(၁)အညီဖြစ်နေတာ၊
unicode
လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး နှလုံးလမ်းကြောင်း နှစ်ဖက်ကို ဖြန့် ယှဉ်ကြည့်ပြီး ဘယ်လိုလူမျိုးနဲ့ညားမယ်ဆိုတဲ့
အပျော်သဘောနဲ့ သူငယ်ချင်းအချင်းချင်း မေးကြည့်၊လုပ်ကြည့်ဖူးတဲ့ သူတွေရှိမှာပါ။အရင်တုန်းကတော့
ဒါကို အပျော် တမ်းလုပ် ဖူးခဲ့တာမျိုး ဖြစ်ချင်ဖြစ်မှာပါ။ဒါပေမယ့် လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြီး နှလုံး လမ်းေ ကြာင်းတွေကို ယှဉ်ကြည့်ရင်သင့်အချစ်ရေး ကံကြမ္မာကို ခန့်မှန်းေြ ပာပြနိုင်တယ်ဆိုတာကတော့ တကယ်ပါ။ပုံထဲမှာ ပြထားတဲ့ အတိုင်းလက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြီးနှလုံးလမ်း ကြောင်း နှစ်ဖက်ကို ယှဉ်ကြည့်ပါ။
လက်သန်းရဲ့ အောက်ဆုံး အဆစ်ကို ညီအောင်ထားပြီး ကြည့်ရမှာပါ။အဲ့ဒီအခါမှာတော့နှလုံးလမ်းကြောင်း နှစ်ခုက ညီနေတာ၊ဘယ်လက်က ပိုမြင့်တာ၊ညာဘက်က ပိုမြင့်တာ ဆိုတဲ့ အဖြေထွက်လာပါလိမ့်မယ်။
(၁)အညီဖြစ်နေတာ၊
တကယ်လို့ လမ်းကြောင်းနှစ်ခုက အဝိုင်းကွေးကွေးလေးဖြစ်နေတယ်၊ တစ်ဖက်နဲ့ တစ်ဖက်အမြင့်ကလည်း ညီနေတယ်ဆိုရင်တော့သင်ဟာ ကံကောင်းသူတစ်ယောက်ပါ။တည်ငြိမ်စွာနေတတ်သူ၊ကိုယ်ရည် ကို ယ်သွေးကောင်းတဲ့ သူတစ်ယောက်ပါ။
သင်နဲ့သင့်ရဲ့ ဇနီး(သို့)ခင် ပွန်း တို့ကြားမှာ ခိုင်မြဲပြီး အပြန်အလှန် နားလည်မှု ရှိတဲ့ relation ship ကို တည်ဆောက်နိုင်ပါလိမ့်မယ်။
ချစ်သူခင်ပွန်း(သို့)ဇနီးလောင်းရဲ့ မိသားစုတွေကလည်း သင့်ကို လိုလိုလားလားကို လက်ခံပြီး သူတို့ ဆီက ချစ်ခင်မှုကိုလည်း ခံရပါလိမ့်မယ်။
တည်ငြိမ်တဲ့ အနာဂါတ် လက်တွဲဖော်၊မိခင်ကောင်း၊ဖခင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ပြည့်ဝသူလေးနဲ့ ဖူးစာဆုံ ပေါင်းဖက် ရပါလိမ့်မယ်။
(၂)ညာဖက်လက်က လမ်းကြောင်းက ပိုမြင့်နေရင်
ညာဖက်လက်မှာရှိတဲ့ နှလုံးလမ်းကြောင်းက ပိုမြင့်နေရင်၊ဘယ်လက် မှာရှိတဲ့ လမ်းကြောင်းက ညာလက်လောက် မထင်ရှားဘူး၊
ပို တိုနေ မ ယ်ဆိုရင်တော့ သင်ဟာ နှလုံးသားလှသူ၊စိတ်ကောင်း ရှိသူတစ်ေ ယာက်ပါ။သင်နဲ့ဖူးစာဆုံမယ့် သူမျိုးကတော့ သင့် Type နဲ့ ကွဲတဲ့သူမျိုးဥပမာ- ကိုယ်နဲ့အကြိုက်ချင်းမတူတာ၊အစားအသောက်၊နေပုံ ထိုင်ပုံ၊စီး ပွားရေး၊မိသားစုအသိုင်းအဝိုင်း၊ဘာသာရေး အစရှိတာတွေ မှာ ကိုယ်နဲ့ မတူတဲ့ သူမျိုးနဲ့ဖူးစာ ဆုံတတ်ပါတယ်။
သင့် မိသားစုအသိုင်းအဝိုင်းက လူတွေ လက်ခံပေးဖို့ ခက်တဲ့ လူမျိုးနဲ့ တွေ့ရတတ်ပါတယ်။ဒါပေမယ့် ဒီလိုလက္ခဏာပိုင်ရှင်ကတော့ဘယ်လိုတွေပဲ ဖြစ်နေပါစေ နှလုံးသား ရဲ့ စကားကိုပဲ နားထောင်မယ့်သူမျိုးပါ။ရင့်ကျက်ပြီး ဆုံးဖြ တ်ချက်ကို ကိုယ်တိုင် ချမှတ်နိုင်တဲ့ သူတစ်ယောက် အဖြစ်ဖူးစာရှင် ထံမှ ယုံ ကြည်ကိုးစားမှုကို အပြည့်အဝရမယ့်သူမျိုးပါ။
(၃)ဘယ်လက်က ပိုမြင့်နေရင်
ဘယ်လက်က ပိုမြင့်နေ၊ပိုထင်ရှားနေရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအနည်းငယ် လွန်ကဲနေသူတစ်ယောက်ပါ။လွတ်လွတ် လ ပ်လပ်နေတတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ရှင်သန်မယ်ဆိုတဲ့ သူပါ။
အချစ်စစ်ဘယ်မလဲဆိုပြိး လိုက်ရှာနေမယ့် သူမျိုး မဟုတ်ပဲသင့် ဘဝ အတွက် အချစ်ဆိုတာ၊လက်တွဲ ဖော်ဆိုတာ သေချာပေါက် မရှိမဖြစ် လိုအပ်တဲ့ အရာမ ဟုတ်ဘူးလို့ ခံယူထားသူပါ။ဒါပေမယ့် ကိုယ်နှစ်သက်တဲ့သူပေါ်လာပြီဆိုရင်တော့ ဒီ relationship ခိုင်မာအောင် ကြိုးစား တည်ဆောက်တတ်တဲ့သူမျိုးပါ။သင့်ထက် အသက်ကြီးတဲ့ သူမျိုးထက် အသက်ငယ်တဲ့သူနဲ့ ဖူးစာဆုံပါလိမ့်မယ်။