အထွေအထွေဗဟုသုတ

သွေးအမျိုးအစားအလိုက် မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်များ

သွေးအမျိုးအစားအလိုက် မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်များ
သွေးအမျိုးအစားကိုလိုက်ပြီးတော့ လူတစ်ယောက်ရဲ့ အကြောင်းကို သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးအမျိုးအစားတစ်ခုချင်းဆီမှာ မတူညီတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်တွေကို ပိုင်ဆိုင်ထားလို့ပါ။ ဖတ်ကြည့်လိုက်ပါဦးနော်

(၁) A သွေးအမျိုးအစား

အေသွေးပိုင်ရှင်လေးတွေဟာ အရမ်းကို တိကျတယ်၊ စေ့စပ်သေချာတယ်၊ အသေးစိတ်တယ်၊ ဇီဇာကြောင်တယ် ဒါကြောင့်ပဲ သူတို့ဟာ သူများတွေထက် ထူးချွန်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သူတွေကလည်း ဒီအကျင့်တွေကြောင့်ပဲ သူတို့ကို အမြင်ကပ်နေတတ်ကြပါတယ်။ ငြိမ်ပြီး အရှက်ကြီးတဲ့သူတွေဖြစ်တာကြောင့် စကားဝိုင်းတွေမှာ ပြောသူမဟုတ်ပဲ နားထောင်သူတွေ ဖြစ်ကြပါတယ်။ စိတ်ထိခိုက်လွယ်တဲ့ သွေးပိုင်ရှင်တွေဖြစ်တာကြောင့် ဝမ်းနည်းလွယ်ပါတယ်

(၂) B သွေးအမျိုးအစား

ဘီသွေးလေးတွေဟာ စိတ်ရှင်းပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ အရမ်းရိုးသားတာကြောင့် သူတို့ရဲ့ အတွေးတွေကို အမြဲထုတ်ပြောတတ်တဲ့သူတွေပါ။ တစ်ခါတလေ လူတစ်ချို့အတွက် အနာပေါ်တုတ်ကျဖြစ်သွားတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ စိတ်ဝင်စားတဲ့အရာတစ်ခုကို အကောင်းဆုံး လုပ်နိုင်ကြတဲ့သူတွေဖြစ်ပြီး စိတ်မဝင်စားရင် လှည့်ကိုမကြည့်ချင်တဲ့သူတွေပါ

(၃) O သွေးပိုင်ရှင်များ

အိုသွေးလေးတွေဟာ ပြသနာဖြေရှင်းရာမှာ အရမ်းတော်တဲ့သူတွေပါ။ တိုင်ပင်ဆွေးနွေးလို့ အရမ်းကောင်းတဲ့သူတွေပါ။ သူတို့လေးတွေဟာ အသေးစိတ်လွန်းတာမျိုးကို မကြိုက်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။ တစ်ချို့သူတွေအမြင်မှာတော့ မာနကြီးလွန်းတယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း စိတ်ရင်းကောင်းပြီး စာနာစိတ်အရမ်းရှိတဲ့သူတွေပါ

(၄) AB သွေးပိုင်ရှင်များ

အေဘီသွေးလေးတွေဟာ မျက်နှာနှစ်ခုရှိတဲ့သူတွေလို့ တစ်ချို့ကပြောကြပါတယ်။ အေသွေးတွေရဲ့ စေ့စပ်သေချာမှု၊ တိကျမှုမျိုးကိုလည်း ပိုင်ဆိုင်ထားသလို ဘီသွေးတွေလို လွတ်လပ်တဲ့ စိတ်သဘောကိုလည်း ပိုင်ဆိုင်ထားပြန်ပါတယ်။ တီထွင်ဖန်တီးနိုင်စါမ်းအရမ်းကောင်းတာကြောင့် ဉာဏ်ကြီးရှင်တွေအဖြစ်သတ်မှတ်ခံထားရတဲ့ သွေးပိုင်ရှင်တွေပါ

credit to Em Em