ဘဝမွာ အရွက္ရဆုံးေန႔ကိုေျပာပါဆိုရင္ ဒီေန႔လို႔ေျပာရမယ္။“အဘိုးႀကီးက ေကြၽးသေလာက္ငတ္တယ္” တဲ့မနက္ေစာေစာဆိုရင္ က်ဳပ္ကဆာၿပီ။ ဟိုတုန္းကေတာ့ ဘဏ္ကိုသြားႏိုင္ေတာ့ ပင္စင္ေလးကို
ကိုယ္တိုင္ထုတ္၊ပိုက္ဆံေလးကိုင္ၿပီး စားခ်င္တာ ဝယ္စားႏိုင္ေသးတယ္။ ခုေတာ့ လမ္းမေလွ်ာက္ႏိုင္ေတာ့တာ ၂ ႏွစ္ေက်ာ္ သြားၿပီ။ေခ်ာ္လဲၿပီးကတည္းက မထႏိုင္ေတာ့တာ ခုထိပါပဲ။
မိုးလင္းရင္ ဗိုက္ဆာတယ္။ ဆန္ျပဳတ္ေလးျဖစ္ျဖစ္ ေသာက္ခ်င္တယ္။ေပ်ာ့တာေလးေတြပဲ စားခ်င္တယ္။ ဒါေပမဲ့ သူတို႔ေကြၽးတာ စားရမယ္။ ေခ်းမ်ားေနလို႔မရဘူးေလ။ ကိုယ္က ရွာႏိုင္ ေဖြႏိုင္ေတာ့တာမွ မဟုတ္တာ။
“အေဖ … ေရာ့ဒီမွာ … စား”ဘာလဲလို႔ၾကည့္လိုက္တယ္။ မုန႔္ဟင္းခါးပဲ။ ပဲေၾကာ္နဲ႔ ဘယ္လိုလုပ္ၿပီး ဝါးႏိုင္မွာလဲ။ မုန႔္ဟင္းခါးကအခန႔္မသင့္ရင္ ဝမ္းသြားမယ္။ အိမ္သာကို ဖင္ဒယဥ့္တိုက္နဲ႔ သြားရတဲ့ဒုကၡက ေသးတာ
မဟုတ္ဘူး။ ဆီးအိုးကို ေတာင္ ေဆာင့္ေအာင့္ေနၾကတာ။“အေဖ ဘာလို႔ မစားတာလဲ”“အေဖ ဗိုက္မဆာလို႔ပါကြာ”“အဲ့ဒါဆိုလည္း ေစာေစာကေျပာေပါ့။ ခုေတာ့ ေအးစက္ေနၿပီ”သားျဖစ္သူက ေဆာင့္ေအာင့္ၿပီး
ပန္းကန္ကို ျပန္သိမ္းသြားတယ္။ ေခြၽးမက…“ကြၽန္မ မေျပာဘူးလား … ရွင့္အေဖက …”က်ဳပ္မၾကားခ်င္ေယာင္ေဆာင္လိုက္ပါတယ္။ အသက္ႀကီးလာမွာ နားပင္းခ်င္ေယာင္ ေဆာင္ေနရတာလည္း အခါခါေပါ့။
သားက အလုပ္သြားေတာ့ ေခြၽးမကို“သမီးေရ အေဖ ထမင္းဆာတယ္”“ဒါထမင္းခ်ိန္လား … အလိုက္ကမ္းဆိုးကို မသိဘူး … ဒီမွာ ေဈးေတာင္သြားရေသးတာမဟုတ္ဘူး”ဘာျဖစ္ျဖစ္ပါေလ သူတို႔ေကြၽးမွ
စားေနရတဲ့ဘဝဆိုေတာ့ မ်ိဳသိပ္လိုက္ရတာပဲ။ ေျမးေလးက အိမ္ေပၚကို ေျပးတက္လာတယ္။“ဘိုးဘိုးႀကီး သၾကားလုံးစားမလား”“ေအး … စားမယ္”“ေရာ့”ေျမးေလးက က်ဳပ္ကို တုတ္ထိုးသၾကားလုံးေလးေပးတယ္။
