မိန္းကေလးတစ္ေယာက္အဖို႔ ခ်စ္သူရဲ႕ဂ႐ုစိုက္တန္ဖိုးထားမႈကို အၿမဲရရွိေနမွ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ရတာပါ။
ဒီလိုမ်ိဳး ခ်စ္သူရဲ႕ဂ႐ုစိုက္တန္ဖိုးထားမႈကို အၿမဲရရွိခ်င္တယ္ဆိုရင္ေတာ့ မိန္းကေလးေတြအေနနဲ႔ လုပ္ေဆာင္ရမယ့္ ေဆာင္ရန္ေရွာင္ရန္ အခ်က္ေလးေတြ ရွိပါတယ္။ဒီအခ်က္ေလးေတြကိုသာ လိုက္နာမယ္ဆိုရင္ေတာ့ သင္ဟာခ်စ္သူအတြက္တန္ဖိုးရွိၿပီး ေလးစားစရာေကာင္းတဲ့ သူတစ္ေယာက္ ျဖစ္လာမွာပါ။
(၁) ကိုယ့္ဘဝကိုယ္ မရွက္ပါနဲ႔
သင္ဟာ ပညာတတ္တစ္ေယာက္မဟုတ္လို႔၊ စည္းစိမ္ဥစၥာ မခ်မ္းသာလို႔၊ ဒါမွမဟုတ္ အားနည္းခ်က္ေတြမ်ားလို႔ ကိုယ့္ဘဝကို မရွက္ပါနဲ႔၊ ဖုံးကြယ္ဖို႔လည္း မႀကိဳးစားပါနဲ႔။အရွိကိုအရွိတိုင္း လက္ခံၿပီး ဘဝကိုအေကာင္းျမင္စိတ္ထားပါ။ဒါဟာ စိတ္ထားမြန္ျမတ္ျခင္းျဖစ္တာေၾကာင့္ သင့္ခ်စ္သူဟာ သင့္ရဲ႕စိတ္ဓာတ္နဲ႔ ခံယူခ်က္ကို ေတြ႕ျမင္ၿပီး ေလးစားတန္ဖိုးထားမွာျဖစ္ပါတယ္။
(၂) ကိုယ့္က်င့္တရား ေစာင့္ထိန္းပါ
ဒီကိစၥကေတာ့ အေရးႀကီးဆုံးပါပဲ။ သင့္ခ်စ္သူနဲ႔သင္ဟာ လူမျမင္ကြယ္ရာေရာက္ေနလည္း ေစာင့္ထိန္းသင့္တာကိုေတာ့ ေစာင့္ထိန္းရမွာပါ။သင့္ခ်စ္သူရဲ႕ တန္ဖိုးထားေလးစားမႈကို ခံခ်င္ရင္ေတာ့ ဒီအခ်က္ကို လိုက္နာပါ။တစ္ဘဝလုံးေစာင့္ထိန္းခဲ့တဲ့ အရာတစ္ခုကို မိနစ္ပိုင္းေလးနဲ႔ေတာ့ မလဲသင့္ပါဘူး။လူျမင္ကြင္းမွာေရာ၊ မျမင္ကြယ္ရာမွာပါ ကိုယ့္က်င့္တရားကို ေစာင့္ထိန္းတတ္တဲ့ သင့္ကို သင့္ခ်စ္သူက အၿမဲတမ္းတန္ဖိုးထားေလးစားေနမွာ ျဖစ္ပါတယ္။
(၃) သူ႔ကိုေလးစားပါ
သင့္ခ်စ္သူရဲ႕ေလးစားတန္ဖိုးထားမႈကိုလိုခ်င္ရင္ သင္ကိုယ္တိုင္ သူ႔ကို အရင္ေလးစား တန္ဖိုးထားျပရမွာပါ။သက္ေရာက္မႈတိုင္းမွာ တန္ျပန္သက္ေရာက္တယ္ဆိုတဲ့ သေဘာေပါ့။သူ႔ရဲ႕ခံစားခ်က္၊ အေတြးအေခၚ၊ အယူအဆေတြကို ေလးစားေပးလိုက္ပါ။သင့္ဖက္ကေနသာ အၿမဲတမ္းဒီလိုမ်ိဳးေလးေတြ ေလးစားတန္ဖိုးထား ျပေနမယ္ဆိုရင္ေတာ့ သူ႔ဖက္ကေနလည္း သင့္ကို ေလးစားတန္ဖိုးထားလာမွာပါ။
(၄) စိတ္ေကာင္းထားပါ
ေယာက်္ားေလးေတြဟာ မိန္းကေလးေတြကို အကဲခတ္ရာမွာ အထူးကြၽမ္းက်င္ပါတယ္။မိန္းကေလးတစ္ေယာက္ ပါးစပ္ဟလိုက္ရင္ ဘာကိုဆိုလိုလဲ၊ ဘာကိုရည္႐ြယ္ေနတာလဲဆိုတာ ေကာင္းေကာင္းသိၾကပါတယ္။မသိဘူးမထင္ပါနဲ႔ မသိေယာင္ေဆာင္ေနတာပါ။
ဒါေၾကာင့္ မနာလိုဝန္တိုတာေတြ၊ စိတ္ပုတ္တာေတြ၊ သူတစ္ပါးအေပၚ အဆိုးပဲျမင္ေနတာေတြ၊ ခြဲျခားဆက္ဆံတာေတြ၊ အတင္းအဖ်င္းေတြကို တတ္ႏိုင္သေလာက္ ေရွာင္ၿပီး စိတ္ေကာင္းထားပါ။ဒါဆိုရင္ေတာ့ သင့္ခ်စ္သူက သင့္ကို တန္ဖိုးထားေလးစားေနမွာပါ။
(၅) ေငြမမက္ပါနဲ႔
သင့္ခ်စ္သူေရွ႕မွာ ေငြမက္တဲ့ပုံစံ၊ ပစၥည္းေကာင္းေတြ မက္ေမာတဲ့ပုံစံ၊ ဂုဏ္ပကာသနေတြ မက္ေမာတဲ့ပုံစံမ်ိဳးေတြ မျဖစ္ေစပါနဲ႔။ေယာက်္ားေလးေတြဟာ ေငြမက္တဲ့ မိန္းကေလးေတြ၊ သိုက္တူးခ်င္တဲ့ မိန္းကေလးေတြနဲ႔ ဂုဏ္မက္တဲ့မိန္းကေလးမ်ိဳးေတြကို အထင္မႀကီးသလို၊ စိတ္လည္း ပ်က္သြားတတ္ၾကပါတယ္။ဒါေၾကာင့္မို႔လို႔ သင့္ခ်စ္သူကို စိတ္သန႔္သန႔္၊ ေမတၱာသန႔္သန႔္ေလးနဲ႔ ခ်စ္လိုက္ပါ။
