ေလာကမွာ ဘယ္ေတာ့မွေက်းဇူးမတင္တတ္တဲ့လူတန္းစားဆိုတာရွိတယ္ကိုယ္က ကိုယ့္မွာရွိတဲ့၅၀၀၀အကုန္ေပးခဲ့တယ္
ဒါေပမယ့္သူေဌးတစ္ေယာက္ ၁ေသာင္းေပးတာကိုေက်းဇူးတင္မဆုံးဘူးအဲ့လိုလူတန္းစားကိုယ္ေပးခဲ့တဲ့ ၅၀၀၀ဟာေနာက္ေန႔အတြက္သုံးစရာမရွိေတာ့တာေတာင္
ရွိတာအကုန္ေပးခဲ့ေပမယ့္သူေဌးေပးခဲ့တဲ့ ၁ေသာင္းဟာမုန္ဖိုးသာသာပဲရွိတာ သူမသိခဲ့ဘူးသိလည္း သိပ္မခံစားတတ္တဲ့လူစားမ်ိဳး
ကိုယ္ေပးခဲ့တဲ့ အခ်ိန္ဟာမအားမလပ္တဲ့ၾကားက အေျပးအလႊားသြားရတာျဖစ္ၿပီးသူမ်ားေတြေပးတဲ့အခ်ိန္ဟာသူတို႔အလုပ္ခ်ိန္ေတြ သင္တန္းေတြမိသားစုကိစၥေတြအားလုံးၿပီးမွ ေပးၾကတာျဖစ္တယ္
ဒါေပမယ့္ ပိုအခ်ိန္ေပးတဲ့သူကိုသာေက်းဇူးတင္ၾကတယ္အခက္အခဲေတြၾကားက လာရတဲ့သူကိုအသိအမွတ္မျပဳၾကဘူးဒီလိုပါပဲလူတခ်ိဳ႕မွာ တစုံတေယာက္ကိုဘာလုပ္လုပ္သိပ္ေက်းဇူးတင္ သိပ္ခ်ီးမြမ္းၾကၿပီး
ေနာက္လူတစ္ေယာက္ကိုေတာ့ဘာလုပ္လုပ္ေက်းဇူးတင္ေလ့မရွိစာရင္းထဲသိပ္ထည့္ေလ့မရွိတဲ့စ႐ိုက္မ်ိဳးေတြရွိတတ္ၾကပါတယ္ေပးဆပ္ထားတဲ့ပမာဏကိုသာဆုံးျဖတ္ၾကၿပီး
အားစိုက္ရတဲ့ပမာဏကိုေတာ့သိပ္မျမင္ၾကပါဘူး ထည့္တြက္ေလ့မရွိပါဘူးကိုယ့္ေရွ႕မွာကိုယ့္ကိုႏွိမ္ခ်င္တာနဲ႔ကိုယ့္ထက္ပိုအဆင္ေျပသူေတြရာထူးပိုႀကီးသူေတြနာမည္ပိုႀကီးသူေတြအေၾကာင္း
ေရပက္မဝင္ေျပာဆိုၾကၿပီးသူတို႔အဖို႔ ကိုယ္မရွိလည္းရတယ္ကိုယ္မပါလည္းျဖစ္တယ္ဆိုတဲ့သေဘာေတြကိုပါးနပ္စြာျပၾကပါတယ္
ဟုတ္ကဲ့…မိတ္ေဆြသင့္တန္ဖိုးဟာ နည္းသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစအဲဒီတန္ဖိုးကို အသိအမွတ္မျပဳတဲ့အသိုင္းအဝိုင္းတစ္ခုသင့္မွာရွိေနၿပီဆိုရင္ေတာ့
အရင္လိုေပါေပါပဲပဲကူညီေနတာေတြအားအားယားယား အခ်ိန္ေပးေနတာေတြႏွစ္ႏွစ္ကာကာ ခင္မင္ေနတာေတြကိုေလွ်ာ့လိုက္ပါဘာလုပ္မလဲ
ကိုယ္ရွိေနျခင္းကိုတန္ဖိုးမထားကိုယ့္လုပ္အားေတြကို မေလးစားကိုယ့္အခ်ိန္ေတြကို အသိအမွတ္မျပဳတဲ့သူေတြကိုစိတ္ထဲထည့္ၿပီး ခင္မင္ေနရတာမိတ္ေဆြရင္းလို႔သက္မွတ္ၿပီးေပါင္းသင္းေနရတာ..
