ကောင်မလေးအား ကျောက်တောင်တစ်နေရာတွင် Drone နဲ့ရှာဖွေတွေ့ရှိသွားခဲ့ပါပြီး
သော့တွေ့ရှိသောနေရာမှ အနက်ပေ ၂၀၀တွင်တွေ့ရှိတာဖြစ်ပါတယ်။လက်ရှိအနေအထားအရ တောင်အောက်ဆင်းကယ်ဆယ်မှုပြုလုပ်နေသောကြောင့် အခြေအနေထားအသေးစိပ်မသိရသေးပါ။
နောက်ဆက်တွဲသတင်းထပ်မံဖော်ပြပေးပါမည်။
အမည် – ဇာခြည်မြင့်မြတ်
အသက် – ၂၀
ကြာသပတေးနေ့(၂၅.၆.၂၀၂၀)
သောကြာနေ့(၂၆.၆.၂၀၂၀)
စဉ်းစားစရာအချက်များ
#လေးစားလျှက်
ဆရာလုံး
#Credit
Unicode
မနေ့ကရရှိလာသော ဆိုင်ကယ်သော့တွေ့ရှိသည့်နေရာသို့သေချာတဲ့အဖြေတစ်ခုရဖို့အတွက် ယနေ့မနက် (၂၇.၆.၂၀၂၀)ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မာဃလူမှုကယ်ဆယ်ရေးအဖွဲ့တို့ (၃) ဖွဲ့ဦးစီးပြီး တခြားသော အဖွဲ့များနှင့်ယနေ့ထပ်မံ ပူးပေါင်းရှာဖွေကြမှာဖြစ်ပါတယ်။ မနေ့ကအကူအညီတောင်းလို့ Drone အဖွဲ့တွေကလဲ ကူညီရှာဖွေဖို့ ရောက်ရှိလာကြပါပြီး။သတင်းထူးများရှိခဲ့လျှင်သိရှိတာနဲ့မှန်ကန်သောသတင်းများသာတင်ပြပေးပါမည်။
ပျောက်ဆုံးနေသောကောင်မလေး၏ဖြစ်စဉ်နှင့်ကူညီကယ်ဆယ်ရေးဖြစ်စဉ်အကျဉ်း
(လူတွေကမသိတော့ သို့လောသို့လောထင်မြင်ယူဆချက်တွေမဖြစ်ကြဖို့ ဒီစာလေးဖတ်ပေးကြပါ)
အမည် – ဇာခြည်မြင့်မြတ်
အသက် – ၂၀
ယခုနေထိုင်ဆဲလိပ်စာ-ဘားအံမြို့-အမှတ်(၆)ရပ်ကွက်၊ပြည်ထောင်စု ဘုရားကုန်းလမ်းအဆောင်။
ကြာသပတေးနေ့(၂၅.၆.၂၀၂၀)
မေးမြန်းချက်များအရ အဆိုပါကောင်မလေးသည် ကြာသပတေးနေ့လည်တွင် သူငယ်ချင်းဖြစ်သူနဲ့မုန့်စားပြီးအပြန်တွင် ညနေ ခန့်မှန်း ၃နာရီနောက်ပိုင်းတွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးထဲတောင်ပေါ်သို့တက်ရောက်သွားကြောင်းသိရှိရပါသည်။ယခုလက်ရှိသူမနေထိုင်သောအဆောင်အိမ်ကလဲ အချိန်အတိုင်းအတာတစ်ခုထိ ပြန်မလာသေးတာကြောင့် စိတ်ပူကာဖုန်းဆက်သော်လည်းမရသဖြင့် လိုက်လံရှာဖွေခဲ့ကြပါတယ်။
ညပိုင်းရောက်တော့ တောင်ပေါ်တက်သွားကြောင်းသတင်းရရှိသည်နှင့် ညပိုင်းဇွဲကပင်တောင်ပေါ်တက်ဖို့ ကျွန်တော့်ကိုလဲအကူအညီတောင်းခဲ့ပါသည်။ ညတွင်းချင်းကျွန်တော်အပါအဝင် ကိုတိုးနှင့်လူမှုကူညီရေးအသင်းမာဃမှ တစ်ကိုယ်တော်နောင်နှင့် ရှိုင်းသူရ တို့နှင့် ၄ဦးအပါအဝင် ည ၁၂:၃၀ အချိန် ကူညီဖို့အတွက်သွားရောက်ပေးခဲ့ကြပါတယ်။ရောက်တဲ့အချိန် ကညည့်နက်နေတော့ မနက်မှာ ဝိုင်းဝန်းကုညီဆောင်ရွက်ပေးဖို့ ဘားအံမီးသတ်တပ်ဖွဲ့ကို ည ၃နာရီလောက်သွားရောက်အကြောင်းကြားပေးခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်များကလဲ မနက် ၅နာရီ အလင်းရောင်စတင်ထွက်ရှိချိန်၌ အင်တိုက်အားတိုက် ရှာဖွေမှုပြုလုပ်ပေးခဲ့ပါတယ်။
သောကြာနေ့(၂၆.၆.၂၀၂၀)
