Life Style

ေတာ္လည္းေတာ္ ေခ်ာလည္း ေခ်ာတဲ့ ေကာင္မေလးေတြ ရည္းစားမရွိရတဲ့ အေၾကာင္းအရင္းမ်ား

ဒီေန႔လို ေခတ္မ်ိဳးမွာ ကိုယ္စီ ကိုယ္စီ ရည္းစားေတြ ရွိေနၾကပါတယ္။ အရြယ္ေရာက္လာတဲ့ ဆယ္ေက်ာ္သက္အခ်ိန္ကေန လူငယ္အရြယ္ေတြ အသီးသီးမွာ ကိုယ္စီ ခ်စ္ရသူေတြနဲ႔ လက္တြဲေနၾကခ်ိန္မွာ

တစ္ခ်ိဳ႕မိန္းကေလးေတြ ကေတာ့ တစ္ကိုယ္တည္းပဲ single အျဖစ္နဲ႔ ရွိေနၾကပါတယ္။ သူမ်ားေတြနဲ႔ မတူဘဲ Single ျဖစ္ေနတာက သူမ်ားေတြနဲ႔ မတူတဲ့ အေျခအေနမ်ိဳးေတြ သူတို႔မွာ ရွိေနလို႔ပဲ ျဖစ္ပါတယ္။ သူတုိ႔ေတြကေတာ့ ဒီအေၾကာင္းအရင္းေတြေၾကာင့္ Single ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

(၁) ရည္းစားရွိတယ္လို႔ အထင္ခံရလို႔

ေခ်ာတဲ့ ေကာင္မေလးေတြ အမ်ားစုကေတာ့ သူတို႔ကို ရည္းစားရွိတယ္လို႔ အျမဲဲ အထင္ခံရေလ့ ရွိပါတယ္။ သူတို႔ကို ရည္းစား ရွိမယ္လုိ႔ ယူဆၾကလို႔ သူတုိ႔ကို ရည္းစား စကား အေျပာမခံရေတာ့တာေတြ ရွိတတ္ပါတယ္။ ဒီအတြက္ သူတို႔ေတြက ရည္းစားရဖို႔ မလြယ္ကူၾကတာ ျဖစ္ပါတယ္။

(၂) ရွိန္လို႔

ေတာ္တဲ့ ေကာင္မေလးတို႔၊ ေခ်ာတဲ့ ေကာင္မေလးတို႔ဆိုရင္ လူအမ်ားက အလိုလို ရွိန္တာမ်ိဳး ျဖစ္တတ္ၾကပါတယ္။ ပံုမွန္လူနဲ႔ မတူသလိုလည္း ဆက္ဆံခံၾကရသလို ဒီအတြက္ တျခားေသာသူေတြကလည္း

ကိုယ့္ကို လြယ္လြယ္နဲ႔ မခ်ဥ္းကပ္ၾကတာမ်ိဳးေတြ ရွိေနပါတယ္။ ေကာင္ေလးေတြကလည္း ကိုယ့္ကို ရွိန္ေနလို႔ သူတို႔မွာ ေကာင္ေလးေတြနဲ႔ မနီးစပ္ႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္ၿပီး ရည္းစားမရ ျဖစ္ေနတတ္ပါတယ္။

(၃) ခ်စ္ရမွာ ေၾကာက္လို႔

သူတို႔ေတြက single ဘဝမွာ သူမ်ားထက္ ၾကာလို႔ ခ်စ္ရမွာကိုလည္း သူမ်ားထက္ ပိုၿပီး ေၾကာက္တတ္ၾကပါတယ္။ ကုိယ္ ခ်စ္မိတဲ့သူက ကိုယ့္ကို တကယ္ ခ်စ္တာ မဟုတ္ဘဲ ကိုယ္က ေခ်ာလို႔ ခဏ လာတြဲတာမ်ိဳး ျဖစ္မွာကိုလည္း ေၾကာက္တတ္ၾကပါတယ္။

