မေန႔ည ၈နာရီေက်ာ္ေက်ာ္ေလာက္က က်ေနာ္လက္ဖက္ရည္ေသာက္ဖို႔ ေသာက္ေနက် ဆိုင္ထဲကို ဝင္လိုက္တယ္…..
ထိုင္ခုံက မရွိေတာ့ ကိုရင္ေလး ထိုငိေနတဲ့ စားပြဲမွာပဲ ဝင္ထိုင္လိုက္တယ္ စားပြဲထိုးေကာင္မေလးက က်ေနာ့္အတြက္ ….
လက္ဖက္ရည္ခြက္ ခ်ေပးေနတုန္း ကိုရင္ေလးက ေမးလိုက္တယ္….
ဒကာမေလးးကိုရင္ မွာထားတာ ၾကာပီေလ မရေသးဘူးးလား တဲ့…
က်ေနာ္လည္းးမေနႏိုင္ မထိုင္ႏိုင္ ေမးလိုက္မိတယ္….
ကိုရင္က ဘာမွာထားတာလဲ လို႔…..
ခ်ိဳစိမ့္နဲ႔ ပဲနံျပား မွာထားတာ
အဲဒါနဲ႔ က်ေနာ္လည္းးျပန္ေမးလိုက္တယ္…..
ကိုရင္က ဒီအခ်ိန္စားလို႔မရဘူးေလ ဆိုေတာ့
မဟုတ္ဘူးးအေမ့အတြက္တဲ့…..
အခုထိ မရေသးဘူးး အေမကေမွ်ာ္ေနေတာ့မွာပဲ….
သူက ျပန္ေျဖေတာ့…
က်ေနာ္ေသာက္တဲ့ လက္ဖက္ရည္ဖိုးရယ္ ကိုရင္ ဟာရယ္ ေပါင္းရွင္းလိုက္တယ္…..
ၿပီးေတာ့ တပည့္ေတာ္ ကိုရင့္အေမဆီကို လိုက္ပို႔ေပးပါ့မယ္ …..
တပည့္ေတာ္မွာ ဆိုင္ကယ္ပါ ပါတယ္ဘုရားလို႔ေျပာပီးးလိုက္ပို႔ေပးလိုက္တယ္…
ကိုရင္က သူ႔အေမရွိတဲ့ ေနရာၿမိဳ႕ေရွာင္လမ္းဘက္ကို ေမာင္းခိုင္းပါေတာ့တယ္…..
ၿမိဳ႕ေရွာင္လမ္းထဲ ေရာက္ေတာ့ ဘယ္ဘက္ကို ခ်ိဳးဝင္ခိုင္းတယ္ ၿပီးေတာ့ သခ်ၤ ိုင္းကုန္းထဲ ဝင္ခိုင္းတယ္ဗ်ာ….
က်ေနာ္ ေတာ္ေတာ္လန္႔သြားတယ္ညက ၈နာရီ ေက်ာ္ပီေလ …..
သခ်ႌဳင္းကုန္းဆိုတာ တိတ္ဆိတ္ေနတာ ၾကက္သီးေတြ တျဖန္းျဖန္းထလာတယ္
ဒါေပမယ့္ က်ေနာ္ ေၾကာက္စိတ္ကို ဖယ္ၿပီးေတာ့ သကၤန္းၿခဳံထားတဲ့ ကိုရင္လည္း ပါတယ္ဆိုပီး အားတင္းဝင္လိုက္တယ္…..
အဲဒီမွာ ကိုရင္ကဆင္းပီး ဓါတ္မီးေလးနဲ႔ ဟိုၾကည့္ ဒီၾကည့္ ၾကည့္ၿပီး
အုပ္ဂူေလးးတစ္လုံးေပၚ တက္ထိုင္ၿပီး……
အေမ အေမႀကိဳက္တဲ့ ခ်ိဳစိမ့္ရယ္ ပဲနံျပားရယ္ …..
သားလာပို႔တာပါ သားကို ခြင့္လႊတ္ပါ အေမရယ္တဲ့….
