Credit
Unicode,
ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…
ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ် ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူးနော်လို့ သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်ထားမသွားပါဘူးလို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ်ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ်
ကြာလာတော့အချိုးတွေပြောင်းလာတရ် သင်ခန်းစာ ရသွားတယ် ( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို )စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက်ရနေတယ် ဆိုတာကိုသိလိုက်ရတယ် သိသိချင်း သေမလောက်ခံစားရသလို အရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ် ဒါပေမယ့်
သင်ခန်းစာရသွားတယ် ( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက် မွေးဖွားလာတဲ့ စကားလုံးဆိုတာကို )ဖောက်ပြန်နေတာ သိလိုက်တော့ ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ် တကယ်တမ်းကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့ နောက်တစ်ယောက် မထားပါနဲ့
အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး ဖောက်ပြန်နေတာကို ရပ်ဆိုင်းပေးပါလို့ ဆိုပြီး သိသိကြီးနဲ့ အနူးအညွှတ်တောင်းပန်မိတရ် ထပ်ပြီးတော့ သင်ခန်းစာရ လိုက်တယ် ( မပြတ်သားတဲ့အခါ အမှတ်မထားတဲ့အခါ အကြိမ်ကြိမ်အခါခါ နာကျင်ရတယ်လို့ )သူ့ဘက်က တဖြည်းဖြည်းနဲ့သွေးအေးပြီး
အဆက် အသွယ်တွေ ဖြတ်လာပေမယ့် ကိုယ်ကတော့ နည်းမျိုးစုံနဲ့ ဆက်သွယ် မိတယ် Sms ပို့တော့လည်း Reply မပြန် ဖုန်းခေါ်တော့ လဲမကိုင်နဲ့ ရှောင်လွဲနေ ခဲ့တယ် ထပ်ပြီးတော့ သိလိုက် ရတယ်( ဖောက်ပြန်တတ်တဲ့သူတွေက အမှန်တရားနဲ့ ထိပ်တိုက်တွေ့မှာကို သေမလောက်ကြောက်နေ တတ်တယ် ဆိုတာကို ) နောက်ဆုံး လုံးဝသည်းမခံနိုင်တဲ့
အဆုံးကျတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့ ကိုယ်ကို ပြန်ပြီးသနား မိတာနဲ့ပဲ ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင်ပဲ တိုက်ပိတ်ပြီး ထောင်သွင်း အကျဉ်းချ ပစ်လိုက်တယ်
ကိုယ့်ဘက်က အဆက်သွယ်ဖြတ် တယ်ကိုယ်ဘက်ကနေ မခံစားနိုင် တဲ့အဆုံး အဆက်သွယ် ဖြတ်ပြီးခါစ တုန်းကတော့ လုပ်ဇာတ် ခင်းခဲ့တဲ့ သူ့လုပ်ရပ်ကို တွေးမိတိုင်း ဒေါသက ထွက်နေတုန်း
သူ့ကို ပြန်ပြီးကလဲ့စားချေမယ်လို့ ဆုံးဖြတ်မိတရ် နောက်မှ သိလိုက်ရတာက ( ကလဲ့စားချေတာထက် ဥပေက္ခာပြုတဲ့နည်းက ပိုထိရောက်တယ် ဆိုတာကို )ဒီစာကို Shareတာ နင်မြင်တဲ့အခါ နင့်ကို သတိရနေတယ် ထင်ပြီး Feel တွေ သိပ်တတ်မနေပါနဲ့ ဒီစာ Share တာ နင့်ကို ကျေးဇူးတင်ကြောင်း ပြောချင်ရုံသက်သက်ပါပဲ။
ကျန်တာကတော့ နင်နဲ့ပတ်သတ်ပြီး No Feeling ပါပဲ ဘဝမှာ ကိုယ်ကို ရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေနဲ့ အများဆုံး ပြုပြင်ပြောင်းလဲပေးသွားနိုင်တဲ့သူကနှစ်မျိုးပဲ ရှိတယ်” ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တယ် ဆိုတဲ့သူ ”အခုချိန်မှာ အချစ်နဲ့ပတ်သတ်လာရင် ဆင်တူယိုးမှား အတုအပ အမှားအမှန် တွေကို
ခွဲခြားပြီး သတိပြုမိအောင် ပါးစပ်ပါတိုင်း ချစ်တယ်လို့ လာပြောနေတဲ့ လူတိုင်းကို မယုံကြည်မိတော့အောင် သင်ခန်းစာတွေပေးသွားတဲ့ ရည်းစားဟောင်းဖြစ်တဲ့ ရည်းစားဟောင်း ကို တွေးမိတိုင်း ကျေးဇူးတွေ တင်နေမိတယ်
Credit