အေထြအေထြဗဟုသုတ

ကိုယ့္ကိုယ္ကို အပ်ိဳေဖာ္ဝင္ၿပီလို႔ ထင္လိုက္ၿပီလား…?ဒါဆုိရင္ ဒီစာေလးဖတ္ပါ

ကိုယ့္ကိုယ္ကို အပ်ိဳေဖာ္ဝင္ၿပီလို႔ ထင္လိုက္ၿပီလား…?

ပ်ိဳေမတို႔ဟာ မိုးလင္းလို႔ အိပ္ရာကထလိုက္တာနဲ႔ အိပ္ရာခင္းေပၚမွာ ဘာေတြ႕မလဲ၊လုံခ်ည္မွာ ဘာေတြ႕မလဲလို႔ စိုးရိမ္စိတ္နဲ႔ ရင္ေတြဖိုရတာရယ္၊ မွန္ထဲ ၾကည့္လိုက္ခ်ိန္မွာ

ငါ့ကိုယ္ခႏၶာ ဘယ္ေလာက္မ်ားဖြံ႕ထြားၿပီး စြင့္ကားလာၿပီလဲလို႔ သုံးသပ္ရတာရယ္ ျဖစ္လာၿပီဆိုရင္ထင္တဲ့အတိုင္း အပ်ိဳ႐ိုင္းစိတ္ေတြ ဝင္လာၿပီလို႔သာ မွတ္လိုက္ေတာ့။

စိတ္ကူးေတြ ယဥ္ခ်င္လာတာကေန ေက်ာင္းေရာက္ရင္ ငါ့ကိုၾကည့္သူေတြ ရွိရဲ႕လား၊သတိထားသူေတြ ရွိပါ့မလားလို႔ စိတ္ကစားတာ၊ အ႐ြယ္တူေယာ က္်ားေလးေတြ ရဲ႕ ဂ႐ုစိုက္ၾကည့္တာမ်ားခံလိုက္ရရင္

ရင္ထဲမွာ သိမ့္သိမ့္ တုန္ေလာက္ေအာင္ ျဖစ္သြားတာေတြဟာလည္း ငါဘာလဲ ဆိုတာ ေၾကညာလိုက္သလို ျဖစ္သြားပါ ေတာ့တယ္။

ဒီအခ်ိန္ အ႐ြယ္ေတြမွာ မိဘေတြအတြက္ေတာ့ အေတာ္ေလး ေသာကပြားရေတာ့မယ္လို႔သာ မွတ္လိုက္ေတာ့။

ကိုယ္က မိဘအ႐ြယ္ ေရာက္လာၿပီ၊ ကိုယ္လည္း တစ္ခ်ိန္တုန္းက ရင္ခုန္မႈေတြ ခံစားခဲ့ရေပမယ့္ကိုယ့္ သမီးေလးကိုေတာ့ နားလည္ႏိုင္ေအာင္ အေတာ္ေလးႀကိဳးစား ေပးရဦးမွာပါ။

အပ်ိဳေဖာ္ဝင္လာရင္ ကိုယ္ခႏၶာ အ႐ြယ္အခ်ိဳးအစား အမ်ိဳးမ်ိဳးေျပာင္းလဲ လာပါေတာ့တယ္။

စိတ္မသက္မသာ ျဖစ္ျခင္း၊ တုန္လႈပ္ေခ်ာက္ခ်ားျခင္းေတြျဖစ္လာတယ္။ ဒါဟာ မဟိုမုန္းေတြေျပာင္းလဲ လာတာေၾကာင့္ ျဖစ္ပါ တယ္။

စိတ္ထဲမွာ မအီမသာနဲ႔ အလိုမက် ျဖစ္ေနတာကို မိဘေတြကလည္း နားလည္ေပးမယ္…

ဒီလိုျဖစ္တတ္ေၾကာင္းကို အသိလည္း ေပးထားႏိုင္ေလာက္ေအာင္ မိဘေတြမွာ ဗဟုသုတရွိရင္ ေကာင္းပါတယ္။

အပ်ိဳေဖာ္ဝင္စ အ႐ြယ္ဆိုတာ ၁၃ ႏွစ္ကေန စပါတယ္။ ဒီအခ်ိန္မွာ ပ်ိဳေမတို႔ ကိုယ္အေလးခ်ိန္ တက္လာမယ္။

ျပားခ်ပ္ခ်ပ္ ခါးမတ္မတ္ကေန၊ အေကာက္ အေကြ႕ အမို႔အေမာက္ေတြနဲ႔ ျဖစ္လာေတာ့မယ္။

ပခုန္းေတြ က်ယ္လာ၊ တင္ပါးေတြ ေမာက္လာ၊ ရင္သားေတြတင္းလာတာကေတာ့ အထင္ရွားဆုံး လကၡဏာေတြပါ။

လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၃ ႏွစ္ကထက္ ဖြံ႕ၿဖိဳးမႈဟာ တစ္ဟုန္ထိုး ျဖစ္ေလာက္ေအာင္ သိသာတယ္လို႔ ဆိုႏိုင္တယ္။

အရပ္အေမာင္းေတြျမင့္လာတယ္။ ရင္သားေတြ အခံရခက္ေလာက္ေအာင္ ေရာင္ကိုင္းလာတာမ်ိဳးေတြ ျဖစ္လာ လိမ့္မယ္။

