အေထြအေထြဗဟုသုတ

“အိမ္ေထာင္တစ္ခုမွာ ေငြရွာ႐ုံနဲ႔ တာဝန္ေက်ၿပီမထင္ပါနဲ႔ (စကားတစ္ခြန္းက လက္ေဆာင္တစ္ခုထက္ ပိုတန္ဖိုးရွိပါတယ္) ”

စကားတစ္ခြန္းက လက္ေဆာင္ တစ္ခုထက္ ပိုတန္ဖိုးရွိပါတယ္။ မိန္းမ ေရာ့ မင္းႀကိဳက္တာဝယ္၊ ႀကိဳက္တာ သုံးဆိုတဲ့ စကားထက္

မိန္းမ အျပင္ အတူသြားၾကမယ္ေလ ျပင္ဆင္လိုက္၊ ဘာလိုခ်င္လည္း လိုက္ဝယ္ေပးမယ္ ဆိုတဲ့၊ စကားအသုံးျပဳမႈေလးက ပိုေႏြးေထြး ေက်နပ္ေစရတာပါ။

မိန္းမ စားႏွင့္ကြာ ဝမ္းမွ မဆုံတာဆိုတဲ့၊ …စကားထက္ မိန္းမ ခဏေတာ့ေစာင့္ေပးေနာ္၊ ဗိုက္ဆာေပမယ့္ အလုပ္ မပီးေသးလို႔ပါ ဆိုတဲ့၊

စကားအသြားအလာေလးက ပိုစိတ္ေက်နပ္ ေစရတာပါ။

မိန္းမ အိမ္အသုံးစရိတ္က ကုန္လွခ်ည္လားဆိုတဲ့၊ စကားထက္ မိန္းမ ကုန္ေဈးႏႈန္း အေျခအေန ဘယ္လိုလဲ၊..

ေလာက္ေအာင္ ခ်င့္ခ်ိန္ဝယ္ၾကည့္ေပါ့ကြာ မေလာက္ရင္ ေျပာေပါ့ဆိုတဲ့၊ စကားလုံးေလးေတြရဲ႕ ခ်ဳပ္ထိန္းသြားမႈက ပိုမလာတဲ့ အသုံးစရိတ္ေနာက္မွာ စိတ္သက္သာရာ ရေစတာပါ။

မိန္းမ အေခ်အတင္ မျဖစ္ခ်င္ဘူးကြာဆိုတဲ့ စကားထက္ မိန္းမ ဘာအလိုမက်တာ ရွိလည္း … ညႇိႏႈိင္းၾကမယ္ ေျပာၾကည့္ဆိုတဲ့ ၁၀မိနစ္စာ …

အခ်ိန္ေပး လမ္းဖြင့္မႈက ပိုအက်ိဳး သက္ေရာက္ေစတာပါ။

မိန္းမ ပင္ပန္းတယ္ကြာ .. အဆင္ေျပေျပ ေနရေအာင္ဆိုတဲ့ စကားထက္ မိန္းမ ဒီေန႔ေတာ့ ဘယ္လုပ္ငန္း ဘယ္အေၾကာင္းအရာမွာ အဆင္ေျပတယ္ မေျပဘူး ဆိုပီး

သူငယ္ခ်င္းနဲ႔ ေျပာသလို ရင္ဖြင့္ခ် ေျပာျပလိုက္တာက… ႏွစ္ဦးႏွစ္ဖက္ စိတ္အဖုအထစ္ ေျပေလ်ာ့ေစတာပါ။

မိန္းမ ျပင္ျပင္ဆင္ဆင္ ေနစမ္းပါဆိုတဲ့.. စကားထက္ မိန္းမေနေကာင္း က်န္းမာရဲ႕လား၊

ဘာေတြ စိတ္တိုင္းမက်တာ ရွိလည္းလို႔ တစ္လမွာ တစ္ႀကိမ္ေလာက္ ေမးလိုက္ရင္ကို … စကားမ်ားရန္ျဖစ္တယ္ဆိုတာ .. မရွိသေလာက္ နည္းပါးလာမွာပါ။

မိန္းမသားတိုင္းက ခင္ပြန္းေဝယ်ာဝစၥ၊ .. သားသမီးေဝယ်ာဝစၥ၊ မိဘရွိရင္ မိဘေဝယ်ာဝစၥ၊ အိမ္မႈကိစၥ၊ အကုန္တာဝန္ယူ လုပ္ကိုင္ေနရတာမို႔ေငြရွာ႐ုံနဲ႔

တာဝန္ေက်ပီ မထင္ပါနဲ႔၊… ျပည့္စုံေအာင္ ထားေပးႏိုင္႐ုံနဲ႔ ၿပီးေျမာက္ပီ မထင္ပါနဲ႔၊ လိုေလေသးမရွိ ျဖည့္ဆည္းေပး႐ုံနဲ႔ မလိုအပ္တာ မရွိေတာ့ဘူး မထင္ပါနဲ႔။

စကားတစ္ခြန္းက လက္ေဆာင္တစ္ခုထက္ ပိုတန္ဖိုးရွိပါတယ္၊စကားက အားျဖစ္ေစတာ ေနရာအေတာ္မ်ားမ်ားမွာမို႔ ကိုယ့္မိသားစု ေအးခ်မ္းမႈဟာ

ကိုယ့္စကား တစ္ခြန္းေပၚ မူတည္ေနတာ ေမ့မထားပါနဲ႔။

ကိုယ္ပင္ပန္းသလို တေနကုန္မနားတမ္း … မ်က္လုံးထဲ ေခြၽးဝင္သည္ထိ၊ ေဝယ်ာဝစၥေတြ လုပ္ေနရတဲ့.. မွီခိုဇနီးသည္ဟာ၊

သူ႔ကို ျပန္မွီခိုေနသူေတြအတြက္ သူ႔အၿပဳံးဟာ အေရးပါတာမို႔။ အိမ္ေထာင္တစ္ခုမွာ ဘယ္သူက ဘယ္သူ႔ကို ပိုၿပဳံးႏိုင္ေစေနတာလဲ?

