အခ်စ္နွင့္ဘဝ

“ခ်စ္သူကို အရမ္းခ်စ္ေပမယ့္ မဆိုးပဲလည္းမေနႏိုင္တဲ့ ေကာင္မေလးေတြရဲ႕အမူအက်င့္(၅)မ်ိဳး…”

တစ္ခ်ိဳ႕ေကာင္မေလးေတြဟာ သူတို႔ခ်စ္သူေကာင္ေလးအေပၚ အၿမဲတမ္းလိုလို ဆိုးၾကပါတယ္။

သူတို႔စိတ္ထဲမွာ တစ္ခါတေလ ေနာင္တရမိေပမယ့္ ခ်စ္သူအေပၚမဆိုးပဲလည္း မေနႏိုင္ၾက ျပန္ပါဘူး။

ဒီလိုေကာင္မေလးေတြရဲ႕ အမူအက်င့္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္

(၁) ခ်စ္သူအလုပ္မ်ားတဲ့အခ်ိန္”

ခ်စ္သူက ဖုန္းမဆက္တဲ့အခါေတြ၊ အလုပ္အရမ္းရႈပ္တဲ့အခါေတြမွာ ဘယ္လိုမွ အဆင္ေျပလို႔ဆိုတာ သိသိႀကီးနဲ႔ စိတ္ဆိုးစိတ္ေကာက္ၿပီး၊ ရစ္တတ္တဲ့ ေကာင္မေလးေတြပါ …။

အလုပ္ေတြရႈပ္လို႔ ပ်ာယာခတ္ေနတဲ့ခ်စ္သူကို စိတ္ေကာက္ၿပီး ကသိကေအာက္ျဖစ္ေအာင္ လုပ္တတ္ၾကပါတယ္။

သူတို႔စိတ္ထဲမွာ ခ်စ္သူကိုသနားၿပီး ကိုယ့္ကိုယ္ကိုယ္ လြန္မွန္းသိေပမယ့္ ဒီအက်င့္ကိုေတာ့ မျပင္ႏိုင္ၾကပါဘူး …။

(၂) ဦးစားေပးခံခ်င္တယ္”

သူတို႔ေတြဟာ အၿမဲတမ္းဦးစားေပးခံခ်င္တဲ့သူေတြပါ။ တစ္ေလာကလုံးက ဘယ္သူနဲ႔ယွဥ္ယွဥ္၊ ဘယ္လို အရာနဲ႔ပဲ ယွဥ္ယွဥ္ ခ်စ္သူအတြက္ သူတို႔က နံပတ္တစ္ျဖစ္ခ်င္ၾကပါတယ္။

တစ္ခါတေလ ခ်စ္သူက အေရးႀကီးသြားရာရွိတဲ့ အခ်ိန္ေတြမွာေပကပ္ၿပီး တားတာမ်ိဳး၊ ကိုယ့္အနားမွာပဲ ေနခိုင္းၿပီး တမင္တားထားတာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္ …။

ခ်စ္သူက တကယ္ကို ေဘးက်ပ္နံက်ပ္ေတြျဖစ္ၿပီး မ်က္ႏွာေလးပ်က္လာေတာ့မွ မလႊတ္ခ်င္လႊတ္ခ်င္နဲ႔ လႊတ္ၿပီး စကားေတြ တဖြဖြနဲ႔ မွာတတ္တဲ့သူေတြပါ။

သူတို႔စိတ္ထဲမွာ လြန္ေနမွန္းသိေပမယ့္လည္း မျပင္ၾကပါဘူး …။

(၃) ရန္ျဖစ္တဲ့အခါ”

ခ်စ္သူနဲ႔ရန္ျဖစ္တဲ့အခါ ၾကမ္းတမ္းၿပီး ေၾကာက္စရာေကာင္းတဲ့ စကားမ်ိဳးေတြကို ေျပာတတ္ၾကပါတယ္။ ခ်စ္သူကို နာက်င္ေစမယ့္ စကားလုံးေတြ၊ စိတ္ပူေစမယ့္ စကားလုံးေတြကိုမွ ေ႐ြးၿပီးေတာ့ ေျပာတတ္ၾကပါတယ္ …။

လမ္းခြဲစကားကိုလည္း အႀကိမ္ႀကိမ္ေျပာတတ္ၾကပါတယ္။ ခ်စ္သူကို တစ္ခြန္းမွ အတင္မခံပဲ အႏိုင္ရရင္ၿပီးေရာ ျဖစ္တဲ့နည္းနဲ႔ အႏိုင္ယူတတ္ၾကပါတယ္။