မၾကာမီ ႀကီးထြားလာေတာ့မယ့္ နိမိတ္ေတြေပါ့။ တစ္ခါတစ္ေလ ရင္သားတစ္ဖက္က အျခား တစ္ဖက္ထက္ပိုၿပီးႀကီးထြားလာတာမ်ိဳးလည္း ႀကဳံရႏိုင္တယ္။ ဒါကိုလည္း စိုးရိမ္ေသာကျဖစ္စရာ မလိုဘူး၊

ေနာက္ေတာ့ ေျပလည္သြားလိမ့္မယ္။မိန္းကေလးေတြဟာ ၁၀ ႏွစ္ေက်ာ္ လာတာနဲ႔ ဖြံ႕ၿဖိဳးမႈႏႈန္းဟာျမင့္လာတယ္။

ဒါကိုလူႀကီးေတြက အခ်ိဳးမက် ခြတီးခြတ အေနနဲ႔ မ်က္စိထဲမွာ ျမင္တတ္ၾကတယ္။ ဖြံ႕ၿဖိဳးမႈေနာက္မွာစိတ္အလိုမက်မႈေတြ၊ စိတ္႐ႈပ္ေထြး ေနမႈေတြလည္းျဖစ္ေနတတ္ေသးတယ္။

အပ်ိဳေဖာ္ဝင္ လိုက္တာနဲ႔အျခားသြင္ျပင္လကၡဏာေတြျဖစ္တဲ့ ခ်ိဳင္းေမြး၊ ေျခသလုံးေမြး၊ လက္ေမာင္း လက္ဖ်ံေတြမွာပါ အေမြးႏုေလးေတြ ထြက္လာတာနဲ႔ ရင္ဆိုင္ရလိမ့္မယ္။

ဒါဆိုရင္ အပ်ိဳေလးဘ၀ နဂိုေသြးႂကြဖို႔ အခ်ိန္ေရာက္ၿပီလို႔ အခ်က္ေပးလိုက္တာပါ။ မိဘေတြအေနနဲ႔ဒီအခ်ိန္မ်ိဳး မွာ ေျဖသိမ့္ေပးျခင္း၊ နားလည္ေအာင္ႀကိဳးစားေပးျခင္းဟာ အေတာ္ေလး အေရးႀကီးတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။

ရင္သားေတြစၿပီး ဖြံ႕ၿဖိဳးလာတဲ့အခ်ိန္ကစၿပီး တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း ရာသီေသြးေတြ ဆင္းလာေတာ့မယ္။

အေမလုပ္သူေတြအတြက္ ဘယ္လိုအေၾကာင္း ေၾကာင့္ ရာသီေသြးဆင္းရတယ္၊ ဘယ္လိုအကာအကြယ္ ျပဳရမယ္ဆိုတာလက္ဦး ဆရာတစ္ေယာက္ပမာ သြန္သင္ျပသရပါေတာ့မယ္။

အလြယ္ဆုံးနဲ႔အ႐ိုးဆုံး၊ ေၾကာက္စရာ မေကာင္းေအာင္ရွင္းျပနည္းကိုသာ က်င့္သုံးသင့္တယ္။ ရာသီေသြး ဆင္းတယ္ဆိုတာ ခႏၶာကိုယ္က မလိုအပ္တဲ့အရာ တစ္ခုကို စြန္႔ထုတ္လိုက္ျခင္းသာျဖစ္တယ္။

ကိုယ္ထဲမွာရွိတဲ့ သားအိမ္က အမ်ိဳးသမီးေတြရဲ႕ ဓမၼတာ သားသမီးရႏိုင္ေအာင္ ေသြးသစ္ေလာင္းၿပီးေသြးေဟာင္းစြန္႔ထုတ္တဲ့ စနစ္ကို သဘာ၀ အတိုင္းျပဳလုပ္ရတယ္။

သားအိမ္ကေနၿပီး မမ်ိဳးဥကိုထုတ္လႊတ္လိုက္ခ်ိန္မွာ သားအိမ္ႁပြန္ ကေနက်လာၿပီး ႀကီးထြားလာတတ္တယ္။

ဒီလိုအစဥ္မျပတ္က်လာတဲ့ မ်ိဳးဥေတြဟာ မေအာင္ျမင္မႈေတြ မ်ားလာရင္ သားအိမ္ထဲမွာ မလိုအပ္ေတာ့တာေၾကာင့္ေသြးေတြနဲ႔ေပါင္းစပ္ၿပီး ဆင္းလာရတယ္။

ဒါကို ရာသီလာတယ္လို႔ေခၚတယ္။ ၅ ရက္ကေန ၇ ရက္ခန္႔အထိ ၾကာတတ္တယ္။

ရာသီဆင္းၿပီး ႏွစ္ပတ္ေလာက္ ၾကာရင္ မ်ိဳးဥအသစ္ေတြကိုထပ္ထုတ္ၿပီး ဒီလိုပဲ သံသရာျပန္လည္ေနလိမ့္မယ္။