က်ဳပ္ကလည္း ဆာဆာနဲ႔ ေျမးေလးဆီက သၾကားလုံးေလးကိုယူၿပီး စုပ္လိုက္တယ္။“ခ်ိဳလား ဘိုးဘိုး”“ေအး ခ်ိဳတယ္”“ေကာင္းလား”“ေအး … ေကာင္းတယ္”“ေကာင္းရင္ ဝယ္ေကြၽးဦးမယ္”
က်ဳပ္ကသၾကားလုံးေလးကို စုပ္လိုက္ၿပီး“ေရာ့ ေျမးေလး စား”အဲဒီအခ်ိန္မွာ ေခြၽးမက“ဟဲ့ … နင္မို႔လို႔ မ႐ြံ႕မရွာ”ကေလးလက္ထဲက သၾကားလုံးကို ပုတ္ထုတ္လိုက္တယ္။
“အေဖ … အေဖ့ပါးစပ္နဲ႔ စုပ္ၿပီးသားကို ဘာျဖစ္လို႔ ကေလးကို ေပးရတာလဲ … အေဖက အေတာ္ေလး ငတ္တာပဲ။ ကေလးဆီကေတာင္မေရွာင္။ ေကြၽးသေလာက္ငတ္တယ္”
က်ဳပ္ဘဝတစ္ေလွ်ာက္လုံး သားေတြ သမီးေတြကို ကုန္း႐ုန္းၿပီး ရွာေဖြေကြၽးခဲ့ပါတယ္။ စိတ္ထဲမွာ စားသေလာက္ ေကြၽးမယ္လို႔ပဲ သေဘာထားၿပီး ရွာေဖြေကြၽးခဲ့တာပါ။ေခြၽးမနဲ႔ ေျမးေလးက ေဈးသြားတယ္။
အင္း ေဈးသြားၿပီဆိုရင္ေတာ့ ျပန္လာရင္ ထမင္းေလးဘာေလး စားရေတာ့ မွာေပါ့။ အိမ္ေရွ႕က“အေၾကာ္စုံ”“ပဲျပဳတ္”“အီၾကာေကြး”ေဈးသည္ေတြ ျဖတ္သြားတယ္။“အီၾကာေကြးေလးနဲ႔ ဆန္ျပဳတ္ေလး သတိရလိုက္တာ။
လမ္းထိပ္က ဆန္ျပဳတ္ေရာင္းတဲ့ တ႐ုတ္ႀကီး ေမာင္ပု ရွိေသးရဲ႕လား”က်ဳပ္က တစ္ေယာက္တည္း စကားေျပာရတာ သေဘာက်တယ္။ ဒါကိုလည္း“အဘိုးႀကီး ႐ူးေနလားမသိဘူး” တဲ့တစ္ေရးေလာက္ အိပ္လိုက္ရင္
ေကာင္းမယ္ထင္ပါတယ္။ ေမွးခနဲျဖစ္သြားခ်ိန္မွာ တံခါးကို ဝုန္းခနဲ ဖြင့္သံ ၾကားလိုက္ရလို႔ လန႔္ႏိုးသြားတယ္။ သားျဖစ္သူျပန္လာတယ္။ ဗီ႐ိုေတြ ေမႊေႏွာက္တယ္။ ေခြၽးမ ေဈးက ျပန္လာ တယ္။
“ရွင္ေပးထားတဲ့ ပိုက္ဆံက ႏွစ္ျပားတစ္ပဲ။ ကြၽန္မမွာ ေဈးဝယ္ရ၊ ရွင့္အေဖအတြက္ ေဆးဝယ္ရ ဘယ္မွာ ေလာက္မွာလဲ။ မရွိလို႔ မရွိဘူးေျပာတာေပါ့။
အိမ္မွာက လူပိုေတြ တင္ေကြၽးထားရတာ ရွင္နားလည္မွေပါ့”
အို လူပိုေတြတဲ့လား။ သူတို႔လင္မယား တစ္ေယာက္တစ္ခြန္းစကားေတြမ်ားေနတာ စိတ္မခ်မ္းသာစရာပဲ။
