ကတ်နံပါတ် (၁)
ကတ်နံပါတ် (၂)
ကတ်နံပါတ် (၃)
Unicode,
သင့်ဗီဇရဲ့ အမှောင်ခြမ်းကို ဖော်ထုတ်ပေးမယ့် ကတ်သုံးကတ်
ကတ်နံပါတ် (၁)
ကတ်နံပါတ် (၁) ကို ရွေးလိုက်တယ်ဆိုရင် သင်ရဲ့ အမှောင်ခြမ်းဟာ အပြစ်တင်စိတ် များခြင်းဖြစ်ပါတယ်။
သင့်ဘဝမှာ ဖြစ်ပျက်နေသမျှအလွဲတွေအတွက် တစ်ပါးသူကို အပြစ်တင်နေတတ်ပါတယ်။
သူများကို အပြစ်တင်တာလျှော့ပြီး အကောင်းမြင်စိတ် မွေးဖို့ ကြိုးစားသင့်ပါတယ်။
ကတ်နံပါတ် (၂)
ကတ်နံပါတ် (၂) ဆိုရင်တော့ သင်ဟာ သိပ်ဉာဏ်ကောင်းသူပါ။
ဘာကိုမဆိုနားလည်နိုင်စွမ်း မြင့်မားပြီး ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးလဲဆိုတာကို ကောင်းကောင်းသိသူ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ ဦးနှောက်ကိုပဲ အသုံးများပြီး နှလုံးသားကို သိပ်မသုံးတဲ့အတွက် တစ်ကိုယ်ကောင်းဆန်သူ၊ ရက်စက်တတ်သူ ဖြစ်နေတာက သင့်ရဲ့ အမှောင်ခြမ်း ဖြစ်ပါတယ်။
ကတ်နံပါတ် (၃)
ကတ်နံပါတ် (၃) ကို ရွေးလိုက်တယ်ဆိုရင် သင့်ရဲ့ အမှောင်ခြမ်းကတော့ လူတိုင်းမှာ မကောင်းတဲ့ စိတ်ရှိနေတယ်လို့ ထင်နေတတ်တာ ဖြစ်ပါတယ်။
အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တာ မှန်ပေမယ့် တချို့သူတွေကတော့ သင်ထင်နေသလောက် ဆိုးနေကြတာ မဟုတ်ပါဘူး။