ဗဟုသုတ














💗 (Growing heart)


Credit

Unicode,

“အသည်းလေးတွေက ‌ပြော‌တဲ့ ဘာသာစကား”

❤ (Red heart) ဂန္တဝင်မြောက် အချစ်ရဲ့ သင်္ကေတ ပါ။ရိုဆန်တဲ့ သဘောနဲ့ သုံးလို့ ရသလို သူငယ်ချင်းတွေ ကြားမှာလည်း သုံးလို့ ရပါ တယ်တဲ့

🧡 (Orange heart) – Friend zone ရဲ့ သင်္ကေတလို့ ပြောရမယ် ထင်တယ်။ သိပ်စိတ် မပါတဲ့ အချစ်၊ မတွဲချင်ဘူး သူငယ်ချင်း‌တွေလိုပဲ ဆက်‌နေချင်တဲ့ အခါမျိုးကို ကိုယ်စားပြု နိုင်ပါ တယ်တဲ့

💛 (Yellow heart) – ကောင်းမြတ်သော နှလုံးသား။ နွေးထွေးတဲ့ အချစ်နဲ့ နှလုံးသားရဲ့ သန့်ရှင်းဖြူစင်မှု။ ပျော်ရွှင်မှု သူငယ်ချင်း သံယောဇဉ်နဲ့ ဘဝရဲ့ စိတ်ချမ်းသာ စရာတွေကို ရည်ညန်း ပါတယ်တဲ့

💚 (Green heart)- ကျန်းမာတဲ့ ဘဝနေထိုင်မှု အတွက်၊ သဘာဝ တရားကြီးနဲ့ နီးစပ်မှု အတွက် သုံးလို့ရပါတယ် တခါတလေတော့ မနာလိုဖြစ်‌နေတဲ့ နှလုံးသား လို့လည်း သိကြ ပါတယ်ချစ်သူတွေကြား အဆင်မပြေလို့ ပြန်လည် အဆင်ပြေချင် တယ် ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်

💙 (Blue heart)- အပြည့်အဝ ယုံကြည်တယ်။ သန့်ရှင်းတဲ့ အချစ် သစ္စာရှိမှုနဲ့ သူငယ်ချင်း သံယောဇဉ်။ autism ရောဂါကို သတိမူ မိစေဖို့ အတွက်၊ ရေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေနဲ့ လွန်ကဲစွ ာစွဲလမ်းမှုကို ဖော်ပြဖို့ သုံးပါတယ်

💜 (Purple heart) – နားလည်မှုနဲ့ ကရုဏာ တရားကြီးမားတဲ့ အချစ် ။ မေတ္တာတရားနဲ့ စောင့်ရှောက်ခြင်း။ အမေများနေ့ အတွက်ဖြစ်ဖြစ် မိဘနဲ့ သားသမီးကြား သုံးကြ တယ်။ ဖက်ရှင်ကျသူတွေ ဆယ်လီတွေက ကြွယ်ဝမှုနဲ့ စွဲမက်ဖွယ်ရာတွေ ဖော်ပြဖို့ သုံးတတ် တယ်။

🖤 (Black heart) – Dark humor ကို ပြတယ် ။ စိတ်ရဲ့ အမှောင်ခြမ်းကို ပြသလို ပူဆွေးဝမ်းနည်းမှုနဲ့ သောကရောက်မှုကို ပြဖို့လည်း သုံးပါ တယ်

💔 (Broken heart) – အပြင်းအထန် မပျော်ရွှင်ဖြစ်နေတယ်။ ဝမ်းနည်းမှုနဲ့ နာကျင် ခံစားရခြင်းကို ဖော်ပြတယ်။ အသည်းကွဲ နာကျ‌နေတယ်ဆို တဲ့ အဓိပ္ပာယ်။

❣️ (Heavy heart exclamation mark ornament) – လုံးဝသဘောတူတယ်! အသည်း ပုံအောက်မှာ အစက်လေးချထားခြင်းဟာ အလှဆင်ထားတဲ့ အာမေဍိတ် သင်္ကေတပါ။ ဒီအပြုအမူက ရင်ထဲက လာပြီး တစ်ခုခုကို တစ်ယောက်ယောက်ကို တကယ် သဘောကျတယ် ဆိုတာ အသားပေး ထားတာပါ။

💕 (Two hearts) – အချစ်ကို ခံစားနေ ရချိန်ပေါ့။ ပြင်းပြင်းထန်ထန် အချစ်မျိုး မဟုတ်ဘဲ အလှအပသေ ဘာမျိုး။ တစ်ယောက်ယောက်အပေါ် မေတ္တာထားတာမျိုးနဲ့ မိန်းကလေးတွေ ကြားက သူငယ်ချင်းအချစ်။

💞 (Revolving hearts) – တစ်ခုနဲ့ တစ်ခု ပတ်နေတဲ့ အသည်းနှစ်ခုဆိုတာ လူနှစ်ယောက်ကြားက အချစ်။ တစ်ယောက်ယောက်က မင်းအချစ် ရဖို့ ကြိုးစားနေပြီ။

💓 (Beating heart) – အရမ်းချစ်တယ်တဲ့။ ခိုင်မြဲတဲ့ ဆက်နွယ်မှုကို သကေင်္တပြုပြီး တစ်ယောက်ယောက် အတွက် တစ်ခုခု အတွက် ပြင်းပြတဲ့ ခံစားချက်ကို ဖော်ပြဖို့ သုံးတယ်မကြာခင် ကလေးမွေးတော့မယ် ဆိုတဲ့ အခါ ဘဝရဲ့ သင်္ကေတ‌ အဖြစ် သုံးတယ်။

💗 (Growing heart)

အသည်းသုံးဆင့်က အစဉ်ကြီးထွားနေတဲ့ နှလုံးသားကို သိရှိစေပါတယ်တဲ့။ခံစားချက်တွေ ပိုမို နက်ရှိုင်းလာပြီး အချစ်‌တွေ ပိုတိုးနေပါတယ်တဲ့။အတွေ့အကြုံကောင်းတစ်ခု ရင်ဖွင့်မှုတစ်ခု အပြီး နှလုံးသားက အပျော်တွေနဲ့ ပြည့်‌နေပြီး နှလုံးခုန်မြန်လာတယ်တဲ့။ ဖတ်ပြီးရင် ကျွန်တော့်ကိုလည်း အသည်းလေးတွေ ပေးခဲ့ကြနော် ❤

Credit