“ရွင့္ကို ေျပာသားပဲ … ဒီတိုက္ခန္းေရာင္းလိုက္လို႔ … ၿပီးေတာ့ တစ္ေနရာမွာ သက္သာတဲ့ အိမ္ေလးဝယ္ေနရင္ရတာပဲ”က်ဳပ္ စိတ္ထဲမွာ ေထာင္းခနဲျဖစ္သြားတယ္။
“ေဟ့ … ငါမေသေသးပါဘူးကြယ္ … မေသေသးပါဘူး”ေျပာခ်င္ေပမယ့္ လည္ေခ်ာင္းထဲက အသံေတြက ထြက္မလာဘူး။ ေခြၽးမက“အိမ္မွာက လူပိုေတြကတစ္မ်ိဳး …
ႂကြက္ေတြကတစ္မ်ိဳး … ၾကည့္ေလ ညက ေၾကာင္အိမ္ထဲမွာ ေသာင္းက်န္း ထားတာ။ ေဆးခ်ၿပီး အကုန္ရွင္းပစ္မွ ေအးမယ္”သားျဖစ္သူက ျပန္ထြက္သြားတယ္။ ေခြၽးမက ေျမးေလးကို မွာေနတယ္…
ဘိုဘို … ေဟာဒီ ပုလင္းကို မကိုင္နဲ႔ေနာ္ … ဒါႂကြက္ေဆးေတြ။ ႂကြက္ေတြက သတ္မွ ရေတာ့မယ္။ ေမေမ ေဈးထဲမွာ ဆီပုလင္းက်န္ခဲ့လို႔ သြားယူရဦးမယ္”
“သားလည္း လမ္းထိပ္မွာ အေခြလိုက္ငွားမယ္”
“နင္တို႔ သားအဘကေတာ့ တစ္ေယာက္ကေဘာလုံး၊ တစ္ေယာက္ကအေခြ ဒါေတြနဲ႔ အခ်ိန္ ကုန္ေနေတာ့ တာပဲ”ဗိုက္ဆာလိုက္တာ။ တစ္ခုခုေလးစားရရင္ ေကာင္းမွာပဲ။
ဘာပဲျဖစ္ျဖစ္ ထမင္းၾကမ္းေလး ဝါးလိုက္ရရင္ ေကာင္းမွာပဲ။က်ဳပ္က မီးဖိုးခန္းထဲကို ဖင္ဒယဥ့္တိုက္ၿပီး သြားလိုက္တယ္။ထမင္းစားပြဲကို လက္နဲ႔ခိုၿပီး ထၾကည့္ဖို႔ ႀကိဳးစား တယ္။
စားပြဲကေမွာက္သြားၿပီး က်ဳပ္ေပၚကို ပန္းကန္ေတြ က်လာတယ္။ဒုကၡပဲ ေခြၽးမျပန္လာရင္ ဆူေတာ့ ဆဲေတာ့မယ္။ပုလင္းေလး တစ္လုံးပါလား။ ဘာပါလိမ့္“ေလာကႀကီးဟာ ဘာမွလည္း မဟုတ္ပါလား။
ဒီလိုဘဝမ်ိဳးမွာ ငါကသူမ်ားေျပာတိုင္းခံ ေပးမွ ေကြၽးမွ စားေနရတာ သဘာဝက်သလား။ ငါဟာ ငတ္ေနသလား … ငါကလူပိုႀကီးလား … ငါက႐ူးေနသလား … မင္းတို႔ ေပးမွ ေကြၽးမွ စားရမွာလား”
က်ဳပ္လက္ထဲက ပုလင္းေလးက အျခားေသာ သတၱဝါေတြအတြက္ ေသေဆးျဖစ္ေကာင္း ျဖစ္မယ္။ ဒါေပမဲ့ က်ဳပ္အတြက္ေတာ့ အားေဆးျဖစ္ေနတယ္။ဘာေျပာေျပာ က်ဳပ္ ပုလင္းကို ဖြင့္လိုက္တယ္။
Credit:တင္ၫြန႔္
Unicode Version
