၂။ သူ့ရဲ့ အနာဂါတ်နဲ့ ပါတ်သတ်ပြီးေ၀၀ါးနေတယ်”
Ref : Her Interest
Unicode,
ယောက်ျားတစ်ယောက်ကသင့်ကိုလှည့်စားနေပြီဆိုတာ သိနိုင်တဲ့အမူအယာများ…
” မိန်းမ မာယာသဲကိုးဖြာ” တဲ့၊ ယောင်္ကျား မာယာကျတော့ မန်းကျည်းပင် နှစ်ပင်လောက်က မန်ကျည်းစေ့တွေလောက် ရှိတယ်တဲ့။ သဲနဲ့ မန်းကျည်းစေ့နဲ့ သဲက ပိုများတာ မှန်ပေမယ့် မန်ကျည်းပင်ကလည်း တစ်နေ့တခြားကို တိုးလာတာပါ။ ဒါကလည်း ပုံပမာတစ်ခုသာ ဖြစ်ပါတယ်။ လှည့်စားတတ်တဲ့ သူက ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လှည့်စားတတ်သလို မလှည့်စားတတ်တဲ့သူကလည်း မလှည့်စားတတ်ပါဘူး။ အခုဒီမှာတော့ ယောင်္ကျားလေးတစ်ယောက်က သင့်ကိုလှည့်စားနေသလားဆိုတာကို သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
၁။ သင်ကြားချင်တာပဲ အမြဲပြောပါတယ်”
မိန်းကလေးတွေနဲ့ပါတ်သတ်ပြီး ကျွမ်းကျင်တဲ့ ယောင်္ကျားလေးများဟာ သင်ဘာကြားချင်သလဲဆိုတာကို သိကြပြီး သင်ကြားချင်တာကိုပဲ ပြောတတ်ပါတယ်။ သင့်နှလုံးသားကို အရည်ပျော်စေမယ့် စကားတွေ ကြားရဖန်များနေရင် သတိထားပါ။ မကြာခင် လူပါအရည်ပျော်တော့မှာ ဖြစ်ပါတယ် …။
၂။ သူ့ရဲ့ အနာဂါတ်နဲ့ ပါတ်သတ်ပြီးဝေဝါးနေတယ်”
သင့်ကို သူ့ရဲ့ အနာဂါတ်အစီအစဉ်တွေက ဘာလဲဆိုတာ တိုင်ပင်ဖူးပါသလား…၊ သူ့ရဲ့အလုပ်၊ နောင်လမှာ ဘာလုပ်မယ်၊ဘာတွေစဉ်းစားထားသလဲဆိုတာကို တိုင်ပင်ဖူးပါသလား…၊ သင့်ကို မတိုင်ပင်ဖူးဘူးဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်ပြီး သူ့အနာဂါတ်မှာ လုပ်ဆောင်မဲ့ ကိစ္စတွေကို သင်မသိစေချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ် …။
၃။ သူ့ဖုန်းကို ပေးမကြည့်ဘူး”
ဒါကတော့ တော့ သိသာပါတယ်။ ဖုန်းကို Lock ခတ်ထားတဲ့ဆိုတာ တခြားသူတွေကို ပေးမသိစေချင်တဲ့ဟာ တစ်ခုခုရှိပြီးလျှို့ဝှက်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်နဲ့စကားပြောနေချိန် ဖုန်းလာတယ်ဆိုရင် ဖုန်းချပစ်လိုက်တာမျိုး၊ ဖုန်းပိတ်ထားတတ်တာမျိုး ဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်နိုင်ပါတယ် …။
၄။ သင့်ကို ဘယ်လိုခံစားရလဲဆိုတာကိုပြောလေ့မရှိဘူး”
လှတယ်၊ ချစ်ဖို့ကောင်းတယ်၊ ချောတယ်၊ အံ့ဩဖို့ကောင်းတယ်ဆိုတာတွေက သင်နဲ့ပါတ်သတ်ပြီးသူခံစားနေရတာ မဟုတ်ဘဲ သူ့ကြိုက်တဲ့အရာတွေကို စာရင်းပြုစုနေခြင်းသာ ဖြစ်ပါတယ်။ သင်နဲ့ပတ်သတ်ပြီး တကယ်ခံစားရတာတွေကို ပြောလေ့မရှိဘူး ဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်နေနိုင်ပါတယ် …။
၅။ သူ့ရဲ့ချီးမွမ်းစကားတွေဟာ သင့်ရုပ်နဲ့ပဲပတ်သတ်နေတယ်”
သင့်ကို ချီးမွမ်းစကားပြောတိုင်း သင့်ရုပ်အကြောင်းပဲပြောနေခြင်းဟာ နားထောင်လို့ကောင်းရင်ကောင်းနေပေမဲ့ သင့်ရဲ့ ပင်ကိုယ်လက္ခဏာနဲ့ပါတ်သတ်ပြီး ချီးမွမ်းစကားမပြောခြင်းဟာ သင့်ရဲ့ပင်ကိုယ်လက္ခဏာတစ်ရပ်ကို သူရှာဖို့ အချိန်မရလို့ပဲ ဖြစ်ပါတယ် …။
၆။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မိတ်ဆက်ပေးလေ့မရှိဘူး”
သူငယ်ချင်းတွေ၊ မိဘတွေနဲ့လည်း မိတ်ဆက်ပေးတိုင်း ထာဝရချစ်သွားမယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးတွေဟာ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခြင်းကို သူတို့အချစ်ရဲ့ သက်သေလို့ဖော်ပြလေ့ရှိပြီး သင့်ဟာ အဲ့ဒီအဆင့်ထိတောင် မရောက်သေးဘူးဆိုရင် တော်တော် အခြေအနေဆိုးတယ်လို့ပဲဆိုရမှာပါ။ အဲ့ဒါကြောင့် မိသားစုနဲ့ မိတ်ဆက်ပေးတယ်ဆိုတာ ခြေလှမ်းကြီးတစ်ခုဖြစ်ပြီး သူမိသားစုနဲ့ မိတ်ဆက်ပေးဖို့တောင် စိတ်ကူးမရှိရင် သင့်ကို ကစားနေပြီလို့ ယူဆနိုင်ပါတယ် …။
၇။ သင့်မိသားစုတွေ၊သူငယ်ချင်းတွေကိုလည်း ဂရုမစိုက်ဘူး”
သူရဲ့ မိသားစုတွေ သူငယ်ငယ်ချင်းတွေအကြောင်းကိုလည်း စိတ်ဝင်တစားမမေးဘူး။ တွေ့ဆုံဖို့ကိုလည်း ရှောင်နေတယ်ဆိုရင် သင့်ကို ကစားနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးရှောင်ကြဉ်တာဟာ သံယောဇဉ် အနှောင်အဖွဲ့များနေရင် သူအချိန်တန်တဲ့အခါ ရုန်းထွက်ရခက်မှာ ဆိုးလို့ပဲ ဖြစ်ပါတယ် …။
Ref : Her Interest