Life Style

မေမွ်ာ္လင့္ဘဲ ေကာင္ေလးေတြ ေႂကြသြားတတ္တဲ့ မိန္းကေလးေတြရဲ႕ အျပဳအမူေလးမ်ား

လူတစ္ေယာက္ကို ခ်စ္ဖို႔ အခ်ိန္ စကၠန႔္ပိုင္းပဲ လိုပါတယ္တဲ့။ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ မသိဘဲနဲ႔လည္း ခ်စ္မိတတ္ၾကတာ ဒါေၾကာင့္ပါပဲ။ အခ်စ္ကို စတင္ေတြ႕ရွိတဲ့ အခ်ိန္ေတြ အမ်ားစုကေတာ့ ေကာင္မေလးေတြရဲ့ အျပဳအမူတစ္ခုခုကို ေကာင္ေလးေတြ ျမင္လိုက္ရလို႔ ျဖစ္ပါတယ္။ အမွတ္တမဲ့ ေကာင္မေလးေတြ ျပဳလုပ္တဲ့ လႈပ္ရွားမႈမွာ ေကာင္ေလးေတြက ေႂကြသြားတာမ်ိဳး ျဖစ္ပါတယ္။ ဘယ္လို အျပဳအမူေတြကို ေကာင္ေလးေတြက ေႂကြတတ္လဲ ဆိုရင္ေတာ့..

စိတ္ဆိုးေနတာ

ေဒါသထြက္ေနတဲ့အခ်ိန္ မဟုတ္ဘဲ မိန္းကေလးေတြ စိတ္ဆိုးစိတ္ေကာက္ ျဖစ္တဲ့အခါမွာ ျဖစ္ေနတတ္တဲ့ အလိုမက်တဲ့ မ်က္ႏွာအေနအထားက ေကာင္ေလး အမ်ားစုအတြက္ သေဘာက်စရာ ေကာင္းေနတတ္ပါတယ္။ ဒီလို မ်က္ႏွာေပးေလးနဲ႔ ေဆာင့္ေအာင္ ျပဳမူေနတာမ်ိဳးကို ျမင္မိၿပီးလည္း ေကာင္ေလးေတြက ေႂကြသြားတတ္ၾကပါတယ္။

ကေလးဆန္တာ

ကေလးဆန္တဲ့ အျပဳအမူရွိတဲ့ ေကာင္မေလးေတြကိုလည္း ေကာင္ေလးေတြက ခ်စ္မိတတ္ၾကပါေသးတယ္။ ႏႈတ္ခမ္းေလးစူတာက စလို႔ အျပစ္ကင္းစင္စြာ စိတ္တိုင္းက် ျပဳမူလႈပ္ရွားေနတဲ့ ေကာင္မေလးေတြကို ေတြ႕တဲ့အခါမွာလည္း မင္သက္ၿပီး ၾကည့္မိတတ္ၾကပါတယ္။ ဒါကေတာ့ ကေလးဆန္တဲ့ အျပဳအမူေတြေအာက္မွာ က်ရႈံးသြားၾကတာ ျဖစ္ပါတယ္။

မ်က္ေစာင္းထိုးတာ

ေကာင္ေလးေတြ အမ်ားဆုံး ေႂကြတဲ့ အခ်က္ကေတာ့ မ်က္ေစာင္းလွလွေလးပါပဲ။ ဒါကေတာ့ ရင္းႏွီးစ ျပဳေနတဲ့သူေတြနဲ႔ ရင္းႏွီးၿပီးသား သူေတြမွာ ပိုၿပီး ျဖစ္တတ္ၾကပါတယ္။ စိတ္ဆိုးေအာင္ စလိုက္လို႔ မ်က္ေစာင္းေလး ျပန္ထိုးလိုက္တဲ့အခါမွာေတာ့ ေကာင္ေလးေတြက ပစ္ေႂကြမိသြားတတ္ၾကပါတယ္။

အလြဲလုပ္တာ

မလြဲရ မေနနိုင္ပါဘူးဆိုတဲ့ ေကာင္မေလးေတြကလည္း အခ်စ္ခံ လူတန္းစားေလးေတြပါပဲ။ ခလုတ္တိုက္ၿပီး လဲတာတို႔၊ တစ္ခုခုကို နဖူးနဲ႔ ဝင္ေဆာင့္တာတို႔ ျဖစ္ေနတတ္တာ အဲ့သည့္ ေကာင္မေလးေတြပါပဲ။ သူတို႔ရဲ့ အဲ့လို လြဲတဲ့ အခ်ိန္ အခိုက္အတန႔္ေလးေတြတိုင္းက တခ်ိဳ႕ေကာင္ေလးေတြကို ခ်စ္စိတ္ဝင္ေစတတ္္ပါတယ္ေနာ္။

