အေထြအေထြဗဟုသုတ

ကိုယ့္ရဲ႕ဘဝကိုပိုေကာင္းဖို႔အတြက္ေျပာင္းလဲမႈေတြဘယ္လိုစတင္မလဲ …

ဒီေဆာင္းပါးေလးကေတာ့ကိုယ့္ရဲ႕ဘဝကိုေျပာင္းလဲမႈေတြလုပ္ေဆာင္ခ်င္ၿပီး ပိုေကာင္းတဲ့ဘဝတစ္ခုကို ပိုင္ဆိုင္ဖို႔ႀကိဳးစားေနတဲ့သူေတြအတြက္ အက်ိဳးရွိေစမယ့္ေဆာင္းပါးေလးျဖစ္ပါတယ္။

၁။အေကာင္းျမင္စိတ္နဲ႔ သင္ယူပါ

အေကာင္းျမင္စိတ္ရွိျခင္းဟာကိုယ့္အတြက္အက်ိဳးေက်းဇူးမ်ားေစတဲ့ အေကာင္းဆုံးအေလ့အက်င့္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြဆိုတာ လူတိုင္းႀကဳံေတြ႕ဖူးသလို လူတိုင္းလည္း ေရွာင္လႊဲလို႔မရႏိုင္တဲ့ အရာတစ္ခုပါ။

ဒါေပမယ့္ အဲ့ဒီအခက္အခဲေတြအတြက္ အေကာင္းဆုံးေျဖရွင္းခ်က္ဟာ သင္အဲ့ဒီအခက္အခဲကို အၿပဳံးနဲ႔ ရင္ဆိုင္တဲ့အခါမွ ေပၚထြက္လာတတ္ပါတယ္။

ဒါေၾကာင့္ ဘယ္ျပႆနာနဲ႔ရင္ဆိုင္ရသည္ျဖစ္ေစ ျပႆနာကို အေကာင္းျမင္စိတ္နဲ႔ၾကည့္ၿပီး ဘာေတြသင္ယူႏိုင္မလဲ၊ ဒီျပႆနာကို အခြင့္အေရးအျဖစ္ ဘယ္လိုေျပာင္းမလဲဆိုတာကိုပဲ စဥ္းစားသင့္ပါတယ္။

၂။ျဖည္းျဖည္းနဲ႔မွန္မွန္ႀကိဳးစားပါ။

ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ျပဳျပင္ေျပာင္းလဲမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ရတာ အလြန္ေကာင္းပါတယ္။ သို႔ေသာ္လည္း ဆုံးျဖတ္ထားတဲ့အတိုင္း အသည္းအသန္ျပဳျပင္ေျပာင္းလဲဖို႔ဆိုတာ ေတြးၾကည့္လိုက္ရင္ စိတ္ေမာစရာေကာင္းတတ္ပါတယ္။

ဒီလိုမျဖစ္ေအာင္ကိုယ္ဆုံးျဖတ္ထားတဲ့ဦးတည္ရာကို ေန႔စဥ္တစ္လွမ္းခ်င္းစီ လွမ္းသြားျခင္းပါ။

တစ္ေန႔ကို တိုးတက္ရာတိုးတက္ေၾကာင္း တစ္ခုေလာက္ ေန႔စဥ္လုပ္ေဆာင္သြားမယ္ဆိုရင္လည္း အခ်ိန္ကာလတစ္ခုအၾကာမွာ ကိုယ္လိုခ်င္တဲ့ပုံစံအတိုင္း တိုးတက္ေျပာင္းလဲလာပါလိမ့္မယ္။

၃။မိမိကိုယ္ကိုယ္ကိုဆန္းစစ္ပါ။

 

ကိုယ္ကလူငယ္တေယာက္ျဖစ္တဲ့အတြက္စီးပြားေရးလုပ္ငန္းတစ္ခုစတင္မလုပ္ကိုင္ခင္ ေအာင္ျမင္ဖို႔အတြက္ဘယ္လုပ္ငန္းကိုလုပ္ကိုင္ရမလဲဆိုတာကိုေသခ်ာဆုံးျဖတ္ပါ။ကိုယ့္ရဲ႕အားနည္းခ်က္ေတြ အားသာခ်က္ေတြကိုေသခ်ာသိျမင္ပါ။

မိမိရဲ႕ဗဟုသုတေတြ အေတြ႕အႀကဳံေတြ မိမိရဲ႕စြမ္းရည္ေတြ ႏွစ္သက္မႈေတြ ႀကံ့ၾက့ခံႏိုင္မႈေတြေကာဆန္းစစ္ပါ။

