အခ်စ္နွင့္ဘဝ

ခ်စ္သူေကာင္ေလးဆီကေန မိန္းကေလးေတြ တကယ္အလိုခ်င္တဲ့ အရာမ်ား

ခ်စ္သူေကာင္ေလးဆီကေန တကယ္အလိုခ်င္တဲ့ အရာမ်ား

ဒီေန႔ ေျပာျပေပးခ်င္တာက ခ်စ္သူ ေကာင္မေလးက ေကာင္ေလးဆီကေန ဘာေတြ တကယ္လုိခ်င္တာလဲဆုိတဲ့ကိစၥပါဘဲ။

ဒါကို ရည္းစားရွိတဲ့ ေကာင္မေလးေတြ အၾကြင္းမယ့္ လက္ခံမယ္လုိ႔လည္း ယုံၾကည္ပါတယ္။ ေကာင္ေလးေတြ ဘက္က လည္း သိရွိနားလည္လိမ့္မယ္လုိ႔ ယုံပါတယ္။ ဒီနည္းနဲ႔ ေပ်ာ္ရႊင္တဲ့အခ်စ္ကမာၻေလးေတြ တုိးပြားလာေစဖုိ႔ ရည္ရြယ္ပါတယ္။

စိတ္ႏွစ္ကုိယ္ႏွစ္ အခ်စ္စစ္

အမ်ိဳးသမီးေတြ တမ္းတတဲ့ အခ်စ္ကေတာ့ သူ႕ကိုလည္း ကိုယ္က တကယ္ခ်စ္တယ္၊ သူကလည္း ကိုယ့္ကုိ တကယ္ ခ်စ္တယ္။ အဲဒီလုိ ႏွစ္ႏွစ္ကာကာ အခ်စ္မ်ိဳးကိုသာ လုိခ်င္ၾကပါတယ္။ အေပ်ာ္ရွာတာလား၊ ေနာက္တစ္ေယာက္နဲ႔ ေဖာက္ ျပန္ေနသလားဆုိတာ အမ်ိဳးသမီးေတြ အၿမဲစိတ္ပူေနရတဲ့ အရာပါဘဲ။

အံ့ၾသ၀မ္းသာေစမယ့္ လက္ေဆာင္

ထင္မွတ္မထားတဲ့ အခ်ိန္မ်ိဳးမွာ လက္ေဆာင္ပစၥည္းတစ္ခုခု ေပးတာမ်ိဳးကို အမ်ိဳးသမီးေတြ ေမွ်ာ္လင့္ၾကပါတယ္။ ေငြေၾကးအရ တန္ဖုိးရွိျခင္း မရွိျခင္းဆုိတာထက္ သူတုိ႔စိတ္ထဲက တန္ဖုိးထားမႈအေပၚမွာသာ မူတည္ပါတယ္။ ဒီေတာ့ အမ်ိဳးသားေတြ လက္ေဆာင္ေပးဖုိ႔ ျပင္ထားပါ။

ဟာသနဲ႔ တင္ဆက္ျခင္း

ဟာသဉာဏ္ရွိတဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆုိင္ထားရတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အၿမဲေပ်ာ္ရႊင္ရပါတယ္။ သူက ၀မ္းနည္းစရာ ေတြ သူမအတြက္ ဘယ္ေတာ့မွ ဖန္တီးမွာ မဟုတ္သလုိ၊ ၀မ္းနည္းမႈေတြ တစ္ဖက္က ၀င္လာတယ္ဆုိရင္ေတာင္ သူရဲ႕ ဟာသအျမင္နဲ႔ သူမကို ေျပေပ်ာက္ေစမွာပါ။

အမွန္တကယ္ ဂ႐ုစုိက္မႈ

ခ်စ္သူႏွစ္ေယာက္ၾကားမွာ အေရးတႀကီးအလိုအပ္ဆုံးကေတာ့ တကယ္ ၾကင္ၾကင္နာနာ ဂ႐ုစိုက္မႈပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕က ဦးစားမေပးသင့္တာေတြ ဦးစားေပးရင္း ခ်စ္သူကုိ ေခ်ာင္ထုိးထားတတ္ၾကပါတယ္။ ဒီလုိျဖစ္ရပ္မ်ိဳးမွာ အမ်ိဳးသမီးေတြက ႐ိုက္တာထက္ နာၾကင္တတ္ပါတယ္။