အမ်ိဳးသမီးျဖစ္ရတဲ့ ဘ၀မွာ သဘာ၀တရားက မိခင္ေလာင္းအျဖစ္ ဖန္တီးေပးထားတာေၾကာင့္ ဒီအျဖစ္မ်ိဳးကိုမလြဲမေသြ ခံစားရလိမ့္မယ္ ဆိုတာကို မိဘကလည္းသိ၊ သားသမီးကိုလည္းသိေစရင္ ျပႆနာမျဖစ္ေစႏိုင္ပါဘူး။

ရာသီေသြးဆင္းခ်ိန္မွာ ကိုယ့္သမီးအတြက္ အတြင္းခံအပို၊ အမ်ိဳးသမီးလစဥ္ သုံးပစၥည္း၊တစ္သၽွဴး အပိုေတြက အစ ေဆာင္သြားတတ္၊ သုံးတတ္ေအာင္ မိခင္ေတြက အဆင့္ဆင့္ လက္ဆင့္ကမ္းေပး ႏိုင္ရပါလိမ့္မယ္။

စနစ္က်က်၊ နည္းလမ္းက်က်နဲ႔ ျဖစ္ႏိုင္တာေတြကိုလည္းရွင္းျပ ေျပာျပရင္ ရာသီစလာခ်ိန္နဲ႔ႀကဳံလိုက္ရတဲ့အပ်ိဳေဖာ္ဝင္စ သမီးေလးေတြမွာ စိတ္ဆင္းရဲျခင္း၊ စိတ္ဒုကၡေရာက္ျခင္းေဘးက ကင္းေဝးႏိုင္ပါလိမ့္မယ္။

တစ္ကိုယ္ေရ သန္႔ရွင္းေရး၊ အသုံးျပဳစဥ္ သန္႔ရွင္းေရးေတြကိုပါ စိတ္ရွည္လက္ရွည္ သုံးျပ လမ္းၫႊန္ျပ ႏိုင္မယ္ ဆိုရင္ ပိုေကာင္းပါတယ္။

ခႏၶာကိုယ္မွာရွိတဲ့ ဟိုမုန္းဓာတ္ေတြရဲ႕ တြန္းထိုးေဆာင့္ဆြဲတာကို ခံေနရတဲ့ ပ်ိဳေမေလးေတြအဖို႔ ရင္သားနဲ႔ဝမ္းဗိုက္ေနရာေတြမွာ အထိမခံႏိုင္ေလာက္ေအာင္ ျဖစ္လာတတ္တယ္။

စိတ္ကသိကေအာက္နဲ႔ အျပင္ မထြက္ခ်င္၊ေက်ာင္းမသြားခ်င္ ျဖစ္လာတတ္တယ္။ လူ၀လာတာထက္၊ ဝက္ၿခံေတြထြက္လာတာကို ပိုၿပီး စိတ္ဆင္းရဲတတ္တယ္။

စိတ္လႈပ္ရွားလြန္းတာေၾကာင့္ရယ္၊ ဟိုမုန္းအေျပာင္းအလဲမွာ ခံစားလာရတာျဖစ္လို႔ စိုးရိမ္စရာေတာ့ မလိုပါဘူး။

သိပ္ၿပီး ဝက္ၿခံေတြထြက္တာ မ်ားလြန္းရင္ေတာ့ ဆရာဝန္ထံသြားၿပီး ျပသကုသ ေပးသင့္တယ္။

ရာသီလာစဥ္မွာ ကိုက္ခဲမႈကို ခံစားရရင္ေတာ့ ပါရာစီတေမာ ေဆးေလာက္ ေသာက္တာ ျပႆနာကင္းတယ္လို႔ ဆိုပါတယ္။

ဗီတာမင္ B6 ဓာတ္ပါတဲ့ အစားအစာေတြစားမယ္၊ ေလ့က်င့္ခန္း လုပ္မယ္၊ ေရေႏြးနဲ႔ ေရခ်ိဳးမယ္ ဆိုရင္လည္း

ေပ်ာက္ကင္းေစႏိုင္တယ္လို႔ ဆိုပါတယ္။ ေရေႏြးပုလင္းကို ဝမ္းဗိုက္ေပၚမွာ တင္ထားရင္လည္း သက္သာတယ္လို႔ ေျပာၾကတယ္။

ေဖ်ာ္ရည္တစ္မ်ိဳးမ်ိဳးကို ပူပူေႏြးေႏြးေလးျဖစ္ေအာင္လုပ္ၿပီး ေသာက္လိုက္ရင္ လည္းေပ်ာက္ႏိုင္တယ္။

နားလည္ တတ္ကၽြမ္းတဲ့ ဆရာဝန္ေတြရဲ႕ အႀကံကိုယူတာေတာ့ အေကာင္းဆုံးပဲ ဆိုတာ မေမ့ပါနဲ႔။

ဝက္ၿခံေပ်ာက္ေအာင္ လုပ္ဖို႔ကေတာ့ နည္းနည္းခက္တယ္။ သက္သာေအာင္ လုပ္ႏိုင္တဲ့နည္းေတြေတာ့ အမ်ားႀကီးရွိ ပါတယ္။