သူငယ္ခ်င္းေတြဆီက အသည္းကြဲဇာတ္လမ္းေတြေၾကာင့္လည္း ခ်စ္ရမွာကို ေၾကာက္ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ရည္းစားထားဖို႔ မဝ့ံမရဲ ျဖစ္ေနတတ္ၾကသူေတြလည္း ရွိေနပါတယ္။

(၄) ကိုယ့္ဘဝကို အေကာင္းဆံုး တည္ေဆာက္ေနရလို႔

ေတာ္တဲ့ ထက္တဲ့ မိန္းကေလးေတြက ကိုယ့္ရဲ႕ ဘဝကို အျမဲ စူးစိုက္မႈ ရွိေနတတ္ၾကပါတယ္။ သူတို႔ရဲ႕ အိပ္မက္နဲ႔အတူ သူတို႔ရဲ႕ အားထုတ္မႈေတြ ရွိေနၿပီး ဘဝကို အေကာင္းဆံုး တည္ေဆာက္ဖို႔ လုပ္ေနတတ္ၾကပါတယ္။ ဒီအတြက္ ခ်စ္မႈေရးရာေတြကိုလည္း အာရံုမစိုက္ႏိုင္ျဖစ္ၿပီး ရည္းစား မရွိတဲ့သူအျဖစ္ ရပ္တည္ေနၾကပါတယ္။

(၅) တိတ္တိတ္ဆိတ္ဆိတ္ပဲ ေနတတ္လို႔

တစ္ခ်ိဳ႕က်ေတာ့ တကယ္ပဲ introvert ေတြ ျဖစ္လို႔ လူေတြနဲ႔လည္း သိပ္ၿပီး စကားေျပာေလ့ မရွိၾကပါဘူး။ စကားမ်ားမ်ား ေျပာရတာ မႀကိဳက္သလို လူအမ်ားႀကီးေတာထဲမွာလည္း အျမဲ မေနတတ္ၾကပါဘူး။

တစ္ေယာက္တည္းပဲ သြားလာၿပီး တစ္ေယာက္တည္းပဲ သူငယ္ခ်င္းနည္းနည္းနဲ႔ ဘဝကို ျဖတ္သန္းေနလို႔ ေကာင္ေလးေတြရဲ႕ စိတ္ဝင္စားမႈကို မရရွိဘဲ single ျဖစ္ေနတတ္ၾကပါတယ္။ ေကာင္ေလးေတြက ခ်ဥ္းကပ္ရင္ေတာင္မွ သူတို႔က ျငင္းတတ္ၾကပါေသးတယ္။

Kham

Unicode,

တော်လည်းတော် ချောလည်း ချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့ အကြောင်းအရင်းများ

ဒီနေ့လို ခေတ်မျိုးမှာ ကိုယ်စီ ကိုယ်စီ ရည်းစားတွေ ရှိနေကြပါတယ်။ အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်အချိန်ကနေ လူငယ်အရွယ်တွေ အသီးသီးမှာ ကိုယ်စီ ချစ်ရသူတွေနဲ့ လက်တွဲနေကြချိန်မှာ

တစ်ချို့မိန်းကလေးတွေ ကတော့ တစ်ကိုယ်တည်းပဲ single အဖြစ်နဲ့ ရှိနေကြပါတယ်။ သူများတွေနဲ့ မတူဘဲ Single ဖြစ်နေတာက သူများတွေနဲ့ မတူတဲ့ အခြေအနေမျိုးတွေ သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ ဒီအကြောင်းအရင်းတွေကြောင့် Single ဖြစ်နေတာပဲ ဖြစ်ပါတယ်။