တစ္ခါတေလ ေျပာေနရင္းနဲ႔ ခ်စ္သူက တကယ္လမ္းခြဲသြားမွာကိုလည္း ေၾကာက္ေနၾက ျပန္ပါေသးတယ္ …။

(၄) အရမ္းခြၽဲတယ္”

ခ်စ္သူအနားမွာ ရွိတဲ့အခါက်ရင္ အရမ္းကိုခြၽဲတတ္တဲ့ ေကာင္မေလးေတြျဖစ္ပါတယ္။ တစ္ခါတေလ ခြၽဲလြန္းလို႔ စကားေတြေတာင္ မပီၾကေတာ့ပါဘူး …။

တစ္ခုခုစားရင္လည္း ခ်စ္သူ ခြံ႕ေကြၽးမွ၊ ေနမေကာင္းရင္လည္း ခ်စ္သူက ေခ်ာ့ၿပီးေဆးေသာက္ခိုင္းမွ၊ တစ္ခုခုဆိုလည္း ကေလးလို ဂ်ီက်လိုက္ရမွ ေက်နပ္ၾကတဲ့သူေတြပါ။

တစ္ခါတေလ ကိုယ့္ေၾကာင့္ခ်စ္သူ ပင္ပန္းတယ္ဆိုတာ သိေပမယ့္ မဆိုးပဲ မေနႏိုင္ၾကတာပါ …။

(၅) ငိုတယ္”

သူတို႔ေတြရဲ႕ အေကာင္းဆုံးလက္နက္က မ်က္ရည္ပါပဲ။ သူတို႔အရမ္းလြန္လာလို႔ ခ်စ္သူက စိတ္ဆိုးသြားတဲ့အခါ၊ ခ်စ္သူက ဆူလိုက္တဲ့အခါမ်ိဳးေတြမွာ ေအာ္ငိုတတ္ၾကပါတယ္ …။

ဒီလိုနဲ႔ပဲ ခ်စ္သူက သူတို႔ကို အသည္းအသန္ျပန္ေခ်ာ့၊ ျပန္ေတာင္းပန္ရၿပီး သူတို႔အမွားကေန ခ်စ္သူအမွာ ျဖစ္သြားျပန္ပါတယ္။

ခ်စ္သူစိတ္ပ်က္သြားမွာကိုေတာ့ ေသမေလာက္ေၾကာက္ေပမယ့္ ဘယ္ေတာ့မွ မျပင္တတ္ၾကပါဘူး …။ ။

Em Em

Credit – Auntymay

Unicode,

“ချစ်သူကို အရမ်းချစ်ပေမယ့် မဆိုးပဲလည်းမနေနိုင်တဲ့ ကောင်မလေးတွေရဲ့အမူအကျင့်(၅)မျိုး…”

တစ်ချို့ကောင်မလေးတွေဟာ သူတို့ချစ်သူကောင်လေးအပေါ် အမြဲတမ်းလိုလို ဆိုးကြပါတယ်။

သူတို့စိတ်ထဲမှာ တစ်ခါတလေ နောင်တရမိပေမယ့် ချစ်သူအပေါ်မဆိုးပဲလည်း မနေနိုင်ကြ ပြန်ပါဘူး။

ဒီလိုကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ချစ်သူအလုပ်များတဲ့အချိန်”

ချစ်သူက ဖုန်းမဆက်တဲ့အခါတွေ၊ အလုပ်အရမ်းရှုပ်တဲ့အခါတွေမှာ ဘယ်လိုမှ အဆင်ပြေလို့ဆိုတာ သိသိကြီးနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး၊ ရစ်တတ်တဲ့ ကောင်မလေးတွေပါ …။

အလုပ်တွေရှုပ်လို့ ပျာယာခတ်နေတဲ့ချစ်သူကို စိတ်ကောက်ပြီး ကသိကအောက်ဖြစ်အောင် လုပ်တတ်ကြပါတယ်။

သူတို့စိတ်ထဲမှာ ချစ်သူကိုသနားပြီး ကိုယ့်ကိုယ်ကိုယ် လွန်မှန်းသိပေမယ့် ဒီအကျင့်ကိုတော့ မပြင်နိုင်ကြပါဘူး …။

