့္သင့္တာက ေဆးလိပ္ေလွ်ာ့ေသာက္ဖို႔ ဒါမွမဟုတ္ ျဖတ္ဖို႔ပါ။

ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာမ်ားရဲ႕အဆိုအရ ေဆးလိပ္ျဖတ္ဖို႔ ေစာလြန္းတယ္ဆိုတာမရွိပါဘူး။ ပ်မ္းမွ်အားျဖင့္ ေဆးလိပ္ျဖတ္ဖို႔ႀကိဳးစားသူေတြဟာ (၄) ႀကိမ္ေလာက္ပဲႀကိဳးစားၿပီး လက္ေလွ်ာ့လိုက္ၾကေလ့ရွိတယ္လို႔ဆိုပါတယ္။

ဒါ့ေၾကာင့္ သင့္အေနနဲ႔ႏွစ္သစ္မွာ ေဆးလိပ္ျဖတ္ဖို႔ရည္မွန္းခ်က္ထားမယ္ဆိုရင္ လြယ္လြယ္ကူကူလက္မေျမာက္လိုက္ဖို႔ အႀကံေပးခ်င္ပါတယ္။

(၅) မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ပိုျဖဳန္းပါ

ႏွစ္သစ္ရည္မွန္းခ်က္ေတြထဲက အေရးႀကီးဆုံးတစ္ခုကေတာ့ သင့္မိသားစု၊ သူငယ္ခ်င္းမိတ္ေဆြေတြကိုပိုအခ်ိန္ေပးဖို႔ျဖစ္ပါတယ္။ သင့္ရဲ႕အခ်ိန္ေတြကအလြန္တန္ဖိုးရွိၿပီး အမ်ားစုက အလုပ္ေတြေက်ာင္းေတြနဲ႔ပဲ လုံးပန္းေနရတဲ့အတြက္ မိသားစုကိုအခ်ိန္ေပးဖို႔ေမ့ေနတတ္ၾကပါတယ္။

သင္ခ်စ္ရသူေတြနဲ႔အတူတူအခ်ိန္ကုန္ဆုံးတာက ဘဝအတြက္အၿမဲတမ္းအမွတ္တရေတြကို ေပးႏိုင္မွာပါ။

ဒါ့ေၾကာင့္ႏွစ္သစ္ရည္မွန္းခ်က္ေတြခ်မွတ္မယ္ဆိုရင္ သင့္မိသားစု၊ သူငယ္ခ်င္းေတြကိုအခ်ိန္ေပးႏိုင္ဖို႔ကိုလဲမေမ့ပါနဲ႔ဦး။

Unicode,

နှစ်တစ်နှစ်ကုန်ခါနီးဆိုတာ တစ်နှစ်တာကာလလုံးကို ပြန်ပြောင်းစဉ်းစားရမယ့် အချိန်ဆိုပေမယ့် ပိုအရေးကြီးတာက အနာဂတ်အတွက်ကြိုတင်စီစဉ်ဖို့ဖြစ်ပါတယ်။

လူတော်တော်များများက နှစ်သစ်ရောက်ပြီဆိုတာနဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နှစ်သစ်ရည်မှန်းချက်တွေ ချမှတ်ကြပါတယ်။ ဒီနေ့ပြောပြပေးမှာက သင့်အနေနဲ့နှစ်သစ်မှာ ချမှတ်သင့်တဲ့ ရည်မှန်းချက်တွေအကြောင်း ပြောပြပေးမှာပါ။

ရည်မှန်းချက်တွေဆို ပေမယ့် ခက်ခဲတဲ့အရာတွေ မဟုတ်ဘဲ လွယ်လွယ်ကူကူနဲ့အရေးကြီးတဲ့ အချက်လေးတွေဖြစ်ပါတယ်။ သင်လုပ်နိုင်တဲ့အရာသေးသေးလေး တွေကစတင်မှ သင့်ဘဝကိုပြောင်းလဲနိုင်မှာပါ။ ကဲဒါဆို အခုပဲဖတ်ကြည့်လိုက်ပါဦး။

(၁) ကျန်းမာစေမယ့် အစားအသောက်တွေကို ရွေးချယ်ပါ

ပထမဆုံးအချက်ကတော့ သင့်ကိုကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့ဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့အဆိုအရ ဒီရည်မှန်းချက်က အကျိုးအများဆုံးရည်မှန်းချက်ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူတော်တော်များများက လအနည်းငယ်လောက်ပဲ ထိန်းထားနိုင်ပြီး နောက်ပိုင်းကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စားစာတွေ၊ အချိုရည်တွေကိုပဲ ပြန်စားကြတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ သင့်လျော်တဲ့ကိုယ် အလေးချိန်ကိုထိန်းထားနိုင်ပြီးကျန်းမာစေဖို့တစ်နှစ်တာလုံး ကောင်းမွန်မှန်ကန်တဲ့အစားအသောက်တွေကို ရွေးချယ်စားဖို့ကြိုးစားသင့်ပါတယ်။

