ပ်ိဳေမတို႕ မ်က္နွာေလးလွလွေလးမွာ ဝက္ျခံေတြ စဥ္ဆက္မျပတ္ထြက္ေနမယ္ဆိုရင္
အျပင္ထြက္လို႕ အလွျပင္ရင္လည္းအဆင္မေျပ၊ မွန္ၾကည့္တိုင္းလည္း စိတ္မခ်မ္းသာ၊
ကိုယ့္ကိုယ္ကိုလည္း ယံုၾကည္မႈမရွိေတြ ျဖစ္ေနရပါလိမ့္မယ္ ။
ဝက္ျခံေတြျမင္မေကာင္းေအာင္ အမ်ားၾကီးထြက္ေနတာမ်ိဳးလည္းမဟုတ္ဘဲ မ်က္နွာေပၚမွာ ဟိုနားနည္းနည္း၊
ဒီနားနည္းနည္းနဲ႕ အျမဲမျပတ္ထြက္ေနတာမ်ိဳးပါ။ ဒါေၾကာင့္ ပ်ိဳေမတို႕ မ်က္နွာေပၚမွာ အျမဲမျပတ္ေနရာယူထားတဲ့ ဝက္ျခံေတြကိုလံုးဝသက္သာေစျပီး မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။
ဝက္ျခံေလးတစ္လံုး၊နွစ္လံုး ထြက္လာရင္ လက္နဲ႕သြားသြား ညွစ္ခ်င္ပါတယ္။ လံုးဝမညွစ္ပါနဲ႕၊
လက္နဲ႕ မၾကာခဏထိေတြ႕ျခင္းက ဝက္ျခံကို ပိုဆိုးေစျပီး အမာရြတ္ထင္းထင္းၾကီးေတြျဖစ္ေစပါတယ္။
ဒါေၾကာင့္ လက္နဲ႕ လံုးဝမထိ၊ မညွစ္မိေအာင္ အတတ္ႏိုင္ဆံုး ေနပါ …။
မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ပံုမွန္ မ်က္နွာသစ္ျပီးျပီးခ်င္း၊ ဝက္ျခံထြက္ေနတဲ့ေနရာကို မိနစ္အနည္းငယ္ေလာက္
ေရခဲကပ္ေပးျပီး ကိုယ္လုပ္ေနက် skin care အဆင့္ေလးေတြကို ေသခ်ာျပဳလုပ္ေပးပါ ။မ်က္နွာသုတ္ပုဝါ၊
ေခါင္းအံုးစြပ္နဲ႕ အိပ္ယာခင္းကို သန္႕ေအာင္ ထားေပးပါ။ တတ္နိုင္ရင္ တစ္ပတ္ တစ္ခါေလာက္ လဲေပးပါ ။
နာရီဝက္ေလာက္ လမ္းေလွ်ာက္ေပးတာ၊ ဒါမွမဟုတ္ ကိုုယ္လက္လႈပ္ရွားမႈေလးေတြ လုပ္ေပးတာနဲ႕
အိပ္ခ်ိန္လံုေလာက္ေအာင္ အိပ္ေပးတာက ခႏၶာကိုယ္တြင္းက ဇီဝရုပ္ျဖစ္ပ်က္မႈကို မွန္မွန္ကန္ကန္
လည္ပတ္ေစတာေၾကာင့္ မ်က္ႏွာေပၚက ဝက္ျခံေတြသက္သာေအာင္ ကူညီေပးပါတယ္ ။
စိတ္ဖိစီးမႈေတြ အျမဲျဖစ္ေနရင္ cortisol hormone ကို မ်ားမ်ားထြက္ေစတာေၾကာင့္ ဝက္ျခံကေပ်ာက္တယ္ရယ္လို႕
မရွိေတာ့ပါဘူး။ ဒါေၾကာင့္ စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ စိတ္အပန္းေျဖတာမ်ိဳး လုပ္ေပးဖို႔လိုပါတယ္ …။
” အဆက္မျပတ္ျဖစ္ေနတဲ့ ဝက္ျခံေတြေပ်ာက္ေအာင္ ဒီနည္းေလးေတြနဲ႕ ေပါင္းတင္ပါ ”
ဝက္ျခံလံုးဝသက္သာၿပီး ေနာက္လည္း ထပ္မထြက္ေစခ်င္ရင္ ဒီနည္းေလးေတြကို လုပ္ၾကည့္ပါ…
