လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှ မရတာကိုး။ ဒါပေမယ့် မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ မသိစိတ်က လူတစ်ယောက် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ် အသွင်ပြောင်းပစ်လိုက်ခြင်း ဖြစ်ပါတယ် …။
မသိစိတ်ဆိုတာကလည်း ကိုယ်တွေလူသားတွေအနေနဲ့ လုံးဝမသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ်ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ်။ အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ”
အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က လူတွေရဲ့ အိပ်မက်ကို ဖန်တီးတာ ဖြစ်ပါတယ်။ ဒါပေမယ့် မသိစိတ်ဟာ လူတွေ မသိကြတဲ့အတွက် မသိစိတ်လို့ နာမည်ပေးထားတာ ဖြစ်ပေမဲ့ သူမရဲ့ မသိစိတ်ထဲရောက်စေတယ်လို့ ယေဘုယျအားဖြင့် ယုံကြည်ကြတဲ့ အချက်တွေရှိပါတယ်။ သူ့ကို မိမိရဲ့ ဓာတ်ပုံပေးပို့ထားပါ။ သူကလည်း သင့်ကို တကယ်စိတ်ဝင်စားနေပြီး သူအိပ်ယာမဝင်ခင်ကြည့်မိတဲ့ ပုံဟာ သင်ပုံဖြစ်မယ်ဆိုရင် သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ညအိပ်ယာမဝင်ခင်ဖုန်းခေါ်ပါ။ ဒီလိုပြုလုပ်ပေးခြင်းကလည်း ခုနတုန်းက ဓာတ်ပုံပေးသလိုမျိုးပဲ သင့်အကြောင်းကို သူရဲ့ မသိစိတ်ထဲရောက်ရှိဖို့ ကူညီပေးနိုင်ပါတယ် …။
၂။ သင့်ရဲ့ ပင်ကိုယ် အနံ့တစ်ခုခု ရှိပါစေ”
သင်ဟာ သီးခြားရေမွှေးတစ်မျိုးမျိုး၊ဒါမှမဟုတ် သီးခြား ဆပ်ပြာ တစ်မျိုးကို သုံးတယ်ဆိုရင် ထိုအနံ့အသက်ကလည်း သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ သူမအိပ်ခင် သင့်ရဲ့ ကိုယ်ပိုင် အနံ့အသက်လေး ရနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ် …။
၃။သင့်ရဲ့ ပင်ကိုယ်ပုံစံ တစ်ခု ရှိနေပါစေ”
ဥပမာ-သင့်မှာ ကြောင်အကောင် ၂၀ လောက်ရှိနေတာ မျိုး စတဲ့ ထူးခြားတဲ့ ပင်ကိုယ်ပုံစံတွေကို ပြောပြပါ။ သင့်အကြောင်းကို သူ့ကို အိပ်မက်မက်စေချင်တယ်ဆိုရင် မဖုံးကွယ်ပါနဲ့။ ဥပမာ-သင့်အကြောင်းကို အိပ်မက်မက်စေချင်တဲ့ လူတစ်ယောက်က သင့်ကို ” ဘာရုပ်ရှင်ကားမျိုးတွေ ကြိုက်တတ်လဲ” လို့မေးလာခဲ့ရင် အင်း ” သရဲကားတွေတော့ ကြိုက်တယ် ” ဆိုတာမျိုး ၀ိုးတဝါး သွားမဖြေလိုက်ပါနဲ့။ ဥပမာ-DOTS ဇာတ်ကားလေးကို ကြိုက်တယ်ပေါ့။ ဒီအထဲမှာ ဆောင်းဂျွန်ကီ သရုပ်ဆောင်သွားတာ အရမ်းကောင်းတာပဲ၊ ဘယ်လိုအခန်းမျိုးမှာ ဘယ်လိုဂရုစိုက်တာပြတာသဘောကျတယ် စသဖြင့် တိတိကျကျပြောပြပေးပါ …။
၎။ စစ်မှန်သော ချီးမွမ်းစကား ပြောပါ”
လူတိုင်းဟာ ကဲ့ရဲ့စကားပြောခဲ့တဲ့ လူတွေကို အမြဲမမှတ်ထားနိုင်ကြပေမဲ့ ချီးမွမ်းစကား ပြောခဲ့တဲ့ သူတွေကိုတော့ တစ်သက်လုံး မှတ်ထားနိုင်ကြပါတယ်။ လူတစ်ယောက်ရဲ့ စစ်မှန်သော အရည်အချင်းတစ်ခုခုအတွက် ချီးမွမ်းစကားပြောပါပေးပါ။ချီးမွမ်းစကားပြောပေးခြင်းဖြင့် သင့်အကြောင်းကို သူ့အနေနဲ့ ပိုမှတ်မိနိုင်ပြီး သူ့ရဲ့ မသိစိတ်ထဲကို ရောက်သွားဖို့လည်း အခွင့်အလမ်းရှိပါတယ်နော် …။
ကဲ…ကိုယ့်အကြောင်းအိပ်မက်မက်စေချင်တဲ့သူ ရှိနေရင် စမ်းကြည့်လိုက်ပါနော် …။ ။
Credit