သင္လုပ္မယ္လို႔ေ႐ြးခ်ယ္ထားတဲ့အလုပ္နဲ႔ပတ္သတ္လို႔ဗဟုသုတေကာ အေတြ႕အႀကဳံေကာရွိရဲ႕လား၊ သင့္လုပ္ငန္းက်ရႈံးမႈ ၊ခက္ခဲမႈေတြနဲ႔ရင္းႏွီးႏိုင္ပါ့မလားဒါေတြစဥ္းစားၿပီးရင္ေတာ့ကိုယ့္မွာရွိတဲ့ေငြအရင္းႏွီးေလးနဲ႔စီးပြားေရးလုပ္ငန္းတခုစတင္ပါ။

၄။တီထြင္ဖန္တီးမႈေတြလုပ္ႏိုင္ဖို႔အခ်ိန္ေပးပါ

သင္အလုပ္မသြားခင္ ဒါမွမဟုတ္ သင္ေက်ာင္းမသြားခင္ကိုယ့္စိတ္ကိုျမႇင့္တင္ဖို႔အခ်ိန္ခဏေလးေပးပါ။ကိုယ့္ရဲ႕အခ်ိန္ဇယားအတိုင္းေက်ာင္းသြား ဒါမွမဟုတ္ အလုပ္လုပ္ပါ။ လမ္းပုံမွန္ေလွ်ာက္ေပးပါ။

ဆိတ္ၿငိမ္တဲ့ေနရာမွာစာဖတ္ပါ။အၿမဲတတ္ႂကြေနပါ။တေနရာထဲမွာတစ္နာရီထက္ပိုၿပီးထိုင္မေနပါနဲ႔။တေန႔ကိုမိနစ္၃၀ေလာက္အားကစားေလ့က်င့္ခန္းျပဳလုပ္ပါ။

ဒီလိုလုပ္ျခင္းက ကိုယ္က်န္းမာေရး စိတ္က်န္းမာေရးႏွခုလုံးေကာင္းပါတယ္။လမ္းေလွ်ာက္ျခင္းဟာသင့္ရဲ႕ေတြးေခၚမႈကိုျမင့္တတ္ေစၿပီးပိုၿပီးတီထြင္ဆန္းသစ္ႏိုင္မႈစြမ္းရည္ကိုရရွိေစပါတယ္။

၅။ႀကိဳးစားၿပီးစတင္ပါ။

ဘဝမွာ ေျပာင္းလဲမႈေတြလုပ္ေဆာင္ခ်င္တဲ့အခါမ်ိဳးမွာ မ်ားေသာအားျဖင့္ စတင္ဖို႔ကအခက္ခဲဆုံးအဆင့္ ျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္လည္း တစ္စုံတစ္ရာကို စတင္လိုက္ႏိုင္ၿပီဆိုရင္ ဘယ္ေလာက္ခက္ခဲတဲ့ အရာျဖစ္ပါေစ တစ္ဝက္ေလာက္ ခရီးေရာက္ၿပီလို႔ ဆိုၾကပါတယ္။

ဒါေၾကာင့္ အခက္ခဲဆုံးအဆင့္ျဖစ္တဲ့ စတင္ဖို႔အတြက္ကိုႀကိဳးစားၿပီးလုပ္ေဆာင္ပါ။အဒီအတြက္အရင္ထက္အစေပါင္းမ်ားစြာႀကိဳးစားေဆာင္႐ြက္မႈေတြလုပ္ဖို႔လိုအပ္ပါတယ္။ အားလုံးပဲအနာဂတ္မွာေအာင္ျမင္ႀကီးပြါးတိုးတက္ပါေစ။

Unicode,

ဒီဆောင်းပါးလေးကတော့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲမှုတွေလုပ်ဆောင်ချင်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အကျိုးရှိစေမယ့်ဆောင်းပါးလေးဖြစ်ပါတယ်။

၁။အကောင်းမြင်စိတ်နဲ့ သင်ယူပါ

အကောင်းမြင်စိတ်ရှိခြင်းဟာကိုယ့်အတွက်အကျိုးကျေးဇူးများစေတဲ့ အကောင်းဆုံးအလေ့အကျင့်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေဆိုတာ လူတိုင်းကြုံတွေ့ဖူးသလို လူတိုင်းလည်း ရှောင်လွှဲလို့မရနိုင်တဲ့ အရာတစ်ခုပါ။

ဒါပေမယ့် အဲ့ဒီအခက်အခဲတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ဟာ သင်အဲ့ဒီအခက်အခဲကို အပြုံးနဲ့ ရင်ဆိုင်တဲ့အခါမှ ပေါ်ထွက်လာတတ်ပါတယ်။

ဒါကြောင့် ဘယ်ပြဿနာနဲ့ရင်ဆိုင်ရသည်ဖြစ်စေ ပြဿနာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး ဘာတွေသင်ယူနိုင်မလဲ၊ ဒီပြဿနာကို အခွင့်အရေးအဖြစ် ဘယ်လိုပြောင်းမလဲဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။

