လူအမ်ားစုက လွတဲ့မိန္းကေလးေတြဆိုရင္ သူတို႕ခ်စ္သူကလည္း တုန္ေနေအာင္ခ်စ္ျပီး အခ်စ္ေရးအရမ္းသာယာမွာပဲလို႕ ထင္တတ္ျကပါတယ္ ။ တစ္ကယ္တမ္း သိပ္လွတဲ့ မိန္းကေလးေတြက အခ်စ္ေရးသိပ္ကံမေကာင္းတတ္ျကပါဘူး ။ ဒီအခ်က္ကို သင္ကိုယ္တိုင္ျကံုေတြ႕ေနရလို႕ပဲျဖစ္ျဖစ္ ဘာလို႕ အဲ့လိုျဖစ္ရတာလဲလို႕ အျမဲသိခ်င္ေနျကတဲ့သူေတြအတြက္ ဘာေျကာင့္ကံမေကာင္းရလဲ ဆိုတဲ့အခ်က္ေလးေတြကိုေဖာ္ျပေပးလုိက္ပါတယ္…
ေရြးခ်ယ္ရခက္တယ္
လွတဲ့ မိန္းကေလးေတြကို စိတ္၀င္စားေနတဲ့ သူေတြ ၊ ပိုးပန္းေနတဲ့သူေတြထဲက ဘယ္သူက တစ္ကယ္ခ်စ္တဲ့သူမွန္း ေရြးခ်ယ္ရတာအရမ္းခက္ပါတယ္ ။ သူတို႕ကို တစ္ကယ္ခ်စ္လို႕ ျကိုက္တာလား ၊ အလွအေပၚမွာပဲ မက္ေမာလုိ႕ ျကိုက္တာလား ၊ ေခ်ာေခ်ာလွလွ ရည္းစားေလး ရထားတယ္ဆိုျပီးပဲ ျကြားလံုးထုတ္ခ်င္လို႕လားဆိုတာ ေတာ္ေတာ္ခန္႕မွန္းရခက္ပါတယ္ ။ ဒါ့ေျကာင့္ တစ္ကယ္မခ်စ္ပဲ တပ္မက္စိတ္နဲ႕ အရာရာျဖည့္စည္းေပးေနသူေတြကို ေရြးမိတတ္ျကပါတယ္
အျမင့္မွန္းလို႔
အခ်စ္ေရးမွာ အဘက္ဘက္ကျပည့္စံုေနျပီး ကိုယ့္ကို ဂရုမစိုက္ပဲ အေပ်ာ္သေဘာတြဲေနတဲ့သူထက္ ကိုယ့္ကိုတစ္ကယ္ခ်စ္ျပီး လုိအပ္ခ်ိန္တိုင္းမွာ အျမဲေဘးက အသင့္ရွိေနေပးမယ့္ခ်စ္သူမ်ိဳးကိုသာေရြးခ်ယ္သင့္တာပါ ။ ေကာင္ေလးေတြျကား ေရပန္းစားတဲ့
မိန္းကေလးေတြကေတာ့ ကိုယ့္ကိုခ်စ္တဲ့သူထက္ သူတို႕နဲ႕ ထိုက္တန္တယ္လို႕ယူဆရတဲ့ ကိုယ့္ထက္အဆင့္အတန္းျမင့္မားေပမယ့္ ေခ်တတ္တဲ့ ေကာင္ေလးေတြကိုပိုေရြးခ်ယ္ျကတာေျကာင့္ ကံမေကာင္းတာလည္း ျဖစ္တတ္ပါတယ္။
ရည္းစားမ်ားမယ္ထင္ရလို႔
သိပ္လွတဲ့ မိန္းကေလးေတြကို ေယာက်ာ္းေလးအမ်ားစုထင္ျကတာကေတာ့ ေျခရွဳပ္မယ္ ၊ ရည္းစားမ်ားမယ္လုိ႕ပါ ။ ဒါ့ေျကာင့္ တည္ျငိမ္ခိုင္ျမဲတဲ့ အခ်စ္ေရးကို လိုခ်င္တဲ့ သစၥာရွိ ၊ ခ်စ္တတ္တဲ့ ေကာင္ေလးအမ်ားစုက အနားမကပ္ရဲပဲ ရည္းစားရွဳပ္တတ္တဲ့ေကာင္ေလးေတြကပဲ လာခ်ဥ္းကပ္ရဲတတ္ျကပါတယ္။
မာနႀကီးတတ္လို႕
အခ်စ္ေရးတစ္ခုခိုင္ျမဲဖို႕အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္မွဳနဲ႕ ညွိနွဳိင္းမွဳရွိဖုိ႕က အေရးအျကီးဆံုးပါ။ လွတဲ့မိန္းကေလးေတြ အနားမွာ သူတို႕ကိုခ်ဥ္းကပ္ေနတဲ့ ေကာင္ေလးေတြလည္း မ်ားတာမို႕ လက္ရွိခ်စ္သူနဲ႕ ကေတာက္ကဆေလးအနည္းငယ္ရွိရင္ေတာင္
မညွိနွိဳင္းပဲ မာနကိုပဲေရွ႕တန္းတင္တတ္ျကပါတယ္ ။ သူမရွိလည္း ငါ့ကိုခ်စ္မယ့္သူေတြ တစ္ပံုျကီးပါလို႕ေတြးထင္ျကလို႕ပါ။ ဒီလိုနဲ႕ပဲ တစ္ေယာက္ျပီးတစ္ေယာက္ ျဖစ္လာျပီး အခ်စ္ေရးမခိုင္ျမဲတတ္ျကပါဘူး…
Kay
Unicode,
သိပ်လှတဲ့ မိန်းကလေးတွေ အချစ်ရေး ကံမကောင်းတတ်တဲ့ အကြောင်းအရင်းများ