Unicode,

“အိမ်ထောင်တစ်ခုမှာ ငွေရှာရုံနဲ့ တာဝန်ကျေပြီမထင်ပါနဲ့ (စကားတစ်ခွန်းက လက်ဆောင်တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်) ”

စကားတစ်ခွန်းက လက်ဆောင် တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်။ မိန်းမ ရော့ မင်းကြိုက်တာဝယ်၊ ကြိုက်တာ သုံးဆိုတဲ့ စကားထက်

မိန်းမ အပြင် အတူသွားကြမယ်လေ ပြင်ဆင်လိုက်၊ ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ် ဆိုတဲ့၊ စကားအသုံးပြုမှုလေးက ပိုနွေးထွေး ကျေနပ်စေရတာပါ။

မိန်းမ စားနှင့်ကွာ ဝမ်းမှ မဆုံတာဆိုတဲ့၊ …စကားထက် မိန်းမ ခဏတော့စောင့်ပေးနော်၊ ဗိုက်ဆာပေမယ့် အလုပ် မပီးသေးလို့ပါ ဆိုတဲ့၊

စကားအသွားအလာလေးက ပိုစိတ်ကျေနပ် စေရတာပါ။

မိန်းမ အိမ်အသုံးစရိတ်က ကုန်လှချည်လားဆိုတဲ့၊ စကားထက် မိန်းမ ကုန်ဈေးနှုန်း အခြေအနေ ဘယ်လိုလဲ၊..

လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ မလောက်ရင် ပြောပေါ့ဆိုတဲ့၊ စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ စိတ်သက်သာရာ ရစေတာပါ။

မိန်းမ အချေအတင် မဖြစ်ချင်ဘူးကွာဆိုတဲ့ စကားထက် မိန်းမ ဘာအလိုမကျတာ ရှိလည်း … ညှိနှိုင်းကြမယ် ပြောကြည့်ဆိုတဲ့ ၁ဝမိနစ်စာ …

အချိန်ပေး လမ်းဖွင့်မှုက ပိုအကျိုး သက်ရောက်စေတာပါ။

မိန်းမ ပင်ပန်းတယ်ကွာ .. အဆင်ပြေပြေ နေရအောင်ဆိုတဲ့ စကားထက် မိန်းမ ဒီနေ့တော့ ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ အဆင်ပြေတယ် မပြေဘူး ဆိုပီး

သူငယ်ချင်းနဲ့ ပြောသလို ရင်ဖွင့်ချ ပြောပြလိုက်တာက… နှစ်ဦးနှစ်ဖက် စိတ်အဖုအထစ် ပြေလျော့စေတာပါ။

မိန်းမ ပြင်ပြင်ဆင်ဆင် နေစမ်းပါဆိုတဲ့.. စကားထက် မိန်းမနေကောင်း ကျန်းမာရဲ့လား၊

ဘာတွေ စိတ်တိုင်းမကျတာ ရှိလည်းလို့ တစ်လမှာ တစ်ကြိမ်လောက် မေးလိုက်ရင်ကို … စကားများရန်ဖြစ်တယ်ဆိုတာ .. မရှိသလောက် နည်းပါးလာမှာပါ။

မိန်းမသားတိုင်းက ခင်ပွန်းဝေယျာဝစ္စ၊ .. သားသမီးဝေယျာဝစ္စ၊ မိဘရှိရင် မိဘဝေယျာဝစ္စ၊ အိမ်မှုကိစ္စ၊ အကုန်တာဝန်ယူ လုပ်ကိုင်နေရတာမို့ငွေရှာရုံနဲ့

တာဝန်ကျေပီ မထင်ပါနဲ့၊… ပြည့်စုံအောင် ထားပေးနိုင်ရုံနဲ့ ပြီးမြောက်ပီ မထင်ပါနဲ့၊ လိုလေသေးမရှိ ဖြည့်ဆည်းပေးရုံနဲ့ မလိုအပ်တာ မရှိတော့ဘူး မထင်ပါနဲ့။

စကားတစ်ခွန်းက လက်ဆောင်တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်၊စကားက အားဖြစ်စေတာ နေရာအတော်များများမှာမို့ ကိုယ့်မိသားစု အေးချမ်းမှုဟာ

ကိုယ့်စကား တစ်ခွန်းပေါ် မူတည်နေတာ မေ့မထားပါနဲ့။

ကိုယ်ပင်ပန်းသလို တနေကုန်မနားတမ်း … မျက်လုံးထဲ ချွေးဝင်သည်ထိ၊ ဝေယျာဝစ္စတွေ လုပ်နေရတဲ့.. မှီခိုဇနီးသည်ဟာ၊

သူ့ကို ပြန်မှီခိုနေသူတွေအတွက် သူ့အပြုံးဟာ အရေးပါတာမို့။ အိမ်ထောင်တစ်ခုမှာ ဘယ်သူက ဘယ်သူ့ကို ပိုပြုံးနိုင်စေနေတာလဲ?