ဘဝမှာ အရှက်ရဆုံးနေ့ကိုပြောပါဆိုရင် ဒီနေ့လို့ပြောရမယ်။“အဘိုးကြီးက ကျွေးသလောက်ငတ်တယ်” တဲ့မနက်စောစောဆိုရင် ကျုပ်ကဆာပြီ။ ဟိုတုန်းကတော့ ဘဏ်ကိုသွားနိုင်တော့ ပင်စင်လေးကို
ကိုယ်တိုင်ထုတ်၊ပိုက်ဆံလေးကိုင်ပြီး စားချင်တာ ဝယ်စားနိုင်သေးတယ်။ ခုတော့ လမ်းမလျှောက်နိုင်တော့တာ ၂ နှစ်ကျော် သွားပြီ။ချော်လဲပြီးကတည်းက မထနိုင်တော့တာ ခုထိပါပဲ။
မိုးလင်းရင် ဗိုက်ဆာတယ်။ ဆန်ပြုတ်လေးဖြစ်ဖြစ် သောက်ချင်တယ်။ပျော့တာလေးတွေပဲ စားချင်တယ်။ ဒါပေမဲ့ သူတို့ကျွေးတာ စားရမယ်။ ချေးများနေလို့မရဘူးလေ။ ကိုယ်က ရှာနိုင် ဖွေနိုင်တော့တာမှ မဟုတ်တာ။
“အဖေ … ရော့ဒီမှာ … စား”ဘာလဲလို့ကြည့်လိုက်တယ်။ မုန့်ဟင်းခါးပဲ။ ပဲကြော်နဲ့ ဘယ်လိုလုပ်ပြီး ဝါးနိုင်မှာလဲ။ မုန့်ဟင်းခါးကအခန့်မသင့်ရင် ဝမ်းသွားမယ်။ အိမ်သာကို ဖင်ဒယဥ့်တိုက်နဲ့ သွားရတဲ့ဒုက္ခက သေးတာ
မဟုတ်ဘူး။ ဆီးအိုးကို တောင် ဆောင့်အောင့်နေကြတာ။“အဖေ ဘာလို့ မစားတာလဲ”“အဖေ ဗိုက်မဆာလို့ပါကွာ”“အဲ့ဒါဆိုလည်း စောစောကပြောပေါ့။ ခုတော့ အေးစက်နေပြီ”သားဖြစ်သူက ဆောင့်အောင့်ပြီး
ပန်းကန်ကို ပြန်သိမ်းသွားတယ်။ ချွေးမက…“ကျွန်မ မပြောဘူးလား … ရှင့်အဖေက …”ကျုပ်မကြားချင်ယောင်ဆောင်လိုက်ပါတယ်။ အသက်ကြီးလာမှာ နားပင်းချင်ယောင် ဆောင်နေရတာလည်း အခါခါပေါ့။
သားက အလုပ်သွားတော့ ချွေးမကို“သမီးရေ အဖေ ထမင်းဆာတယ်”“ဒါထမင်းချိန်လား … အလိုက်ကမ်းဆိုးကို မသိဘူး … ဒီမှာ ဈေးတောင်သွားရသေးတာမဟုတ်ဘူး”ဘာဖြစ်ဖြစ်ပါလေ သူတို့ကျွေးမှ
စားနေရတဲ့ဘဝဆိုတော့ မျိုသိပ်လိုက်ရတာပဲ။ မြေးလေးက အိမ်ပေါ်ကို ပြေးတက်လာတယ်။“ဘိုးဘိုးကြီး သကြားလုံးစားမလား”“အေး … စားမယ်”“ရော့”မြေးလေးက ကျုပ်ကို တုတ်ထိုးသကြားလုံးလေးပေးတယ်။