မ်က္ႏွာကို သန္႔စင္ေအာင္ေဆးေၾကာတာကေတာ့ အဓိကက်ပါတယ္။ မ်က္ႏွာေပၚမွာ အဆီနဲ႔ပိုးမႊားေတြကင္းရင္ ေပ်ာက္ကင္းဖို႔လမ္းမ်ားတယ္။

ဝက္ၿခံကို မၫွစ္ဖို႔လိုတယ္။ အနာျဖစ္ၿပီး အမာ႐ြတ္ က်န္သြားရင္ ပိုၿပီး႐ုပ္ဆိုးေစႏိုင္တယ္။ ေရမ်ားမ်ားေသာက္မယ္။

အသီးအႏွံမ်ား မ်ားစားမယ္။ ငါးပိ၊ ငါးေျခာက္ စတဲ့ အငန္ဓာတ္မ်ားတဲ့ အစားအစာေတြကို အဓိကေရွာင္မယ္။

မ်က္ႏွာေလးကို အၿမဲတမ္းစိုေနေအာင္ ဂ႐ုစိုက္ ထားမယ္ဆိုရင္ ဝက္ၿခံေပ်ာက္သြားႏိုင္ပါလိမ့္မယ္။

ခႏၶာကိုယ္ အေျပာင္းအလဲေတြမ်ားလာရင္ ဆယ္ေက်ာ္သက္ေတြ ကိုယ့္ကိုယ္ကို သိပ္ၿပီးသတိထား လာတတ္ၾကတယ္။

တီဗြီေတြ၊ မဂၢဇင္းေတြက႐ုပ္ပုံေတြ ဓာတ္ပုံေတြကို စိတ္ဝင္စားလာၾကတယ္။

က်န္းမာ ၀ၿဖိဳးတဲ့ ခႏၶာကိုယ္အခ်ိဳးအစားထက္ေမာ္ဒယ္ေတြလို သြားၾကားထိုးတံ လမ္းေလၽွာက္လာသလို ပိန္ကပ္ကပ္ ပုံစံေတြကို မ်က္စိက်လာၿပီး ….

အစားေလၽွာ႔ေတာ့မယ္လို႔ ေျပာမလာေအာင္ မိဘေတြက က်န္းမာေရး ႐ႈေထာင့္က ေနၿပီး မေကာင္းတဲ့အခ်က္ေတြကို ရွင္းျပရလိမ့္မယ္။

ဖြံ႕ၿဖိဳးစအ႐ြယ္မွာ ဖြံ႕ၿဖိဳးေစဖို႔ပဲလိုတယ္။ ထိန္းခ်ဳပ္မႈေတြကို မလိုအပ္ဘဲ သြားလုပ္လိုက္ရင္ ေဘးေတြ႕ေစႏိုင္ပါတယ္။

မိဘေတြ ေသာကအမ်ားရဆုံးကေတာ့ (…)မႈကိစၥျဖစ္ပါတယ္။အပ်ိဳေဖာ္ ဝင္လာတာနဲ႔ ဆန္႔က်င္ဖက္(…..)ကို စိတ္ဝင္စားလာပါလိမ့္မယ္။

မိန္းကေလးေတြ အေနနဲ႔ စိတ္လႈပ္ရွားလာလြန္းတာေၾကာင့္ ေလတိုက္လို႔ သစ္႐ြက္ လႈပ္တာၾကည့္ၿပီးေတာ့ေတာင္ငိုခ်င္ငိုေနတတ္တဲ့အခ်ိန္ ျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အပ်ိဳေဖာ္ဝင္စစိတ္ဟာ သိပ္ထင္ရွားပါတယ္။ ခ်စ္ခ်င္တယ္၊ အခ်စ္ခံခ်င္တယ္…

မနာလိုစိတ္၊ ဝန္တိုစိတ္ေတြ ပထမဦးဆုံး အေနနဲ႔ ေပၚလာတတ္တယ္။ မသိမႈနယ္ပယ္ထဲကို တိုးဝင္ခ်င္တဲ့ ဆႏၵေတြ လြန္ကဲလာတတ္တယ္။

ကိုယ္ဝန္ေဆာင္ျခင္း၊ သေႏၶတားျခင္း၊ ဆက္ဆံျခင္းေတြအေပၚ စိတ္ဝင္စားလာတတ္သလို စမ္းသပ္ခ်င္တဲ့ ဆႏၵေတြလည္း ျဖစ္ေပၚလာတတ္တယ္။

အေကာင္းအဆိုး မေဝခြဲႏိုင္ခ်ိန္ ျဖစ္လို႔ ထိန္းသိမ္းေပးႏိုင္ဖို႔ သိပ္အေရးႀကီးတဲ့ အ႐ြယ္ေပါ့။

ဆက္ဆံလို႔ျဖစ္လာႏိုင္တဲ့ ေရာဂါေတြ၊ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို သူတို႔ဘာမွ သေဘာမေပါက္ေသးတာေၾကာင့္ လူႀကီးေတြက ရွင္းျပႏိုင္ဖို႔ သိပ္အေရးႀကီးတယ္။

