သူနဲ႕အိပ္ျပီးလို့ မသန္႔ေတာ့ပါဘူး ဆိုၿပီး စိတ္ညစ္ေနတဲ့ မိန္းကေလးမ်ား ဖတ္ရန္..။ မဆိုင္သူမ်ားမဖတ္ရ..။
ေကာင္းပါျပီ မေျပာခင္ကြ်န္ေတာ့္ကိုကြ်န္ေတာ္ မိတ္ဆက္ေပးပါရေစ။ တစ္ခါတစ္ခါမွာ ေျပာျပတဲ႕လူအေၾကာင္းကိုသိျခင္းဟာေျပာမယ့္ စကားကို ပိုျပီးေလးနက္ေစတယ္ထင္မိလို႕ပါ
ကြ်န္ေတာ္ Minctionary ပါ။ ဒီကေလာင္နာမည္နဲ႕အတူ နာမည္ၾကီးခဲ႕တာက ပြင့္ေၾကဖတ္ေၾကြဆိုတဲ႕ ဇာတ္လမ္းေလးေတြပါ။
မိန္းကေလးေတြဖက္က အလိုမလိုက္ဖို႕ကိုယ့္ဂုဏ္ကိုယ္ျမွင့္ဖို႕အေၾကာင္း ေယာက်ာၤးယုတ္ေတြအေၾကာင္း အသိေပးခဲ႕တဲ႕ ဇာတ္လမ္းတြဲေလးေတြပါ။
ေနာက္ပိုင္းမွာ ဒီအေၾကာင္းေတြဘဲအပ္ေၾကာင္းထပ္ျပီး တစ္ရာဖိုးသံုးပုဒ္ stupidity ေတြဘဲျဖန္႕မိသလိုျဖစ္မွာစိုးတာရယ္။ ဘဝမွာအခက္အခဲဆံုးကာလျဖစ္ခဲ႕ရတာေတြရယ္။
လာတိုင္ပင္ၾကတဲ႕လူအမ်ားစုရဲ႕ဇာတ္လမ္းေပါင္းစံုၾကားထဲမွာ စိတ္ေတြညစ္ညဴးလာတာေတြရယ္ေၾကာင့္ ဆက္မေရးျဖစ္ေသးတာပါ။
ျပီးေတာ့ Page မွာတင္တိုင္း ကိုယ့္အေကာင့္ကိုလူမသိေစဘဲ page သက္သက္သာတင္ပါတယ္။ တကယ္၍သာ အေကာင့္နဲ႕တြဲျပီးတင္မယ္ဆိုရင္ကြ်န္ေတာ္လည္း ဆယ္လီ ဆယ့္တစ္လီ တစ္ဦးျဖစ္မယ္ဆိုတာ သိေစခ်င္ပါတယ္။
ေကာင္းပါျပီ စေျပာရေအာင္
ကြ်န္ေတာ္မၾကိဳက္ဆံုးက သူနဲ႕အိပ္ျပီးလို႕မသန္႕ေတာ့ပါဘူး ဆိုတာကိုဘဲ။
အဲ႕ဒါကဘာမသန္႕တာကိုေျပာခ်င္တာလဲမသိဘူး။
HIV ကူးလာလို႕လား ဒါမွမဟုတ္
sexually transmitted disease ( STD ) ေတြကူးလာလို႕လား။
မိန္းကေလးတိုင္းဟာ ကိုယ့္အပ်ိဳဂုဏ္ကိုယ္ေစာင့္ထိန္းသင့္တယ္။ ယဥ္ေက်းမႈဆိုတာကိုထား လူသားတစ္ေယာက္အေနနဲ႕ ကိုယ့္ဘက္
ကအနစ္နာၾကီးဘဲလို႕ဆရာဝန္အေတာ္မ်ားမ်ား သတိေပးၾကတယ္။
လူတိုင္းနီးပါးလဲ သိၾကတယ္။ခက္တာက အထိအေတြ႕နဲ႕ဆြဲေဆာင္မႈက္ုိမလြန္ဆန္နိုင္ၾကဘူး။
ဘယ္ေလာက္ခ်စ္ပါတယ္ လက္ထပ္ပါ့မယ္ေျပာေျပာ အခ်ိန္တန္ျငီးေငြ႕ျပီး ကန္ထုတ္သြားတဲ႕အခါမိန္းကေလးဘက္ကတစ္ဆင့္နိမ့္ခံၾကရတယ္
ျငင္းမလား။ ရွိပါေသးတယ္။သူလည္းသူ႕ဆႏၵျပည့္ ကိုယ္လည္းကိုယ့္ဆႏၵျပည့္မို႕ ေယာက်ား္ မိန္းမခြဲနာစရာမရွိပါဘူး။ဘယ္သူ႕မွမနစ္နာပါဘူးဆိုသူ ေသာက္ရူးမ်ားကလဲအမ်ားသား။ထားလိုက္ပါ ။
ေခတ္အခါကိုက ေယာက်ာ္းသားမ်ားကလဲ အတင္းဆြဲေဆာင္လြန္းတဲ႕အခါ ခ်စ္တာတစ္ခုတည္းနဲ႕မ်က္စိစံုမွိတ္ ေပးျပီးတဲ႕အခါယူသြားတဲ႕လူကလဲ စားျပီးနားမလည္ ….