ရွိေနတဲ့ကိုယ့္ရဲ႕တန္ဖိုးကိုထပ္မခ်ပါနဲ႔ကိုယ္မရွိလည္း အဆင္ေျပတယ္ဆိုတဲ့အသိုင္းအဝိုင္းကို ထားခဲ့လိုက္ပါ..ကိုယ့္ကိုမလိုဘူးဆိုတဲ့ ပတ္ဝန္းက်င္ကိုေက်ာခိုင္းခဲ့ပါ…
ကိုယ္မရွိမွကိုယ့္တန္ဖိုးသိမယ့္ မိတ္ေဆြေတြကိုလက္တြဲျဖဳတ္ခဲ့ပါ..ဘဝမွာေနရမယ့္အခ်ိန္အရမ္းနည္းတာမို႔သင့္ကိုလိုအပ္တဲ့သင့္တန္ဖိုးကို အသိအမွတ္ျပဳတဲ့သင္ရွိေနဖို႔လိုအပ္တဲ့ ပတ္ဝန္းက်င္မွာသာသင္ရွိေနသင့္တာေပါ့…
‘အေမေက်ာ္ေဒြးေတာ္လြမ္း’တတ္တဲ့မိတ္ေဆြေတြ’ငါးစိမ္းျမင္ ငါးကင္ပစ္’တတ္တဲ့သူငယ္ခ်င္းေတြသူတို႔ေတြကို မ်က္ႏွာလုပ္ၿပီးေနရမယိ့အစားသင့္ကိုတန္ဖိုးထားေလးစားတဲ့အသိုင္းအဝိုင္းမွာပဲ ရွင္သန္သင့္တယ္
ဒါ့ေၾကာင့္အခုပဲ သူတို႔ကိုထားခဲ့လိုကၸါ
Credit to original writer
unicode
လောကမှာ ဘယ်တော့မှကျေးဇူးမတင်တတ်တဲ့လူတန်းစားဆိုတာရှိတယ်ကိုယ်က ကိုယ့်မှာရှိတဲ့၅၀၀၀အကုန်ပေးခဲ့တယ်
ဒါပေမယ့်သူဌေးတစ်ယောက် ၁သောင်းပေးတာကိုကျေးဇူးတင်မဆုံးဘူးအဲ့လိုလူတန်းစားကိုယ်ပေးခဲ့တဲ့ ၅၀၀၀ဟာနောက်နေ့အတွက်သုံးစရာမရှိတော့တာတောင်
ရှိတာအကုန်ပေးခဲ့ပေမယ့်သူဌေးပေးခဲ့တဲ့ ၁သောင်းဟာမုန်ဖိုးသာသာပဲရှိတာ သူမသိခဲ့ဘူးသိလည်း သိပ်မခံစားတတ်တဲ့လူစားမျိုး
ကိုယ်ပေးခဲ့တဲ့ အချိန်ဟာမအားမလပ်တဲ့ကြားက အပြေးအလွှားသွားရတာဖြစ်ပြီးသူများတွေပေးတဲ့အချိန်ဟာသူတို့အလုပ်ချိန်တွေ သင်တန်းတွေမိသားစုကိစ္စတွေအားလုံးပြီးမှ ပေးကြတာဖြစ်တယ်
ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာကျေးဇူးတင်ကြတယ်အခက်အခဲတွေကြားက လာရတဲ့သူကိုအသိအမှတ်မပြုကြဘူးဒီလိုပါပဲလူတချို့မှာ တစုံတယောက်ကိုဘာလုပ်လုပ်သိပ်ကျေးဇူးတင် သိပ်ချီးမွမ်းကြပြီး
နောက်လူတစ်ယောက်ကိုတော့ဘာလုပ်လုပ်ကျေးဇူးတင်လေ့မရှိစာရင်းထဲသိပ်ထည့်လေ့မရှိတဲ့စရိုက်မျိုးတွေရှိတတ်ကြပါတယ်ပေးဆပ်ထားတဲ့ပမာဏကိုသာဆုံးဖြတ်ကြပြီး
အားစိုက်ရတဲ့ပမာဏကိုတော့သိပ်မမြင်ကြပါဘူး ထည့်တွက်လေ့မရှိပါဘူးကိုယ့်ရှေ့မှာကိုယ့်ကိုနှိမ်ချင်တာနဲ့ကိုယ့်ထက်ပိုအဆင်ပြေသူတွေရာထူးပိုကြီးသူတွေနာမည်ပိုကြီးသူတွေအကြောင်း
ရေပက်မဝင်ပြောဆိုကြပြီးသူတို့အဖို့ ကိုယ်မရှိလည်းရတယ်ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့သဘောတွေကိုပါးနပ်စွာပြကြပါတယ်
ဟုတ်ကဲ့…မိတ်ဆွေသင့်တန်ဖိုးဟာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေအဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့အသိုင်းအဝိုင်းတစ်ခုသင့်မှာရှိနေပြီဆိုရင်တော့
အရင်လိုပေါပေါပဲပဲကူညီနေတာတွေအားအားယားယား အချိန်ပေးနေတာတွေနှစ်နှစ်ကာကာ ခင်မင်နေတာတွေကိုလျှော့လိုက်ပါဘာလုပ်မလဲ
ကိုယ်ရှိနေခြင်းကိုတန်ဖိုးမထားကိုယ့်လုပ်အားတွေကို မလေးစားကိုယ့်အချိန်တွေကို အသိအမှတ်မပြုတဲ့သူတွေကိုစိတ်ထဲထည့်ပြီး ခင်မင်နေရတာမိတ်ဆွေရင်းလို့သက်မှတ်ပြီးပေါင်းသင်းနေရတာ..
ရှိနေတဲ့ကိုယ့်ရဲ့တန်ဖိုးကိုထပ်မချပါနဲ့ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ..ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကိုကျောခိုင်းခဲ့ပါ…
ကိုယ်မရှိမှကိုယ့်တန်ဖိုးသိမယ့် မိတ်ဆွေတွေကိုလက်တွဲဖြုတ်ခဲ့ပါ..ဘဝမှာနေရမယ့်အချိန်အရမ်းနည်းတာမို့သင့်ကိုလိုအပ်တဲ့သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာသင်ရှိနေသင့်တာပေါ့…
‘အမေကျော်ဒွေးတော်လွမ်း’တတ်တဲ့မိတ်ဆွေတွေ’ငါးစိမ်းမြင် ငါးကင်ပစ်’တတ်တဲ့သူငယ်ချင်းတွေသူတို့တွေကို မျက်နှာလုပ်ပြီးနေရမယိ့အစားသင့်ကိုတန်ဖိုးထားလေးစားတဲ့အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်တယ်
ဒါ့ကြောင့်အခုပဲ သူတို့ကိုထားခဲ့လိုက္ပါ
Credit to original writer