အေမ မေသခင္တုန္းကမျပဳစုခဲ့ရတာေတြ….
သားအခုမွ ယူႀကဳံးမရ ျဖစ္ေနၿပီ အေမရယ္ တဲ့…..
အဲလိုေတြ ေျပာၿပီးေတာ့ ကိုရင့္က အဲ့ဒါ ကိုရင့္ အေမရဲ႕အုပ္ဂူေလးပဲ တဲ့…..
မေသခင္တုန္းက လုပ္မေကြၽးႏိုင္ခဲ့လို႔ အခုလာပို႔တာပါလို႔ သူေျပာတဲ့ စကားနားေထာင္းရင္း….
က်ေနာ္ သူ႔ေက်ာင္းထိ ျပန္လိုက္ပို႔ေပးလိုက္ပါတယ္….
က်ေနာ္ သံေဝဂ တစ္ခု ရလိုက္တယ္…..
သူေတာင္ ေသသြားတဲ့ မိခင္ကို သခ်ႌဳင္းကုန္ထိ လိုက္ေကြၽးေနေသးတာ….
ငါတို႔က အခုအသက္ရွိေနတဲ့ မိခင္ကို ပိုေတာင္ ဂ႐ုတစိုက္ ေကြၽးသင့္တယ္ဆိုတဲ့ အသိတရား ရလိုက္ပီေလ…..
ကိုယ့္ကို ေမြးေပးတဲ့ မိခင္ဆိုတာ တစ္သက္လုံး တစ္ေယာက္ပဲ ရွိတာမို႔ ….
အစားထိုးးမရတဲ့ အနႏၵဂိုဏ္းဝင္ ေက်းဇူးရွင္ကို အသက္ရွင္ေနတုန္း …..
လုပ္ေကြၽးသမႈျပဳၾကရင္းနဲ႔ ေက်းဇူးးဆပ္ၾကရေအာင္ သူငယ္ခ်င္းတို႔ေရ
အခုေတာ့…..က်ေနာ္ရယ္ ကိုရင္ရယ္ သခ်ၤ ိုင္းက ၿငိမ္သက္ေနတဲ့ အုပ္ဂူေလးးရယ္…
ေတာင္ပံနီ လူေလး
Unicode,
မနေ့ည ၈နာရီကျော်ကျော်လောက်က သင်္ကန်းခြုံထားတဲ့ ကိုရင်လေးက ချိုစိမ့်နဲ့ ပဲနံပြားပါဆယ်ဆွဲပြီး သချင်္ ိုင်းကုန်းထဲ ဝင်ခိုင်းတယ်ဗျာ
မနေ့ည ၈နာရီကျော်ကျော်လောက်က ကျနော်လက်ဖက်ရည်သောက်ဖို့ သောက်နေကျ ဆိုင်ထဲကို ဝင်လိုက်တယ်…..
ထိုင်ခုံက မရှိတော့ ကိုရင်လေး ထိုငိနေတဲ့ စားပွဲမှာပဲ ဝင်ထိုင်လိုက်တယ် စားပွဲထိုးကောင်မလေးက ကျနော့်အတွက် ….
လက်ဖက်ရည်ခွက် ချပေးနေတုန်း ကိုရင်လေးက မေးလိုက်တယ်….
ဒကာမလေးးကိုရင် မှာထားတာ ကြာပီလေ မရသေးဘူးးလား တဲ့…
ကျနော်လည်းးမနေနိုင် မထိုင်နိုင် မေးလိုက်မိတယ်….
ကိုရင်က ဘာမှာထားတာလဲ လို့…..
ချိုစိမ့်နဲ့ ပဲနံပြား မှာထားတာ
အဲဒါနဲ့ ကျနော်လည်းးပြန်မေးလိုက်တယ်…..
ကိုရင်က ဒီအချိန်စားလို့မရဘူးလေ ဆိုတော့
မဟုတ်ဘူးးအမေ့အတွက်တဲ့…..
အခုထိ မရသေးဘူးး အမေကမျှော်နေတော့မှာပဲ….