အတင္းအဓမၼ ထိန္းခ်ဳပ္ တာထက္၊ သေဘာေပါက္ေအာင္ ရွင္းျပႏိုင္ရမယ္။

မိတ္ေဆြသူငယ္ခ်င္း ဆိုတာဘာလဲ၊ ေယာက္်ားမိန္းမ အ႐ြယ္မေရာက္မီဆက္ဆံေရးဟာဘယ္ေလာက္အတိုင္း အတာအထိပဲ ျဖစ္သင့္သလဲ ဆိုတာေတြကို သြန္သင္ၫႊန္ျပေပးသင့္တယ္။

သူတို႔က မသိလို႔ေမးလာသမၽွ စိတ္ရွည္ရွည္ေျဖ ၾကားေပးႏိုင္ေအာင္ႀကိဳးစားလာရင္ ကိုယ့္ အေပၚကို ယုံၾကည္အားကိုးစိတ္နဲ႔ အၿမဲခ်ဥ္းကပ္ ေနလိမ့္မယ္။

မိဘေတြက အၿမဲေငါက္ငမ္းၿပီး ေဟာက္ထုတ္ေနရင္ေတာ့ ကိုယ္နဲ႔ေဝးေလ သူတို႔စိတ္ကို သိႏိုင္ဖို႔ ခက္ေလျဖစ္ေတာ့မယ္။

ေမတၱာတရား၊ အျပန္ေလးစား ခ်စ္ခင္မႈ၊ ေစတနာထား သြန္သင္ၫႊန္ျပေပးမႈေတြသာ အပ်ိဳေသြးႂကြေနတဲ့သမီးျဖစ္သူရဲ႕ဘ၀ကို ကိုယ့္ရဲ႕ဘ၀လို ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္မယ္လို႔ မွတ္ယူထားလိုက္ရေအာင္။

ေမာကၡပညာေရးမဂၢဇင္း

Unicode,

ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား…?ဒါဆိုရင် ဒီစာလေးဖတ်ပါ

ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား…?

ပျိုမေတို့ဟာ မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ အိပ်ရာခင်းပေါ်မှာ ဘာတွေ့မလဲ၊လုံချည်မှာ ဘာတွေ့မလဲလို့ စိုးရိမ်စိတ်နဲ့ ရင်တွေဖိုရတာရယ်၊ မှန်ထဲ ကြည့်လိုက်ချိန်မှာ

ငါ့ကိုယ်ခန္ဓာ ဘယ်လောက်များဖွံ့ထွားပြီး စွင့်ကားလာပြီလဲလို့ သုံးသပ်ရတာရယ် ဖြစ်လာပြီဆိုရင်ထင်တဲ့အတိုင်း အပျိုရိုင်းစိတ်တွေ ဝင်လာပြီလို့သာ မှတ်လိုက်တော့။

စိတ်ကူးတွေ ယဉ်ချင်လာတာကနေ ကျောင်းရောက်ရင် ငါ့ကိုကြည့်သူတွေ ရှိရဲ့လား၊သတိထားသူတွေ ရှိပါ့မလားလို့ စိတ်ကစားတာ၊ အရွယ်တူယော က်ျားလေးတွေ ရဲ့ ဂရုစိုက်ကြည့်တာများခံလိုက်ရရင်

ရင်ထဲမှာ သိမ့်သိမ့် တုန်လောက်အောင် ဖြစ်သွားတာတွေဟာလည်း ငါဘာလဲ ဆိုတာ ကြေညာလိုက်သလို ဖြစ်သွားပါ တော့တယ်။

ဒီအချိန် အရွယ်တွေမှာ မိဘတွေအတွက်တော့ အတော်လေး သောကပွားရတော့မယ်လို့သာ မှတ်လိုက်တော့။

ကိုယ်က မိဘအရွယ် ရောက်လာပြီ၊ ကိုယ်လည်း တစ်ချိန်တုန်းက ရင်ခုန်မှုတွေ ခံစားခဲ့ရပေမယ့်ကိုယ့် သမီးလေးကိုတော့ နားလည်နိုင်အောင် အတော်လေးကြိုးစား ပေးရဦးမှာပါ။

အပျိုဖော်ဝင်လာရင် ကိုယ်ခန္ဓာ အရွယ်အချိုးအစား အမျိုးမျိုးပြောင်းလဲ လာပါတော့တယ်။

စိတ်မသက်မသာ ဖြစ်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းတွေဖြစ်လာတယ်။ ဒါဟာ မဟိုမုန်းတွေပြောင်းလဲ လာတာကြောင့် ဖြစ်ပါ တယ်။

စိတ်ထဲမှာ မအီမသာနဲ့ အလိုမကျ ဖြစ်နေတာကို မိဘတွေကလည်း နားလည်ပေးမယ်…

ဒီလိုဖြစ်တတ်ကြောင်းကို အသိလည်း ပေးထားနိုင်လောက်အောင် မိဘတွေမှာ ဗဟုသုတရှိရင် ကောင်းပါတယ်။

အပျိုဖော်ဝင်စ အရွယ်ဆိုတာ ၁၃ နှစ်ကနေ စပါတယ်။ ဒီအချိန်မှာ ပျိုမေတို့ ကိုယ်အလေးချိန် တက်လာမယ်။

ပြားချပ်ချပ် ခါးမတ်မတ်ကနေ၊ အကောက် အကွေ့ အမို့အမောက်တွေနဲ့ ဖြစ်လာတော့မယ်။

ပခုန်းတွေ ကျယ်လာ၊ တင်ပါးတွေ မောက်လာ၊ ရင်သားတွေတင်းလာတာကတော့ အထင်ရှားဆုံး လက္ခဏာတွေပါ။

လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကထက် ဖွံ့ဖြိုးမှုဟာ တစ်ဟုန်ထိုး ဖြစ်လောက်အောင် သိသာတယ်လို့ ဆိုနိုင်တယ်။

အရပ်အမောင်းတွေမြင့်လာတယ်။ ရင်သားတွေ အခံရခက်လောက်အောင် ရောင်ကိုင်းလာတာမျိုးတွေ ဖြစ်လာ လိမ့်မယ်။

မကြာမီ ကြီးထွားလာတော့မယ့် နိမိတ်တွေပေါ့။ တစ်ခါတစ်လေ ရင်သားတစ်ဖက်က အခြား တစ်ဖက်ထက်ပိုပြီးကြီးထွားလာတာမျိုးလည်း ကြုံရနိုင်တယ်။ ဒါကိုလည်း စိုးရိမ်သောကဖြစ်စရာ မလိုဘူး၊

နောက်တော့ ပြေလည်သွားလိမ့်မယ်။မိန်းကလေးတွေဟာ ၁၀ နှစ်ကျော် လာတာနဲ့ ဖွံ့ဖြိုးမှုနှုန်းဟာမြင့်လာတယ်။

ဒါကိုလူကြီးတွေက အချိုးမကျ ခွတီးခွတ အနေနဲ့ မျက်စိထဲမှာ မြင်တတ်ကြတယ်။ ဖွံ့ဖြိုးမှုနောက်မှာစိတ်အလိုမကျမှုတွေ၊ စိတ်ရှုပ်ထွေး နေမှုတွေလည်းဖြစ်နေတတ်သေးတယ်။

အပျိုဖော်ဝင် လိုက်တာနဲ့အခြားသွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ချိုင်းမွေး၊ ခြေသလုံးမွေး၊ လက်မောင်း လက်ဖျံတွေမှာပါ အမွေးနုလေးတွေ ထွက်လာတာနဲ့ ရင်ဆိုင်ရလိမ့်မယ်။

ဒါဆိုရင် အပျိုလေးဘဝ နဂိုသွေးကြွဖို့ အချိန်ရောက်ပြီလို့ အချက်ပေးလိုက်တာပါ။ မိဘတွေအနေနဲ့ဒီအချိန်မျိုး မှာ ဖြေသိမ့်ပေးခြင်း၊ နားလည်အောင်ကြိုးစားပေးခြင်းဟာ အတော်လေး အရေးကြီးတဲ့ အချိန်လည်းဖြစ်ပါတယ်။

ရင်သားတွေစပြီး ဖွံ့ဖြိုးလာတဲ့အချိန်ကစပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း ရာသီသွေးတွေ ဆင်းလာတော့မယ်။

အမေလုပ်သူတွေအတွက် ဘယ်လိုအကြောင်း ကြောင့် ရာသီသွေးဆင်းရတယ်၊ ဘယ်လိုအကာအကွယ် ပြုရမယ်ဆိုတာလက်ဦး ဆရာတစ်ယောက်ပမာ သွန်သင်ပြသရပါတော့မယ်။

အလွယ်ဆုံးနဲ့အရိုးဆုံး၊ ကြောက်စရာ မကောင်းအောင်ရှင်းပြနည်းကိုသာ ကျင့်သုံးသင့်တယ်။ ရာသီသွေး ဆင်းတယ်ဆိုတာ ခန္ဓာကိုယ်က မလိုအပ်တဲ့အရာ တစ်ခုကို စွန့်ထုတ်လိုက်ခြင်းသာဖြစ်တယ်။

ကိုယ်ထဲမှာရှိတဲ့ သားအိမ်က အမျိုးသမီးတွေရဲ့ ဓမ္မတာ သားသမီးရနိုင်အောင် သွေးသစ်လောင်းပြီးသွေးဟောင်းစွန့်ထုတ်တဲ့ စနစ်ကို သဘာဝ အတိုင်းပြုလုပ်ရတယ်။

သားအိမ်ကနေပြီး မမျိုးဥကိုထုတ်လွှတ်လိုက်ချိန်မှာ သားအိမ်ပြွန် ကနေကျလာပြီး ကြီးထွားလာတတ်တယ်။

ဒီလိုအစဉ်မပြတ်ကျလာတဲ့ မျိုးဥတွေဟာ မအောင်မြင်မှုတွေ များလာရင် သားအိမ်ထဲမှာ မလိုအပ်တော့တာကြောင့်သွေးတွေနဲ့ပေါင်းစပ်ပြီး ဆင်းလာရတယ်။

ဒါကို ရာသီလာတယ်လို့ခေါ်တယ်။ ၅ ရက်ကနေ ၇ ရက်ခန့်အထိ ကြာတတ်တယ်။

ရာသီဆင်းပြီး နှစ်ပတ်လောက် ကြာရင် မျိုးဥအသစ်တွေကိုထပ်ထုတ်ပြီး ဒီလိုပဲ သံသရာပြန်လည်နေလိမ့်မယ်။