ဝါးျပီးေထြးထုတ္သြားတဲ႕အခါ ကြ်န္မကိုယ္ကမသန္႕ေတာ့ပါဘူး မျဖဴစင္ေတာ့ပါဘူးဆိုေနၾကတဲ႕မိန္းကေလးမ်ား ကြ်န္ေတာ္ထပ္ေမးပါ့မယ္။
HIV ကူးလို႕လား။
လိင္ကတစ္ဆင့္ကူးစက္တတ္တဲ႕ေရာဂါဆိုးေတြ STD ေတြကူးစက္လာလို႕လား။ ဘာကိုမသန္႕ရမွာလဲ။ဘာကိုကုိယ္က လူ႕အသိုင္းအဝိုင္းမွာမ်က္နွာငယ္ရမွာလဲ။
အေပၚကေရာဂါေတြကူးလာတယ္ဘဲထားပါေတာ့။ခင္ဗ်ားဟာ အသန္႕ဆံုးမိန္းကေလးတစ္ဦးပါ ဘာလို႕လဲသိသား ။ ခင္ဗ်ားဟာခ်စ္တဲ႕စိတ္တစ္ခုနဲ႕ပံုအပ္ေပးခဲ႕တာ။
ရာထူးရဖို႕ ထဘီလွန္ေပးလိုက္တာ ျခဴစားဖို႕အတြက္ခြ်တ္ေပးလိုက္တာေက်ာ္ၾကားမႈအတြက္ အရွက္ကုန္ခဲ႕တာ လံုးဝမဟုတ္လို႕ဘဲ။
ပစ္သြားတဲ႕လူကပစ္သြားတယ္ဆိုရင္ ေနခဲ႔ရမယ့္လူအေနနဲ႕လည္း ဘဝလမ္းကိုဆက္ေလွ်ာက္သြားဖို႕လိုတယ္။ဘာျဖစ္လဲ။ ဘာျဖစ္လို႕ သူ႕အလြန္ေၾကာင့္ ကိုယ္ကမ်က္နွာငယ္ရမွာလဲ။
ဒီလိုေျပာဖို႕ ကိုယ္ကအပ်ိဳမဟုတ္ဘူးဆိုတာေၾကျငာေမာင္းခတ္ေနဖို႔ေျပာတာမဟုတ္ဘူးေပါ့။ ထပ္ေတြ႕ရမယ့္လက္တြဲေဖာ္က ေျပာလို႕ရရင္ေျပာေျပာလို႕မရဘူးထင္ရင္မေျပာနဲ႕ေပါ့ဘာျဖစ္လဲ။
ခင္ဗ်ားအပ်ိဳမဟုတ္ေတာ့ေရာ ဘာျဖစ္လဲ။တကယ္ရွက္ရမွာကေပးရတဲ႕လူလား။မ်က္နွာေျပာင္တိုက္ အေခ်ာင္ႏိႈက္သြားတဲ႕ေကာင္ကရွက္ရမွာလား။ေနလိုက္စမ္းပါ ေခါင္းေမာ့ျပီး။
ငါတစ္ေယာက္ဘယ္လိုမွဆက္ေလွ်ာက္သြားဖို႕ မျဖစ္ဘူးမေတြးပါနဲ႕။ ကြ်န္ေတာ့္ဆီလာတိုင္ပင္ၾကတဲ႕မိန္းကေလး အေတာ္မ်ားမ်ား အဲ႕လိုၾကံဳဖူးၾကပါတယ္။
ျဖစ္ခါစ ခံစားရခါစကေတာ့ မနည္းေဖ်ာင္းဖ်ေပးခဲ႕ရေပမယ့္ အထိုင္က်သြားတဲ႕အခါ ေပ်ာ္ရႊင္စရာ ဘဝေတြပိုင္ဆိုင္ထားၾကတာ ကြ်န္ေတာ္ သက္ေသအျဖစ္ အမ်ားၾကီးျပနိုင္ပါတယ္။ေတာ္ေသးျပီ။
ေနာက္တစ္ခါ ကြ်န္မကမသန္႕ေတာ့ဘူးဆိုတဲ႕စကားမၾကားခ်င္ေတာ့ပါ။ကိုယ့္ဘဝကိုယ္ထိန္းသိမ္းနိုင္ပါေစ။ျဖစ္ျပီးသြားရင္လဲဘဝကိုရင္ေကာ့ျပီးေလွ်ာက္လွမ္းနိုင္ၾကပါေစ။
ေစတနာ ေမတၱာမ်ားစြာျဖင့္ မူရင္းေရးသားသူ.. မင္းထက္လြင္ (Minctionary)ထံမွ ကူးယူေဖာ္ျပပါသည္
————————
သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူး ဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေး များ ဖတ်ရန်..။ မဆိုင်သူများမဖတ်ရ..။