(၂) ဦးစားပေးခံချင်တယ်”

သူတို့တွေဟာ အမြဲတမ်းဦးစားပေးခံချင်တဲ့သူတွေပါ။ တစ်လောကလုံးက ဘယ်သူနဲ့ယှဉ်ယှဉ်၊ ဘယ်လို အရာနဲ့ပဲ ယှဉ်ယှဉ် ချစ်သူအတွက် သူတို့က နံပတ်တစ်ဖြစ်ချင်ကြပါတယ်။

တစ်ခါတလေ ချစ်သူက အရေးကြီးသွားရာရှိတဲ့ အချိန်တွေမှာပေကပ်ပြီး တားတာမျိုး၊ ကိုယ့်အနားမှာပဲ နေခိုင်းပြီး တမင်တားထားတာမျိုးတွေ လုပ်တတ်ကြပါတယ် …။

ချစ်သူက တကယ်ကို ဘေးကျပ်နံကျပ်တွေဖြစ်ပြီး မျက်နှာလေးပျက်လာတော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပြီး စကားတွေ တဖွဖွနဲ့ မှာတတ်တဲ့သူတွေပါ။

သူတို့စိတ်ထဲမှာ လွန်နေမှန်းသိပေမယ့်လည်း မပြင်ကြပါဘူး …။

(၃) ရန်ဖြစ်တဲ့အခါ”

ချစ်သူနဲ့ရန်ဖြစ်တဲ့အခါ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စကားမျိုးတွေကို ပြောတတ်ကြပါတယ်။ ချစ်သူကို နာကျင်စေမယ့် စကားလုံးတွေ၊ စိတ်ပူစေမယ့် စကားလုံးတွေကိုမှ ရွေးပြီးတော့ ပြောတတ်ကြပါတယ် …။

လမ်းခွဲစကားကိုလည်း အကြိမ်ကြိမ်ပြောတတ်ကြပါတယ်။ ချစ်သူကို တစ်ခွန်းမှ အတင်မခံပဲ အနိုင်ရရင်ပြီးရော ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတတ်ကြပါတယ်။

တစ်ခါတလေ ပြောနေရင်းနဲ့ ချစ်သူက တကယ်လမ်းခွဲသွားမှာကိုလည်း ကြောက်နေကြ ပြန်ပါသေးတယ် …။

(၄) အရမ်းချွဲတယ်”

ချစ်သူအနားမှာ ရှိတဲ့အခါကျရင် အရမ်းကိုချွဲတတ်တဲ့ ကောင်မလေးတွေဖြစ်ပါတယ်။ တစ်ခါတလေ ချွဲလွန်းလို့ စကားတွေတောင် မပီကြတော့ပါဘူး …။

တစ်ခုခုစားရင်လည်း ချစ်သူ ခွံ့ကျွေးမှ၊ နေမကောင်းရင်လည်း ချစ်သူက ချော့ပြီးဆေးသောက်ခိုင်းမှ၊ တစ်ခုခုဆိုလည်း ကလေးလို ဂျီကျလိုက်ရမှ ကျေနပ်ကြတဲ့သူတွေပါ။

တစ်ခါတလေ ကိုယ့်ကြောင့်ချစ်သူ ပင်ပန်းတယ်ဆိုတာ သိပေမယ့် မဆိုးပဲ မနေနိုင်ကြတာပါ …။

(၅) ငိုတယ်”

သူတို့တွေရဲ့ အကောင်းဆုံးလက်နက်က မျက်ရည်ပါပဲ။ သူတို့အရမ်းလွန်လာလို့ ချစ်သူက စိတ်ဆိုးသွားတဲ့အခါ၊ ချစ်သူက ဆူလိုက်တဲ့အခါမျိုးတွေမှာ အော်ငိုတတ်ကြပါတယ် …။

ဒီလိုနဲ့ပဲ ချစ်သူက သူတို့ကို အသည်းအသန်ပြန်ချော့၊ ပြန်တောင်းပန်ရပြီး သူတို့အမှားကနေ ချစ်သူအမှာ ဖြစ်သွားပြန်ပါတယ်။

ချစ်သူစိတ်ပျက်သွားမှာကိုတော့ သေမလောက်ကြောက်ပေမယ့် ဘယ်တော့မှ မပြင်တတ်ကြပါဘူး …။ ။

Em Em

Credit – Auntymay