အျပဳသေဘာေဆာင္ျခင္း

မည္သူမဆုိ က်ိဳးေၾကာင္းဆင္ျခင္ႏုိင္တဲ့ ပညာဉာဏ္နဲ႔ျပည့္စုံရင္ အရာရာကို အမွန္အတုိင္း ဆင္ျခင္သုံးသပ္ၿပီး အျပဳသ ေဘာေဆာင္တဲ့ အျမင္မ်ိဳးကိုသာ ျမင္ေလ့ရွိပါတယ္။ အမ်ိဳးသားတစ္ေယာက္မွာလည္း အဲဒီလုိအျမင္မ်ိဳးလုိအပ္ၿပီး၊ အရာရာတုိင္း အမ်ိဳးသမီးတစ္ေယာက္နဲ႔အၿပိဳင္ စိတ္လုိက္ေကာက္ေနတဲ့သူမ်ိဳးက်ေတာ့ ကီးသိပ္မကိုက္ပါဘူး။

ေဖးမ၀န္းရံျခင္း

အမ်ိဳးသမီးေတြမွာ အေဖာ္အျဖစ္ အလုိအပ္ဆုံးအခ်ိန္က သူတုိ႔ က်႐ႈံးခ်ိန္၊ သူတုိ႔ တစ္စုံတစ္ရာကုိ ျပင္းျပင္းရွရွ ခံစားရခ်ိန္၊ နာၾကင္တဲ့အခ်ိန္၊ ပူေဆြးတဲ့အခ်ိန္၊ ငုိေၾကြးတဲ့အခ်ိန္ပါဘဲ။ ဒီလုိအခ်ိန္မ်ိဳးမွာ သူမအနားကို သူ႕ကို အရွိေစခ်င္ဆုံးဆုိတာ ျငင္းႏုိင္မွာ မဟုတ္ပါဘူး။

က်ားကုတ္က်ားခဲ ႀကိဳးစားမႈ

ဘယ္ေကာင္မေလးပဲျဖစ္ျဖစ္ ကိုယ့္ကို ပုိးပန္းတဲ့အမ်ိဳးသားကို သူမရဲ႕အခ်စ္ကိုရဖုိ႔ ဘယ္ေလာက္ ခက္ခက္ခဲခဲ ႀကိဳးစားသလဲ ဆုိတာ ျမင္ခ်င္ၾကပါတယ္။ တစ္ခ်ိဳ႕က မိဘေတြ အိပ္ေနခ်ိန္မွာ ၀ရံတာက ေက်ာ္တက္ၿပီး ပန္းစည္းလက္ေဆာင္ေပးတာမ်ိဳး ရွိသလုိ၊ တစ္ခ်ိဳ႕ကက်ေတာ့ မ်က္ႏွာခ်င္းဆုိင္အိမ္က ေကာင္မေလးကိုေတာင္ ျပဴတင္းေပါက္ဖြင့္ၿပီး ေငးျပတတ္တဲ့ အက်င့္မရွိၾကပါဘူး။

Myanmar Wedding Guide

Unicode,

ချစ်သူကောင်လေးဆီကနေ မိန်းကလေးတွေ တကယ်အလိုချင်တဲ့ အရာများ

ချစ်သူကောင်လေးဆီကနေ တကယ်အလိုချင်တဲ့ အရာများ

ဒီနေ့ ပြောပြပေးချင်တာက ချစ်သူ ကောင်မလေးက ကောင်လေးဆီကနေ ဘာတွေ တကယ်လိုချင်တာလဲဆိုတဲ့ကိစ္စပါဘဲ။

ဒါကို ရည်းစားရှိတဲ့ ကောင်မလေးတွေ အကြွင်းမယ့် လက်ခံမယ်လို့လည်း ယုံကြည်ပါတယ်။ ကောင်လေးတွေ ဘက်က လည်း သိရှိနားလည်လိမ့်မယ်လို့ ယုံပါတယ်။ ဒီနည်းနဲ့ ပျော်ရွှင်တဲ့အချစ်ကမ္ဘာလေးတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပါတယ်။

စိတ်နှစ်ကိုယ်နှစ် အချစ်စစ်

အမျိုးသမီးတွေ တမ်းတတဲ့ အချစ်ကတော့ သူ့ကိုလည်း ကိုယ်က တကယ်ချစ်တယ်၊ သူကလည်း ကိုယ့်ကို တကယ် ချစ်တယ်။ အဲဒီလို နှစ်နှစ်ကာကာ အချစ်မျိုးကိုသာ လိုချင်ကြပါတယ်။ အပျော်ရှာတာလား၊ နောက်တစ်ယောက်နဲ့ ဖောက် ပြန်နေသလားဆိုတာ အမျိုးသမီးတွေ အမြဲစိတ်ပူနေရတဲ့ အရာပါဘဲ။

