ဟေတုပစ္စယော တစ်လုံးတည်းဖြင့့် ဘဝကူးကောင်းခဲ့သူ
မိုးညှင်းဆရာတော်ကြီးကျောင်းကို ဥပုသ်စောင့်လာတဲ့ အထဲက စာမတတ် ပေမတတ် ဆင်းရဲနွမ်းပါးတဲ့ အဖွားအိုကြီးတစ်ယောက်က ဆရာတော်ကြီးကို ပုတီးစိပ်သင်ပေးဖို့ လျှောက်ထားသတဲ့—
ဒီတော့ ဆရာတော်ကြီးက အဖွားကြီး စာကလည်း မတတ် ဉာဏ်ကလည်း ထိုင်းမယ့်ပုံဆိုတော့ ထွေထွေထူးထူး ပြောမနေတော့ဘူး “ဟေတုပစ္စယော စိပ်” လို့ မိန့်ကြားတော်မူလိုက်ပါသတဲ့
အဲဒီအခါ အဖွားကြီးအိုက အချိန်ရှိသမျှ “ဟေတုပစ္စယော ဟေတုပစ္စယော” လို့ ရွတ်နေတော့တာပါပဲ ဥပုသ်စောင့်သွားရင် ပုတီးကလေး တချောက်ချောက်နဲ့ “ဟေတုပစ္စယော ဟေတုပစ္စယော”
အိမ်မှာ ထမင်းချက်ရင်လည်း “ဟေတုပစ္စယော ဟေတုပစ္စယော” ဟင်းရွက်ခူးသွား ထင်းချိုးသွားလည်း ဒီဟေတုပစ္စယောပဲ ရွတ်နေတော့တာပါပဲတဲ့
ကြာတော့ အဖွားအိုကြီးဟာ သူ့နာမယ်အရင်း ပျောက်သွားပြီး “ဒေါ်ဟေတု” လို့ိတောင်မှ ခေါ်ကြပါသတဲ့ ခေါ်တာတော့ နောက်ပြောင်ပြီးတော့ ခေါ်တာပါ သူများတွေ ဝိပဿနာတရားတွေကို ရွတ်နေ ပြောနေကြတဲ့အချိန်မှာ
ဒီအဖွားအိုကြီးက “ဟေတုပစ္စယော” တစ်လုံးတည်း ရွတ်နေတော့ အထင်သေး အမြင်သေးနဲ့ “ဒေါ်ဟေတု” လို့ နှိမ်ပြီးတော့ ခေါ်ကြတာပါပဲ
အဖွားအိုကလည်း ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး ဆရာတော်ကြီးကိုယ်တိုင်က စိပ်ခိုင်းထာတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ပဲ စိပ်နေတာပါ
တစ်နေ့တော့ ပရိသတ်ရေ— အသက်အတိုင်း နေကြတာဆိုတော့ ဒေါ်ဟေတုကြီး ကွယ်လွန်သွားပါလေရော ဒေါ်ဟေတုကြီး ကွယ်လွန်သွားတော့ ဆင်းရဲသား တစ်ကောင်ကြွက်မို့ အရပ်က ဝိုင်းပြီးတော့ သဂြိုဟ်လိုက်ကြရရှာပါသတဲ့
ဒေါ်ဟေတုကြီး ဆုံးတဲ့အချိန်မှာ မိုးညှင်းဆရာတော်ကြီးက မုံရွာ သမ္ဖုဒ္ဓေမှာ မရှိဘူး ဆရာတော်ကြီးက အောက်ပြည်အောက်ရွာမှာ တစ်ဆောင်းလုံး တစ်နွေလုံး လှည့်ပြီးတော့ တရားဟောတော်မူတာ ဝါဆိုခါနားနီးတော့မှပဲ ကျောင်းကို ပြန်ကြွတော်မူတာ