(၁) ရည်းစားရှိတယ်လို့ အထင်ခံရလို့

ချောတဲ့ ကောင်မလေးတွေ အများစုကတော့ သူတို့ကို ရည်းစားရှိတယ်လို့ အမြဲဲ အထင်ခံရလေ့ ရှိပါတယ်။ သူတို့ကို ရည်းစား ရှိမယ်လို့ ယူဆကြလို့ သူတို့ကို ရည်းစား စကား အပြောမခံရတော့တာတွေ ရှိတတ်ပါတယ်။ ဒီအတွက် သူတို့တွေက ရည်းစားရဖို့ မလွယ်ကူကြတာ ဖြစ်ပါတယ်။

(၂) ရှိန်လို့

တော်တဲ့ ကောင်မလေးတို့၊ ချောတဲ့ ကောင်မလေးတို့ဆိုရင် လူအများက အလိုလို ရှိန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ပုံမှန်လူနဲ့ မတူသလိုလည်း ဆက်ဆံခံကြရသလို ဒီအတွက် တခြားသောသူတွေကလည်း

ကိုယ့်ကို လွယ်လွယ်နဲ့ မချဉ်းကပ်ကြတာမျိုးတွေ ရှိနေပါတယ်။ ကောင်လေးတွေကလည်း ကိုယ့်ကို ရှိန်နေလို့ သူတို့မှာ ကောင်လေးတွေနဲ့ မနီးစပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပြီး ရည်းစားမရ ဖြစ်နေတတ်ပါတယ်။

(၃) ချစ်ရမှာ ကြောက်လို့

သူတို့တွေက single ဘဝမှာ သူများထက် ကြာလို့ ချစ်ရမှာကိုလည်း သူများထက် ပိုပြီး ကြောက်တတ်ကြပါတယ်။ ကိုယ် ချစ်မိတဲ့သူက ကိုယ့်ကို တကယ် ချစ်တာ မဟုတ်ဘဲ ကိုယ်က ချောလို့ ခဏ လာတွဲတာမျိုး ဖြစ်မှာကိုလည်း ကြောက်တတ်ကြပါတယ်။

သူငယ်ချင်းတွေဆီက အသည်းကွဲဇာတ်လမ်းတွေကြောင့်လည်း ချစ်ရမှာကို ကြောက်နေတတ်ကြပါတယ်။ ဒါကြောင့် ရည်းစားထားဖို့ မဝ့ံမရဲ ဖြစ်နေတတ်ကြသူတွေလည်း ရှိနေပါတယ်။

(၄) ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နေရလို့

တော်တဲ့ ထက်တဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ ဘဝကို အမြဲ စူးစိုက်မှု ရှိနေတတ်ကြပါတယ်။ သူတို့ရဲ့ အိပ်မက်နဲ့အတူ သူတို့ရဲ့ အားထုတ်မှုတွေ ရှိနေပြီး ဘဝကို အကောင်းဆုံး တည်ဆောက်ဖို့ လုပ်နေတတ်ကြပါတယ်။ ဒီအတွက် ချစ်မှုရေးရာတွေကိုလည်း အာရုံမစိုက်နိုင်ဖြစ်ပြီး ရည်းစား မရှိတဲ့သူအဖြစ် ရပ်တည်နေကြပါတယ်။

(၅) တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်လို့

တစ်ချို့ကျတော့ တကယ်ပဲ introvert တွေ ဖြစ်လို့ လူတွေနဲ့လည်း သိပ်ပြီး စကားပြောလေ့ မရှိကြပါဘူး။ စကားများများ ပြောရတာ မကြိုက်သလို လူအများကြီးတောထဲမှာလည်း အမြဲ မနေတတ်ကြပါဘူး။

တစ်ယောက်တည်းပဲ သွားလာပြီး တစ်ယောက်တည်းပဲ သူငယ်ချင်းနည်းနည်းနဲ့ ဘဝကို ဖြတ်သန်းနေလို့ ကောင်လေးတွေရဲ့ စိတ်ဝင်စားမှုကို မရရှိဘဲ single ဖြစ်နေတတ်ကြပါတယ်။ ကောင်လေးတွေက ချဉ်းကပ်ရင်တောင်မှ သူတို့က ငြင်းတတ်ကြပါသေးတယ်။

Kham