ကောင်းပါပြီ မပြောခင်ကျွန်တော့်ကိုကျွန်တော် မိတ်ဆက်ပေးပါရစေ။ တစ်ခါတစ်ခါမှာ ပြောပြတဲ့လူအကြောင်းကိုသိခြင်းဟာပြောမယ့် စကားကို ပိုပြီးလေးနက်စေတယ်ထင်မိလို့ပါ။
ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။
မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ကိုယ့်ဂုဏ်ကိုယ်မြှင့်ဖို့အကြောင်း ယောကျာၤးယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။
နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလိုဖြစ်မှာစိုးတာရယ်။ ဘဝမှာအခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။
လာတိုင်ပင်ကြတဲ့လူအများစုရဲ့ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။
ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကိုလူမသိစေဘဲ page သက်သက်သာတင်ပါတယ်။ တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင်ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။
ကောင်းပါပြီ စပြောရအောင်…..
ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့မသန့်တော့ပါဘူး ဆိုတာကိုဘဲ။
အဲ့ဒါကဘာမသန့်တာကိုပြောချင်တာလဲမသိဘူး။
HIV ကူးလာလို့လား ဒါမှမဟုတ်
sexually transmitted disease ( STD ) တွေကူးလာလို့လား။
မိန်းကလေးတိုင်းဟာ ကိုယ့်အပျိုဂုဏ်ကိုယ်စောင့်ထိန်းသင့်တယ်။ ယဉ်ကျေးမှုဆိုတာကိုထား လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကအနစ်နာကြီးဘဲလို့ဆရာဝန်အတော်များများ သတိပေးကြတယ်။
လူတိုင်းနီးပါးလဲ သိကြတယ်။ခက်တာက အထိအတွေ့နဲ့ဆွဲဆောင်မှုကိုမလွန်ဆန်နိုင်ကြဘူး။ဘယ်လောက်ချစ်ပါတယ် လက်ထပ်ပါ့မယ်ပြောပြော အချိန်တန်ငြီးငွေ့ပြီး ကန်ထုတ်သွားတဲ့အခါမိန်းကလေးဘက်ကတစ်ဆင့်နိမ့်ခံကြရတယ်။
ငြင်းမလား။ ရှိပါသေးတယ်။သူလည်းသူ့ဆန္ဒပြည့် ကိုယ်လည်းကိုယ့်ဆန္ဒပြည့်မို့ ယောကျာ်း မိန်းမခွဲနာစရာမရှိပါဘူး။ဘယ်သူ့မှမနစ်နာပါဘူးဆိုသူ သောက်ရူးများကလဲအများသား။ထားလိုက်ပါ ။
ခေတ်အခါကိုက ယောကျာ်းသားများကလဲ အတင်းဆွဲဆောင်လွန်းတဲ့အခါ ချစ်တာတစ်ခုတည်းနဲ့မျက်စိစုံမှိတ် ပေးပြီးတဲ့အခါယူသွားတဲ့လူကလဲ စားပြီးနားမလည် ….