အံ့သြဝမ်းသာစေမယ့် လက်ဆောင်

ထင်မှတ်မထားတဲ့ အချိန်မျိုးမှာ လက်ဆောင်ပစ္စည်းတစ်ခုခု ပေးတာမျိုးကို အမျိုးသမီးတွေ မျှော်လင့်ကြပါတယ်။ ငွေကြေးအရ တန်ဖိုးရှိခြင်း မရှိခြင်းဆိုတာထက် သူတို့စိတ်ထဲက တန်ဖိုးထားမှုအပေါ်မှာသာ မူတည်ပါတယ်။ ဒီတော့ အမျိုးသားတွေ လက်ဆောင်ပေးဖို့ ပြင်ထားပါ။

ဟာသနဲ့ တင်ဆက်ခြင်း

ဟာသဉာဏ်ရှိတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားရတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမြဲပျော်ရွှင်ရပါတယ်။ သူက ဝမ်းနည်းစရာ တွေ သူမအတွက် ဘယ်တော့မှ ဖန်တီးမှာ မဟုတ်သလို၊ ဝမ်းနည်းမှုတွေ တစ်ဖက်က ဝင်လာတယ်ဆိုရင်တောင် သူရဲ့ ဟာသအမြင်နဲ့ သူမကို ပြေပျောက်စေမှာပါ။

အမှန်တကယ် ဂရုစိုက်မှု

ချစ်သူနှစ်ယောက်ကြားမှာ အရေးတကြီးအလိုအပ်ဆုံးကတော့ တကယ် ကြင်ကြင်နာနာ ဂရုစိုက်မှုပဲ ဖြစ်ပါတယ်။ တစ်ချို့က ဦးစားမပေးသင့်တာတွေ ဦးစားပေးရင်း ချစ်သူကို ချောင်ထိုးထားတတ်ကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးမှာ အမျိုးသမီးတွေက ရိုက်တာထက် နာကြင်တတ်ပါတယ်။

အပြုသဘောဆောင်ခြင်း

မည်သူမဆို ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံရင် အရာရာကို အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပြီး အပြုသ ဘောဆောင်တဲ့ အမြင်မျိုးကိုသာ မြင်လေ့ရှိပါတယ်။ အမျိုးသားတစ်ယောက်မှာလည်း အဲဒီလိုအမြင်မျိုးလိုအပ်ပြီး၊ အရာရာတိုင်း အမျိုးသမီးတစ်ယောက်နဲ့အပြိုင် စိတ်လိုက်ကောက်နေတဲ့သူမျိုးကျတော့ ကီးသိပ်မကိုက်ပါဘူး။

ဖေးမဝန်းရံခြင်း

အမျိုးသမီးတွေမှာ အဖော်အဖြစ် အလိုအပ်ဆုံးအချိန်က သူတို့ ကျရှုံးချိန်၊ သူတို့ တစ်စုံတစ်ရာကို ပြင်းပြင်းရှရှ ခံစားရချိန်၊ နာကြင်တဲ့အချိန်၊ ပူဆွေးတဲ့အချိန်၊ ငိုကြွေးတဲ့အချိန်ပါဘဲ။ ဒီလိုအချိန်မျိုးမှာ သူမအနားကို သူ့ကို အရှိစေချင်ဆုံးဆိုတာ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

ကျားကုတ်ကျားခဲ ကြိုးစားမှု

ဘယ်ကောင်မလေးပဲဖြစ်ဖြစ် ကိုယ့်ကို ပိုးပန်းတဲ့အမျိုးသားကို သူမရဲ့အချစ်ကိုရဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားသလဲ ဆိုတာ မြင်ချင်ကြပါတယ်။ တစ်ချို့က မိဘတွေ အိပ်နေချိန်မှာ ဝရံတာက ကျော်တက်ပြီး ပန်းစည်းလက်ဆောင်ပေးတာမျိုး ရှိသလို၊ တစ်ချို့ကကျတော့ မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုတောင် ပြူတင်းပေါက်ဖွင့်ပြီး ငေးပြတတ်တဲ့ အကျင့်မရှိကြပါဘူး။

Myanmar Wedding Guide