ဆရာတော်ကြီး ကျောင်းကို ပြန်ရောက်လာတော့ ဒေါ်ဟေတုကြီးဆုံးတာ နှစ်လ သုံးလ ကြာသွားပြီ ရောက်ရောက်ချင်းလည်း ဆရာတော်ကြီးကို ဘယ်သူကမှ ဒေါ်ဟေတုကြီး ဆုံးတဲ့အကြောင်း မလျှောက်မိကြဘူး
ဆင်းရဲနွမ်းပါးတဲ့သူဆိုတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ နေကြတာပါပဲ ဆရာတော်ကြီးကလည်း သမ္ဗုဒ္ဓေဘုရားကြီး တည်တဲ့ကိစ္စ ပဋ္ဌာန်း ဝိပဿနာတရားပြတဲ့ ကိစ္စတွေနဲ့ မအားမလပ်မို့
ဒေါ်ဟေတု ပျောက်နေတာကိုလည်း တော်တော်နဲ့ သတိမထားမိဘူးပေါ့ ဆရာတော်ကြီး သတိထားမိတဲ့ တစ်နေ့မှာ—-
“ဟဲ့—ဒေါ်ဟေတုကြီးတစ်ယောက် မမြင်ပါလား”
“ဆုံးသွားတာ ကြာပေါ့ ဆရာတော် အောက်ပိုင်းကို ကြွနေတုန်းကတည်းကပါပဲ”
“နင်တို့ ဘယ်လို သဂြိုဟ်လိုက်ကြတုန်း”
‘ရွာထုံးစံ ရပ်ထုံးစံပေါ့ဘုရား ဒီလိုပဲ ဝိုင်းပြီးတော့ မြေမြုပ်သဂြိုဟ်လိုက်ကြတာပါပဲဘုရား”
“ဟဲ့— သူတော်ကောင်းမကြီးကွယ့် ဒီလို မလုပ်ကောင်းဘူး ပြန်ဖော်ကြ ပြန်ဖော်ကြ” လို့ အမိန့်ရှိတော့ ဆရာတော်ကြီး အမိန့်မို့ မလွန်ဆန်ရဲတာနဲ့ဲ ပြန်ဖော်ကြရတာပေါ့
ဒေါ်ဟေတုအလောင်းကို ပြန်ဖော်လိုက်တော့ ပရိသတ်ရေ— နှစ်လကျော် သုံးလလောက်တောင် ကြာပြီ အရိုးတောင်ဆွေးလောက်ပြီထင်ရတဲ့ ဒေါ်ဟေတုကြီးဟာ အကောင်မပျက် ရုပ်မပျက် မပုပ်မသိုးဘဲနဲ့
အသားအရေတွေ ဝါဝင်းလို့ အကောင်းပကတိအတိုင်း စိုစိုပြေပြေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါပဲတဲ့
ဒေါ်ဟေတုအတွက် မိုးညှင်းဆရာတော်ကြီးက ဦးစီးပြီးတော့ သံဃာတော်တွေ အများကြီးပင့်ပြီး ဈာပနပွဲ စည်စည်ကားကားနဲ့ သဂြိုဟ်ကြပြန်ပါသတဲ့
ဒီတော့ ပရိသတ်ရေ— ဟေတုပစ္စယော တစ်လုံးတည်း စိပ်တာနဲ့တင် သေလွန်တဲ့အခါမှာတောင် မပုပ်မသိုး ရှိတယ်ဆိုတာဟာ လက်တွေ့သာဓက တစ်ခုပါပဲ
