သတင္း

စာဖြေဆုရတဲ့ ငွေလေးနဲ့ မယ်တော်ကြီးကို စိန်နားကပ်ဝယ်ဆင်ပေးတဲ့ ဦးဇင်းလေ


















Unicode version

“စာဖြေဆုရတဲ့ ငွေလေးနဲ့ မယ်တော်ကြီးကို စိန်နားကပ်ဝယ်ဆင်ပေးတဲ့ ဦးဇင်းလေး”

စာဖြေဆုရတဲ့ ငွေလေးနဲ့ မယ်တော်ကြီးကို နားကပ်ဝယ်ဆင်ပေးတဲ့ ဦးဇင်းလေး

ဘယ်ပန်းချီရေးလို့ မမှီပါပဲတကယ့်ကို စိတ်ကြည်နူးစရာလေးပါပဲ..။

ဘယ်ပန်းချီရေးလို့ မမှီနိုင်တဲ့ ပုံလေးတွေပါပဲ..။ မြင်သူတိုင်းရဲ့ စိတ်ထဲမှာ ဦးဇင်းလေးတို့ သားအမိရဲ့

စိတ်ထဲမှာ ဘယ်လောက်အထိ ကြည်နူးပီတိ ဖြစ်နေလိုက်မလဲဆိုတာကို တွေးကြည့်နေကြပါလိမ်မယ်။

ဦးဇင်းလေးရဲ့ ဘွဲ့အမည် ဦးသားပညာ ကျောက်ဆည် မွေးရပ်ဇာတိလို့ ယူဆရပါတယ်..

သားပညာ{ကျောက်ဆည်} မူရင်းပို့…..အမေ့အတွက်စိန်နားကပ် ဒီနေ့ပဲ သားပညာ အမေရှိတဲ့ ရွာကလေးကို ပြန်ရောက်ပါသည်။

သင်္ကြန်ကာလလေးမှာ အသင်းစာဖြေပွဲတစ်ခုကနေ ဆုရလို့ မယ်တော်ကြီးအတွက် နားကပ်လေးတစ်ရံဝယ်ပေးပြီး

ကိုယ်တိုင်ကိုယ်ကျ ဆင်မြန်းပေးနေတာကို ကြည့်နူလွန်းလို့ မျှေဝပေးလိုက်ပါတယ်အခုလိုဆုရဖို့အတွက်

ဦးဇင်းလေး နေ့နေ့ညည ကြိုးစားခဲ့ရကြောင်းလည်း ရေးသားထားပါတယ်..။

အမေကတော့ မျက်ရည်လေးတွေ ဝဲနေရှာတယ်တဲ့. ဒီည အမေ့ ခမျာ အိပ်တောင်ပျော်ပါ့မလားကွယ်တယ့်.

ဘယ် အိပ်ပျော်မလဲ ဦးဇင်းလေးရယ်..ဦးဇင်းလေးရဲ့ အမေ ဦးဇင်းလေးရဲ့ သိတတ်မှုကို တစိမ့်စိမ့်တွေးပြီး

ဝမ်းသာပီတိ အပြည့်ဖြစ်နေမယ့် အချိန်တွေက တစ်ရက် တစ်ည နဲ့ ဘယ်လုံလောက်ပါ့လဲ..။

ဦးဇင်းလေး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မယ်တော်ကြီးအပေါ် ဒီထက်ကျေးဇူးသိတတ်ပြီး

သာသနာအကျိုးကိုလည်း လွယ်ကူ ချောမွေ့စွာ ထမ်းရွက်နိုင်ပါစေ..ဦးဇင်းလေးရဲ့ မယ်တော်ကြီးလည်း

ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး သက်တော်ရာကျော် ရှည်ပါစေလို့ အပန်းပြေ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ..။

သားပညာ{ကျောက်ဆည်} မူရင်းပို့…..အမေ့အတွက်စိန်နားကပ် ဒီနေ့ပဲ သားပညာ အမေရှိတဲ့ ရွာကလေးကို ပြန်ရောက်ပါသည်။