ညဘက္ ေစာေစာအိပ္ရာဝင္ျခင္းရဲ႕ ေနာက္ကြယ္မွာ ခႏၶာကိုယ္နဲ႔ စိတ္က်န္းမာေရးအေပၚ အေပါင္းလကၡဏာေဆာင္တဲ့ သက္ေရာက္မႈေတြအမ်ားႀကီးရွိေစပါတယ္။
ဒီေန႔ေဆာင္းပါးမွာေတာ့ ည (၁၀) နာရီမွာ အိပ္ရာဝင္ရင္ သင့္ခႏၶာကိုယ္မွာ ေျပာင္းလဲသြားတဲ့ အရာေတြအေၾကာင္းေျပာျပေပးသြားမွာပါ။
အိပ္ခ်ိန္ ပိုရလာမယ္
ကြၽမ္းက်င္သူေတြက အိပ္စက္ခ်ိန္ကို ေကာင္းေကာင္းအိပ္ေမာက်တဲ့အခ်ိန္နဲ႔ ေကာင္းေကာင္းအိပ္မေပ်ာ္ေသးတဲ့အခ်ိန္ဆိုၿပီး ႏွစ္ပိုင္းခြဲျခားထားပါတယ္။
ေကာင္းေကာင္းအိပ္ေပ်ာ္တဲ့အခ်ိန္နဲ႔အေကာင္းဆုံးအနားရတဲ့အခ်ိန္က ည (၁၀) နာရီနဲ႔ မနက္ (၂) နာရီအတြင္းမွာ ျဖစ္ပါတယ္။ ဒါကေတာ့ ေကာင္းေကာင္းအနားရခ်င္ရင္ ေစာေစာအိပ္ရာဝင္ရမယ္ဆိုတာပါပဲ။
ပိုၿပီးသန္မာလာမယ္
လူေတြအိပ္ေနခ်ိန္မွာ ခႏၶာကိုယ္က ႀကီးထြားေဟာ္မုန္းေတြထုတ္ေပးတာ ေဟာ္မုန္းေတြ ျပဳျပင္ေပးတာ စသျဖင့္ သူ႔ဘာသာသူ ကုသေပးေလ့ရွိပါတယ္။
ဒီလုပ္ေဆာင္ခ်က္ေတြက ေနာက္ေန႔အတြက္ အသင့္ျဖစ္ေနဖို႔အေရးႀကီးပါတယ္။ အထူးသျဖင့္ အားကစားသမားေတြအတြက္ အိပ္ခ်ိန္ျပည့္ဝေနဖို႔ အလြန္အေရးႀကီးပါတယ္။
စိတ္ဖိစီးမႈ ေလ်ာ့က်လာမယ္
အိပ္ခ်ိန္ျပည့္ဝစြာမရရွိျခင္းက Cortisol ေဟာ္မုန္းပမာဏကို တိုးပြားလာေစၿပီး စိတ္ဖိစီးမႈကို ျဖစ္ေပၚလာေစပါတယ္။ cortisol ေဟာ္မုန္းအရမ္းမ်ားတာက သင့္ကို စိုးရိမ္ပူပန္မႈေတြခံစားရေစၿပီး သင့္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။
ဒါေပမယ့္ ညဘက္ေစာေစာအိပ္ရာဝင္ၿပီး အိပ္ခ်ိန္ျပည့္ဝပါက cortisol ေဟာ္မုန္းပမာဏ ေလွ်ာ့က်ေစၿပီး စိတ္ဖိစီးမႈကို သက္သာေစပါတယ္။
စိတ္ခံစားခ်က္ကို ေကာင္းေကာင္းထိန္းခ်ဳပ္လာႏိုင္မယ္
သတ္မွတ္ထားတဲ့အခ်ိန္မွာ ေကာင္းေကာင္းအိပ္စက္တဲ့သူေတြက ဘဝမွာ ပိုၿပီးေပ်ာ္႐ႊင္ၾကရတယ္လို႔ ေလ့လာခ်က္တခ်ိဳ႕က ဆိုပါတယ္။
ကြၽန္ေတာ္တို႔ေတြ အိပ္ခ်ိန္လုံလုံေလာက္ေလာက္မရရင္ စိတ္က မတည္မၿငိမ္ျဖစ္လာၿပီး စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲလာႏိုင္ပါတယ္။ ေစာေစာအိပ္စက္မယ္ဆိုရင္ ေစာေစာထဖို႔လည္း လိုပါတယ္။
Credit Kwee
Unicode,
ညဘက် စောစောအိပ်ရာဝင်ခြင်းရဲ့ နောက်ကွယ်မှာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေအများကြီးရှိစေပါတယ်။
ဒီနေ့ဆောင်းပါးမှာတော့ ည (၁၀) နာရီမှာ အိပ်ရာဝင်ရင် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတဲ့ အရာတွေအကြောင်းပြောပြပေးသွားမှာပါ။
အိပ်ချိန် ပိုရလာမယ်
ကျွမ်းကျင်သူတွေက အိပ်စက်ချိန်ကို ကောင်းကောင်းအိပ်မောကျတဲ့အချိန်နဲ့ ကောင်းကောင်းအိပ်မပျော်သေးတဲ့အချိန်ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။
ကောင်းကောင်းအိပ်ပျော်တဲ့အချိန်နဲ့အကောင်းဆုံးအနားရတဲ့အချိန်က ည (၁၀) နာရီနဲ့ မနက် (၂) နာရီအတွင်းမှာ ဖြစ်ပါတယ်။ ဒါကတော့ ကောင်းကောင်းအနားရချင်ရင် စောစောအိပ်ရာဝင်ရမယ်ဆိုတာပါပဲ။
ပိုပြီးသန်မာလာမယ်
လူတွေအိပ်နေချိန်မှာ ခန္ဓာကိုယ်က ကြီးထွားဟော်မုန်းတွေထုတ်ပေးတာ ဟော်မုန်းတွေ ပြုပြင်ပေးတာ စသဖြင့် သူ့ဘာသာသူ ကုသပေးလေ့ရှိပါတယ်။
ဒီလုပ်ဆောင်ချက်တွေက နောက်နေ့အတွက် အသင့်ဖြစ်နေဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အားကစားသမားတွေအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။
စိတ်ဖိစီးမှု လျော့ကျလာမယ်
အိပ်ချိန်ပြည့်ဝစွာမရရှိခြင်းက Cortisol ဟော်မုန်းပမာဏကို တိုးပွားလာစေပြီး စိတ်ဖိစီးမှုကို ဖြစ်ပေါ်လာစေပါတယ်။ cortisol ဟော်မုန်းအရမ်းများတာက သင့်ကို စိုးရိမ်ပူပန်မှုတွေခံစားရစေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါပေမယ့် ညဘက်စောစောအိပ်ရာဝင်ပြီး အိပ်ချိန်ပြည့်ဝပါက cortisol ဟော်မုန်းပမာဏ လျှော့ကျစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်လာနိုင်မယ်
သတ်မှတ်ထားတဲ့အချိန်မှာ ကောင်းကောင်းအိပ်စက်တဲ့သူတွေက ဘဝမှာ ပိုပြီးပျော်ရွှင်ကြရတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။
ကျွန်တော်တို့တွေ အိပ်ချိန်လုံလုံလောက်လောက်မရရင် စိတ်က မတည်မငြိမ်ဖြစ်လာပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ စောစောအိပ်စက်မယ်ဆိုရင် စောစောထဖို့လည်း လိုပါတယ်။
Credit Kwee