– နႏြင္းမႈန္႕အနည္းငယ္ကို ေရအနည္းငယ္နဲ႕ေရာျပီး အႏွစ္ျဖစ္ေအာင္ လုပ္ကာ ဝက္ျခံျဖစ္ေနတဲ့ေနရာမွာ
လိမ္းေပးထားလိုက္ပါ။ နာရီဝက္ၾကာရင္ ေရေႏြးေႏြးေလးနဲ႕ေဆးခ်ေပးပါ။ တစ္ေန႕တစ္ၾကိမ္ လုပ္ေပးလိုက္မယ္ဆို
ပ်ိဳေမတို႕ကို စိတ္ဒုကၡေပးေနတဲ့ ဝက္ျခံေတြ လံုးဝသက္သာသြားပါလိမ့္မယ္ …။
– ရွားေစာင္းလက္ပပ္အတြင္းသား အနည္းငယ္ကိို ယူျပီး ပ်ားရည္အနည္းငယ္နဲ႕ေရာေမႊကာ ဝက္ျခံရွိတဲ့ေနရာမွာ လိမ္းေပးပါ။နာရီဝက္ေလာက္ ထားျပီး ေရေအးနဲ႕ မ်က္ႏွာသစ္ေပးပါ …။– တစ္ေန႕တစ္ၾကိမ္ ပံုမွန္လုပ္ေပးရင္
ဝက္ျခံအဆက္မျပတ္ထြက္ေနတဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္ပါလိမ့္မယ္ …။
– အာလူးကို အလႊာေလးေတြလုပ္ျပီး ဝက္ျခံရွိတဲ့ေနရာမွာ ၁၅ မိနစ္ေလာက္ ကပ္ထားေပးလိုက္ျပီး
ေရေအးနဲ႕ျပန္ေဆးခ်ေပးပါ။ ညအိပ္ခါနီးတိုင္း လုပ္ေပးရံုနဲ႕ ဝက္ျခံေတြ ထပ္မထြက္ေအာင္ တားဆီးျပီးသား ျဖစ္ေစမွာပါေနာ္ …။ ။
MAY THAZINHTOO
Credit
Unicode Version
ပျိုမေတို့ မျက်နှာလေးလှလှလေးမှာ ဝက်ခြံတွေ စဉ်ဆက်မပြတ်ထွက်နေမယ်ဆိုရင်
အပြင်ထွက်လို့ အလှပြင်ရင်လည်းအဆင်မပြေ၊ မှန်ကြည့်တိုင်းလည်း စိတ်မချမ်းသာ၊
ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိတွေ ဖြစ်နေရပါလိမ့်မယ် ။
ဝက်ခြံတွေမြင်မကောင်းအောင် အများကြီးထွက်နေတာမျိုးလည်းမဟုတ်ဘဲ မျက်နှာပေါ်မှာ ဟိုနားနည်းနည်း၊
ဒီနားနည်းနည်းနဲ့ အမြဲမပြတ်ထွက်နေတာမျိုးပါ။ ဒါကြောင့် ပျိုမေတို့ မျက်နှာပေါ်မှာ အမြဲမပြတ်နေရာယူထားတဲ့ ဝက်ခြံတွေကို
လုံးဝသက်သာစေပြီး မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။
ဝက်ခြံလေးတစ်လုံး၊နှစ်လုံး ထွက်လာရင် လက်နဲ့သွားသွား ညှစ်ချင်ပါတယ်။ လုံးဝမညှစ်ပါနဲ့၊
လက်နဲ့ မကြာခဏထိတွေ့ခြင်းက ဝက်ခြံကို ပိုဆိုးစေပြီး အမာရွတ်ထင်းထင်းကြီးတွေဖြစ်စေပါတယ်။
ဒါကြောင့် လက်နဲ့ လုံးဝမထိ၊ မညှစ်မိအောင် အတတ်နိုင်ဆုံး နေပါ …။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန် မျက်နှာသစ်ပြီးပြီးချင်း၊ ဝက်ခြံထွက်နေတဲ့နေရာကို မိနစ်အနည်းငယ်လောက်
ရေခဲကပ်ပေးပြီး ကိုယ်လုပ်နေကျ skin care အဆင့်လေးတွေကို သေချာပြုလုပ်ပေးပါ ။မျက်နှာသုတ်ပုဝါ၊
ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းကို သန့်အောင် ထားပေးပါ။ တတ်နိုင်ရင် တစ်ပတ် တစ်ခါလောက် လဲပေးပါ ။
နာရီဝက်လောက် လမ်းလျှောက်ပေးတာ၊ ဒါမှမဟုတ် ကိုုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာနဲ့
အိပ်ချိန်လုံလောက်အောင် အိပ်ပေးတာက ခန္ဓာကိုယ်တွင်းက ဇီဝရုပ်ဖြစ်ပျက်မှုကို မှန်မှန်ကန်ကန်
လည်ပတ်စေတာကြောင့် မျက်နှာပေါ်က ဝက်ခြံတွေသက်သာအောင် ကူညီပေးပါတယ် ။
စိတ်ဖိစီးမှုတွေ အမြဲဖြစ်နေရင် cortisol hormone ကို များများထွက်စေတာကြောင့် ဝက်ခြံကပျောက်တယ်ရယ်လို့
မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုလျော့နည်းအောင် စိတ်အပန်းဖြေတာမျိုး လုပ်ပေးဖို့လိုပါတယ် …။
” အဆက်မပြတ်ဖြစ်နေတဲ့ ဝက်ခြံတွေပျောက်အောင် ဒီနည်းလေးတွေနဲ့ ပေါင်းတင်ပါ ”
ဝက်ခြံလုံးဝသက်သာပြီး နောက်လည်း ထပ်မထွက်စေချင်ရင် ဒီနည်းလေးတွေကို လုပ်ကြည့်ပါ…
– နနွင်းမှုန့်အနည်းငယ်ကို ရေအနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်အောင် လုပ်ကာ ဝက်ခြံဖြစ်နေတဲ့နေရာမှာ
လိမ်းပေးထားလိုက်ပါ။ နာရီဝက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။ တစ်နေ့တစ်ကြိမ် လုပ်ပေးလိုက်မယ်ဆို
ပျိုမေတို့ကို စိတ်ဒုက္ခပေးနေတဲ့ ဝက်ခြံတွေ လုံးဝသက်သာသွားပါလိမ့်မယ် …။
– ရှားစောင်းလက်ပပ်အတွင်းသား အနည်းငယ်ကိို ယူပြီး ပျားရည်အနည်းငယ်နဲ့ရောမွှေကာ ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။နာရီဝက်လောက် ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးပါ …။– တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးရင်
ဝက်ခြံအဆက်မပြတ်ထွက်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ် …။
– အာလူးကို အလွှာလေးတွေလုပ်ပြီး ဝက်ခြံရှိတဲ့နေရာမှာ ၁၅ မိနစ်လောက် ကပ်ထားပေးလိုက်ပြီး
ရေအေးနဲ့ပြန်ဆေးချပေးပါ။ ညအိပ်ခါနီးတိုင်း လုပ်ပေးရုံနဲ့ ဝက်ခြံတွေ ထပ်မထွက်အောင် တားဆီးပြီးသား ဖြစ်စေမှာပါနော် …။ ။
MAY THAZINHTOO
Credit