ေယာက်ာၤး တစ္ေယာက္ နဲ႔ မိန္းမ တစ္ေယာက္ နဲ႔ ခ်စ္ႀကိဳက္ၾက တဲ့အခါမွာ ၊ အခ်စ္ေရး တစ္ခုကို တည္ေဆာက္ ၾကတဲ့ အခါမွာ ေရရွည္တည္ၿမဲေနဖို႔ ဆိုတာ မလြယ္ပါဘူး။ ဒါေၾကာင့္မို႔ ဒီဘက္ေခတ္မွာ ရည္းစား မ်ားရတဲ့ ျပႆနာ ေတြ ေပၚေပါက္လာခဲ့တာပဲ ျဖစ္ပါတယ္။
တစ္ခါတစ္ေလ မွာ ႏွလံုးသား ရဲ ႔ ဆႏၵတစ္ခုတည္းကို ဦးစားမေပးပဲ ဦးေႏွာက္ကို သံုးၿပီး စဥ္းစားမွ သာလွ်င္ အခ်စ္ေရး တစ္ခုဟာ တည္ၿမဲ ႏိုင္မွာ ျဖစ္ပါတယ္။ လိုအပ္သလို ေျပာင္းလဲ ေပးရပါလိမ့္မယ္။ အခ်စ္ေရးတစ္ခု တည္ၿမဲေနေစဖို႔ သင့္အေနနဲ႔ စြန္႔လႊတ္လိုက္သင့္တဲ့ အရာေတြရွိပါတယ္။ အဲဒါေတြ ကေတာ့
၁။ အေတြးနယ္ခ်ဲ႕ျခင္းကို စြန္႔လႊတ္ပါ ။
စိတ္ကူးယဥ္တယ္ဆိုတာ စိတ္ခ်မ္းသာ စရာပါ။ အနာဂါတ္မွာ ျဖစ္ခ်င္တာေတြကို စိတ္ကူးယဥ္ ပံုေဖာ္တယ္ဆိုတာ ေကာင္းတဲ့ အေလ့အက်င့္ပါ။ ဒါေပမယ့္လည္း မိမိ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး မလိုလားအပ္ပဲ အေတြးေတြနယ္ခ်ဲ ႔ေန ျခင္းကေတာ့ အပ်က္ သေဘာေဆာင္ပါတယ္။
သံသယ စိတ္ေတြ မ်ားလာေစၿပီး ဘယ္သူ႔ အတြက္ မွလည္း ေကာင္းက်ိဳး မရွိပါဘူး။ ကိုယ္ေတြးလိုက္ တိုင္းလည္း မွန္ေနတယ္လို႔ အတိအက် မေျပာႏိုင္ပါဘူး။ ဒါေၾကာင့္ အေတြးေတြ နယ္မခ်ဲ ႔မိဖို႔ ႀကိဳးစားပါ။
၂။ ေပါ့ပ်က္ပ်က္ ဆက္ဆံ တတ္ျခင္းကို စြန္႔လႊတ္ပါ ။
ဆိုလိုခ်င္တာကေတာ့ အခ်စ္ေရး တစ္ခုမွာ တစ္ေယာက္ကိုတစ္ေယာက္ ေလးေလးစားစား ဆက္ဆံ တတ္ဖို႔ လိုပါတယ္။ ျပႆနာ တစ္ခု တတ္လာရင္လည္း “မင္း သိမွာမဟုတ္ပါဘူးကြာ” ဆိုတာမ်ိဳးေတြ မေျပာသင့္ပါဘူး။ အေျဖရွာေနဖို႔လည္း မလိုပါဘူး။ တစ္ကယ္ ေျဖရွင္းရမယ့္ နည္းလမ္းက
တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေျပာပါ။ သူေျပာတာ ကိုယ္ျပန္ နားေထာင္ပါ။ ေျဖရွင္းရမယ့္ နည္းလမ္းကို ရွာေဖြပါ။ ဒါေၾကာင့္ အေျဖ တစ္ခု ရလာဖို႔အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးေလးစားစား ဆက္ဆံ ဖို႔ေတာ့ လိုပါလိမ့္မယ္။
၃။ သံသယ ျဖစ္ျခင္း ကို စြန္႔လႊတ္ပါ ။
တစ္ကယ္လို႔ ကိုယ့္ခ်စ္သူ ရည္းစားက လံုး၀ ယံုၾကည္ခ်င္စရာ မေကာင္းဘူးဆိုရင္ေတာ့ ဆက္ တြဲမေနပါနဲ႔။ ယံုၾကည္လို႔ တြဲၿပီဆိုရင္လည္း သံသယ ေတြ ျဖစ္မေနဖို႔လိုပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယ ေတြ ျဖစ္ေန ၊ မယံုမၾကည္ေတြ ျဖစ္ေနတာဟာ အခ်စ္ ရဲ ႔ လကၡဏာ ေတြ မဟုတ္တာ ကိုေတာ့ သတိေပး ပါရေစ။
၄။ တစ္ေယာက္ကို တစ္ေယာက္ ၿငိဳျငင္ေနျခင္းေတြကို စြန္႔လႊတ္ပါ ။
အခ်စ္ေရး ဆိုတာဟာ တန္းတူညီမွ် ျခင္း အေပၚ မူတည္ေနပါတယ္။ တစ္ေယာက္မွာ မရွိတာကို တစ္ေယာက္က ေဖးကူ ေပးမွ တန္းတူ ညီမွ်ျခင္း ဆိုတာ ျဖစ္လာမွာပါ။
အၿမဲတမ္းေပ်ာ္ရႊင္ေနတဲ့ စံုတြဲေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားတတ္ၿပီး တန္းတူညီမွ်တဲ့ ဆက္ဆံေရးေတြ ရွိတတ္ၾက ပါတယ္။
Credit
Unicode,
လက်ရှိချစ်သူနဲ့ တစ်သက်လုံး လက်တွဲသွားချင်ရင် ဒီအရာ (၄)ခုကို စွန့်လွှတ်လိုက်ပါ