အမျိုးသမီးဖြစ်ရတဲ့ ဘဝမှာ သဘာဝတရားက မိခင်လောင်းအဖြစ် ဖန်တီးပေးထားတာကြောင့် ဒီအဖြစ်မျိုးကိုမလွဲမသွေ ခံစားရလိမ့်မယ် ဆိုတာကို မိဘကလည်းသိ၊ သားသမီးကိုလည်းသိစေရင် ပြဿနာမဖြစ်စေနိုင်ပါဘူး။

ရာသီသွေးဆင်းချိန်မှာ ကိုယ့်သမီးအတွက် အတွင်းခံအပို၊ အမျိုးသမီးလစဉ် သုံးပစ္စည်း၊တစ်သျှူး အပိုတွေက အစ ဆောင်သွားတတ်၊ သုံးတတ်အောင် မိခင်တွေက အဆင့်ဆင့် လက်ဆင့်ကမ်းပေး နိုင်ရပါလိမ့်မယ်။

စနစ်ကျကျ၊ နည်းလမ်းကျကျနဲ့ ဖြစ်နိုင်တာတွေကိုလည်းရှင်းပြ ပြောပြရင် ရာသီစလာချိန်နဲ့ကြုံလိုက်ရတဲ့အပျိုဖော်ဝင်စ သမီးလေးတွေမှာ စိတ်ဆင်းရဲခြင်း၊ စိတ်ဒုက္ခရောက်ခြင်းဘေးက ကင်းဝေးနိုင်ပါလိမ့်မယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အသုံးပြုစဉ် သန့်ရှင်းရေးတွေကိုပါ စိတ်ရှည်လက်ရှည် သုံးပြ လမ်းညွှန်ပြ နိုင်မယ် ဆိုရင် ပိုကောင်းပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ ဟိုမုန်းဓာတ်တွေရဲ့ တွန်းထိုးဆောင့်ဆွဲတာကို ခံနေရတဲ့ ပျိုမေလေးတွေအဖို့ ရင်သားနဲ့ဝမ်းဗိုက်နေရာတွေမှာ အထိမခံနိုင်လောက်အောင် ဖြစ်လာတတ်တယ်။

စိတ်ကသိကအောက်နဲ့ အပြင် မထွက်ချင်၊ကျောင်းမသွားချင် ဖြစ်လာတတ်တယ်။ လူဝလာတာထက်၊ ဝက်ခြံတွေထွက်လာတာကို ပိုပြီး စိတ်ဆင်းရဲတတ်တယ်။

စိတ်လှုပ်ရှားလွန်းတာကြောင့်ရယ်၊ ဟိုမုန်းအပြောင်းအလဲမှာ ခံစားလာရတာဖြစ်လို့ စိုးရိမ်စရာတော့ မလိုပါဘူး။

သိပ်ပြီး ဝက်ခြံတွေထွက်တာ များလွန်းရင်တော့ ဆရာဝန်ထံသွားပြီး ပြသကုသ ပေးသင့်တယ်။

ရာသီလာစဉ်မှာ ကိုက်ခဲမှုကို ခံစားရရင်တော့ ပါရာစီတမော ဆေးလောက် သောက်တာ ပြဿနာကင်းတယ်လို့ ဆိုပါတယ်။

ဗီတာမင် B6 ဓာတ်ပါတဲ့ အစားအစာတွေစားမယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ ရေနွေးနဲ့ ရေချိုးမယ် ဆိုရင်လည်း

ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ရေနွေးပုလင်းကို ဝမ်းဗိုက်ပေါ်မှာ တင်ထားရင်လည်း သက်သာတယ်လို့ ပြောကြတယ်။

ဖျော်ရည်တစ်မျိုးမျိုးကို ပူပူနွေးနွေးလေးဖြစ်အောင်လုပ်ပြီး သောက်လိုက်ရင် လည်းပျောက်နိုင်တယ်။

နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ အကြံကိုယူတာတော့ အကောင်းဆုံးပဲ ဆိုတာ မမေ့ပါနဲ့။

ဝက်ခြံပျောက်အောင် လုပ်ဖို့ကတော့ နည်းနည်းခက်တယ်။ သက်သာအောင် လုပ်နိုင်တဲ့နည်းတွေတော့ အများကြီးရှိ ပါတယ်။

မျက်နှာကို သန့်စင်အောင်ဆေးကြောတာကတော့ အဓိကကျပါတယ်။ မျက်နှာပေါ်မှာ အဆီနဲ့ပိုးမွှားတွေကင်းရင် ပျောက်ကင်းဖို့လမ်းများတယ်။

ဝက်ခြံကို မညှစ်ဖို့လိုတယ်။ အနာဖြစ်ပြီး အမာရွတ် ကျန်သွားရင် ပိုပြီးရုပ်ဆိုးစေနိုင်တယ်။ ရေများများသောက်မယ်။

အသီးအနှံများ များစားမယ်။ ငါးပိ၊ ငါးခြောက် စတဲ့ အငန်ဓာတ်များတဲ့ အစားအစာတွေကို အဓိကရှောင်မယ်။

မျက်နှာလေးကို အမြဲတမ်းစိုနေအောင် ဂရုစိုက် ထားမယ်ဆိုရင် ဝက်ခြံပျောက်သွားနိုင်ပါလိမ့်မယ်။

ခန္ဓာကိုယ် အပြောင်းအလဲတွေများလာရင် ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ်ကို သိပ်ပြီးသတိထား လာတတ်ကြတယ်။

တီဗွီတွေ၊ မဂ္ဂဇင်းတွေကရုပ်ပုံတွေ ဓာတ်ပုံတွေကို စိတ်ဝင်စားလာကြတယ်။

ကျန်းမာ ဝဖြိုးတဲ့ ခန္ဓာကိုယ်အချိုးအစားထက်မော်ဒယ်တွေလို သွားကြားထိုးတံ လမ်းလျှောက်လာသလို ပိန်ကပ်ကပ် ပုံစံတွေကို မျက်စိကျလာပြီး ….