ဒီတော့ ၂၄- ပစ္စည်းတော့ ရကြမှာပါ ဒေါ်ဟေတုထက်တော့ ဉာဏ်ကောင်းကြမှာပါ ၂၄-ပစ္စည်း ရွတ်ကြပါ အသိဉာဏ် မရှိရှာတဲ့ ဒေါ်ဟေတုထက် ပိုပြီးတော့ အားထုတ်ကြပါ
လောလောဆယ် တရားချစ်ခင်သူတော်စင်တွေ နိဗ္ဗာန်ရောက်ဖို့ဆိုတာ အသာထားလိုက်ကြပါဦး ရုပ်တွေ နာမ်တွေ သစ္စာလေးပါတွေ ပညတ် ပရမတ်တွေ နောက်မှ ပြောကြရအောင်ပါ အန္တရာယ်ကင်းဖို့ိရယ် ချမ်းသာဖို့ရယ်က ခုလောလောဆယ်မှာ ပိုပြီး အရေးကြီးတယ်
အန္တရာယ်ကင်းပြီ ချမ်းသာပြီဆိုတော့မှ အမျိုးဘာသာ သာသနာကောင်းကျိုးတွေရော နိဗ္ဗာန်ရောက်ကြောင်းတွေပါ လုပ်နိုင်ကြမှာပေါ့ ပဋ္ဌာန်းရွတ်ရင် ဘယ်လိုကောင်းကျိုးတွေရမယ်ဆိုတဲ့
အကျိုးကျေးဇူးရှိပုံ သာဓက သက်သေတွေကို နိကာယ်ငါးရပ် ပိဋကသုံးပုံထဲက အကြောင်းအရာတွေကိုမပြောဘဲ ယခုပစ္စုပ္ပန် လက်တွေ့သာဓကလေးတွေကိုချည်းပဲ ဦးဇင်း ပြောပြသွားပါ့မယ်—။
အရှင်အာစာရာလင်္ကာရ(စစ်ကိုင်း ရွှေဟင်္သာ)
ဇော်မင်းခိုင်
Zawgyi
ေဟတုပစၥေယာ တစ္လုံးတည္းျဖင့့္ ဘဝကူးေကာင္းခဲ့သူ
မိုးညႇင္းဆရာေတာ္ႀကီးေက်ာင္းကို ဥပုသ္ေစာင့္လာတဲ့ အထဲက စာမတတ္ ေပမတတ္ ဆင္းရဲႏြမ္းပါးတဲ့ အဖြားအိုႀကီးတစ္ေယာက္က ဆရာေတာ္ႀကီးကို ပုတီးစိပ္သင္ေပးဖို႔ ေလွ်ာက္ထားသတဲ့—
ဒီေတာ့ ဆရာေတာ္ႀကီးက အဖြားႀကီး စာကလည္း မတတ္ ဉာဏ္ကလည္း ထိုင္းမယ့္ပုံဆိုေတာ့ ေထြေထြထူးထူး ေျပာမေနေတာ့ဘူး “ေဟတုပစၥေယာ စိပ္” လို႔ မိန႔္ၾကားေတာ္မူလိုက္ပါသတဲ့
အဲဒီအခါ အဖြားႀကီးအိုက အခ်ိန္ရွိသမွ် “ေဟတုပစၥေယာ ေဟတုပစၥေယာ” လို႔ ႐ြတ္ေနေတာ့တာပါပဲ ဥပုသ္ေစာင့္သြားရင္ ပုတီးကေလး တေခ်ာက္ေခ်ာက္နဲ႔ “ေဟတုပစၥေယာ ေဟတုပစၥေယာ”
အိမ္မွာ ထမင္းခ်က္ရင္လည္း “ေဟတုပစၥေယာ ေဟတုပစၥေယာ” ဟင္း႐ြက္ခူးသြား ထင္းခ်ိဳးသြားလည္း ဒီေဟတုပစၥေယာပဲ ႐ြတ္ေနေတာ့တာပါပဲတဲ့