ယောကျာင်္း တစ်ယောက် နဲ့ မိန်းမ တစ်ယောက် နဲ့ ချစ်ကြိုက်ကြ တဲ့အခါမှာ ၊ အချစ်ရေး တစ်ခုကို တည်ဆောက် ကြတဲ့ အခါမှာ ရေရှည်တည်မြဲနေဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့ ဒီဘက်ခေတ်မှာ ရည်းစား များရတဲ့ ပြဿနာ တွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေ မှာ နှလုံးသား ရဲ ့ ဆန္ဒတစ်ခုတည်းကို ဦးစားမပေးပဲ ဦးနှောက်ကို သုံးပြီး စဉ်းစားမှ သာလျှင် အချစ်ရေး တစ်ခုဟာ တည်မြဲ နိုင်မှာ ဖြစ်ပါတယ်။ လိုအပ်သလို ပြောင်းလဲ ပေးရပါလိမ့်မယ်။ အချစ်ရေးတစ်ခု တည်မြဲနေစေဖို့ သင့်အနေနဲ့ စွန့်လွှတ်လိုက်သင့်တဲ့ အရာတွေရှိပါတယ်။ အဲဒါတွေ ကတော့
၁။ အတွေးနယ်ချဲ့ခြင်းကို စွန့်လွှတ်ပါ ။
စိတ်ကူးယဉ်တယ်ဆိုတာ စိတ်ချမ်းသာ စရာပါ။ အနာဂါတ်မှာ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် ပုံဖော်တယ်ဆိုတာ ကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမယ့်လည်း မိမိ အချစ်ရေးနဲ့ ပတ်သက်ပြီး မလိုလားအပ်ပဲ အတွေးတွေနယ်ချဲ ့နေ ခြင်းကတော့ အပျက် သဘောဆောင်ပါတယ်။
သံသယ စိတ်တွေ များလာစေပြီး ဘယ်သူ့ အတွက် မှလည်း ကောင်းကျိုး မရှိပါဘူး။ ကိုယ်တွေးလိုက် တိုင်းလည်း မှန်နေတယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဒါကြောင့် အတွေးတွေ နယ်မချဲ ့မိဖို့ ကြိုးစားပါ။
၂။ ပေါ့ပျက်ပျက် ဆက်ဆံ တတ်ခြင်းကို စွန့်လွှတ်ပါ ။
ဆိုလိုချင်တာကတော့ အချစ်ရေး တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံ တတ်ဖို့ လိုပါတယ်။ ပြဿနာ တစ်ခု တတ်လာရင်လည်း “မင်း သိမှာမဟုတ်ပါဘူးကွာ” ဆိုတာမျိုးတွေ မပြောသင့်ပါဘူး။ အဖြေရှာနေဖို့လည်း မလိုပါဘူး။ တစ်ကယ် ဖြေရှင်းရမယ့် နည်းလမ်းက
တစ်ယောက်နဲ့ တစ်ယောက် စကားပြောပါ။ သူပြောတာ ကိုယ်ပြန် နားထောင်ပါ။ ဖြေရှင်းရမယ့် နည်းလမ်းကို ရှာဖွေပါ။ ဒါကြောင့် အဖြေ တစ်ခု ရလာဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစား ဆက်ဆံ ဖို့တော့ လိုပါလိမ့်မယ်။
၃။ သံသယ ဖြစ်ခြင်း ကို စွန့်လွှတ်ပါ ။
တစ်ကယ်လို့ ကိုယ့်ချစ်သူ ရည်းစားက လုံးဝ ယုံကြည်ချင်စရာ မကောင်းဘူးဆိုရင်တော့ ဆက် တွဲမနေပါနဲ့။ ယုံကြည်လို့ တွဲပြီဆိုရင်လည်း သံသယ တွေ ဖြစ်မနေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သံသယ တွေ ဖြစ်နေ ၊ မယုံမကြည်တွေ ဖြစ်နေတာဟာ အချစ် ရဲ ့ လက္ခဏာ တွေ မဟုတ်တာ ကိုတော့ သတိပေး ပါရစေ။
၄။ တစ်ယောက်ကို တစ်ယောက် ငြိုငြင်နေခြင်းတွေကို စွန့်လွှတ်ပါ ။
အချစ်ရေး ဆိုတာဟာ တန်းတူညီမျှ ခြင်း အပေါ် မူတည်နေပါတယ်။ တစ်ယောက်မှာ မရှိတာကို တစ်ယောက်က ဖေးကူ ပေးမှ တန်းတူ ညီမျှခြင်း ဆိုတာ ဖြစ်လာမှာပါ။
အမြဲတမ်းပျော်ရွှင်နေတဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတတ်ပြီး တန်းတူညီမျှတဲ့ ဆက်ဆံရေးတွေ ရှိတတ်ကြ ပါတယ်။
Credit