ေမတၱာဆိုတာ ေရာင္ျပန္ဟပ္တာေၾကာင့္ သင္ကိုယ္တိုင္လည္း တန္ဖိုးထားေလးစားျခင္းကို ခံရမွာပါ။
Em Em(Auntymay)
Unicode,
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ
မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ။
ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီး လေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။
(၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့
သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့် သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။
(၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ
ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ။သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို လိုက်နာပါ။တစ်ဘဝလုံးစောင့်ထိန်းခဲ့တဲ့ အရာတစ်ခုကို မိနစ်ပိုင်းလေးနဲ့တော့ မလဲသင့်ပါဘူး။လူမြင်ကွင်းမှာရော၊ မမြင်ကွယ်ရာမှာပါ ကိုယ့်ကျင့်တရားကို စောင့်ထိန်းတတ်တဲ့ သင့်ကို သင့်ချစ်သူက အမြဲတမ်းတန်ဖိုးထားလေးစားနေမှာ ဖြစ်ပါတယ်။
(၃) သူ့ကိုလေးစားပါ
သင့်ချစ်သူရဲ့လေးစားတန်ဖိုးထားမှုကိုလိုချင်ရင် သင်ကိုယ်တိုင် သူ့ကို အရင်လေးစား တန်ဖိုးထားပြရမှာပါ။သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်တယ်ဆိုတဲ့ သဘောပေါ့။သူ့ရဲ့ခံစားချက်၊ အတွေးအခေါ်၊ အယူအဆတွေကို လေးစားပေးလိုက်ပါ။သင့်ဖက်ကနေသာ အမြဲတမ်းဒီလိုမျိုးလေးတွေ လေးစားတန်ဖိုးထား ပြနေမယ်ဆိုရင်တော့ သူ့ဖက်ကနေလည်း သင့်ကို လေးစားတန်ဖိုးထားလာမှာပါ။
(၄) စိတ်ကောင်းထားပါ
ယောကျ်ားလေးတွေဟာ မိန်းကလေးတွေကို အကဲခတ်ရာမှာ အထူးကျွမ်းကျင်ပါတယ်။မိန်းကလေးတစ်ယောက် ပါးစပ်ဟလိုက်ရင် ဘာကိုဆိုလိုလဲ၊ ဘာကိုရည်ရွယ်နေတာလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။မသိဘူးမထင်ပါနဲ့ မသိယောင်ဆောင်နေတာပါ။
ဒါကြောင့် မနာလိုဝန်တိုတာတွေ၊ စိတ်ပုတ်တာတွေ၊ သူတစ်ပါးအပေါ် အဆိုးပဲမြင်နေတာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ အတင်းအဖျင်းတွေကို တတ်နိုင်သလောက် ရှောင်ပြီး စိတ်ကောင်းထားပါ။ဒါဆိုရင်တော့ သင့်ချစ်သူက သင့်ကို တန်ဖိုးထားလေးစားနေမှာပါ။
(၅) ငွေမမက်ပါနဲ့
သင့်ချစ်သူရှေ့မှာ ငွေမက်တဲ့ပုံစံ၊ ပစ္စည်းကောင်းတွေ မက်မောတဲ့ပုံစံ၊ ဂုဏ်ပကာသနတွေ မက်မောတဲ့ပုံစံမျိုးတွေ မဖြစ်စေပါနဲ့။ယောကျ်ားလေးတွေဟာ ငွေမက်တဲ့ မိန်းကလေးတွေ၊ သိုက်တူးချင်တဲ့ မိန်းကလေးတွေနဲ့ ဂုဏ်မက်တဲ့မိန်းကလေးမျိုးတွေကို အထင်မကြီးသလို၊ စိတ်လည်း ပျက်သွားတတ်ကြပါတယ်။ဒါကြောင့်မို့လို့ သင့်ချစ်သူကို စိတ်သန့်သန့်၊ မေတ္တာသန့်သန့်လေးနဲ့ ချစ်လိုက်ပါ။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တာကြောင့် သင်ကိုယ်တိုင်လည်း တန်ဖိုးထားလေးစားခြင်းကို ခံရမှာပါ။
Em Em(Auntymay)