အစားလျှော့တော့မယ်လို့ ပြောမလာအောင် မိဘတွေက ကျန်းမာရေး ရှုထောင့်က နေပြီး မကောင်းတဲ့အချက်တွေကို ရှင်းပြရလိမ့်မယ်။

ဖွံ့ဖြိုးစအရွယ်မှာ ဖွံ့ဖြိုးစေဖို့ပဲလိုတယ်။ ထိန်းချုပ်မှုတွေကို မလိုအပ်ဘဲ သွားလုပ်လိုက်ရင် ဘေးတွေ့စေနိုင်ပါတယ်။

မိဘတွေ သောကအများရဆုံးကတော့ (…)မှုကိစ္စဖြစ်ပါတယ်။အပျိုဖော် ဝင်လာတာနဲ့ ဆန့်ကျင်ဖက်(…..)ကို စိတ်ဝင်စားလာပါလိမ့်မယ်။

မိန်းကလေးတွေ အနေနဲ့ စိတ်လှုပ်ရှားလာလွန်းတာကြောင့် လေတိုက်လို့ သစ်ရွက် လှုပ်တာကြည့်ပြီးတော့တောင်ငိုချင်ငိုနေတတ်တဲ့အချိန် ဖြစ်ပါတယ်။

ဒီအချိန်မှာ အပျိုဖော်ဝင်စစိတ်ဟာ သိပ်ထင်ရှားပါတယ်။ ချစ်ချင်တယ်၊ အချစ်ခံချင်တယ်…

မနာလိုစိတ်၊ ဝန်တိုစိတ်တွေ ပထမဦးဆုံး အနေနဲ့ ပေါ်လာတတ်တယ်။ မသိမှုနယ်ပယ်ထဲကို တိုးဝင်ချင်တဲ့ ဆန္ဒတွေ လွန်ကဲလာတတ်တယ်။

ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတားခြင်း၊ ဆက်ဆံခြင်းတွေအပေါ် စိတ်ဝင်စားလာတတ်သလို စမ်းသပ်ချင်တဲ့ ဆန္ဒတွေလည်း ဖြစ်ပေါ်လာတတ်တယ်။

အကောင်းအဆိုး မဝေခွဲနိုင်ချိန် ဖြစ်လို့ ထိန်းသိမ်းပေးနိုင်ဖို့ သိပ်အရေးကြီးတဲ့ အရွယ်ပေါ့။

ဆက်ဆံလို့ဖြစ်လာနိုင်တဲ့ ရောဂါတွေ၊နောက်ဆက်တွဲဆိုးကျိုးတွေကို သူတို့ဘာမှ သဘောမပေါက်သေးတာကြောင့် လူကြီးတွေက ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးတယ်။

အတင်းအဓမ္မ ထိန်းချုပ် တာထက်၊ သဘောပေါက်အောင် ရှင်းပြနိုင်ရမယ်။

မိတ်ဆွေသူငယ်ချင်း ဆိုတာဘာလဲ၊ ယောက်ျားမိန်းမ အရွယ်မရောက်မီဆက်ဆံရေးဟာဘယ်လောက်အတိုင်း အတာအထိပဲ ဖြစ်သင့်သလဲ ဆိုတာတွေကို သွန်သင်ညွှန်ပြပေးသင့်တယ်။

သူတို့က မသိလို့မေးလာသမျှ စိတ်ရှည်ရှည်ဖြေ ကြားပေးနိုင်အောင်ကြိုးစားလာရင် ကိုယ့် အပေါ်ကို ယုံကြည်အားကိုးစိတ်နဲ့ အမြဲချဉ်းကပ် နေလိမ့်မယ်။

မိဘတွေက အမြဲငေါက်ငမ်းပြီး ဟောက်ထုတ်နေရင်တော့ ကိုယ်နဲ့ဝေးလေ သူတို့စိတ်ကို သိနိုင်ဖို့ ခက်လေဖြစ်တော့မယ်။

မေတ္တာတရား၊ အပြန်လေးစား ချစ်ခင်မှု၊ စေတနာထား သွန်သင်ညွှန်ပြပေးမှုတွေသာ အပျိုသွေးကြွနေတဲ့သမီးဖြစ်သူရဲ့ဘဝကို ကိုယ့်ရဲ့ဘဝလို ဖြစ်အောင် ပြုစုပျိုးထောင်နိုင်မယ်လို့ မှတ်ယူထားလိုက်ရအောင်။

မောက္ခပညာရေးမဂ္ဂဇင်း