ၾကာေတာ့ အဖြားအိုႀကီးဟာ သူ႔နာမယ္အရင္း ေပ်ာက္သြားၿပီး “ေဒၚေဟတု” လို႔ိေတာင္မွ ေခၚၾကပါသတဲ့ ေခၚတာေတာ့ ေနာက္ေျပာင္ၿပီးေတာ့ ေခၚတာပါ သူမ်ားေတြ ဝိပႆနာတရားေတြကို ႐ြတ္ေန ေျပာေနၾကတဲ့အခ်ိန္မွာ
ဒီအဖြားအိုႀကီးက “ေဟတုပစၥေယာ” တစ္လုံးတည္း ႐ြတ္ေနေတာ့ အထင္ေသး အျမင္ေသးနဲ႔ “ေဒၚေဟတု” လို႔ ႏွိမ္ၿပီးေတာ့ ေခၚၾကတာပါပဲ
အဖြားအိုကလည္း ဘယ္သူေတြ ဘာေျပာေျပာ ဂ႐ုမစိုက္ပါဘူး ဆရာေတာ္ႀကီးကိုယ္တိုင္က စိပ္ခိုင္းထာတာဆိုေတာ့ ယုံယုံၾကည္ၾကည္နဲ႔ပဲ စိပ္ေနတာပါ
တစ္ေန႔ေတာ့ ပရိသတ္ေရ— အသက္အတိုင္း ေနၾကတာဆိုေတာ့ ေဒၚေဟတုႀကီး ကြယ္လြန္သြားပါေလေရာ ေဒၚေဟတုႀကီး ကြယ္လြန္သြားေတာ့ ဆင္းရဲသား တစ္ေကာင္ႂကြက္မို႔ အရပ္က ဝိုင္းၿပီးေတာ့ သၿဂိဳဟ္လိုက္ၾကရရွာပါသတဲ့
ေဒၚေဟတုႀကီး ဆုံးတဲ့အခ်ိန္မွာ မိုးညႇင္းဆရာေတာ္ႀကီးက မုံ႐ြာ သမၹဳေဒၶမွာ မရွိဘူး ဆရာေတာ္ႀကီးက ေအာက္ျပည္ေအာက္႐ြာမွာ တစ္ေဆာင္းလုံး တစ္ေႏြလုံး လွည့္ၿပီးေတာ့ တရားေဟာေတာ္မူတာ ဝါဆိုခါနားနီးေတာ့မွပဲ ေက်ာင္းကို ျပန္ႂကြေတာ္မူတာ
ဆရာေတာ္ႀကီး ေက်ာင္းကို ျပန္ေရာက္လာေတာ့ ေဒၚေဟတုႀကီးဆုံးတာ ႏွစ္လ သုံးလ ၾကာသြားၿပီ ေရာက္ေရာက္ခ်င္းလည္း ဆရာေတာ္ႀကီးကို ဘယ္သူကမွ ေဒၚေဟတုႀကီး ဆုံးတဲ့အေၾကာင္း မေလွ်ာက္မိၾကဘူး
ဆင္းရဲႏြမ္းပါးတဲ့သူဆိုေတာ့လည္း ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေနၾကတာပါပဲ ဆရာေတာ္ႀကီးကလည္း သမၺဳေဒၶဘုရားႀကီး တည္တဲ့ကိစၥ ပ႒ာန္း ဝိပႆနာတရားျပတဲ့ ကိစၥေတြနဲ႔ မအားမလပ္မို႔
ေဒၚေဟတု ေပ်ာက္ေနတာကိုလည္း ေတာ္ေတာ္နဲ႔ သတိမထားမိဘူးေပါ့ ဆရာေတာ္ႀကီး သတိထားမိတဲ့ တစ္ေန႔မွာ—-
“ဟဲ့—ေဒၚေဟတုႀကီးတစ္ေယာက္ မျမင္ပါလား”
“ဆုံးသြားတာ ၾကာေပါ့ ဆရာေတာ္ ေအာက္ပိုင္းကို ႂကြေနတုန္းကတည္းကပါပဲ”
“နင္တို႔ ဘယ္လို သၿဂိဳဟ္လိုက္ၾကတုန္း”