(၂) လေ့ကျင့်ခန်း ပိုလုပ်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေရွေးချယ်စားတာလိုပဲ သင့်ခန္ဓာကိုယ်ကြံ့ခိုင်အောင်အားကစားလုပ်တာကလည်း အရေးကြီးနှစ်သစ်ရည်မှန်းချက်တစ်ခုပါပဲ။

အခုခေတ်မှာ လူတော်တော်များများအားကစားလုပ်ကြ တာ ၊ GYM သွားကြတာကိုလည်း မြင်ရမှာပါ။ ဒါပေမယ့် ဒီရည်မှန်းချက်က အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ တစ်နှစ်တာလုံးလုပ်ဆောင်ဖို့ လက်လျှော့တတ်ကြတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်မှာကျန်းမာကြံ့ခိုင်ဖို့ ရည်မှန်းချက်ချမှတ်ထားတယ်ဆိုရင် အသေးစိတ်အစီအစဉ်တွေ ချမှတ်ထားပြီး ပုံမှန်လုပ်ဆောင်ဖို့လိုပါတယ်။

(၃) ငွေစုပါ (သို့) အသုံးစရိတ်လျှော့ပါ

နှစ်ဟောင်းကုန်ပြီးတဲ့နောက် နှစ်သစ်မှာလူတွေဟာသူတို့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးကို ထိပ်ဆုံးမှာရှိဖို့မျှော်လင့်တက် ကြပါတယ်။

တချို့က ငွေစုစာအုပ်ထဲမှာငွေတွေပိုတိုးဖို့ ကြိုးစားကြသလို တချို့ကလဲပေးစရာရှိတဲ့ အကြွေးကိုမြန် မြန်ဆပ်ဖို့လုပ်ကြပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့လည်း နှစ်သစ်ကစပြီး မလိုအပ်တဲ့ငွေကြေးသုံးစွဲမှုတွေကို ဖယ်ထုတ်ပြစ်ကာ စီစစ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

တကယ်လို့ သင်ကဆေးလိပ်သောက်တတ်သူတစ်ဦးဆိုရင် သင့်ရဲ့နှစ်သစ်ရည်မှန်းချက်တွေထဲမှာထည့်သင့်တာက ဆေးလိပ်လျှော့သောက်ဖို့ ဒါမှမဟုတ် ဖြတ်ဖို့ပါ။

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာများရဲ့အဆိုအရ ဆေးလိပ်ဖြတ်ဖို့ စောလွန်းတယ်ဆိုတာမရှိပါဘူး။ ပျမ်းမျှအားဖြင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားသူတွေဟာ (၄) ကြိမ်လောက်ပဲကြိုးစားပြီး လက်လျှော့လိုက်ကြလေ့ရှိတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့နှစ်သစ်မှာ ဆေးလိပ်ဖြတ်ဖို့ရည်မှန်းချက်ထားမယ်ဆိုရင် လွယ်လွယ်ကူကူလက်မမြောက်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပိုဖြုန်းပါ

နှစ်သစ်ရည်မှန်းချက်တွေထဲက အရေးကြီးဆုံးတစ်ခုကတော့ သင့်မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေကိုပိုအချိန်ပေးဖို့ဖြစ်ပါတယ်။ သင့်ရဲ့အချိန်တွေကအလွန်တန်ဖိုးရှိပြီး အများစုက အလုပ်တွေကျောင်းတွေနဲ့ပဲ လုံးပန်းနေရတဲ့အတွက် မိသားစုကိုအချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။

သင်ချစ်ရသူတွေနဲ့အတူတူအချိန်ကုန်ဆုံးတာက ဘဝအတွက်အမြဲတမ်းအမှတ်တရတွေကို ပေးနိုင်မှာပါ။

ဒါ့ကြောင့်နှစ်သစ်ရည်မှန်းချက်တွေချမှတ်မယ်ဆိုရင် သင့်မိသားစု၊ သူငယ်ချင်းတွေကိုအချိန်ပေးနိုင်ဖို့ကိုလဲမမေ့ပါနဲ့ဦး။