အသားကို လာထိတာ

အက်ႌကို လွမ္းဖမ္းဆြဲတာ၊ လက္ကေလးကို ခပ္တည္တည္နဲ႔ လာထိခံရတာမ်ိဳးေတြကလည္း ေကာင္ေလးေတြအတြက္ စိတ္ဝင္စားမိေစတတ္ပါတယ္။ တမင္သက္သက္ အသားထိတာမ်ိဳး မဟုတ္ဘဲနဲ႔ ပုံမွန္ ရိုးရိုးသားသား ထိတတ္တဲ့ ေကာင္မေလးေတြရဲ့ ႐ုတ္တရက္ ျပဳလုပ္လိုက္တာေတြကလည္း ေကာင္ေလးေတြ ရင္ထဲ ဝုန္းဒိုင္းၾကဲေစတတ္ပါတယ္။

Kham

Unicode,

လူတစ်ယောက်ကို ချစ်ဖို့ အချိန် စက္ကန့်ပိုင်းပဲ လိုပါတယ်တဲ့။ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲနဲ့လည်း ချစ်မိတတ်ကြတာ ဒါကြောင့်ပါပဲ။ အချစ်ကို စတင်တွေ့ရှိတဲ့ အချိန်တွေ အများစုကတော့ ကောင်မလေးတွေရဲ့ အပြုအမူတစ်ခုခုကို ကောင်လေးတွေ မြင်လိုက်ရလို့ ဖြစ်ပါတယ်။ အမှတ်တမဲ့ ကောင်မလေးတွေ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ ကောင်လေးတွေက ကြွေသွားတာမျိုး ဖြစ်ပါတယ်။ ဘယ်လို အပြုအမူတွေကို ကောင်လေးတွေက ကြွေတတ်လဲ ဆိုရင်တော့..

စိတ်ဆိုးနေတာ

ဒေါသထွက်နေတဲ့အချိန် မဟုတ်ဘဲ မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်တဲ့အခါမှာ ဖြစ်နေတတ်တဲ့ အလိုမကျတဲ့ မျက်နှာအနေအထားက ကောင်လေး အများစုအတွက် သဘောကျစရာ ကောင်းနေတတ်ပါတယ်။ ဒီလို မျက်နှာပေးလေးနဲ့ ဆောင့်အောင် ပြုမူနေတာမျိုးကို မြင်မိပြီးလည်း ကောင်လေးတွေက ကြွေသွားတတ်ကြပါတယ်။

ကလေးဆန်တာ

ကလေးဆန်တဲ့ အပြုအမူရှိတဲ့ ကောင်မလေးတွေကိုလည်း ကောင်လေးတွေက ချစ်မိတတ်ကြပါသေးတယ်။ နှုတ်ခမ်းလေးစူတာက စလို့ အပြစ်ကင်းစင်စွာ စိတ်တိုင်းကျ ပြုမူလှုပ်ရှားနေတဲ့ ကောင်မလေးတွေကို တွေ့တဲ့အခါမှာလည်း မင်သက်ပြီး ကြည့်မိတတ်ကြပါတယ်။ ဒါကတော့ ကလေးဆန်တဲ့ အပြုအမူတွေအောက်မှာ ကျရှုံးသွားကြတာ ဖြစ်ပါတယ်။

မျက်စောင်းထိုးတာ

ကောင်လေးတွေ အများဆုံး ကြွေတဲ့ အချက်ကတော့ မျက်စောင်းလှလှလေးပါပဲ။ ဒါကတော့ ရင်းနှီးစ ပြုနေတဲ့သူတွေနဲ့ ရင်းနှီးပြီးသား သူတွေမှာ ပိုပြီး ဖြစ်တတ်ကြပါတယ်။ စိတ်ဆိုးအောင် စလိုက်လို့ မျက်စောင်းလေး ပြန်ထိုးလိုက်တဲ့အခါမှာတော့ ကောင်လေးတွေက ပစ်ကြွေမိသွားတတ်ကြပါတယ်။

အလွဲလုပ်တာ

မလွဲရ မနေနိုင်ပါဘူးဆိုတဲ့ ကောင်မလေးတွေကလည်း အချစ်ခံ လူတန်းစားလေးတွေပါပဲ။ ခလုတ်တိုက်ပြီး လဲတာတို့၊ တစ်ခုခုကို နဖူးနဲ့ ဝင်ဆောင့်တာတို့ ဖြစ်နေတတ်တာ အဲ့သည့် ကောင်မလေးတွေပါပဲ။ သူတို့ရဲ့ အဲ့လို လွဲတဲ့ အချိန် အခိုက်အတန့်လေးတွေတိုင်းက တချို့ကောင်လေးတွေကို ချစ်စိတ်ဝင်စေတတ််ပါတယ်နော်။

အသားကို လာထိတာ

အကျႌကို လှမ်းဖမ်းဆွဲတာ၊ လက်ကလေးကို ခပ်တည်တည်နဲ့ လာထိခံရတာမျိုးတွေကလည်း ကောင်လေးတွေအတွက် စိတ်ဝင်စားမိစေတတ်ပါတယ်။ တမင်သက်သက် အသားထိတာမျိုး မဟုတ်ဘဲနဲ့ ပုံမှန် ရိုးရိုးသားသား ထိတတ်တဲ့ ကောင်မလေးတွေရဲ့ ရုတ်တရက် ပြုလုပ်လိုက်တာတွေကလည်း ကောင်လေးတွေ ရင်ထဲ ဝုန်းဒိုင်းကြဲစေတတ်ပါတယ်။

Kham