‘႐ြာထုံးစံ ရပ္ထုံးစံေပါ့ဘုရား ဒီလိုပဲ ဝိုင္းၿပီးေတာ့ ေျမျမဳပ္သၿဂိဳဟ္လိုက္ၾကတာပါပဲဘုရား”
“ဟဲ့— သူေတာ္ေကာင္းမႀကီးကြယ့္ ဒီလို မလုပ္ေကာင္းဘူး ျပန္ေဖာ္ၾက ျပန္ေဖာ္ၾက” လို႔ အမိန႔္ရွိေတာ့ ဆရာေတာ္ႀကီး အမိန႔္မို႔ မလြန္ဆန္ရဲတာနဲ႔ဲ ျပန္ေဖာ္ၾကရတာေပါ့
ေဒၚေဟတုအေလာင္းကို ျပန္ေဖာ္လိုက္ေတာ့ ပရိသတ္ေရ— ႏွစ္လေက်ာ္ သုံးလေလာက္ေတာင္ ၾကာၿပီ အ႐ိုးေတာင္ေဆြးေလာက္ၿပီထင္ရတဲ့ ေဒၚေဟတုႀကီးဟာ အေကာင္မပ်က္ ႐ုပ္မပ်က္ မပုပ္မသိုးဘဲနဲ႔
အသားအေရေတြ ဝါဝင္းလို႔ အေကာင္းပကတိအတိုင္း စိုစိုေျပေျပ လတ္လတ္ဆတ္ဆတ္ ရွိေနတုန္းပါပဲတဲ့
ေဒၚေဟတုအတြက္ မိုးညႇင္းဆရာေတာ္ႀကီးက ဦးစီးၿပီးေတာ့ သံဃာေတာ္ေတြ အမ်ားႀကီးပင့္ၿပီး ဈာပနပြဲ စည္စည္ကားကားနဲ႔ သၿဂိဳဟ္ၾကျပန္ပါသတဲ့
ဒီေတာ့ ပရိသတ္ေရ— ေဟတုပစၥေယာ တစ္လုံးတည္း စိပ္တာနဲ႔တင္ ေသလြန္တဲ့အခါမွာေတာင္ မပုပ္မသိုး ရွိတယ္ဆိုတာဟာ လက္ေတြ႕သာဓက တစ္ခုပါပဲ
ဒီေတာ့ ၂၄- ပစၥည္းေတာ့ ရၾကမွာပါ ေဒၚေဟတုထက္ေတာ့ ဉာဏ္ေကာင္းၾကမွာပါ ၂၄-ပစၥည္း ႐ြတ္ၾကပါ အသိဉာဏ္ မရွိရွာတဲ့ ေဒၚေဟတုထက္ ပိုၿပီးေတာ့ အားထုတ္ၾကပါ
ေလာေလာဆယ္ တရားခ်စ္ခင္သူေတာ္စင္ေတြ နိဗၺာန္ေရာက္ဖို႔ဆိုတာ အသာထားလိုက္ၾကပါဦး ႐ုပ္ေတြ နာမ္ေတြ သစၥာေလးပါေတြ ပညတ္ ပရမတ္ေတြ ေနာက္မွ ေျပာၾကရေအာင္ပါ အႏၲရာယ္ကင္းဖို႔ိရယ္ ခ်မ္းသာဖို႔ရယ္က ခုေလာေလာဆယ္မွာ ပိုၿပီး အေရးႀကီးတယ္
အႏၲရာယ္ကင္းၿပီ ခ်မ္းသာၿပီဆိုေတာ့မွ အမ်ိဳးဘာသာ သာသနာေကာင္းက်ိဳးေတြေရာ နိဗၺာန္ေရာက္ေၾကာင္းေတြပါ လုပ္ႏိုင္ၾကမွာေပါ့ ပ႒ာန္း႐ြတ္ရင္ ဘယ္လိုေကာင္းက်ိဳးေတြရမယ္ဆိုတဲ့
အက်ိဳးေက်းဇူးရွိပုံ သာဓက သက္ေသေတြကို နိကာယ္ငါးရပ္ ပိဋကသုံးပုံထဲက အေၾကာင္းအရာေတြကိုမေျပာဘဲ ယခုပစၥဳပၸန္ လက္ေတြ႕သာဓကေလးေတြကိုခ်ည္းပဲ ဦးဇင္း ေျပာျပသြားပါ့မယ္—။
အရွင္အာစာရာလကၤာရ(စစ္ကိုင္း ေ႐ႊဟသၤာ)
ေဇာ္မင္းခိုင္