ကျုပ်ကလည်း ဆာဆာနဲ့ မြေးလေးဆီက သကြားလုံးလေးကိုယူပြီး စုပ်လိုက်တယ်။“ချိုလား ဘိုးဘိုး”“အေး ချိုတယ်”“ကောင်းလား”“အေး … ကောင်းတယ်”“ကောင်းရင် ဝယ်ကျွေးဦးမယ်”
ကျုပ်ကသကြားလုံးလေးကို စုပ်လိုက်ပြီး“ရော့ မြေးလေး စား”အဲဒီအချိန်မှာ ချွေးမက“ဟဲ့ … နင်မို့လို့ မရွံ့မရှာ”ကလေးလက်ထဲက သကြားလုံးကို ပုတ်ထုတ်လိုက်တယ်။
“အဖေ … အဖေ့ပါးစပ်နဲ့ စုပ်ပြီးသားကို ဘာဖြစ်လို့ ကလေးကို ပေးရတာလဲ … အဖေက အတော်လေး ငတ်တာပဲ။ ကလေးဆီကတောင်မရှောင်။ ကျွေးသလောက်ငတ်တယ်”
ကျုပ်ဘဝတစ်လျှောက်လုံး သားတွေ သမီးတွေကို ကုန်းရုန်းပြီး ရှာဖွေကျွေးခဲ့ပါတယ်။ စိတ်ထဲမှာ စားသလောက် ကျွေးမယ်လို့ပဲ သဘောထားပြီး ရှာဖွေကျွေးခဲ့တာပါ။ချွေးမနဲ့ မြေးလေးက ဈေးသွားတယ်။
အင်း ဈေးသွားပြီဆိုရင်တော့ ပြန်လာရင် ထမင်းလေးဘာလေး စားရတော့ မှာပေါ့။ အိမ်ရှေ့က“အကြော်စုံ”“ပဲပြုတ်”“အီကြာကွေး”ဈေးသည်တွေ ဖြတ်သွားတယ်။“အီကြာကွေးလေးနဲ့ ဆန်ပြုတ်လေး သတိရလိုက်တာ။
လမ်းထိပ်က ဆန်ပြုတ်ရောင်းတဲ့ တရုတ်ကြီး မောင်ပု ရှိသေးရဲ့လား”ကျုပ်က တစ်ယောက်တည်း စကားပြောရတာ သဘောကျတယ်။ ဒါကိုလည်း“အဘိုးကြီး ရူးနေလားမသိဘူး” တဲ့တစ်ရေးလောက် အိပ်လိုက်ရင်
ကောင်းမယ်ထင်ပါတယ်။ မှေးခနဲဖြစ်သွားချိန်မှာ တံခါးကို ဝုန်းခနဲ ဖွင့်သံ ကြားလိုက်ရလို့ လန့်နိုးသွားတယ်။ သားဖြစ်သူပြန်လာတယ်။ ဗီရိုတွေ မွှေနှောက်တယ်။ ချွေးမ ဈေးက ပြန်လာ တယ်။
“ရှင်ပေးထားတဲ့ ပိုက်ဆံက နှစ်ပြားတစ်ပဲ။ ကျွန်မမှာ ဈေးဝယ်ရ၊ ရှင့်အဖေအတွက် ဆေးဝယ်ရ ဘယ်မှာ လောက်မှာလဲ။ မရှိလို့ မရှိဘူးပြောတာပေါ့။
အိမ်မှာက လူပိုတွေ တင်ကျွေးထားရတာ ရှင်နားလည်မှပေါ့”အို လူပိုတွေတဲ့လား။ သူတို့လင်မယား တစ်ယောက်တစ်ခွန်းစကားတွေများနေတာ စိတ်မချမ်းသာစရာပဲ။