သူက ပြန်ဖြေတော့…
ကျနော်သောက်တဲ့ လက်ဖက်ရည်ဖိုးရယ် ကိုရင် ဟာရယ် ပေါင်းရှင်းလိုက်တယ်…..
ပြီးတော့ တပည့်တော် ကိုရင့်အမေဆီကို လိုက်ပို့ပေးပါ့မယ် …..
တပည့်တော်မှာ ဆိုင်ကယ်ပါ ပါတယ်ဘုရားလို့ပြောပီးးလိုက်ပို့ပေးလိုက်တယ်…
ကိုရင်က သူ့အမေရှိတဲ့ နေရာမြို့ရှောင်လမ်းဘက်ကို မောင်းခိုင်းပါတော့တယ်…..
မြို့ရှောင်လမ်းထဲ ရောက်တော့ ဘယ်ဘက်ကို ချိုးဝင်ခိုင်းတယ် ပြီးတော့ သချင်္ ိုင်းကုန်းထဲ ဝင်ခိုင်းတယ်ဗျာ….
ကျနော် တော်တော်လန့်သွားတယ်ညက ၈နာရီ ကျော်ပီလေ …..
သချႌုင်းကုန်းဆိုတာ တိတ်ဆိတ်နေတာ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်
ဒါပေမယ့် ကျနော် ကြောက်စိတ်ကို ဖယ်ပြီးတော့ သင်္ကန်းခြုံထားတဲ့ ကိုရင်လည်း ပါတယ်ဆိုပီး အားတင်းဝင်လိုက်တယ်…..
အဲဒီမှာ ကိုရင်ကဆင်းပီး ဓါတ်မီးလေးနဲ့ ဟိုကြည့် ဒီကြည့် ကြည့်ပြီး
အုပ်ဂူလေးးတစ်လုံးပေါ် တက်ထိုင်ပြီး……
အမေ အမေကြိုက်တဲ့ ချိုစိမ့်ရယ် ပဲနံပြားရယ် …..
သားလာပို့တာပါ သားကို ခွင့်လွှတ်ပါ အမေရယ်တဲ့….
အမေ မသေခင်တုန်းကမပြုစုခဲ့ရတာတွေ….
သားအခုမှ ယူကြုံးမရ ဖြစ်နေပြီ အမေရယ် တဲ့…..
အဲလိုတွေ ပြောပြီးတော့ ကိုရင့်က အဲ့ဒါ ကိုရင့် အမေရဲ့အုပ်ဂူလေးပဲ တဲ့…..
မသေခင်တုန်းက လုပ်မကျွေးနိုင်ခဲ့လို့ အခုလာပို့တာပါလို့ သူပြောတဲ့ စကားနားထောင်းရင်း….
ကျနော် သူ့ကျောင်းထိ ပြန်လိုက်ပို့ပေးလိုက်ပါတယ်….
ကျနော် သံဝေဂ တစ်ခု ရလိုက်တယ်…..
သူတောင် သေသွားတဲ့ မိခင်ကို သချႌုင်းကုန်ထိ လိုက်ကျွေးနေသေးတာ….
ငါတို့က အခုအသက်ရှိနေတဲ့ မိခင်ကို ပိုတောင် ဂရုတစိုက် ကျွေးသင့်တယ်ဆိုတဲ့ အသိတရား ရလိုက်ပီလေ…..
ကိုယ့်ကို မွေးပေးတဲ့ မိခင်ဆိုတာ တစ်သက်လုံး တစ်ယောက်ပဲ ရှိတာမို့ ….
အစားထိုးးမရတဲ့ အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်ကို အသက်ရှင်နေတုန်း …..
လုပ်ကျွေးသမှုပြုကြရင်းနဲ့ ကျေးဇူးးဆပ်ကြရအောင် သူငယ်ချင်းတို့ရေ
အခုတော့…..ကျနော်ရယ် ကိုရင်ရယ် သချင်္ ိုင်းက ငြိမ်သက်နေတဲ့ အုပ်ဂူလေးးရယ်…
တောင်ပံနီ လူလေး