မီးသတ်တပ်ဖွဲ့များ သောကြာနေ့ မနက် ၅နာရီဝန်းကျင်မှစတင်၍ရှာဖွေမှုများပြုလုပ်ရာ .တောင်ခြေတွင်ဆိုင်ကယ်နှင့် တောင်ပေါ်တွင်ချွတ်ထားခဲ့သောဖိနပ်ကိုသာတွေ့ရှိပြီး အခြားသောထူးခြားမှုများမတွေ့ရှိတာကြောင့် မွန်းလွဲ ၂:၃၀ခန့်တွင်တောင်ခြေသို့ပြန်ဆင်းလာခဲ့ကြပါတယ်။ ထိုစဉ်တောင်ပေါ်မှ ဆင်းလာသော ဒေသခံနှစ်ဦးထံမှ ဇွဲကပင်တောင် တောင်အစွန်းကျောက်ကြားအတွင်း ဆိုင်ကယ်သော့ကောက်ရထားလို့ အလှူခံဌာနမှာ လာအပ်ကြပါတယ်။
လာအပ်တဲ့သော့နဲ့ ပျောက်ဆုံးနေသောကောင်မလေးရဲ့ဆိုင်ကယ်ကို ဖွင့်ကြည့်တော့ဖွင့်လို့ရတာကြောင့် ဟုတ်မှန်ကြောင်းအတည်ပြုလိုက်ပါတယ်။အဲ့ဒီညနေမှာပဲ သော့ရရှိတဲ့နေရာကိုအမှတ်အသားပြုပြီး စနေနေ့မနက်မှာ အဖွဲ့တွေအားလုံးပေါင်းပြီးပိုက်စိတ်တိုက်ရှာဖွေမှာဖြစ်ပါတယ်။ကူညီရေးအဖွဲ့တွေအင်တိုက်အားတိုက်တကယ်ကိုရှာဖွေပေးကြပါတယ်။ကျေးဇူးလဲအများကြီးတင်ပါတယ်။ကျွန်တော်တို့လဲတတ်နိူင်တဲ့ဘက်ကနေပြီးတော့ကူညီပေးနေပါတယ်။
(သတင်းသမားမဟုတ်တော့ စာအရေးအသားကို နားလည်ရအောင်တော့ရေးထားပေးတာပါ)
စဉ်းစားစရာအချက်များ
တောင်ပေါ်သို့မိန်းကလေးတစ်ဦးထဲညနေစောင်းတက်ခြင်း။ညဘက်ကြီး ပြန်ဆင်းလာတယ်လို့တောင်ပေါ်က ပြောပြချက်အရ မီးမရှိပဲပြန်ဆင်းလာဖို့ကတော့ စဉ်းစားစရာပဲ။(ယောက်ကျားလေးတောင်တစ်ယောက်ထဲဆင်းဖို့စိတ်မကူးရဲညဘက်က)မိဘတွေပြောချက်အရတော့ အမြင့်ကြောက်ပြီး၊အေးအေးဆေးဆေးနေတတ်တဲ့ကလေးဆိုတော့စဉ်းစားစရာဖုန်းအကြိမ်ကြိမ်ဝင်သော်လည်း၊မကိုင်ခြင်း။(Misscall အကြိမ်အရေအတွက် ရာကျော်အောင်ခေါ်ထားပါတယ်)
လူငယ်သဘာဝ ချစ်သူနောက် လိုက်ပြေးတယ် ယူဆဖို့ (အကောင့်တွေကို ရှာဖွေကြည့်တော့ ကောင်လေးတွေနဲ့ပြောထားတာတွေမရှိပါ/ သူငယ်ချင်းတွေ ရဲ့ပြောပြချက်အရ ကောင်လေးမရှိဘူး/မိန်းကလေးချင်းတောင် မှအပေါင်းအသင်းနဲတယ်ပြောပါတယ်)။
အကြမ်းဖက်ခံရနိုင်တယ်လို့ တစ်ချို့လူတွေကထင်ကြေးပေးပြီးပြောကြတော့ (ကရင်ပြည်နယ်ကဇွဲကပင်တောင်က ဒီလိုမျိုးတွေမရှိပါ၊တောင်တက်တောင်ဆင်း လူတွေကအမြဲရှိပါတယ်)
တောင်ပေါ်တက်ရောက်စဉ် တွေ့ခဲ့တဲ့လူတွေရဲ့ပြောပြချက်အရ ကောင်လေးတစ်ယောက်နဲ့တောင်ခြေပြန်ဆင်းသွားတယ်ပြော တာ မဟုတ်ပါ။ ရဲတွေသွားရောက် စုံစမ်းစစ်ဆေးကြည့်တော့ မဟုတ်ကြောင်းတော့သိရပါတယ်) ။တောစောင့်နတ်တောင်စောင့်နတ်ဆိုင်ရာပိုင်ရာတွေကိုလဲပွဲပေးထားပြီးပါပြီး ဇွဲကပင်တောင်ကအဖိုးနဲ့အဖွားလဲစောင့်ရှောက်ပါစေလို့ဆုတောင်းပေးပါတယ်။ဆရာတော်တွေကလဲကလေးမလေးအတွက် မေတ္တာပို့သပေးကြပါတယ်။မိဘတွေကလဲတောင်ခြေမှာ ကြာသပတေးညထဲကစိတ်ပူပြီးရှိနေပါတယ်။
တိကျသေချာတဲ့အဖြေတစ်ခုရဖို့ အတတ်နိုင်ဆုံးအားလုံးကြိုးစားဆောင်ရွက်ပေးနေကြပါတယ်။
ကူညီပေးကြတဲ့သူတွေအားလုံးကိုလဲကျေးဇူးတင်ရှိပါသည်။
#လေးစားလျှက်
ဆရာလုံး
(နောက်ဆက်တွဲသတင်းများထပ်မံဖော်ပြပေးပါမည်)