“ရှင့်ကို ပြောသားပဲ … ဒီတိုက်ခန်းရောင်းလိုက်လို့ … ပြီးတော့ တစ်နေရာမှာ သက်သာတဲ့ အိမ်လေးဝယ်နေရင် ရတာပဲ”ကျုပ် စိတ်ထဲမှာ ထောင်းခနဲဖြစ်သွားတယ်။
“ဟေ့ … ငါမသေသေးပါဘူးကွယ် … မသေသေးပါဘူး”ပြောချင်ပေမယ့် လည်ချောင်းထဲက အသံတွေက ထွက်မလာဘူး။ ချွေးမက“အိမ်မှာက လူပိုတွေကတစ်မျိုး …
ကြွက်တွေကတစ်မျိုး … ကြည့်လေ ညက ကြောင်အိမ်ထဲမှာ သောင်းကျန်း ထားတာ။ ဆေးချပြီး အကုန်ရှင်းပစ်မှ အေးမယ်”သားဖြစ်သူက ပြန်ထွက်သွားတယ်။ ချွေးမက မြေးလေးကို မှာနေတယ်…
ဘိုဘို … ဟောဒီ ပုလင်းကို မကိုင်နဲ့နော် … ဒါကြွက်ဆေးတွေ။ ကြွက်တွေက သတ်မှ ရတော့မယ်။ မေမေ ဈေးထဲမှာ ဆီပုလင်းကျန်ခဲ့လို့ သွားယူရဦးမယ်”
“သားလည်း လမ်းထိပ်မှာ အခွေလိုက်ငှားမယ်”“နင်တို့ သားအဘကတော့ တစ်ယောက်ကဘောလုံး၊ တစ်ယောက်ကအခွေ ဒါတွေနဲ့ အချိန် ကုန်နေတော့ တာပဲ”ဗိုက်ဆာလိုက်တာ။ တစ်ခုခုလေးစားရရင် ကောင်းမှာပဲ။
ဘာပဲဖြစ်ဖြစ် ထမင်းကြမ်းလေး ဝါးလိုက်ရရင် ကောင်းမှာပဲ။ကျုပ်က မီးဖိုးခန်းထဲကို ဖင်ဒယဥ့်တိုက်ပြီး သွားလိုက်တယ်။ထမင်းစားပွဲကို လက်နဲ့ခိုပြီး ထကြည့်ဖို့ ကြိုးစား တယ်။
စားပွဲကမှောက်သွားပြီး ကျုပ်ပေါ်ကို ပန်းကန်တွေ ကျလာတယ်။ဒုက္ခပဲ ချွေးမပြန်လာရင် ဆူတော့ ဆဲတော့မယ်။ပုလင်းလေး တစ်လုံးပါလား။ ဘာပါလိမ့်
“လောကကြီးဟာ ဘာမှလည်း မဟုတ်ပါလား။ ဒီလိုဘဝမျိုးမှာ ငါကသူများပြောတိုင်းခံ ပေးမှ ကျွေးမှ စားနေရတာ သဘာဝကျသလား။ ငါဟာ ငတ်နေသလား … ငါကလူပိုကြီးလား … ငါကရူးနေသလား … မင်းတို့ ပေးမှ ကျွေးမှ စားရမှာလား”
ကျုပ်လက်ထဲက ပုလင်းလေးက အခြားသော သတ္တဝါတွေအတွက် သေဆေးဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ ကျုပ်အတွက်တော့ အားဆေးဖြစ်နေတယ်။ဘာပြောပြော ကျုပ် ပုလင်းကို ဖွင့်လိုက်တယ်။
Credit:တင်ညွန့်