လူအများစုက လှတဲ့မိန်းကလေးတွေဆိုရင် သူတို့ချစ်သူကလည်း တုန်နေအောင်ချစ်ပြီး အချစ်ရေးအရမ်းသာယာမှာပဲလို့ ထင်တတ်ကြပါတယ် ။ တစ်ကယ်တမ်း သိပ်လှတဲ့ မိန်းကလေးတွေက အချစ်ရေးသိပ်ကံမကောင်းတတ်ကြပါဘူး ။ ဒီအချက်ကို သင်ကိုယ်တိုင်ကြုံတွေ့နေရလို့ပဲဖြစ်ဖြစ် ဘာလို့ အဲ့လိုဖြစ်ရတာလဲလို့ အမြဲသိချင်နေကြတဲ့သူတွေအတွက် ဘာကြောင့်ကံမကောင်းရလဲ ဆိုတဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်…
ရွေးချယ်ရခက်တယ်
လှတဲ့ မိန်းကလေးတွေကို စိတ်ဝင်စားနေတဲ့ သူတွေ ၊ ပိုးပန်းနေတဲ့သူတွေထဲက ဘယ်သူက တစ်ကယ်ချစ်တဲ့သူမှန်း ရွေးချယ်ရတာအရမ်းခက်ပါတယ် ။ သူတို့ကို တစ်ကယ်ချစ်လို့ ကြိုက်တာလား ၊ အလှအပေါ်မှာပဲ မက်မောလို့ ကြိုက်တာလား ၊ ချောချောလှလှ ရည်းစားလေး ရထားတယ်ဆိုပြီးပဲ ကြွားလုံးထုတ်ချင်လို့လားဆိုတာ တော်တော်ခန့်မှန်းရခက်ပါတယ် ။ ဒါ့ကြောင့် တစ်ကယ်မချစ်ပဲ တပ်မက်စိတ်နဲ့ အရာရာဖြည့်စည်းပေးနေသူတွေကို ရွေးမိတတ်ကြပါတယ်
အမြင့်မှန်းလို့
အချစ်ရေးမှာ အဘက်ဘက်ကပြည့်စုံနေပြီး ကိုယ့်ကို ဂရုမစိုက်ပဲ အပျော်သဘောတွဲနေတဲ့သူထက် ကိုယ့်ကိုတစ်ကယ်ချစ်ပြီး လိုအပ်ချိန်တိုင်းမှာ အမြဲဘေးက အသင့်ရှိနေပေးမယ့်ချစ်သူမျိုးကိုသာရွေးချယ်သင့်တာပါ ။ ကောင်လေးတွေကြား ရေပန်းစားတဲ့
မိန်းကလေးတွေကတော့ ကိုယ့်ကိုချစ်တဲ့သူထက် သူတို့နဲ့ ထိုက်တန်တယ်လို့ယူဆရတဲ့ ကိုယ့်ထက်အဆင့်အတန်းမြင့်မားပေမယ့် ချေတတ်တဲ့ ကောင်လေးတွေကိုပိုရွေးချယ်ကြတာကြောင့် ကံမကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ရည်းစားများမယ်ထင်ရလို့
သိပ်လှတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးအများစုထင်ကြတာကတော့ ခြေရှုပ်မယ် ၊ ရည်းစားများမယ်လို့ပါ ။ ဒါ့ကြောင့် တည်ငြိမ်ခိုင်မြဲတဲ့ အချစ်ရေးကို လိုချင်တဲ့ သစ္စာရှိ ၊ ချစ်တတ်တဲ့ ကောင်လေးအများစုက အနားမကပ်ရဲပဲ ရည်းစားရှုပ်တတ်တဲ့ကောင်လေးတွေကပဲ လာချဉ်းကပ်ရဲတတ်ကြပါတယ်။
မာနကြီးတတ်လို့
အချစ်ရေးတစ်ခုခိုင်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ညှိနှိုင်းမှုရှိဖို့က အရေးအကြီးဆုံးပါ။ လှတဲ့မိန်းကလေးတွေ အနားမှာ သူတို့ကိုချဉ်းကပ်နေတဲ့ ကောင်လေးတွေလည်း များတာမို့ လက်ရှိချစ်သူနဲ့ ကတောက်ကဆလေးအနည်းငယ်ရှိရင်တောင်
မညှိနှိုင်းပဲ မာနကိုပဲရှေ့တန်းတင်တတ်ကြပါတယ် ။ သူမရှိလည်း ငါ့ကိုချစ်မယ့်သူတွေ တစ်ပုံကြီးပါလို့တွေးထင်ကြလို့ပါ။ ဒီလိုနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာပြီး အချစ်ရေးမခိုင်မြဲတတ်ကြပါဘူး…
Kay