ဝါးပြီးထွေးထုတ်သွားတဲ့အခါ ကျွန်မကိုယ်ကမသန့်တော့ပါဘူး မဖြူစင်တော့ပါဘူးဆိုနေကြတဲ့မိန်းကလေးများ ကျွန်တော်ထပ်မေးပါ့မယ်။
HIV ကူးလို့လား။
လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေ STD တွေကူးစက်လာလို့လား။ ဘာကိုမသန့်ရမှာလဲ။ဘာကိုကိုယ်က လူ့အသိုင်းအဝိုင်းမှာမျက်နှာငယ်ရမှာလဲ။
အပေါ်ကရောဂါတွေကူးလာတယ်ဘဲထားပါတော့။ခင်ဗျားဟာ အသန့်ဆုံးမိန်းကလေးတစ်ဦးပါ ဘာလို့လဲသိသား ။ ခင်ဗျားဟာချစ်တဲ့စိတ်တစ်ခုနဲ့ပုံအပ်ပေးခဲ့တာ။ရာထူးရဖို့ ထဘီလှန်ပေးလိုက်တာ ခြူစားဖို့အတွက်ချွတ်ပေးလိုက်တာကျော်ကြားမှုအတွက် အရှက်ကုန်ခဲ့တာ လုံးဝမဟုတ်လို့ဘဲ။
ပစ်သွားတဲ့လူကပစ်သွားတယ်ဆိုရင် နေခဲ့ရမယ့်လူအနေနဲ့လည်း ဘဝလမ်းကိုဆက်လျှောက်သွားဖို့လိုတယ်။ဘာဖြစ်လဲ။ ဘာဖြစ်လို့ သူ့အလွန်ကြောင့် ကိုယ်ကမျက်နှာငယ်ရမှာလဲ။
ဒီလိုပြောဖို့ ကိုယ်ကအပျိုမဟုတ်ဘူးဆိုတာကြေငြာမောင်းခတ်နေဖို့ပြောတာမဟုတ်ဘူးပေါ့။ ထပ်တွေ့ရမယ့်လက်တွဲဖော်က ပြောလို့ရရင်ပြောပြောလို့မရဘူးထင်ရင်မပြောနဲ့ပေါ့ဘာဖြစ်လဲ။
ခင်ဗျားအပျိုမဟုတ်တော့ရော ဘာဖြစ်လဲ။တကယ်ရှက်ရမှာကပေးရတဲ့လူလား။မျက်နှာပြောင်တိုက် အချောင်နှိုက်သွားတဲ့ကောင်ကရှက်ရမှာလား။နေလိုက်စမ်းပါ ခေါင်းမော့ပြီး။
ငါတစ်ယောက်ဘယ်လိုမှဆက်လျှောက်သွားဖို့ မဖြစ်ဘူးမတွေးပါနဲ့။ ကျွန်တော့်ဆီလာတိုင်ပင်ကြတဲ့မိန်းကလေး အတော်များများ အဲ့လိုကြုံဖူးကြပါတယ်။
ဖြစ်ခါစ ခံစားရခါစကတော့ မနည်းဖျောင်းဖျပေးခဲ့ရပေမယ့် အထိုင်ကျသွားတဲ့အခါ ပျော်ရွှင်စရာ ဘဝတွေပိုင်ဆိုင်ထားကြတာ ကျွန်တော် သက်သေအဖြစ် အများကြီးပြနိုင်ပါတယ်။တော်သေးပြီ။
နောက်တစ်ခါ ကျွန်မကမသန့်တော့ဘူးဆိုတဲ့စကားမကြားချင်တော့ပါ။ကိုယ့်ဘဝကိုယ်ထိန်းသိမ်းနိုင်ပါစေ။ဖြစ်ပြီးသွားရင်လဲဘဝကိုရင်ကော့ပြီးလျှောက်လှမ်းနိုင်ကြပါစေ။
စေတနာ မေတ္တာများစွာဖြင့် မူရင်းရေးသားသူ.. မင်းထက်လွင် (Minctionary)ထံမှ ကူးယူဖော်ပြပါသည်