၂။ဖြည်းဖြည်းနဲ့မှန်မှန်ကြိုးစားပါ။

ကိုယ့်ကိုယ်ကို တိုးတက်အောင်ပြုပြင်ပြောင်းလဲမယ်လို့ ဆုံးဖြတ်ချက်ချရတာ အလွန်ကောင်းပါတယ်။ သို့သော်လည်း ဆုံးဖြတ်ထားတဲ့အတိုင်း အသည်းအသန်ပြုပြင်ပြောင်းလဲဖို့ဆိုတာ တွေးကြည့်လိုက်ရင် စိတ်မောစရာကောင်းတတ်ပါတယ်။

ဒီလိုမဖြစ်အောင်ကိုယ်ဆုံးဖြတ်ထားတဲ့ဦးတည်ရာကို နေ့စဉ်တစ်လှမ်းချင်းစီ လှမ်းသွားခြင်းပါ။

တစ်နေ့ကို တိုးတက်ရာတိုးတက်ကြောင်း တစ်ခုလောက် နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင်လည်း အချိန်ကာလတစ်ခုအကြာမှာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

၃။မိမိကိုယ်ကိုယ်ကိုဆန်းစစ်ပါ။

ကိုယ်ကလူငယ်တယောက်ဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုစတင်မလုပ်ကိုင်ခင် အောင်မြင်ဖို့အတွက်ဘယ်လုပ်ငန်းကိုလုပ်ကိုင်ရမလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။ကိုယ့်ရဲ့အားနည်းချက်တွေ အားသာချက်တွေကိုသေချာသိမြင်ပါ။

မိမိရဲ့ဗဟုသုတတွေ အတွေ့အကြုံတွေ မိမိရဲ့စွမ်းရည်တွေ နှစ်သက်မှုတွေ ကြံ့ကြ့ခံနိုင်မှုတွေကောဆန်းစစ်ပါ။

သင်လုပ်မယ်လို့ရွေးချယ်ထားတဲ့အလုပ်နဲ့ပတ်သတ်လို့ဗဟုသုတကော အတွေ့အကြုံကောရှိရဲ့လား၊ သင့်လုပ်ငန်းကျရှုံးမှု ၊ခက်ခဲမှုတွေနဲ့ရင်းနှီးနိုင်ပါ့မလားဒါတွေစဉ်းစားပြီးရင်တော့ကိုယ့်မှာရှိတဲ့ငွေအရင်းနှီးလေးနဲ့စီးပွားရေးလုပ်ငန်းတခုစတင်ပါ။

၄။တီထွင်ဖန်တီးမှုတွေလုပ်နိုင်ဖို့အချိန်ပေးပါ

သင်အလုပ်မသွားခင် ဒါမှမဟုတ် သင်ကျောင်းမသွားခင်ကိုယ့်စိတ်ကိုမြှင့်တင်ဖို့အချိန်ခဏလေးပေးပါ။ကိုယ့်ရဲ့အချိန်ဇယားအတိုင်းကျောင်းသွား ဒါမှမဟုတ် အလုပ်လုပ်ပါ။ လမ်းပုံမှန်လျှောက်ပေးပါ။

ဆိတ်ငြိမ်တဲ့နေရာမှာစာဖတ်ပါ။အမြဲတတ်ကြွနေပါ။တနေရာထဲမှာတစ်နာရီထက်ပိုပြီးထိုင်မနေပါနဲ့။တနေ့ကိုမိနစ်၃ဝလောက်အားကစားလေ့ကျင့်ခန်းပြုလုပ်ပါ။

ဒီလိုလုပ်ခြင်းက ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးနှခုလုံးကောင်းပါတယ်။လမ်းလျှောက်ခြင်းဟာသင့်ရဲ့တွေးခေါ်မှုကိုမြင့်တတ်စေပြီးပိုပြီးတီထွင်ဆန်းသစ်နိုင်မှုစွမ်းရည်ကိုရရှိစေပါတယ်။

၅။ကြိုးစားပြီးစတင်ပါ။

ဘဝမှာ ပြောင်းလဲမှုတွေလုပ်ဆောင်ချင်တဲ့အခါမျိုးမှာ များသောအားဖြင့် စတင်ဖို့ကအခက်ခဲဆုံးအဆင့် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်စုံတစ်ရာကို စတင်လိုက်နိုင်ပြီဆိုရင် ဘယ်လောက်ခက်ခဲတဲ့ အရာဖြစ်ပါစေ တစ်ဝက်လောက် ခရီးရောက်ပြီလို့ ဆိုကြပါတယ်။

ဒါကြောင့် အခက်ခဲဆုံးအဆင့်ဖြစ်တဲ့ စတင်ဖို့အတွက်ကိုကြိုးစားပြီးလုပ်ဆောင်ပါ။အဒီအတွက်အရင်ထက်အစပေါင်းများစွာကြိုးစားဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ပါစေ။